ဂျပန်နိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်လိုသည့် မြန်မာလူငယ် ၂၆၅ ဦးနှင့် USDP ပါတီ၏ အလုပ်သမားရေးရာတာဝန်ခံတွေ့ဆုံ

892

ကျော်(NP News)- နိုဝင်ဘာ ၄
ဂျပန်နိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်လိုသည့် မြန်မာလူငယ် ၂၆၅ ဦးအား ပြည်ခိုင်ဖြိုးပါတီ ၏ ဗဟိုအလုပ် အမှုဆောင်၊အလုပ်သမားရေးရာတာဝန်ခံဦးမောင်မြင့်နှင့် တာဝန်ရှိသူများက တွေ့ဆုံခဲ့သည်။
နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြို့ရေးပါတီရုံးတွင် နိုဝင်ဘာ ၃ ရက် နံနက် ၁ဝ နာရီက တွေ့ခဲ့ကြခြင်း ဖြစ်သည်။
ထိုသို့တွေ့ဆုံပြီးနောက် ဗဟိုအလုပ်အမှုဆောင်၊ အလုပ်သမားရေးရာကော်မတီတာဝန်ခံ ဦးမောင်မြင့်၊ နေပြည်တော် USDP ပါတီ ဥက္ကဋ္ဌဦးလှဆွေ နှင့် Myanmar San Kou သင်တန်းကျောင်းမှ မစ္စတာဆူတာတို့မှ အလုပ် အကိုင်ရရှိရေးကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် ဂျပန်နိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်လိုသော လူငယ် ၂၆၅ ဦးကို အရပ်တိုင်းခြင်း၊ ကိုယ်အလေးချိန်စစ်ဆေးခြင်း ၊သင်္ချာဥာဏ်စမ်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြသည်။
စစ်ဆေးမှုအောင်မြင်သူများသည် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစု လူငယ်ပရဟိတသင်တန်း ကျောင်းတွင် သင်တန်းတက်ရောက်ရမည်ဖြစ်ပြီး သင်တန်းတက်ရောက်ခွင့်ရရှိသူများ၏ အမည်စာရင်းကို နိုဝင်ဘာ ၈ ရက်၌ ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ဂ်ပန္ႏိုင္ငံတြင္ သြားေရာက္အလုပ္လုပ္ကိုင္လိုသည့္ ျမန္မာလူငယ္ ၂၆၅ ဦးႏွင့္ USDP ပါတီ၏ အလုပ္သမားေရးရာတာဝန္ခံေတြ႕ဆုံ
ေက်ာ္(NP News)- ႏိုဝင္ဘာ ၄
ဂ်ပန္ႏိုင္ငံတြင္ သြားေရာက္အလုပ္လုပ္ကိုင္လိုသည့္ ျမန္မာလူငယ္ ၂၆၅ ဦးအား ျပည္ခိုင္ၿဖိဳးပါတီ ၏ ဗဟိုအလုပ္ အမႈေဆာင္၊အလုပ္သမားေရးရာတာဝန္ခံဦးေမာင္ျမင့္ႏွင့္ တာဝန္ရွိသူမ်ားက ေတြ႕ဆုံခဲ့သည္။
ေနျပည္ေတာ္ရွိ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳ႕ေရးပါတီ႐ုံးတြင္ ႏိုဝင္ဘာ ၃ ရက္ နံနက္ ၁ဝ နာရီက ေတြ႕ခဲ့ၾကျခင္း ျဖစ္သည္။
ထိုသို႔ေတြ႕ဆုံၿပီးေနာက္ ဗဟိုအလုပ္အမႈေဆာင္၊ အလုပ္သမားေရးရာေကာ္မတီတာဝန္ခံ ဦးေမာင္ျမင့္၊ ေနျပည္ေတာ္ USDP ပါတီ ဥကၠ႒ဦးလွေဆြ ႏွင့္ Myanmar San Kou သင္တန္းေက်ာင္းမွ မစၥတာဆူတာတို႔မွ အလုပ္ အကိုင္ရရွိေရးကို ရွင္းလင္းေဆြးေႏြးခဲ့ၾကသည္။
ထို႔ေနာက္ ေတြ႕ဆုံပြဲသို႔တက္ေရာက္လာၾကသည့္ ဂ်ပန္ႏိုင္ငံတြင္ သြားေရာက္အလုပ္လုပ္ကိုင္လိုေသာ လူငယ္ ၂၆၅ ဦးကို အရပ္တိုင္းျခင္း၊ ကိုယ္အေလးခ်ိန္စစ္ေဆးျခင္း ၊သခ်ၤာဥာဏ္စမ္းစစ္ေဆးျခင္းမ်ား ျပဳလုပ္ခဲ့ၾကသည္။
စစ္ေဆးမႈေအာင္ျမင္သူမ်ားသည္ ေနျပည္ေတာ္၊ ပုဗၺသီရိၿမိဳ႕နယ္၊ ေညာင္ပင္ႀကီးစု လူငယ္ပရဟိတသင္တန္း ေက်ာင္းတြင္ သင္တန္းတက္ေရာက္ရမည္ျဖစ္ၿပီး သင္တန္းတက္ေရာက္ခြင့္ရရွိသူမ်ား၏ အမည္စာရင္းကို ႏိုဝင္ဘာ ၈ ရက္၌ ထုတ္ျပန္ေၾကညာေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။