ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားတစ်ဦး ဓါးထိုးခံရပြီး သေဆုံး

 1027

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၁၅

ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ်တောင်ပိုင်းကအခန်းတစ်ခုထဲတွင် အသက် ၂၆ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားတစ်ဦး ဝမ်းဗိုက်ကို ဓါးထိုးခံရကာ သေဆုံးခဲ့ရကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။ ချွန်ဘူရီပြည်နယ် Na Kluea မြို့က Sukhumvit Soi 29 ကျေးရွာရှိ အိမ်၏အခန်တစ်ခန်းတွင် အသက် ၂၆ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားဇော်ဝင်းချစ် ဆိုသူ ဓါးထိုးခံရကာသေဆုံးနေသည်ဆိုသောသတင်းကို ဒီဇင်ဘာလ ၁၂ ရက် ညပိုင်းတွင် လက်ခံရရှိခဲ့ပြီးနောက် သွားရောက် စစ်ဆေးခဲ့ရာ သွေးအိုင်ထဲ လဲကျသေဆုံးနေခြင်းကိုတွေ့ရှိခဲ့ကြောင်း ပြောသည်။

ဇော်ဝင်းချစ်ဆိုသူသည် အရှည် ၂၃ စင်တီမီတာရှိ သစ်သီးလှီးဓါးဖြင့် ထိုးသွင်းခံထားရခြင်းကို တွေ့မြင်ရကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။ ဇော်ဝင်းချစ်သည် အဆိုပါအခန်းကို အခြားမြန်မာနိုင်ငံသားနှစ်ဦးနှင့်အတူ ငှားရမ်း နေထိုင်နေခြင်းဖြစ်ကြောင်း သိရသည်။ ဇော်ဝင်းချစ်၏ အခန်းဖော်နှစ်ဦးက ၎င်းတိုနှစ်ဦးသည် အခင်းဖြစ်ပွားချိန် တွင် အခန်းထဲတွင်မရှိဘဲ စားသောက်စရာကုန်စည်များ ဝယ်ယူရန်အတွက် အပြင်ထွက်သွားခဲ့ကြောင်း၊ အခန်းသို့ ပြန်လာချိန်တွင် ဇော်ဝင်းချစ်ကို သွေးအိုင်ထဲလဲကျသေဆုံးနေခြင်းကိုတွေ့မြင်ခဲ့ကြောင်း ထွက်ဆိုထားသည်။

သေဆုံးသူဇော်ဝင်းချစ် ၏ အခန်းနှင့်ကပ်လျက်အခန်းတွင်နေထိုင်နေသော မြန်မာနိုင်ငံသား ဉာဏ်ဆိုသူက ဇော်ဝင်းချစ်၏ အခန်းတွင် ဆူညံသံများကြားရသည့်အတွက် အခန်းကိုသွားရောက်ကြည့်ခဲ့ကြောင်း၊ ဇော်ဝင်းချစ်၏ အခန်းဖော်နှစ်ဦးကို အခန်းအဝတွင် မတ်တပ်ရပ်လျက်ရှိနေသည်ကိုတွေ့မြင်ခဲ့ကြောင်း ထွက်ဆိုထားသည်။ ထိုင်းရဲတပ်ဖွဲ့သည် သေဆုံးသူ ဇော်ဝင်းချစ် ၏ အခန်းဖော်နှစ်ဦးကို ရဲစခန်းသို့ခေါ်ဆောင်ကာ ထပ်မံစစ်ဆေး မေးမြန်းနေကြောင်း သိရသည်။

Zawgyi Version;
ထိုင္းႏိုင္ငံတြင္ ျမန္မာႏိုင္ငံသားတစ္ဦး ဓါးထိုးခံရၿပီး ေသဆုံး
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၁၅

ထိုင္းႏိုင္ငံ ခြၽန္ဘူရီျပည္နယ္ေတာင္ပိုင္းကအခန္းတစ္ခုထဲတြင္ အသက္ ၂၆ ႏွစ္အ႐ြယ္ရွိ ျမန္မာႏိုင္ငံသားတစ္ဦး ဝမ္းဗိုက္ကို ဓါးထိုးခံရကာ ေသဆုံးခဲ့ရေၾကာင္း ထိုင္းရဲတပ္ဖြဲ႕က ေျပာသည္။ ခြၽန္ဘူရီျပည္နယ္ Na Kluea ၿမိဳ႕က Sukhumvit Soi 29 ေက်း႐ြာရွိ အိမ္၏အခန္တစ္ခန္းတြင္ အသက္ ၂၆ ႏွစ္အ႐ြယ္ရွိ ျမန္မာႏိုင္ငံသားေဇာ္ဝင္းခ်စ္ ဆိုသူ ဓါးထိုးခံရကာေသဆုံးေနသည္ဆိုေသာသတင္းကို ဒီဇင္ဘာလ ၁၂ ရက္ ညပိုင္းတြင္ လက္ခံရရွိခဲ့ၿပီးေနာက္ သြားေရာက္ စစ္ေဆးခဲ့ရာ ေသြးအိုင္ထဲ လဲက်ေသဆုံးေနျခင္းကိုေတြ႕ရွိခဲ့ေၾကာင္း ေျပာသည္။

ေဇာ္ဝင္းခ်စ္ဆိုသူသည္ အရွည္ ၂၃ စင္တီမီတာရွိ သစ္သီးလွီးဓါးျဖင့္ ထိုးသြင္းခံထားရျခင္းကို ေတြ႕ျမင္ရေၾကာင္း ထိုင္းရဲတပ္ဖြဲ႕က ေျပာသည္။ ေဇာ္ဝင္းခ်စ္သည္ အဆိုပါအခန္းကို အျခားျမန္မာႏိုင္ငံသားႏွစ္ဦးႏွင့္အတူ ငွားရမ္း ေနထိုင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။ ေဇာ္ဝင္းခ်စ္၏ အခန္းေဖာ္ႏွစ္ဦးက ၎တိုႏွစ္ဦးသည္ အခင္းျဖစ္ပြားခ်ိန္ တြင္ အခန္းထဲတြင္မရွိဘဲ စားေသာက္စရာကုန္စည္မ်ား ဝယ္ယူရန္အတြက္ အျပင္ထြက္သြားခဲ့ေၾကာင္း၊ အခန္းသို႔ ျပန္လာခ်ိန္တြင္ ေဇာ္ဝင္းခ်စ္ကို ေသြးအိုင္ထဲလဲက်ေသဆုံးေနျခင္းကိုေတြ႕ျမင္ခဲ့ေၾကာင္း ထြက္ဆိုထားသည္။

ေသဆုံးသူေဇာ္ဝင္းခ်စ္ ၏ အခန္းႏွင့္ကပ္လ်က္အခန္းတြင္ေနထိုင္ေနေသာ ျမန္မာႏိုင္ငံသား ဉာဏ္ဆိုသူက ေဇာ္ဝင္းခ်စ္၏ အခန္းတြင္ ဆူညံသံမ်ားၾကားရသည့္အတြက္ အခန္းကိုသြားေရာက္ၾကည့္ခဲ့ေၾကာင္း၊ ေဇာ္ဝင္းခ်စ္၏ အခန္းေဖာ္ႏွစ္ဦးကို အခန္းအဝတြင္ မတ္တပ္ရပ္လ်က္ရွိေနသည္ကိုေတြ႕ျမင္ခဲ့ေၾကာင္း ထြက္ဆိုထားသည္။ ထိုင္းရဲတပ္ဖြဲ႕သည္ ေသဆုံးသူ ေဇာ္ဝင္းခ်စ္ ၏ အခန္းေဖာ္ႏွစ္ဦးကို ရဲစခန္းသို႔ေခၚေဆာင္ကာ ထပ္မံစစ္ေဆး ေမးျမန္းေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.