၂ဝ၂၃ ခုနှစ်တွင် အမျိုးသားသွေးဌာနမှ ဆေးရုံများကို လှူဒါန်းထားသည့် သွေးယူနစ် (၉ဝဝဝဝ)ကျော် ဖြန့်ဝေပေးနိုင်ခဲ့

432

စော (NP News) - ဇန်နဝါရီ ၂၁
၂ဝ၂၃ ခုနှစ်တွင် အမျိုးသားသွေးဌာနမှ ဆေးရုံများကို လှူဒါန်းထားသည့် သွေးယူနစ် (၉၀၀၀၀)ကျော် ဖြန့်ဝေပေးနိုင် ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။
၎င်းက ယမန်နေ့(ဇန်နဝါရီလ ၂ဝ ရက်) တွင် သူနာပြုတက္ကသိုလ်(ရန်ကုန်)၌ ကျင်းပသော (၄၅)ကြိမ်မြောက် သွေးလှူရှင်များ ဂုဏ်ပြုပွဲအခမ်းအနားတွင် အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက လူနာများမှာ သွေးသွင်းရန် လိုအပ်လာပါက မည်သည့်ဆေးဝါး၊ စက်ကိရိယာများမှ ကူညီမှုမပြုနိုင်ဘဲ သွေးသွင်းခြင်းဖြင့်သာ ကူညီနိုင်သောကြောင့် ၎င်းတို့အတွက် စဉ်ဆက်မပြတ် လှူဒါန်းပေးသော သွေးလှူရှင်ကြီးများ၏ အခန်းကဏ္ဍဟာ လွန်စွာအရေးကြီးသည့် ကူညီမှုဖြစ်ကြောင်း ပြောကြား ခဲ့သည်။
သွေးလှူဒါန်းမှုများကြောင့် ရရှိလာသည့်သွေးများကို ၂ဝ၂၃ ခုနှစ်အတွင်း အမျိုးသားသွေးဌာနမှ ဆေးရုံများသို့ သွေးယူနစ် (၉၃၃၈၅) ဖြန့်ဝေပေးနိုင်ခဲ့ပြီး လူနာများအနေဖြင့် ငွေကြေးကုန်ကျမှု၊ သွေးလှူရှင်ရှာဖွေရသည့် ပူပန်မှု များမရှိဘဲ လိုအပ်သည့်သွေးအမျိုးအစား၊ သွေးပစ္စည်းများကို ရရှိကုသမှုခံယူနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ အမျိုးသားသွေးဌာန(၁)ခု အပါအဝင် နေပြည်တော်၊ မန္တလေး၊ မကွေး၊ မော်လမြိုင်၊ မြစ်ကြီးနား၊ တောင်ကြီးနှင့် ပုသိမ်တို့ရှိ ပြည်သူ့ဆေးရုံကြီးများတွင် တွဲဖက်ထားသည့် သွေးလှူဘဏ် (၇)ခု၊ ခုတင် (၂ဝဝ) နှင့် ခုတင် (၁ဝဝ)ဆံ့ ဆေးရုံများတွင်လည်း ဓာတ်ခွဲခန်းနှင့် တွဲဖက်ဆောင်ရွက်နေသော သွေးဘဏ်များကို တိုးချဲ့ ဖွဲ့စည်းထားပြီး Blood Management System (BMS) Software အား တပ်ဆင်အသုံးပြုလျက်ရှိကြောင်း သိရသည်။
ထိုသို့လုပ်ဆောင်နိုင်ရန်အတွက် လိုအပ်သည့်သင်တန်းများ၊ အခြေခံအဆောက်အဦးများကိုလည်း ထောက်ပံ့ပေး လျက်ရှိပြီး သွေးသွင်းကုသမှုဆောင်ရွက်ရာတွင် လူနာများ ဘေးကင်းလုံခြုံရေးအတွက်လည်း အလေးထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ကိုယ်အင်္ဂါအစိတ်အပိုင်းများ အစားထိုးကုသရာတွင် သွေးပစ္စည်းများဖြင့် လူနာများအား အောင်မြင်စွာ ကုသ မှုပြုလုပ်နိုင်ခဲ့ကြောင်း ဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားသည်။

Zawgyi Version;
၂ဝ၂၃ ခုႏွစ္တြင္ အမ်ိဳးသားေသြးဌာနမွ ေဆး႐ုံမ်ားကို လႉဒါန္းထားသည့္ ေသြးယူနစ္ (၉ဝဝဝဝ)ေက်ာ္ ျဖန႔္ေဝေပးႏိုင္ ခဲ့
ေစာ (NP News) - ဇန္နဝါရီ ၂၁
၂ဝ၂၃ ခုႏွစ္တြင္ အမ်ိဳးသားေသြးဌာနမွ ေဆး႐ုံမ်ားကို လႉဒါန္းထားသည့္ ေသြးယူနစ္ (၉၀၀၀၀)ေက်ာ္ ျဖန႔္ေဝေပးႏိုင္ ခဲ့ေၾကာင္း က်န္းမာေရးဝန္ႀကီး ေဒါက္တာသက္ခိုင္ဝင္းက ေျပာၾကားခဲ့သည္။
၎က ယမန္ေန႔(ဇန္နဝါရီလ ၂ဝ ရက္) တြင္ သူနာျပဳတကၠသိုလ္(ရန္ကုန္)၌ က်င္းပေသာ (၄၅)ႀကိမ္ေျမာက္ ေသြးလႉရွင္မ်ား ဂုဏ္ျပဳပြဲအခမ္းအနားတြင္ အထက္ပါကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ဝန္ႀကီးေဒါက္တာသက္ခိုင္ဝင္းက လူနာမ်ားမွာ ေသြးသြင္းရန္ လိုအပ္လာပါက မည္သည့္ေဆးဝါး၊ စက္ကိရိယာမ်ားမွ ကူညီမႈမျပဳႏိုင္ဘဲ ေသြးသြင္းျခင္းျဖင့္သာ ကူညီႏိုင္ေသာေၾကာင့္ ၎တို႔အတြက္ စဥ္ဆက္မျပတ္ လႉဒါန္းေပးေသာ ေသြးလႉရွင္ႀကီးမ်ား၏ အခန္းက႑ဟာ လြန္စြာအေရးႀကီးသည့္ ကူညီမႈျဖစ္ေၾကာင္း ေျပာၾကား ခဲ့သည္။
ေသြးလႉဒါန္းမႈမ်ားေၾကာင့္ ရရွိလာသည့္ေသြးမ်ားကို ၂ဝ၂၃ ခုႏွစ္အတြင္း အမ်ိဳးသားေသြးဌာနမွ ေဆး႐ုံမ်ားသို႔ ေသြးယူနစ္ (၉၃၃၈၅) ျဖန႔္ေဝေပးႏိုင္ခဲ့ၿပီး လူနာမ်ားအေနျဖင့္ ေငြေၾကးကုန္က်မႈ၊ ေသြးလႉရွင္ရွာေဖြရသည့္ ပူပန္မႈ မ်ားမရွိဘဲ လိုအပ္သည့္ေသြးအမ်ိဳးအစား၊ ေသြးပစၥည္းမ်ားကို ရရွိကုသမႈခံယူႏိုင္ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံ၌ အမ်ိဳးသားေသြးဌာန(၁)ခု အပါအဝင္ ေနျပည္ေတာ္၊ မႏၲေလး၊ မေကြး၊ ေမာ္လၿမိဳင္၊ ျမစ္ႀကီးနား၊ ေတာင္ႀကီးႏွင့္ ပုသိမ္တို႔ရွိ ျပည္သူ႔ေဆး႐ုံႀကီးမ်ားတြင္ တြဲဖက္ထားသည့္ ေသြးလႉဘဏ္ (၇)ခု၊ ခုတင္ (၂ဝဝ) ႏွင့္ ခုတင္ (၁ဝဝ)ဆံ့ ေဆး႐ုံမ်ားတြင္လည္း ဓာတ္ခြဲခန္းႏွင့္ တြဲဖက္ေဆာင္႐ြက္ေနေသာ ေသြးဘဏ္မ်ားကို တိုးခ်ဲ႕ ဖြဲ႕စည္းထားၿပီး Blood Management System (BMS) Software အား တပ္ဆင္အသုံးျပဳလ်က္ရွိေၾကာင္း သိရသည္။
ထိုသို႔လုပ္ေဆာင္ႏိုင္ရန္အတြက္ လိုအပ္သည့္သင္တန္းမ်ား၊ အေျခခံအေဆာက္အဦးမ်ားကိုလည္း ေထာက္ပံ့ေပး လ်က္ရွိၿပီး ေသြးသြင္းကုသမႈေဆာင္႐ြက္ရာတြင္ လူနာမ်ား ေဘးကင္းလုံၿခဳံေရးအတြက္လည္း အေလးထား ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ ကိုယ္အဂၤါအစိတ္အပိုင္းမ်ား အစားထိုးကုသရာတြင္ ေသြးပစၥည္းမ်ားျဖင့္ လူနာမ်ားအား ေအာင္ျမင္စြာ ကုသ မႈျပဳလုပ္ႏိုင္ခဲ့ေၾကာင္း ဝန္ႀကီး ေဒါက္တာသက္ခိုင္ဝင္းက ေျပာၾကားသည္။