BTS အဖွဲ့ဝင် Suga အရက်မူးပြီး စကူတာ မောင်းနှင်ခဲ့မှု ဖြစ်ရပ်အတွက် လက်ရေးစာနဲ့ ထပ်မံတောင်းပန်

565

ရောင်နီ (NP News) - ဩဂုတ် ၂၇
တောင်ကိုရီးယား အမျိုးသား K-pop အဖွဲ့ BTS ရဲ့ အဖွဲ့ဝင် Suga ဟာ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ အရက်မူးပြီး စကူတာမောင်းခဲ့မိတဲ့ ဖြစ်ရပ်အတွက် လက်ရေးစာနဲ့ တောင်းပန်စာ တစ်စောင်ရေးကာ ပရိသတ်တွေကို ထပ်မံတောင်းပန်ခဲ့ပါတယ်။
လူမှုဝန်ဆောင်မှုအေးဂျင့်အဖြစ် လက်ရှိစစ်မှုထမ်းနေတဲ့ အသက် ၃၁ နှစ်အရွယ် Suga ရဲ့ အဆိုပါတောင်းပန်စာကို BTS ရဲ့ Weverse စာမျက်နှာမှာ တနင်္ဂနွေနေ့ညနေ (သြဂုတ် ၂၅) က တင်ခဲ့တာ ဖြစ်ပါတယ်။ Suga ဟာ ဩဂုတ်လ ၆ ရက် က အရက်မူးပြီး အီးစကူတာ မောင်းနှင်မှုနဲ့ အဖမ်းခံခဲ့ရကာ ယာဉ်မောင်းလိုင်စင်ပါ ရုတ်သိမ်းခံလိုက်ရတာ ဖြစ်ပါတယ်။ ဒီအတွက် Suga က သူ့ရဲ့ ပရိသတ်တွေကို စိတ်ပျက်စေမိတဲ့အတွက် ဩဂုတ်လ ၇ ရက်က ချက်ချင်းတောင်းပန်ခဲ့ပါတယ်။ ဒါ့ပြင် အဲဒီဖြစ်ရပ်ကြောင့် ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန်ခံစားခဲ့ရပြီး သူ့ရဲ့အဖွဲ့ဖြစ်တဲ့ BTS ရဲ့ နာမည်ဂုဏ်သတင်းကိုပါ ထိခိုက်စေခဲ့တာတာကြောင့် ကျန်အဖွဲ့ဝင်တွေနဲ့ ပရိသတ်တွေကို သူကိုယ်တိုင်ရေးသားတဲ့ လက်ရေးစာနဲ့ ဒုတိယအကြိမ် ထပ်မံတောင်း ပန် ခဲ့ပါတယ်။
"ပရိသတ်တွေရဲ့ စိတ်ပျက်စေမှုကို ပြန်ပြုပြင်ဖို့ဆိုတာ ခက်ခဲမယ်ဆိုတာ သိပါတယ်၊ ဒါကြောင့် ကျွန်တော့်ရဲ့လုပ်ရပ်တွေကို နောင်တရပြီး လေးနက်တဲ့ နှလုံးသားနဲ့ နေ့တိုင်း ပြန်တွေးကြည့်မိပါတယ်။ ဘယ်လိုပြစ်ဒဏ်ကိုမဆို ဝမ်းမြောက်စွာလက်ခံပါမယ်။ ဝေဖန်မှုနဲ့ ပြစ်တင်ရှုတ်ချခြင်းတို့ကိုလည်း ကျေကျေနပ်နပ်လက်ခံပါတယ်"လို့ ဆိုလိုတဲ့ လက်ရေးစာကို ရေးသားကာ ထပ်မံတောင်းပန်ခဲ့တာ ဖြစ်ပါတယ်။
တောင်ကိုရီးယားမှာ နာမည်ကျော်တွေ အရက်မူးပြီး ယာဉ်မောင်းနှင်ခြင်း၊ ဆေးလိပ်သောက်ခြင်းလို အမူအကျင့်တွေကို ပြင်းပြင်းထန်ထန်ရှုတ်ချဝေဖန်ကြလေ့ရှိပြီး အဲဒီဝေဖန်မှုတွေဟာ အနုပညာရှင်တွေအတွက် သူတို့ရဲ့ လမ်းကြောင်း ဆက်မရပ်တည်နိုင်တော့လောက်အောင်ထိ ပြင်းထန်လေ့ ရှိပါတယ်။
zawgyi version
BTS အဖြဲ႕ဝင္ Suga အရက္မူးၿပီး စကူတာ ေမာင္းႏွင္ခဲ့မႈ ျဖစ္ရပ္အတြက္ လက္ေရးစာနဲ႔ ထပ္မံေတာင္းပန္
ေရာင္နီ (NP News) - ဩဂုတ္ ၂၇
ေတာင္ကိုရီးယား အမ်ိဳးသား K-pop အဖြဲ႕ BTS ရဲ႕ အဖြဲ႕ဝင္ Suga ဟာ ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ၿမိဳ႕မွာ အရက္မူးၿပီး စကူတာေမာင္းခဲ့မိတဲ့ ျဖစ္ရပ္အတြက္ လက္ေရးစာနဲ႔ ေတာင္းပန္စာ တစ္ေစာင္ေရးကာ ပရိသတ္ေတြကို ထပ္မံေတာင္းပန္ခဲ့ပါတယ္။
လူမႈဝန္ေဆာင္မႈေအးဂ်င့္အျဖစ္ လက္ရွိစစ္မႈထမ္းေနတဲ့ အသက္ ၃၁ ႏွစ္အ႐ြယ္ Suga ရဲ႕ အဆိုပါေတာင္းပန္စာကို BTS ရဲ႕ Weverse စာမ်က္ႏွာမွာ တနဂၤေႏြေန႔ညေန (ၾသဂုတ္ ၂၅) က တင္ခဲ့တာ ျဖစ္ပါတယ္။ Suga ဟာ ဩဂုတ္လ ၆ ရက္ က အရက္မူးၿပီး အီးစကူတာ ေမာင္းႏွင္မႈနဲ႔ အဖမ္းခံခဲ့ရကာ ယာဥ္ေမာင္းလိုင္စင္ပါ ႐ုတ္သိမ္းခံလိုက္ရတာ ျဖစ္ပါတယ္။ ဒီအတြက္ Suga က သူ႔ရဲ႕ ပရိသတ္ေတြကို စိတ္ပ်က္ေစမိတဲ့အတြက္ ဩဂုတ္လ ၇ ရက္က ခ်က္ခ်င္းေတာင္းပန္ခဲ့ပါတယ္။ ဒါ့ျပင္ အဲဒီျဖစ္ရပ္ေၾကာင့္ ေဝဖန္မႈေတြ ျပင္းျပင္းထန္ထန္ခံစားခဲ့ရၿပီး သူ႔ရဲ႕အဖြဲ႕ျဖစ္တဲ့ BTS ရဲ႕ နာမည္ဂုဏ္သတင္းကိုပါ ထိခိုက္ေစခဲ့တာတာေၾကာင့္ က်န္အဖြဲ႕ဝင္ေတြနဲ႔ ပရိသတ္ေတြကို သူကိုယ္တိုင္ေရးသားတဲ့ လက္ေရးစာနဲ႔ ဒုတိယအႀကိမ္ ထပ္မံေတာင္း ပန္ ခဲ့ပါတယ္။
"ပရိသတ္ေတြရဲ႕ စိတ္ပ်က္ေစမႈကို ျပန္ျပဳျပင္ဖို႔ဆိုတာ ခက္ခဲမယ္ဆိုတာ သိပါတယ္၊ ဒါေၾကာင့္ ကြၽန္ေတာ့္ရဲ႕လုပ္ရပ္ေတြကို ေနာင္တရၿပီး ေလးနက္တဲ့ ႏွလုံးသားနဲ႔ ေန႔တိုင္း ျပန္ေတြးၾကည့္မိပါတယ္။ ဘယ္လိုျပစ္ဒဏ္ကိုမဆို ဝမ္းေျမာက္စြာလက္ခံပါမယ္။ ေဝဖန္မႈနဲ႔ ျပစ္တင္ရႈတ္ခ်ျခင္းတို႔ကိုလည္း ေက်ေက်နပ္နပ္လက္ခံပါတယ္"လို႔ ဆိုလိုတဲ့ လက္ေရးစာကို ေရးသားကာ ထပ္မံေတာင္းပန္ခဲ့တာ ျဖစ္ပါတယ္။
ေတာင္ကိုရီးယားမွာ နာမည္ေက်ာ္ေတြ အရက္မူးၿပီး ယာဥ္ေမာင္းႏွင္ျခင္း၊ ေဆးလိပ္ေသာက္ျခင္းလို အမူအက်င့္ေတြကို ျပင္းျပင္းထန္ထန္ရႈတ္ခ်ေဝဖန္ၾကေလ့ရွိၿပီး အဲဒီေဝဖန္မႈေတြဟာ အႏုပညာရွင္ေတြအတြက္ သူတို႔ရဲ႕ လမ္းေၾကာင္း ဆက္မရပ္တည္ႏိုင္ေတာ့ေလာက္ေအာင္ထိ ျပင္းထန္ေလ့ ရွိပါတယ္။