စင်ကာပူမှာ ကော်ဖီဆိုင်တွင်း ရန်ဖြစ်မှုမှ ဓားကိုင်တိုက်ခိုက်မှု ဖြစ်ပွား

 1474

ရောင်နီ (NP News) - ဇန်နဝါရီ ၉

စင်ကပူနိုင်ငံ၊ ရီချွန် မြို့ရှိ ကော်ဖီဆိုင်တစ်ဆိုင်မှာ ဇန်နဝါရီ ၈ ရက်က ဓားကိုင်ရန်ဖြစ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ဓားကိုင်ခဲ့တဲ့ အသက် ၅၇ နှစ်အရွယ်အမျိုးသားကို ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

807 Yishun Ring Road ရှိ ကော်ဖီဆိုင်တစ်ဆိုင်မှာ ည ၈ နာရီ ၃ဝ မိနစ်ခန့်က ရန်ဖြစ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ပဏမ စုံစမ်းစစ်ဆေးမှုများအရ အဆိုပါ အသက် ၅၇ နှစ်ရှိ ဓားကိုင် အမျိုးသားနဲ့ ရန်ဖြစ်ခဲ့တာကတော့ အသက် ၆၁ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

ဓားကိုင်ဆောင်သူ အမျိုးသားကို အသက်အန္တရာယ်ရှိ လက်နက်အသုံးပြုပြီး စိတ်ဆန္ဒအလျောက် နာကျင်စေအောင် တိုက်ခိုက်မှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။ အဆိုပါအမျိုးသားဟာ အရက်သောက်ထားတယ်လို့ ယူဆရပါတယ်။

ရဲတပ်ဖွဲ့ကတော့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ နှစ်သစ်ကူးနေ့က Orchard Central မှာ အသက် ၁၈ နှစ်မှ ၃ဝ နှစ်ကြား အမျိုးသားငါးဦးနဲ့ အမျိုးသမီးတစ်ဦး ရန်ဖြစ်တိုက်ခိုက်မှုဖြစ်ပေါ်ပြီး သီတင်းတစ်ပတ် အကြာမှာ ယခုဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။

Zawgyi Version;
စင္ကာပူမွာ ေကာ္ဖီဆိုင္တြင္း ရန္ျဖစ္မႈမွ ဓားကိုင္တိုက္ခိုက္မႈ ျဖစ္ပြား
ေရာင္နီ (NP News) - ဇန္နဝါရီ ၉

စင္ကပူႏိုင္ငံ၊ ရီခြၽန္ ၿမိဳ႕ရွိ ေကာ္ဖီဆိုင္တစ္ဆိုင္မွာ ဇန္နဝါရီ ၈ ရက္က ဓားကိုင္ရန္ျဖစ္တိုက္ခိုက္မႈျဖစ္ပြားခဲ့ၿပီး ဓားကိုင္ခဲ့တဲ့ အသက္ ၅၇ ႏွစ္အ႐ြယ္အမ်ိဳးသားကို ဖမ္းဆီးလိုက္တယ္လို႔ သိရပါတယ္။

807 Yishun Ring Road ရွိ ေကာ္ဖီဆိုင္တစ္ဆိုင္မွာ ည ၈ နာရီ ၃ဝ မိနစ္ခန႔္က ရန္ျဖစ္တိုက္ခိုက္ခဲ့တာျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ခဲ့ပါတယ္။ ပဏမ စုံစမ္းစစ္ေဆးမႈမ်ားအရ အဆိုပါ အသက္ ၅၇ ႏွစ္ရွိ ဓားကိုင္ အမ်ိဳးသားနဲ႔ ရန္ျဖစ္ခဲ့တာကေတာ့ အသက္ ၆၁ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးျဖစ္တယ္လို႔ သိရပါတယ္။

ဓားကိုင္ေဆာင္သူ အမ်ိဳးသားကို အသက္အႏၲရာယ္ရွိ လက္နက္အသုံးျပဳၿပီး စိတ္ဆႏၵအေလ်ာက္ နာက်င္ေစေအာင္ တိုက္ခိုက္မႈနဲ႔ ဖမ္းဆီးခဲ့ပါတယ္။ အဆိုပါအမ်ိဳးသားဟာ အရက္ေသာက္ထားတယ္လို႔ ယူဆရပါတယ္။

ရဲတပ္ဖြဲ႕ကေတာ့ စုံစမ္းစစ္ေဆးမႈေတြ ဆက္လက္လုပ္ေဆာင္ေနပါတယ္။ ႏွစ္သစ္ကူးေန႔က Orchard Central မွာ အသက္ ၁၈ ႏွစ္မွ ၃ဝ ႏွစ္ၾကား အမ်ိဳးသားငါးဦးနဲ႔ အမ်ိဳးသမီးတစ္ဦး ရန္ျဖစ္တိုက္ခိုက္မႈျဖစ္ေပၚၿပီး သီတင္းတစ္ပတ္ အၾကာမွာ ယခုျဖစ္ရပ္ျဖစ္ပြားခဲ့ျခင္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.