တောင်ကိုရီးယားသို့ အမေရိကန်၏ရေငုပ်သင်္ဘောတစ်စီး ထပ်မံရောက်ရှိလာပြီးနောက် မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်နှစ်စင်း ထပ်မံစမ်းသပ် ပစ်လွှတ်

 628

Pika (NP News) - ဇူလိုင် ၂၅

မြောက်ကိုရီးယားသည် ဇူလိုင်လ(၂၄)ရက် နှောင်းပိုင်းတွင် နိုင်ငံ၏ အရှေ့ဖက်ကမ်းရိုးတန်းမှ ပင်လယ်ထဲသို့ ပဲ့ထိန်း ဒုံးကျည်နှစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ် က ပြောကြားခဲ့သည်။

တောင်ကိုရီးယားနိုင်ငံတောင်ပိုင်း ဂျယ်ဂျူကျွန်းရှိ ရေတပ်စခန်းသို့ အမေရိကန်၏ နျူကလီးယားစွမ်းအင်သုံး ရေငုပ် သင်္ဘောရောက်ရှိလာပြီးနောက် နာရီပိုင်းအကြာတွင် မြောက်ကိုရီးယားဖက်က ပဲ့ထိန်းဒုံးကျည်များ စမ်းသပ် ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားစစ်တပ် က ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီး အဆိုပါပဲ့ထိန်းဒုံးကျည်နှစ်စင်းမှာ စီးပွားရေးဇုန် အပြင်ဖက်သို့ ကျရောက်သွားခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

တောင်ကိုရီးယားတွင် အမေရိကန်၏ စစ်လက်နက်ပစ္စည်းများ ဖြန့်ကျက်ချထားမှုနှင့်အတူ စစ်ရေးလေ့ကျင့်မှုများ တိုးမြှင့်လုပ်ဆောင်လာခြင်းကြောင့် တင်းမာမှုများရှိနေချိန်တွင် မြောက်ကိုရီးယားဖက်က ယခုကဲ့သို့ ထပ်မံစမ်းသပ် ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားတွင် အမေရိကန်၏ စစ်လက်နက်ပစ္စည်းဖြန့်ကျက်ချထားမှုများ ဆက်လက်လုပ်ဆောင်နေမည် ဆိုပါက နျူကလီးယားလက်နက်များဖြင့် လက်တုံ့ပြန်မှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယား ဖက်က ယခင်က သတိပေးပြောခဲ့သည်။ ဒေသတွင်း မတည်မငြိမ်မှုများကိုဖြစ်စေသည့် မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများနှင့်ပတ်သက်ပြီး မဟာမိတ်နိုင်ငံများနှင့် အနီးကပ်ဆွေးနွေးမှုများ လုပ်ဆောင်နေ ကြောင်း အမေရိကန်အစိုးရက ပြောကြားခဲ့သည်။

ဇူလိုင်လ(၂၄)ရက် အစောပိုင်းတွင် အမေရိကန်၏ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စင်းသည် အတိအကျဖော်ပြထားခြင်းမျိုးမရှိသော စစ်ဆင်ရေးမစ်ရှင်ကို တစ်ခုကိုလုပ်ဆောင်နေစဉ် စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ ပြန်လည်ဖြည့်တင်းရန်အတွက် တောင်ကိုရီးယားနိုင်ငံတောင်ပိုင်း ဂျယ်ဂျူကျွန်းရှိ ရေတပ် အခြေစိုက်စခန်းသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားရေတပ် က ပြောကြားခဲ့သည်။

ဇူလိုင်လ(၂၂)ရက်တွင် မြောက်ကိုရီးယားသည် နိုင်ငံ၏အနောက်ဖက်ကမ်းရိုးတန်းမှ ပင်လယ်ထဲသို့ ခရုဇ်ဒုံးကျည် များကို စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း သိရသည်။ ထို့အပြင် ဇူလိုင်လ(၁၉)ရက်တွင် တောင်ကိုရီးယားဆိပ်ကမ်းသို့ နှစ်ပေါင်းလေးဆယ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်၏ ပဲ့ထိန်းဒုံးကျည် တပ်ဆင်ထားသော ရေငုပ် သင်္ဘောတစ်စင်းရောက်ရှိလာခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် မြောက်ကိုရီးယားသည် နိုင်ငံအရှေ့ဖက်သို့ ပဲ့ထိန်း ဒုံးကျည်နှစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း သိရသည်။

Zawgyi Version;
ေတာင္ကိုရီးယားသို႔ အေမရိကန္၏ေရငုပ္သေဘၤာတစ္စီး ထပ္မံေရာက္ရွိလာၿပီးေနာက္ ေျမာက္ကိုရီးယားက ပဲ့ထိန္းဒုံးက်ည္ႏွစ္စင္း ထပ္မံစမ္းသပ္ ပစ္လႊတ္
Pika (NP News) - ဇူလိုင္ ၂၅

ေျမာက္ကိုရီးယားသည္ ဇူလိုင္လ(၂၄)ရက္ ေႏွာင္းပိုင္းတြင္ ႏိုင္ငံ၏ အေရွ႕ဖက္ကမ္း႐ိုးတန္းမွ ပင္လယ္ထဲသို႔ ပဲ့ထိန္း ဒုံးက်ည္ႏွစ္စင္းကို စမ္းသပ္ပစ္လႊတ္ခဲ့ေၾကာင္း ေတာင္ကိုရီးယားစစ္တပ္ က ေျပာၾကားခဲ့သည္။

ေတာင္ကိုရီးယားႏိုင္ငံေတာင္ပိုင္း ဂ်ယ္ဂ်ဴကြၽန္းရွိ ေရတပ္စခန္းသို႔ အေမရိကန္၏ န်ဴကလီးယားစြမ္းအင္သုံး ေရငုပ္ သေဘၤာေရာက္ရွိလာၿပီးေနာက္ နာရီပိုင္းအၾကာတြင္ ေျမာက္ကိုရီးယားဖက္က ပဲ့ထိန္းဒုံးက်ည္မ်ား စမ္းသပ္ ပစ္လႊတ္ခဲ့ျခင္းျဖစ္ေၾကာင္း ေတာင္ကိုရီးယားစစ္တပ္ က ေျပာၾကားခဲ့သည္။

ေျမာက္ကိုရီးယားသည္ ပဲ့ထိန္းဒုံးက်ည္ႏွစ္စင္းကို စမ္းသပ္ပစ္လႊတ္ခဲ့ၿပီး အဆိုပါပဲ့ထိန္းဒုံးက်ည္ႏွစ္စင္းမွာ စီးပြားေရးဇုန္ အျပင္ဖက္သို႔ က်ေရာက္သြားခဲ့ေၾကာင္း ဂ်ပန္ကာကြယ္ေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ခဲ့သည္။

ေတာင္ကိုရီးယားတြင္ အေမရိကန္၏ စစ္လက္နက္ပစၥည္းမ်ား ျဖန႔္က်က္ခ်ထားမႈႏွင့္အတူ စစ္ေရးေလ့က်င့္မႈမ်ား တိုးျမႇင့္လုပ္ေဆာင္လာျခင္းေၾကာင့္ တင္းမာမႈမ်ားရွိေနခ်ိန္တြင္ ေျမာက္ကိုရီးယားဖက္က ယခုကဲ့သို႔ ထပ္မံစမ္းသပ္ ပစ္လႊတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေတာင္ကိုရီးယားတြင္ အေမရိကန္၏ စစ္လက္နက္ပစၥည္းျဖန႔္က်က္ခ်ထားမႈမ်ား ဆက္လက္လုပ္ေဆာင္ေနမည္ ဆိုပါက န်ဴကလီးယားလက္နက္မ်ားျဖင့္ လက္တုံ႔ျပန္မႈမ်ားလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ေျမာက္ကိုရီးယား ဖက္က ယခင္က သတိေပးေျပာခဲ့သည္။ ေဒသတြင္း မတည္မၿငိမ္မႈမ်ားကိုျဖစ္ေစသည့္ ေျမာက္ကိုရီးယား၏ ဒုံးက်ည္စမ္းသပ္ပစ္လႊတ္မႈမ်ားႏွင့္ပတ္သက္ၿပီး မဟာမိတ္ႏိုင္ငံမ်ားႏွင့္ အနီးကပ္ေဆြးေႏြးမႈမ်ား လုပ္ေဆာင္ေန ေၾကာင္း အေမရိကန္အစိုးရက ေျပာၾကားခဲ့သည္။

ဇူလိုင္လ(၂၄)ရက္ အေစာပိုင္းတြင္ အေမရိကန္၏ န်ဴကလီးယားစြမ္းအင္သုံး ေရငုပ္သေဘၤာတစ္စင္းသည္ အတိအက်ေဖာ္ျပထားျခင္းမ်ိဳးမရွိေသာ စစ္ဆင္ေရးမစ္ရွင္ကို တစ္ခုကိုလုပ္ေဆာင္ေနစဥ္ စစ္ဘက္ဆိုင္ရာ ေထာက္ပံ့ေရးပစၥည္းမ်ား ျပန္လည္ျဖည့္တင္းရန္အတြက္ ေတာင္ကိုရီးယားႏိုင္ငံေတာင္ပိုင္း ဂ်ယ္ဂ်ဴကြၽန္းရွိ ေရတပ္ အေျခစိုက္စခန္းသို႔ ဝင္ေရာက္လာခဲ့ျခင္းျဖစ္ေၾကာင္း ေတာင္ကိုရီးယားေရတပ္ က ေျပာၾကားခဲ့သည္။

ဇူလိုင္လ(၂၂)ရက္တြင္ ေျမာက္ကိုရီးယားသည္ ႏိုင္ငံ၏အေနာက္ဖက္ကမ္း႐ိုးတန္းမွ ပင္လယ္ထဲသို႔ ခ႐ုဇ္ဒုံးက်ည္ မ်ားကို စမ္းသပ္ပစ္လႊတ္ခဲ့ေၾကာင္း သိရသည္။ ထို႔အျပင္ ဇူလိုင္လ(၁၉)ရက္တြင္ ေတာင္ကိုရီးယားဆိပ္ကမ္းသို႔ ႏွစ္ေပါင္းေလးဆယ္အတြင္း ပထမဆုံးအႀကိမ္အျဖစ္ အေမရိကန္၏ ပဲ့ထိန္းဒုံးက်ည္ တပ္ဆင္ထားေသာ ေရငုပ္ သေဘၤာတစ္စင္းေရာက္ရွိလာခဲ့ၿပီးေနာက္ နာရီပိုင္းအၾကာတြင္ ေျမာက္ကိုရီးယားသည္ ႏိုင္ငံအေရွ႕ဖက္သို႔ ပဲ့ထိန္း ဒုံးက်ည္ႏွစ္စင္းကို စမ္းသပ္ပစ္လႊတ္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.