ပို့ကုန်ရငွေရှိလျှင် EV ကား တင်သွင်းခွင့်ရမည်ဟု ထုတ်ပြန်ထားသော်လည်း ပါမစ်ကြန့်ကြာမှုများရှိနေ

758

ယွန်း (NP News) - အောက်တိုဘာ ၁၁
Export Earning ရှိလျှင် EV တင်သွင်းခွင့်ရ မည်ဟုထုတ်ပြန်ထားသော်လည်း ပါမစ်ကြန့်ကြာ မှုများရှိနေကြောင်း ကားလောကအသိုင်းအဝိုင်းထံ NP News က ဆက်သွယ်မေးမြန်းထားချက်များအရ သိရသည်။
ပို့ကုန်ရငွေ (Export Earning)ရှိလျှင် EV ကားများကို ဦးစားပေးတင်သွင်းခွင့်ပြုမည်ဟု စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြီးခဲ့သည့်လပိုင်းက ထုတ်ပြန်ခဲ့သော်လည်း လက်ရှိတွင် ပါမစ်ခွင့်ပြုချက်ချပေးရန် နှောင့်နှေးကြန့်ကြာမှုများရှိနေကြောင်း သိရသည်။
“ လက်ရှိမှာ ပါမစ်တွေကြန့်ကြာနှောင့်နှေးနေတာတော့ အမှန်ပဲ။ တရားဝင်ကြီး ရပ်ဆိုင်းလိုက် တယ်လို့ထုတ်ပြန်ထားတာမျိုးတော့မရှိဘူး။ အခုက Earning ရှာပြီးတော့ တင်သွင်းခွင့်လျှောက်ပြန်တော့ လည်း လွယ်လွယ်ကူကူနဲ့ကျမလာဘူး။ လွဲချော်မှုတွေတော့ ရှိနေသေးတယ်။ Export Earning ရှာနိုင်တဲ့ ကုမ္ပဏီကို ပေးသွင်းမယ်လို့ စာထုတ်တယ်လေ။ အဲဒီအတိုင်းရှာကြတာပေါ့။ Export Earning အများကြီးရတယ်။ သွားလျှောက်တော့ မပေးဘူး။ ပိတ်လိုက်တယ်။ အခုပိတ်ထားတာ (၃)ပတ် လောက် ရှိပြီ။ Export Earning ရှိမှ ပေးသွင်းမယ်လို့ကြေညာပြီးနောက်ပိုင်းမှာ Sale Contract ကလည်း မရပ်သွားဘူး။ ဆက်ပေးတယ်။ Sale Contract သမားကလည်း Earning တွေနဲ့ပြပြီး သွင်းကြတယ်။ ကျွန်တော်တို့ကျတော့ ဗဟိုဘဏ် Export ထွက်ပြီး သွားတဲ့သူတွေကျတော့ မရဘူးဖြစ်နေတယ်။ ရတဲ့ငွေကတော့ ဒေါ်လာ(၇)သိန်း ကတော့ အတူတူပဲ။ လုရတာပေါ့။ လုရင်းလုရင်းနဲ့ ဆီတွေအရမ်း ပြတ်တော့ ဆီကိုဦးစားပေးလုပ်ရင်းနဲ့ EV ကို ဆိုင်းငံ့ထားတာ (၃)ပတ်ရှိပြီ” ဟု ပြည်တွင်းရှိ ကားလုပ်ငန်းရှင်တစ်ဦးက ပြော သည်။
ထိုသို့ရပ်နားထားခြင်းကို သက်ဆိုင်ရာမှ တရားဝင်ထုတ်ပြန်ထားခြင်းမျိုးမရှိကြောင်း လုပ်ငန်းရှင် များ ထံမှသိရပြီး စီးပွားကူးသန်းမှပါမစ်မရရှိသည့်အတွက် ပြည်တွင်းရှိ Warehouse တွင် ရောက်ရှိပြီးဖြစ်သည့် ကားများကိုလည်း ထုတ်ယူခွင့်မရကြောင်း သိရသည်။
“လိုင်စင်မချပေးဘူး။ Earning ပြဆိုတော့ Earning ပြတယ်။ ပြတော့လည်း ထုတ်မရဘူး။ အရေးပေါ်ရေဘေးဖြစ်တယ်ဆိုတော့ Earning တွေပြန်ထုတ်ရတယ်။ မထုတ်ရင်အစိုးရဈေးနဲ့ လဲသွားမှာလေ။ ဘယ်သူမှကားကိုထုတ်မပေးဘူး။ ပုဂ္ဂလိက warehouse ထဲရောက်နေတာတောင် ထုတ်လို့မရဘူး။ (၃)လလောက်ရှိပြီ။ ကျွန်တော်တို့ကိုထုတ်ပေးရင်ငွေဈေးတက်မှာ ကြောက်တဲ့ သဘောမျိုးနဲ့ ထုတ်မပေးတာထင်တယ်။ ဘာကြောင့်မှန်းကို သေချာမပြောတတ်ဘူး။ warehouse ထဲရောက်ပြီးသားတွေကတော့ ထုတ်ကိုပေးရမှာ။ ဘယ်သူမှထုတ်လို့မရဘူး။ ငွေလည်းချေပြီးသားကို ထုတ်လို့မရတော့ တော်တော်စိတ်ညစ်ရတယ်။ ထပ်မပေးရင်လည်းမပေးနဲ့ ဒါပေမဲ့ warehouse ထဲရောက်ပြီးသားကတော့ မထုတ်ပေးတော့ အဆင်မပြေဘူး” ဟု ဝါရင့်ကားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
အဆိုပါ warehouse တွင် ကုမ္ပဏီ(၁၈)ခုနီးပါးမှ တင်သွင်းထားသည့် ကားအစီးရေ (၅၀ဝ) ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။ လက်ရှိတွင် ပါမစ်မရခြင်းကြောင့် လုပ်ငန်းရှင်များအနေဖြင့် စာချုပ်ပါ ကားအရေအ တွက်ကို ပြည့်မီအောင်တင်သွင်းနိုင်ခြင်းမရှိသည့်အတွက် ရင်းနှီးမြှုပ်နှံမှုများ အပါအဝင် ဆုံးရှုံးနစ်နာမှုများ ရှိလာနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိသည်။
“ EV ကော်မတီရဲ့ ခွင့်ပြုပြီးသား ကုမ္ပဏီ တွေလည်းရှိသလို EV ကော်မတီမှာခွင့်ပြုချက်ရဖို့ စောင့်ဆိုင်းနေတဲ့ ကုမ္ပဏီတွေလည်းရှိတယ်။ တစ် ဖက်မှာ DA ရရှိအောင် စာချုပ်တွေချုပ်ထားပြီးတော့ Deposit တွေလည်း ပေးထားပြီးတော့ တင်သွင်းခွင့် လည်းမရဘူးဆိုရင် ကိုယ့်နိုင်ငံသားတွေရဲ့ ရင်းနှီး မြှုပ်နှံမှုတွေရော၊ တစ်ဖက်နဲ့ ငွေပေးငွေယူကိစ္စတွေ၊ စာချုပ်စာတမ်းကိစ္စတွေ တစ်နှစ်ကို ဘယ်လောက် ဝယ်ရမယ်ဆိုတဲ့ဟာတွေမှာ အခက်အခဲရှိတယ်။ ကတိကဝတ်တွေမှာလည်း ပြဿနာရှိတယ်။ စာချုပ် စာတမ်းကို ပြည့်မီအောင်တင်သွင်းခွင့်မရတဲ့ အခါကျတော့ စာချုပ်ပျက်ပြယ်သွားနိုင်တာတို့၊ စာချုပ်က ဒီနှစ်အတွင်းမှာ ဒီလောက်မဝယ်လို့ရှိရင်ပေးထားတဲ့ စရန်ငွေဆုံးမှာတို့ ဆုံးရှုံးနစ်နာမှုတွေ ရှိလာနိုင်တယ်” ဟု အခြားဝါရင့်ကားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ထို့ပြင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ မူဝါဒတွင် ကိုယ်ပိုင် Export Earning ဖြင့်သာ EV ကားများကိုတင်သွင်းခွင့်ပြုထားသော်လည်း Export Earning များဝယ်ယူပြီး တင်သွင်းနေသည့် လုပ်ငန်းရှင်များလည်းရှိနေကြောင်း သိရသည်။ EV ကားများ စတင်တင်သွင်းခွင့်ပြုသည့်အချိန် မှစ၍ (၂၀၂၄) ခုနှစ် မေလကုန်အထိ ကားစီးရေ (၄၃၀ဝ) ကျော်ရှိနေပြီး လက်ရှိတင်သွင်းထားသော ကားအမျိုးအစားများထဲတွင်လည်း တိုယိုတာ (၉၆၁) စီး၊ BYD (၆၇၁) စီးနှင့် MG (၅၄၂)စီးပါဝင်ကြောင်း သိရသည်။
zawgyi version
ပို႔ကုန္ရေငြရွိလွ်င္ EV ကား တင္သြင္းခြင့္ရမည္ဟု ထုတ္ျပန္ထားေသာ္လည္း ပါမစ္ၾကန႔္ၾကာမႈမ်ားရွိေန
ယြန္း (NP News) - ေအာက္တိုဘာ ၁၁
Export Earning ရွိလွ်င္ EV တင္သြင္းခြင့္ရ မည္ဟုထုတ္ျပန္ထားေသာ္လည္း ပါမစ္ၾကန႔္ၾကာ မႈမ်ားရွိေနေၾကာင္း ကားေလာကအသိုင္းအဝိုင္းထံ NP News က ဆက္သြယ္ေမးျမန္းထားခ်က္မ်ားအရ သိရသည္။
ပို႔ကုန္ရေငြ (Export Earning)ရွိလွ်င္ EV ကားမ်ားကို ဦးစားေပးတင္သြင္းခြင့္ျပဳမည္ဟု စီးပြား ေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက ၿပီးခဲ့သည့္လပိုင္းက ထုတ္ျပန္ခဲ့ေသာ္လည္း လက္ရွိတြင္ ပါမစ္ခြင့္ျပဳခ်က္ခ်ေပးရန္ ေႏွာင့္ေႏွးၾကန႔္ၾကာမႈမ်ားရွိေနေၾကာင္း သိရသည္။
“ လက္ရွိမွာ ပါမစ္ေတြၾကန႔္ၾကာေႏွာင့္ေႏွးေနတာေတာ့ အမွန္ပဲ။ တရားဝင္ႀကီး ရပ္ဆိုင္းလိုက္ တယ္လို႔ထုတ္ျပန္ထားတာမ်ိဳးေတာ့မရွိဘူး။ အခုက Earning ရွာၿပီးေတာ့ တင္သြင္းခြင့္ေလွ်ာက္ျပန္ေတာ့ လည္း လြယ္လြယ္ကူကူနဲ႔က်မလာဘူး။ လြဲေခ်ာ္မႈေတြေတာ့ ရွိေနေသးတယ္။ Export Earning ရွာႏိုင္တဲ့ ကုမၸဏီကို ေပးသြင္းမယ္လို႔ စာထုတ္တယ္ေလ။ အဲဒီအတိုင္းရွာၾကတာေပါ့။ Export Earning အမ်ားႀကီးရတယ္။ သြားေလွ်ာက္ေတာ့ မေပးဘူး။ ပိတ္လိုက္တယ္။ အခုပိတ္ထားတာ (၃)ပတ္ ေလာက္ ရွိၿပီ။ Export Earning ရွိမွ ေပးသြင္းမယ္လို႔ေၾကညာၿပီးေနာက္ပိုင္းမွာ Sale Contract ကလည္း မရပ္သြားဘူး။ ဆက္ေပးတယ္။ Sale Contract သမားကလည္း Earning ေတြနဲ႔ျပၿပီး သြင္းၾကတယ္။ ကြၽန္ေတာ္တို႔က်ေတာ့ ဗဟိုဘဏ္ Export ထြက္ၿပီး သြားတဲ့သူေတြက်ေတာ့ မရဘူးျဖစ္ေနတယ္။ ရတဲ့ေငြကေတာ့ ေဒၚလာ(၇)သိန္း ကေတာ့ အတူတူပဲ။ လုရတာေပါ့။ လုရင္းလုရင္းနဲ႔ ဆီေတြအရမ္း ျပတ္ေတာ့ ဆီကိုဦးစားေပးလုပ္ရင္းနဲ႔ EV ကို ဆိုင္းငံ့ထားတာ (၃)ပတ္ရွိၿပီ” ဟု ျပည္တြင္းရွိ ကားလုပ္ငန္းရွင္တစ္ဦးက ေျပာ သည္။
ထိုသို႔ရပ္နားထားျခင္းကို သက္ဆိုင္ရာမွ တရားဝင္ထုတ္ျပန္ထားျခင္းမ်ိဳးမရွိေၾကာင္း လုပ္ငန္းရွင္ မ်ား ထံမွသိရၿပီး စီးပြားကူးသန္းမွပါမစ္မရရွိသည့္အတြက္ ျပည္တြင္းရွိ Warehouse တြင္ ေရာက္ရွိၿပီးျဖစ္သည့္ ကားမ်ားကိုလည္း ထုတ္ယူခြင့္မရေၾကာင္း သိရသည္။
“လိုင္စင္မခ်ေပးဘူး။ Earning ျပဆိုေတာ့ Earning ျပတယ္။ ျပေတာ့လည္း ထုတ္မရဘူး။ အေရးေပၚေရေဘးျဖစ္တယ္ဆိုေတာ့ Earning ေတြျပန္ထုတ္ရတယ္။ မထုတ္ရင္အစိုးရေဈးနဲ႔ လဲသြားမွာေလ။ ဘယ္သူမွကားကိုထုတ္မေပးဘူး။ ပုဂၢလိက warehouse ထဲေရာက္ေနတာေတာင္ ထုတ္လို႔မရဘူး။ (၃)လေလာက္ရွိၿပီ။ ကြၽန္ေတာ္တို႔ကိုထုတ္ေပးရင္ေငြေဈးတက္မွာ ေၾကာက္တဲ့ သေဘာမ်ိဳးနဲ႔ ထုတ္မေပးတာထင္တယ္။ ဘာေၾကာင့္မွန္းကို ေသခ်ာမေျပာတတ္ဘူး။ warehouse ထဲေရာက္ၿပီးသားေတြကေတာ့ ထုတ္ကိုေပးရမွာ။ ဘယ္သူမွထုတ္လို႔မရဘူး။ ေငြလည္းေခ်ၿပီးသားကို ထုတ္လို႔မရေတာ့ ေတာ္ေတာ္စိတ္ညစ္ရတယ္။ ထပ္မေပးရင္လည္းမေပးနဲ႔ ဒါေပမဲ့ warehouse ထဲေရာက္ၿပီးသားကေတာ့ မထုတ္ေပးေတာ့ အဆင္မေျပဘူး” ဟု ဝါရင့္ကားလုပ္ငန္းရွင္တစ္ဦးက ေျပာသည္။
အဆိုပါ warehouse တြင္ ကုမၸဏီ(၁၈)ခုနီးပါးမွ တင္သြင္းထားသည့္ ကားအစီးေရ (၅၀ဝ) ဝန္းက်င္ခန႔္ရွိေၾကာင္း သိရသည္။ လက္ရွိတြင္ ပါမစ္မရျခင္းေၾကာင့္ လုပ္ငန္းရွင္မ်ားအေနျဖင့္ စာခ်ဳပ္ပါ ကားအေရအ တြက္ကို ျပည့္မီေအာင္တင္သြင္းႏိုင္ျခင္းမရွိသည့္အတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား အပါအဝင္ ဆုံးရႈံးနစ္နာမႈမ်ား ရွိလာႏိုင္ေၾကာင္း သုံးသပ္မႈမ်ားလည္း ရွိသည္။
“ EV ေကာ္မတီရဲ႕ ခြင့္ျပဳၿပီးသား ကုမၸဏီ ေတြလည္းရွိသလို EV ေကာ္မတီမွာခြင့္ျပဳခ်က္ရဖို႔ ေစာင့္ဆိုင္းေနတဲ့ ကုမၸဏီေတြလည္းရွိတယ္။ တစ္ ဖက္မွာ DA ရရွိေအာင္ စာခ်ဳပ္ေတြခ်ဳပ္ထားၿပီးေတာ့ Deposit ေတြလည္း ေပးထားၿပီးေတာ့ တင္သြင္းခြင့္ လည္းမရဘူးဆိုရင္ ကိုယ့္ႏိုင္ငံသားေတြရဲ႕ ရင္းႏွီး ျမႇဳပ္ႏွံမႈေတြေရာ၊ တစ္ဖက္နဲ႔ ေငြေပးေငြယူကိစၥေတြ၊ စာခ်ဳပ္စာတမ္းကိစၥေတြ တစ္ႏွစ္ကို ဘယ္ေလာက္ ဝယ္ရမယ္ဆိုတဲ့ဟာေတြမွာ အခက္အခဲရွိတယ္။ ကတိကဝတ္ေတြမွာလည္း ျပႆနာရွိတယ္။ စာခ်ဳပ္ စာတမ္းကို ျပည့္မီေအာင္တင္သြင္းခြင့္မရတဲ့ အခါက်ေတာ့ စာခ်ဳပ္ပ်က္ျပယ္သြားႏိုင္တာတို႔၊ စာခ်ဳပ္က ဒီႏွစ္အတြင္းမွာ ဒီေလာက္မဝယ္လို႔ရွိရင္ေပးထားတဲ့ စရန္ေငြဆုံးမွာတို႔ ဆုံးရႈံးနစ္နာမႈေတြ ရွိလာႏိုင္တယ္” ဟု အျခားဝါရင့္ကားလုပ္ငန္းရွင္တစ္ဦးက ေျပာသည္။
ထို႔ျပင္ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန၏ မူဝါဒတြင္ ကိုယ္ပိုင္ Export Earning ျဖင့္သာ EV ကားမ်ားကိုတင္သြင္းခြင့္ျပဳထားေသာ္လည္း Export Earning မ်ားဝယ္ယူၿပီး တင္သြင္းေနသည့္ လုပ္ငန္းရွင္မ်ားလည္းရွိေနေၾကာင္း သိရသည္။ EV ကားမ်ား စတင္တင္သြင္းခြင့္ျပဳသည့္အခ်ိန္ မွစ၍ (၂၀၂၄) ခုႏွစ္ ေမလကုန္အထိ ကားစီးေရ (၄၃၀ဝ) ေက်ာ္ရွိေနၿပီး လက္ရွိတင္သြင္းထားေသာ ကားအမ်ိဳးအစားမ်ားထဲတြင္လည္း တိုယိုတာ (၉၆၁) စီး၊ BYD (၆၇၁) စီးႏွင့္ MG (၅၄၂)စီးပါဝင္ေၾကာင္း သိရသည္။