ဆန်ကြမ်းတစ်အိတ်ဈေးသည် ယခင်လထက် တစ်သောင်းဝန်းကျင်မှ နှစ်သောင်းခွဲအထိ မြင့်တက်

2306

NP News - ဖေဖော်ဝါရီ ၁၈
ရန်ကုန်ဈေးကွက်အတွင်း ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ တတိယအပတ်မှ စတင်ကာ ဖေဖော်ဝါရီလဝက်အထိ ဆန်ကြမ်း ဒိုင်လက်ကားဈေးနှုန်းဟာ ဇန်နဝါရီ လဆန်းပိုင်းနှင့် နှိုင်းယှဉ်ပါက ၂၄ ပြည်ဝင် တစ်အိတ်ကို အမျိုးအစားအလိုက် ငွေကျပ် ၇,၀၀၀ ကနေ ၂၄,၀၀၀ အထိ မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၏ ဆန်ဈေးနှုန်းစာရင်းများအရ သိရပါတယ်။
ဆန်ကြမ်းဈေးသည် ဇန်နဝါရီ ၁ ရက်တွင် လက်ကားဒိုင် ဈေးကွက်၌ ရက် ၉၀ ဆန် ၂၄ ပြည်ဝင် တစ်အိတ်ကို ငွေကျပ် ၇၂,၀၀၀ ၊ သီးထပ်(ရှယ်)ဆန် တစ်အိတ်ကို ၇၇,၀၀၀ ကျပ်နှင့် ဧည့်မထ တစ်အိတ်ကို ၇၂,၀၀၀ ကျပ် ဈေးရှိခဲ့ပြီး ဇန်နဝါရီလ ၁၅ ရက်နေ့မှ စတင်ကာ ဖေဖော်ဝါရီလ ၁၅ ရက်အထိကို ရက် ၉၀ ဆန် ၂၄ ပြည်ဝင် တစ်အိတ်လျှင် ငွေကျပ် ၉၆,၀၀၀၊ သီးထပ်(ရှယ်)ဆန် တစ်အိတ်ကို ၈၄,၀၀၀ ကျပ်နှင့် ဧည့်မထ တစ်အိတ်ကို ၈၄,၀၀၀ ကျပ် ဈေးအထိ အသီးသီးမြင့်တက်လာကြောင်း သိရသည်။
ဆန်ချော လက်ကားဒိုင်ဈေးနှုန်းများမှာ ၂၄ ပြည်ဝင် တစ်အိတ်လျှင် ဆန်အမျိုးအစားအလိုက် ကျပ် ၁၀,၀၀၀ မှ ၁၅,၀၀၀ အတွင်း မြင့်တက်ခဲ့ကြောင်းသိရသည်။ ဇန်နဝါရီလ ၁ ရက်မှ စတင်ကာ လက်ကားဒိုင် ဈေးကွက်တွင် ဆန်ချောဖြစ်သော ရွှေဘိုပေါ်ဆန်းအမြင့်ဈေးသည် ၂၄ ပြည်ဝင် တစ်အိတ်လျှင် ငွေကျပ် ၁၂၅,၀၀၀ ၊ မြောင်းမြပေါ်ဆန်း၊ ရိုးရိုးပေါ်ဆန်းနှင့် ကြားပျံပေါ်ဆန်းတို့မှာ ၂၄ ပြည်ဝင်တစ်အိတ်လျှင် ငွေကျပ် ၁၀၀,၀၀၀ ဖြင့် ဈေးနှုန်းအသီးသီးရှိခဲ့ပြီး ဇန်နဝါရီလ ၁၆ ရက်မှစတင်ကာ ဖေဖော်ဝါရီ ၁၅ ရက်နေ့အထိကို ရွှေဘိုပေါ်ဆန်းအမြင့်ဈေးဟာသည် ငွေကျပ် ၁၃၅,၀၀၀ ၊ မြောင်းမြပေါ်ဆန်းနှင့် ရိုးရိုးပေါ်ဆန်းတို့သည် ငွေကျပ် ၁၁၀,၀၀၀ ရှိခဲ့သည့်အပြင် ကြားပျံပေါ်ဆန်းမှာ ငွေကျပ် ၁၁၅,၀၀၀ တို့ဖြင့် ဈေးနှုန်းအသီးသီး မြင့်တက်ခဲ့ခြင်းဖြစ် သည်။
ယင်း ဆန်ဈေးနှုန်းများသည် နေရာဒေသပေါ်မူတည်ကာ ဈေးနှုန်းအပြောင်းအလဲရှိနိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း ၏ဆန်ဈေးနှုန်း စာရင်းများအရ သိရသည်။
Zawgyi Version;
ဆန္ၾကမ္းတစ္အိတ္ေဈးသည္ ယခင္လထက္ တစ္ေသာင္းဝန္းက်င္မွ ႏွစ္ေသာင္းခြဲအထိ ျမင့္တက္
NP News - ေဖေဖာ္ဝါရီ ၁၈
ရန္ကုန္ေဈးကြက္အတြင္း ၂ဝ၂၄ ခုႏွစ္ ဇန္နဝါရီလ တတိယအပတ္မွ စတင္ကာ ေဖေဖာ္ဝါရီလဝက္အထိ ဆန္ၾကမ္း ဒိုင္လက္ကားေဈးႏႈန္းဟာ ဇန္နဝါရီ လဆန္းပိုင္းႏွင့္ ႏႈိင္းယွဥ္ပါက ၂၄ ျပည္ဝင္ တစ္အိတ္ကို အမ်ိဳးအစားအလိုက္ ေငြက်ပ္ ၇,၀၀၀ ကေန ၂၄,၀၀၀ အထိ ျမင့္တက္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံ ဆန္စပါးကုန္သည္မ်ားအသင္း၏ ဆန္ေဈးႏႈန္းစာရင္းမ်ားအရ သိရပါတယ္။
ဆန္ၾကမ္းေဈးသည္ ဇန္နဝါရီ ၁ ရက္တြင္ လက္ကားဒိုင္ ေဈးကြက္၌ ရက္ ၉၀ ဆန္ ၂၄ ျပည္ဝင္ တစ္အိတ္ကို ေငြက်ပ္ ၇၂,၀၀၀ ၊ သီးထပ္(ရွယ္)ဆန္ တစ္အိတ္ကို ၇၇,၀၀၀ က်ပ္ႏွင့္ ဧည့္မထ တစ္အိတ္ကို ၇၂,၀၀၀ က်ပ္ ေဈးရွိခဲ့ၿပီး ဇန္နဝါရီလ ၁၅ ရက္ေန႔မွ စတင္ကာ ေဖေဖာ္ဝါရီလ ၁၅ ရက္အထိကို ရက္ ၉၀ ဆန္ ၂၄ ျပည္ဝင္ တစ္အိတ္လွ်င္ ေငြက်ပ္ ၉၆,၀၀၀၊ သီးထပ္(ရွယ္)ဆန္ တစ္အိတ္ကို ၈၄,၀၀၀ က်ပ္ႏွင့္ ဧည့္မထ တစ္အိတ္ကို ၈၄,၀၀၀ က်ပ္ ေဈးအထိ အသီးသီးျမင့္တက္လာေၾကာင္း သိရသည္။
ဆန္ေခ်ာ လက္ကားဒိုင္ေဈးႏႈန္းမ်ားမွာ ၂၄ ျပည္ဝင္ တစ္အိတ္လွ်င္ ဆန္အမ်ိဳးအစားအလိုက္ က်ပ္ ၁၀,၀၀၀ မွ ၁၅,၀၀၀ အတြင္း ျမင့္တက္ခဲ့ေၾကာင္းသိရသည္။ ဇန္နဝါရီလ ၁ ရက္မွ စတင္ကာ လက္ကားဒိုင္ ေဈးကြက္တြင္ ဆန္ေခ်ာျဖစ္ေသာ ေ႐ႊဘိုေပၚဆန္းအျမင့္ေဈးသည္ ၂၄ ျပည္ဝင္ တစ္အိတ္လွ်င္ ေငြက်ပ္ ၁၂၅,၀၀၀ ၊ ေျမာင္းျမေပၚဆန္း၊ ႐ိုး႐ိုးေပၚဆန္းႏွင့္ ၾကားပ်ံေပၚဆန္းတို႔မွာ ၂၄ ျပည္ဝင္တစ္အိတ္လွ်င္ ေငြက်ပ္ ၁၀၀,၀၀၀ ျဖင့္ ေဈးႏႈန္းအသီးသီးရွိခဲ့ၿပီး ဇန္နဝါရီလ ၁၆ ရက္မွစတင္ကာ ေဖေဖာ္ဝါရီ ၁၅ ရက္ေန႔အထိကို ေ႐ႊဘိုေပၚဆန္းအျမင့္ေဈးဟာသည္ ေငြက်ပ္ ၁၃၅,၀၀၀ ၊ ေျမာင္းျမေပၚဆန္းႏွင့္ ႐ိုး႐ိုးေပၚဆန္းတို႔သည္ ေငြက်ပ္ ၁၁၀,၀၀၀ ရွိခဲ့သည့္အျပင္ ၾကားပ်ံေပၚဆန္းမွာ ေငြက်ပ္ ၁၁၅,၀၀၀ တို႔ျဖင့္ ေဈးႏႈန္းအသီးသီး ျမင့္တက္ခဲ့ျခင္းျဖစ္ သည္။
ယင္း ဆန္ေဈးႏႈန္းမ်ားသည္ ေနရာေဒသေပၚမူတည္ကာ ေဈးႏႈန္းအေျပာင္းအလဲရွိႏိုင္ေၾကာင္း ျမန္မာႏိုင္ငံ ဆန္စပါးကုန္သည္မ်ားအသင္း ၏ဆန္ေဈးႏႈန္း စာရင္းမ်ားအရ သိရသည္။