မန္တလေးမှ ခိုးယူခံရသော ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်မှာ ရတနာပုံခေတ်လက်ရာဖြစ်နိုင်

 1360

သန့်ဇင်(NP News)-ဖေဖော်ဝါရီ ၁၉
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် ခိုးယူခံရသော ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်မှာ ရတနာပုံခေတ်လက်ရာ ဖြစ်နိုင် ကြောင်း သိရသည်။

ရုပ်ပွားတော်ခိုးယူခံရမှုသည် ယနေ့(ဖေဖော်ဝါရီလ ၁၉ရက်)၊ နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်၊၈၂လမ်း၊၃၇ လမ်းနှင့်၃၈လမ်းကြားရှိ ရှေးဟောင်း သမိုင်းဝင် ရွှေအိုးရစေတီအတွင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခိုးယူခံရသည့် ရှေးဟောင်းလျောင်းတော်မူရုပ်ပွားတော်သည် ကျောင်းသားဆင်တုတော်ဖြစ်ပြီး ရှေးဟောင်းရတနာပုံခေတ်လက်ရာ ရုပ်ပွားတော်ဖြစ်ကြောင်း ဖြစ်စဉ်နှင့်ပတ်သက်၍ သိရှိသူတစ်ဦးက NP Newsကိုပြောသည်။

“ရုပ်ပွားတော်က ရတနာပုံခေတ်လက်ရာလို့တော့ ကျွန်တော်တို့ ပုံကြည့်တာနဲ့တော့ သိရတယ်။ ရှေးဟောင်းပစ္စည်းဆိုတာကတော့ တန်ဖိုး ကတော့ ကြီးတာပေါ့။ တန်ဖိုးဖြတ်မရတဲ့ပစ္စည်းဆိုတော့ တန်ဖိုးကြီးတယ်လို့တော့ ပြောနိုင်တာပ။ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် လေ တန်ဖိုးကြီးတာပေါ့။ တန်ဖိုးကြီးလို့ပဲ ခိုးနေကြတာ။ တကယ်ဆို အဲဒီရုပ်ပွားတော် ကျွန်တော်တော်နှမျောတယ်။ တန်ဖိုးဖြတ်လို့ မရဘူး”ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

ခိုးယူခံရသည့် ရှေးဟောင်းရုပ်ပွာတော်သည် လွန်ခဲ့သည့် ၂၀၇ခုနှစ်က ပထမအကြိမ်ခိုးယူခြင်းခံခဲ့ရဖူးပြီး မြဝတီမြို့တွင် ပြန်လည် ဖမ်းမိ ပြီးနောက် မူလပူဇော်ခံထားရှိရာ ရွှေအိုးရစေတီတော်တွင် ပြန်လည်ပူဇော်ခဲ့ပြီးနောက် ယခုအခါ ဒုတိယအကြိမ် ထပ်မံခိုး ယူခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ရှေးဟောင်းပစ္စည်းများ ခိုးယူခံရပြီးနောက် မှောင်ခိုရောင်းချနိုင်သည့်အတွက် သက်ဆိုင်ရာမှဖမ်းဆီးရာတွင် ရှေးဟောင်း ပစ္စည်းနားလည်တက်ကျွမ်းသူများအား ဂိတ်များတွင်ထားရှိစစ်ဆေးစေလိုကြောင်း ၎င်းကအကြံပြုထားသည်။

“ကျွန်တော်တို့ရုပ်ပွားတော်တွေဆိုရင် လိုင်းပေါ်မှာကြည့်လိုက်ရင် ယိုးဒယားကိုခိုးရောင်းကြတာများတယ်လေ။ ယိုးဒယားနဲ့တရုတ်ကို ရောင်းတာများတယ်။ ယိုးဒယား Pageတွေမှာဆိုရင် ကျွန်တော်တို့ ရုပ်ပွားတော်တွေချည်းပဲလေ။ အဲဒါကြောင့်မိုလို့ ရဲတွေကိုလည်း ဂိတ်တွေမှာ ဒီဟာကို အဟောင်းလားအသစ်လားနားလည်တဲ့သူကို ကျွန်တော်တို့ စစ်ဆေးပြီးမှခွင့်ပြုသင့်တယ်။ တချို့က အသစ်ဆိုပြီး သယ်ကြတာ။ ဘုရားကြီးက ဝယ်လာတယ်ဆိုပြီးသယ်ကြတာ။ အကောင်းဆုံးကြတော့ ကြီးမားတဲ့ရုပ်ပွားတော်တွေကို ဘယ်မှ မသယ် ခိုင်းတာ အကောင်းဆုံးပဲ”ဟု ၎င်းကအကြံပြုထားသည်။

Zawgyi Version:
မႏၲေလးမွ ခိုးယူခံရေသာ ေရွးေဟာင္း ဗုဒၶ႐ုပ္ပြားေတာ္မွာ ရတနာပုံေခတ္လက္ရာျဖစ္ႏိုင္

သန႔္ဇင္(NP News)-ေဖေဖာ္ဝါရီ ၁၉
မႏၲေလးတိုင္းေဒသႀကီး၊ မဟာေအာင္ေျမၿမိဳ႕နယ္တြင္ ခိုးယူခံရေသာ ေရွးေဟာင္း ဗုဒၶ႐ုပ္ပြားေတာ္မွာ ရတနာပုံေခတ္လက္ရာ ျဖစ္ႏိုင္ ေၾကာင္း သိရသည္။

႐ုပ္ပြားေတာ္ခိုးယူခံရမႈသည္ ယေန႔(ေဖေဖာ္ဝါရီလ ၁၉ရက္)၊ နံနက္ပိုင္းက မဟာေအာင္ေျမၿမိဳ႕နယ္၊၈၂လမ္း၊၃၇ လမ္းႏွင့္၃၈လမ္းၾကားရွိ ေရွးေဟာင္း သမိုင္းဝင္ ေ႐ႊအိုးရေစတီအတြင္းတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ခိုးယူခံရသည့္ ေရွးေဟာင္းေလ်ာင္းေတာ္မူ႐ုပ္ပြားေတာ္သည္ ေက်ာင္းသားဆင္တုေတာ္ျဖစ္ၿပီး ေရွးေဟာင္းရတနာပုံေခတ္လက္ရာ ႐ုပ္ပြားေတာ္ျဖစ္ေၾကာင္း ျဖစ္စဥ္ႏွင့္ပတ္သက္၍ သိရွိသူတစ္ဦးက NP Newsကိုေျပာသည္။

“႐ုပ္ပြားေတာ္က ရတနာပုံေခတ္လက္ရာလို႔ေတာ့ ကြၽန္ေတာ္တို႔ ပုံၾကည့္တာနဲ႔ေတာ့ သိရတယ္။ ေရွးေဟာင္းပစၥည္းဆိုတာကေတာ့ တန္ဖိုး ကေတာ့ ႀကီးတာေပါ့။ တန္ဖိုးျဖတ္မရတဲ့ပစၥည္းဆိုေတာ့ တန္ဖိုးႀကီးတယ္လို႔ေတာ့ ေျပာႏိုင္တာပ။ ေရွးေဟာင္းယဥ္ေက်းမႈ အေမြအႏွစ္ ေလ တန္ဖိုးႀကီးတာေပါ့။ တန္ဖိုးႀကီးလို႔ပဲ ခိုးေနၾကတာ။ တကယ္ဆို အဲဒီ႐ုပ္ပြားေတာ္ ကြၽန္ေတာ္ေတာ္ႏွေမ်ာတယ္။ တန္ဖိုးျဖတ္လို႔ မရဘူး”ဟု အထက္ပါ သတင္းရင္းျမစ္က ေျပာသည္။

ခိုးယူခံရသည့္ ေရွးေဟာင္း႐ုပ္ပြာေတာ္သည္ လြန္ခဲ့သည့္ ၂၀၇ခုႏွစ္က ပထမအႀကိမ္ခိုးယူျခင္းခံခဲ့ရဖူးၿပီး ျမဝတီၿမိဳ႕တြင္ ျပန္လည္ ဖမ္းမိ ၿပီးေနာက္ မူလပူေဇာ္ခံထားရွိရာ ေ႐ႊအိုးရေစတီေတာ္တြင္ ျပန္လည္ပူေဇာ္ခဲ့ၿပီးေနာက္ ယခုအခါ ဒုတိယအႀကိမ္ ထပ္မံခိုး ယူခံခဲ့ရျခင္း ျဖစ္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ေရွးေဟာင္းပစၥည္းမ်ား ခိုးယူခံရၿပီးေနာက္ ေမွာင္ခိုေရာင္းခ်ႏိုင္သည့္အတြက္ သက္ဆိုင္ရာမွဖမ္းဆီးရာတြင္ ေရွးေဟာင္း ပစၥည္းနားလည္တက္ကြၽမ္းသူမ်ားအား ဂိတ္မ်ားတြင္ထားရွိစစ္ေဆးေစလိုေၾကာင္း ၎ကအႀကံျပဳထားသည္။

“ကြၽန္ေတာ္တို႔႐ုပ္ပြားေတာ္ေတြဆိုရင္ လိုင္းေပၚမွာၾကည့္လိုက္ရင္ ယိုးဒယားကိုခိုးေရာင္းၾကတာမ်ားတယ္ေလ။ ယိုးဒယားနဲ႔တ႐ုတ္ကို ေရာင္းတာမ်ားတယ္။ ယိုးဒယား Pageေတြမွာဆိုရင္ ကြၽန္ေတာ္တို႔ ႐ုပ္ပြားေတာ္ေတြခ်ည္းပဲေလ။ အဲဒါေၾကာင့္မိုလို႔ ရဲေတြကိုလည္း ဂိတ္ေတြမွာ ဒီဟာကို အေဟာင္းလားအသစ္လားနားလည္တဲ့သူကို ကြၽန္ေတာ္တို႔ စစ္ေဆးၿပီးမွခြင့္ျပဳသင့္တယ္။ တခ်ိဳ႕က အသစ္ဆိုၿပီး သယ္ၾကတာ။ ဘုရားႀကီးက ဝယ္လာတယ္ဆိုၿပီးသယ္ၾကတာ။ အေကာင္းဆုံးၾကေတာ့ ႀကီးမားတဲ့႐ုပ္ပြားေတာ္ေတြကို ဘယ္မွ မသယ္ ခိုင္းတာ အေကာင္းဆုံးပဲ”ဟု ၎ကအႀကံျပဳထားသည္။

Related news

© 2021. All rights reserved.