နိုင်ငံခြားငွေ တရားဝင်ငွေလွှဲသူ ပြည်ပရောက်နိုင်ငံသားများအား EV ကား တင်သွင်းခွင့်ပြုမည်

924

NP News - အောက်တိုဘာ ၁၄
ပြည်ပမှာ အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများသည် မိမိတို့ရရှိသော လစာငွေ (သို့မဟုတ်) အခြား ဝင်ငွေတွေကို ဘဏ်လမ်းကြောင်းကတစ်ဆင့် မြန်မာနိုင်ငံဆီ ပြန်လည်လွှဲပို့ခြင်းအပေါ် အထူးအစီအစဉ်အဖြစ် လျှပ်စစ်သုံးယာဉ်/ မော်တော်ဆိုင်ကယ် တင်သွင်းခွင့်ပါမစ်ထုတ်ပေးမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ကြေညာထားသည်။
လျှပ်စစ်သုံးမော်တော်ယာဉ်/ လျှပ်စစ်သုံးဆိုင်ကယ် ဝယ်ယူတင်သွင်းခွင့်ပြုသည့်အစီအစဉ်အား လာမည့် အောက်တိုဘာလ ၁၆ ရက်မှ စတင်ကာ ခွင့်ပြုပေးသွားမည်ဖြစ်သည်။
နိုင်ငံတော်၌ လျှပ်စစ်သုံးယာဉ်တွေ အသုံးပြုမှု ပိုမိုးတိုးတက်ဖြစ်စေရန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် အထောက်အကူပြုစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
သင်္ဘောသားတွေ အပါအဝင် ပုံမှန်လစာရရှိသူများသည် တစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ ၂ သိန်းနှင့်အထက် လွှဲပို့ပါက လွှဲပို့ငွေ၏ ၅ ရာခိုင်နှုန်းနှင့် ညီမျှသော လျှပ်စစ်သုံးမော်တော်ယာဉ်အား တစ်နှစ်ကို တစ်စီးနှုန်း တင်သွင်း ခွင့်ပါမစ် ရရှိမည်ဖြစ်သည်။
“သင်္ဘောသားတစ်ယောက်က တစ်လမှဒေါ်လာ နှစ်ထောင်၊ သုံးထောင်လောက်ပဲရတာ တစ်နှစ်ကို ဒေါ်လာ တစ်သိန်းပြည့်အောင်တောင် ပို့ဖို့မလွယ်ဘူး။ အခုဒေါ်လာနှစ်သိန်းအထက်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဒီထုတ်ပြန်ချက်က ပြည်ပရောက်မြန်မာတွေအတွက် ဘာမှအကျိုးမရှိဘူး” ဟု ရန်ကုန်မြို့ရှိ နိုင်ငံခြားသင်္ဘောသား အရာရှိတစ်ဦးက ပြောသည်။
ပုံမှန်လစာရရှိသူ မဟုတ်ပါက အခြားဝင်ငွေရရှိသူများသည် တစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ ၅ သောင်း နှင့် အထက် လွှဲပို့ငွေ၏ ၅ ရာခိုင်နှုန်းနှင့်ညီမျှသည့် လျှပ်စစ်သုံးယာဉ်/ လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် တစ်နှစ်အတွက် တစ်စီးနှုန်း ဝယ်သူတင်သွင်းခွင့်ရရှိမည်ဖြစ်သည်။
ဒေါ်လာ ၅ သောင်းနှင့်အထက် လွှဲပို့သူများသည် တစ်ဦးချင်းတင်သွင်းမှုအတွက် လွှဲပို့ငွေ ၅ ရာခိုင်နှုန်းက ယာဉ်တန်ဖိုးမပြည့်မီပါက ငွေလွှဲပို့သူ နှစ်ဦး (သို့မဟုတ်) သုံးဦးစပ် စသဖြင့် စုပေါင်းတင်သွင်းမှုကိုလည်း ပါမစ်ခွင့်ပြု ပေးသွားမည်ဖြစ်ကြောင်း စီးပွား/ကူးသန်းဝန်ကြီးဌာနက ထုတ်ပြန်ထားပါသည်။

Zawgyi Version;
ႏိုင္ငံျခားေငြ တရားဝင္ေငြလႊဲသူ ျပည္ပေရာက္ႏိုင္ငံသားမ်ားအား EV ကား တင္သြင္းခြင့္ျပဳမည္
NP News - ေအာက္တိုဘာ ၁၄
ျပည္ပမွာ အလုပ္လုပ္ကိုင္ေနၾကသည့္ ျမန္မာႏိုင္ငံသားမ်ားသည္ မိမိတို႔ရရွိေသာ လစာေငြ (သို႔မဟုတ္) အျခား ဝင္ေငြေတြကို ဘဏ္လမ္းေၾကာင္းကတစ္ဆင့္ ျမန္မာႏိုင္ငံဆီ ျပန္လည္လႊဲပို႔ျခင္းအေပၚ အထူးအစီအစဥ္အျဖစ္ လွ်ပ္စစ္သုံးယာဥ္/ ေမာ္ေတာ္ဆိုင္ကယ္ တင္သြင္းခြင့္ပါမစ္ထုတ္ေပးမည္ဟု စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနက ေၾကညာထားသည္။
လွ်ပ္စစ္သုံးေမာ္ေတာ္ယာဥ္/ လွ်ပ္စစ္သုံးဆိုင္ကယ္ ဝယ္ယူတင္သြင္းခြင့္ျပဳသည့္အစီအစဥ္အား လာမည့္ ေအာက္တိုဘာလ ၁၆ ရက္မွ စတင္ကာ ခြင့္ျပဳေပးသြားမည္ျဖစ္သည္။
ႏိုင္ငံေတာ္၌ လွ်ပ္စစ္သုံးယာဥ္ေတြ အသုံးျပဳမႈ ပိုမိုးတိုးတက္ျဖစ္ေစရန္ႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး အတြက္ အေထာက္အကူျပဳေစရန္ ရည္႐ြယ္ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း ေဖာ္ျပထားသည္။
သေဘၤာသားေတြ အပါအဝင္ ပုံမွန္လစာရရွိသူမ်ားသည္ တစ္ႏွစ္အတြင္း အေမရိကန္ေဒၚလာ ၂ သိန္းႏွင့္အထက္ လႊဲပို႔ပါက လႊဲပို႔ေငြ၏ ၅ ရာခိုင္ႏႈန္းႏွင့္ ညီမွ်ေသာ လွ်ပ္စစ္သုံးေမာ္ေတာ္ယာဥ္အား တစ္ႏွစ္ကို တစ္စီးႏႈန္း တင္သြင္း ခြင့္ပါမစ္ ရရွိမည္ျဖစ္သည္။
“သေဘၤာသားတစ္ေယာက္က တစ္လမွေဒၚလာ ႏွစ္ေထာင္၊ သုံးေထာင္ေလာက္ပဲရတာ တစ္ႏွစ္ကို ေဒၚလာ တစ္သိန္းျပည့္ေအာင္ေတာင္ ပို႔ဖို႔မလြယ္ဘူး။ အခုေဒၚလာႏွစ္သိန္းအထက္ဆိုတာ ဘယ္လိုမွမျဖစ္ႏိုင္ဘူး။ ဒီထုတ္ျပန္ခ်က္က ျပည္ပေရာက္ျမန္မာေတြအတြက္ ဘာမွအက်ိဳးမရွိဘူး” ဟု ရန္ကုန္ၿမိဳ႕ရွိ ႏိုင္ငံျခားသေဘၤာသား အရာရွိတစ္ဦးက ေျပာသည္။
ပုံမွန္လစာရရွိသူ မဟုတ္ပါက အျခားဝင္ေငြရရွိသူမ်ားသည္ တစ္ႏွစ္အတြင္း အေမရိကန္ေဒၚလာ ၅ ေသာင္း ႏွင့္ အထက္ လႊဲပို႔ေငြ၏ ၅ ရာခိုင္ႏႈန္းႏွင့္ညီမွ်သည့္ လွ်ပ္စစ္သုံးယာဥ္/ လွ်ပ္စစ္သုံးေမာ္ေတာ္ဆိုင္ကယ္ တစ္ႏွစ္အတြက္ တစ္စီးႏႈန္း ဝယ္သူတင္သြင္းခြင့္ရရွိမည္ျဖစ္သည္။
ေဒၚလာ ၅ ေသာင္းႏွင့္အထက္ လႊဲပို႔သူမ်ားသည္ တစ္ဦးခ်င္းတင္သြင္းမႈအတြက္ လႊဲပို႔ေငြ ၅ ရာခိုင္ႏႈန္းက ယာဥ္တန္ဖိုးမျပည့္မီပါက ေငြလႊဲပို႔သူ ႏွစ္ဦး (သို႔မဟုတ္) သုံးဦးစပ္ စသျဖင့္ စုေပါင္းတင္သြင္းမႈကိုလည္း ပါမစ္ခြင့္ျပဳ ေပးသြားမည္ျဖစ္ေၾကာင္း စီးပြား/ကူးသန္းဝန္ႀကီးဌာနက ထုတ္ျပန္ထားပါသည္။