မသမာမှုပြုလုပ်သည့် စက်သုံးဆီဆိုင် သုံးဆိုင်ကို ထပ်မံ၍ လိုင်စင်များယာယီပိတ်သိမ်း

910

Pearl (NP News) - မတ် ၂၉
မသမာမှုပြုလုပ်သည့် စက်သုံးဆီဆိုင် သုံးဆိုင်ကို ထပ်မံ၍ လိုင်စင်များယာယီပိတ်သိမ်းလိုက်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
ယနေ့မှစတင်၍ ပဲခူး၊ ပြင်ဦးလွင်၊ ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့် အမြန် လမ်းမကြီးတစ်လျှောက်တွင် Bar Code/QR Code စနစ်များကို စတင်အသုံးပြုနေပြီဖြစ်ပြီး
စနစ်သစ်ဖြင့်ရောင်းချရာတွင် ကြုံတွေ့လာနိုင်သည့် နည်းပညာဆိုင်ရာ အခက်အခဲများနှင့် မသမာမှုများအပါအဝင် မမျှော်မှန်းနိုင်သည့် အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်အတွက် စွမ်းအင်ဝန်ကြီးဌာနသည် Online Monitoring Center မှ စောင့်ကြည့်ခြင်း၊ Call Center ဖွင့်လှစ်၍ ဖြေရှင်းဆောင်ရွက်ခြင်း၊ ထိန်းကျောင်းကြပ်မတ်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
QR စနစ်အသုံးပြုနေသည့် မြို့ကြီး ၄ မြို့၌ စနစ်ဟောင်းရောင်းချမှုနှင့် စနစ်သစ်ရောင်းချမှုတို့ နှိုင်းယှဉ်မှုအရ မတ်လ ၂၅ ရက်နေ့တွင် ဆိုင်ကယ်/သုံးဘီး ၁၈၉,၉၀၇ စီး၊ မော်တော်ယာဉ် ၁၃၈,၁၅၇ စီး ဆီဖြည့်တင်းခဲ့ကြသော်လည်း မတ်လ ၂၇ ရက်နေ့တွင် ဆိုင်ကယ်/သုံးဘီး ၁၄၉,၆၉၀ စီး၊ မော်တော်ယာဉ် ၁၀၅,၃၄၅ စီးသို့ လျော့ကျသွားခဲ့ပါသည်။ မတ်လ ၂၆ ရက်နေ့တွင် ဆိုင်ကယ်/ သုံးဘီး ၁၈၄,၂၈၄ စီး၊ မော်တော်ယာဉ် ၁၁၃,၀၂၈ စီး ဆီဖြည့်တင်းခဲ့ကြသော်လည်း မတ်လ ၂၈ ရက်နေ့တွင် ဆိုင်ကယ်/သုံးဘီး ၁၆၅,၃၇၁ စီး၊ မော်တော်ယာဉ် ၁၀၇,၉၆၅ စီးသို့ လျော့ကျသွားခဲ့ကြောင်း သိရသည်။
သို့ရာတွင် စက်သုံးဆီဈေးနှုန်းတိုးမြင့်လာမှုကို အခွင့်ကောင်းယူ၍ အချို့အရောင်းဆိုင်များသည် ရောင်းချခြင်းမပြုဘဲ ဆိုင်ပိတ်ထားခြင်း၊ အချို့ဆိုင်များသည် Scan မဖတ်ဘဲ ရောင်းချပေးနေခြင်း၊ Taxi ယာဉ်များသည် ခွဲတမ်းပိုမိုရရှိမှုကို အခွင့်ကောင်းယူ၍ မသမာမှုများ ပြုလုပ်လာခြင်းတို့ကြောင့် ဖွင့်လှစ်ရောင်းချနေသည့်အရောင်းဆိုင်များတွင် ယာဉ်များတန်းစီမှု ပိုမိုလာသည်ကို စစ်ဆေးတွေ့ရှိရကြောင်း အသိပေးထားသည်။
ထိုသို့ အများပြည်သူများကို ထိခိုက်နစ်နာစေသည့် မသမာမှုများကို ပြည်သူတို့၏ သတင်းပေးပို့လာမှုများအပေါ် အရေးယူဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ “ရွှေပိုး” စက်သုံးဆီအရောင်းဆိုင်၊ လိုင်စင်အမှတ် (၂၅၉၇)၊ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဈ-ရပ်ကွက်၊ ၆၂ လမ်းပေါ်ရှိ “ရွှေခြင်္သေ့” စက်သုံးဆီအရောင်းဆိုင်၊ လိုင်စင်အမှတ်(၀၇၃၀)နှင့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ထိန်ကုန်းရပ်ကွက်၊ ရန်ကုန်-မန္တလေး လမ်းမကြီး (လမ်းဟောင်း)ပေါ်ရှိ “အောင်သိဒ္ဓိ” စက်သုံးဆီအရောင်းဆိုင်၊ လိုင်စင်အမှတ်(၀၄၈၀)တို့အား လိုင်စင်ယာယီပိတ်သိမ်း၍ အရောင်းဆိုင်မန်နေဂျာများနှင့် ဝန်ထမ်းများ အား ဥပဒေအရ အရေးယူဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
ထို့အပြင် တရားမဝင်စက်သုံးဆီ သိုလှောင်ထားရှိကြောင်း တိုင်ကြားလာမှုသတင်းအရ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၀/ B ရပ်ကွက်၊ မြနန္ဒာလမ်းသွယ် (ကျူးကျော်)နေ ဦးမြင့်မောင်အား တရားမဝင်စက်သုံးဆီများ သိုလှောင်ထားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်သူများအနေဖြင့်လည်း စက်သုံးဆီဝယ်ယူခြင်းနှင့် ပတ်သက်၍ အခက်အခဲများနှင့် မသမာမှုများတွေ့ရှိနေရသည့်အပေါ်တွင် Call Center သို့ တိကျစွာ အသိပေးတိုင်ကြားခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးထုတ်ပြန်ထားသည်။

zawgyi version
မသမာမႈျပဳလုပ္သည့္ စက္သုံးဆီဆိုင္ သုံးဆိုင္ကို ထပ္မံ၍ လိုင္စင္မ်ားယာယီပိတ္သိမ္း
Pearl (NP News) - မတ္ ၂၉
မသမာမႈျပဳလုပ္သည့္ စက္သုံးဆီဆိုင္ သုံးဆိုင္ကို ထပ္မံ၍ လိုင္စင္မ်ားယာယီပိတ္သိမ္းလိုက္ေၾကာင္း စြမ္းအင္ဝန္ႀကီးဌာနက အသိေပးထုတ္ျပန္ထားသည္။
ယေန႔မွစတင္၍ ပဲခူး၊ ျပင္ဦးလြင္၊ ရန္ကုန္-မႏၲေလး လမ္းေဟာင္းႏွင့္ အျမန္ လမ္းမႀကီးတစ္ေလွ်ာက္တြင္ Bar Code/QR Code စနစ္မ်ားကို စတင္အသုံးျပဳေနၿပီျဖစ္ၿပီး
စနစ္သစ္ျဖင့္ေရာင္းခ်ရာတြင္ ႀကဳံေတြ႕လာႏိုင္သည့္ နည္းပညာဆိုင္ရာ အခက္အခဲမ်ားႏွင့္ မသမာမႈမ်ားအပါအဝင္ မေမွ်ာ္မွန္းႏိုင္သည့္ အခက္အခဲမ်ားကို ေျဖရွင္းေဆာင္႐ြက္ေပးႏိုင္ရန္အတြက္ စြမ္းအင္ဝန္ႀကီးဌာနသည္ Online Monitoring Center မွ ေစာင့္ၾကည့္ျခင္း၊ Call Center ဖြင့္လွစ္၍ ေျဖရွင္းေဆာင္႐ြက္ျခင္း၊ ထိန္းေက်ာင္းၾကပ္မတ္ျခင္းမ်ား ျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။
QR စနစ္အသုံးျပဳေနသည့္ ၿမိဳ႕ႀကီး ၄ ၿမိဳ႕၌ စနစ္ေဟာင္းေရာင္းခ်မႈႏွင့္ စနစ္သစ္ေရာင္းခ်မႈတို႔ ႏႈိင္းယွဥ္မႈအရ မတ္လ ၂၅ ရက္ေန႔တြင္ ဆိုင္ကယ္/သုံးဘီး ၁၈၉,၉၀၇ စီး၊ ေမာ္ေတာ္ယာဥ္ ၁၃၈,၁၅၇ စီး ဆီျဖည့္တင္းခဲ့ၾကေသာ္လည္း မတ္လ ၂၇ ရက္ေန႔တြင္ ဆိုင္ကယ္/သုံးဘီး ၁၄၉,၆၉၀ စီး၊ ေမာ္ေတာ္ယာဥ္ ၁၀၅,၃၄၅ စီးသို႔ ေလ်ာ့က်သြားခဲ့ပါသည္။ မတ္လ ၂၆ ရက္ေန႔တြင္ ဆိုင္ကယ္/ သုံးဘီး ၁၈၄,၂၈၄ စီး၊ ေမာ္ေတာ္ယာဥ္ ၁၁၃,၀၂၈ စီး ဆီျဖည့္တင္းခဲ့ၾကေသာ္လည္း မတ္လ ၂၈ ရက္ေန႔တြင္ ဆိုင္ကယ္/သုံးဘီး ၁၆၅,၃၇၁ စီး၊ ေမာ္ေတာ္ယာဥ္ ၁၀၇,၉၆၅ စီးသို႔ ေလ်ာ့က်သြားခဲ့ေၾကာင္း သိရသည္။
သို႔ရာတြင္ စက္သုံးဆီေဈးႏႈန္းတိုးျမင့္လာမႈကို အခြင့္ေကာင္းယူ၍ အခ်ိဳ႕အေရာင္းဆိုင္မ်ားသည္ ေရာင္းခ်ျခင္းမျပဳဘဲ ဆိုင္ပိတ္ထားျခင္း၊ အခ်ိဳ႕ဆိုင္မ်ားသည္ Scan မဖတ္ဘဲ ေရာင္းခ်ေပးေနျခင္း၊ Taxi ယာဥ္မ်ားသည္ ခြဲတမ္းပိုမိုရရွိမႈကို အခြင့္ေကာင္းယူ၍ မသမာမႈမ်ား ျပဳလုပ္လာျခင္းတို႔ေၾကာင့္ ဖြင့္လွစ္ေရာင္းခ်ေနသည့္အေရာင္းဆိုင္မ်ားတြင္ ယာဥ္မ်ားတန္းစီမႈ ပိုမိုလာသည္ကို စစ္ေဆးေတြ႕ရွိရေၾကာင္း အသိေပးထားသည္။
ထိုသို႔ အမ်ားျပည္သူမ်ားကို ထိခိုက္နစ္နာေစသည့္ မသမာမႈမ်ားကို ျပည္သူတို႔၏ သတင္းေပးပို႔လာမႈမ်ားအေပၚ အေရးယူေဆာင္႐ြက္လ်က္ရွိရာ ယေန႔တြင္ ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ပုဗၺသီရိၿမိဳ႕နယ္ရွိ “ေ႐ႊပိုး” စက္သုံးဆီအေရာင္းဆိုင္၊ လိုင္စင္အမွတ္ (၂၅၉၇)၊ မႏၲေလးတိုင္းေဒသႀကီး၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ ဈ-ရပ္ကြက္၊ ၆၂ လမ္းေပၚရွိ “ေ႐ႊျခေသၤ့” စက္သုံးဆီအေရာင္းဆိုင္၊ လိုင္စင္အမွတ္(၀၇၃၀)ႏွင့္ မႏၲေလးတိုင္းေဒသႀကီး၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ ထိန္ကုန္းရပ္ကြက္၊ ရန္ကုန္-မႏၲေလး လမ္းမႀကီး (လမ္းေဟာင္း)ေပၚရွိ “ေအာင္သိဒၶိ” စက္သုံးဆီအေရာင္းဆိုင္၊ လိုင္စင္အမွတ္(၀၄၈၀)တို႔အား လိုင္စင္ယာယီပိတ္သိမ္း၍ အေရာင္းဆိုင္မန္ေနဂ်ာမ်ားႏွင့္ ဝန္ထမ္းမ်ား အား ဥပေဒအရ အေရးယူေဆာင္႐ြက္ထားရွိၿပီးျဖစ္ေၾကာင္း သိရသည္။
ထို႔အျပင္ တရားမဝင္စက္သုံးဆီ သိုေလွာင္ထားရွိေၾကာင္း တိုင္ၾကားလာမႈသတင္းအရ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္၊ ၆၀/ B ရပ္ကြက္၊ ျမနႏၵာလမ္းသြယ္ (က်ဴးေက်ာ္)ေန ဦးျမင့္ေမာင္အား တရားမဝင္စက္သုံးဆီမ်ား သိုေလွာင္ထားေၾကာင္း စစ္ေဆးေတြ႕ရွိရသျဖင့္ အမႈဖြင့္အေရးယူႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ျပည္သူမ်ားအေနျဖင့္လည္း စက္သုံးဆီဝယ္ယူျခင္းႏွင့္ ပတ္သက္၍ အခက္အခဲမ်ားႏွင့္ မသမာမႈမ်ားေတြ႕ရွိေနရသည့္အေပၚတြင္ Call Center သို႔ တိက်စြာ အသိေပးတိုင္ၾကားျခင္းျဖင့္ ပူးေပါင္းေဆာင္႐ြက္ၾကပါရန္ ေမတၱာရပ္ခံအပ္ပါေၾကာင္း အသိေပးထုတ္ျပန္ထားသည္။