ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံထားရတဲ့ တောင်ဆူဒန်နိုင်ငံအကြောင်း

 176

NP News - မေ ၁

တောင်ဆူဒန်နိုင်ငံသည် အရှေ့အာဖရိကရှိ ကုန်းတွင်းပိတ်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် အဆင်းရဲဆုံးနိုင်ငံ အဖြစ် သတ်မှတ်ခံထားရသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်းလည်း သိရသည်။
မြောက်ဘက်တွင် ဆူဒန်၊ အရှေ့ဘက်တွင် အီသီယိုးပီးယား၊ တောင်ဘက်တွင် ကွန်ဂို၊ ယူဂန်ဒါ၊ ကင်ညာနှင့် အနောက်ဘက်တွင် ဗဟိုအာဖရိကသမ္မတနိုင်ငံတို့ဖြင့်ထိစပ်နေသောနိုင်ငံတစ်နိုင်ငံဖြစ်သည်။ တောင်ဆူဒန်နိုင်ငံ၏ မတူညီသောရှုခင်းများတွင် ကျယ်ပြန့်သောလွင်ပြင် နှင့် ကုန်းပြင်မြင့်များ၊ ခြောက်သွေ့သည့် အပူပိုင်းဒေသ ဆာဗား နားများ၊ ကုန်းတွင်းရေလွှမ်းလွင်ပြင်များနှင့် တောထူထပ်သောတောင်တန်းများ ပါဝင်ကြောင်း သိရသည်။ နိုင်းမြစ် သည် တောင်ဆူဒန်နိုင်ငံ၏ တောင်မှမြောက် ဘက်သို့ ဖြတ်ကာစီးဆင်းနေသည့် နိုင်ငံ၏ထင်ရှားသော ရုပ်ပိုင်း ဆိုင်ရာအင်္ဂါရပ်တစ်ခုလည်းဖြစ်သည်။ တောင်ဆူဒန်နိုင်ငံတွင် လူဦးရေ (၂ ဒသမ ၇)သန်းရှိပြီး ဂျူဘာသည် တောင်ဆူဒန်၏မြို့တော်နှင့် နိုင်ငံတွင်းတွင် အကြီးဆုံးမြို့တစ်မြို့ ဖြစ်ကြောင်းသိရသည်။ ဆူဒန်နိုင်ငံကို မိုဟာမက် အလီ မင်းဆက်လက်ထက်တွင် အီဂျစ်က သိမ်းပိုက်ခဲ့ပြီး ဗြိတိန်-အီဂျစ် အုပ်ချုပ်ခံတိုင်းပြည်အဖြစ် (၁၉၅၆)ခုနှစ် ဆူဒန်လွတ်လပ်ရေးရသည်အထိ အုပ်ချုပ်ခဲ့ကြောင်းသိရသည်။ ပထမဆူဒန်ပြည် တွင်းစစ်အပြီးတွင် တောင်ပိုင်း ဆူဒန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို (၁၉၇၂)ခုနှစ်တွင်ဖွဲ့စည်းခဲ့ပြီး (၁၉၈၃)ခုနှစ်မတိုင်မီ အချိန်အထိ ကြာမြင့်ခဲ့ကြောင်း သိရသည်။ ထို့နောက် (၁၉၈၃)ခုနှစ် တွင် ဒုတိယဆူဒန်ပြည်တွင်းစစ်ဖြစ်ပွားခဲ့ပြီး ဘက်စုံ ငြိမ်းချမ်း‌ရေး သဘောတူညီချက်နှင့်အတူ (၂၀ဝ၅)ခုနှစ်တွင် အဆုံး သတ်သွားခဲ့ကြောင်းသိရသည်။ အဆိုပါနှစ် နှောင်းပိုင်းတွင် တောင်ပိုင်းဆူဒန်၏ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရအစိုးရကို ဖွဲ့စည်းလိုက်ပြီးနောက် တောင်ပိုင်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို ပြန်လည်ရရှိခဲ့ကြောင်းသိရသည်။ တောင်ဆူဒန်နိုင်ငံသည် (၂၀၁၁)ခုနှစ် ဇန်နဝါရီလတွင် ကျင်းပ သည့် လူထုဆန္ဒခံယူပွဲတွင် လွတ်လပ်ရေးအတွက် (၉၈ ဒသမ ၈) ရာခိုင်နှုန်း ထောက်ခံမှုရရှိခဲ့ပြီးနောက် (၂၀၁၁) ခုနှစ် ဇူလိုင် လ(၉)ရက်တွင် လွတ်လပ်သည့်နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ကြောင်း သိရ သည်။ ထို့ပြင် တောင်ဆူဒန်နိုင်ငံ သည် (၂၀၂၅)ခုနှစ်အထိ ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုထားသော လတ်တလော အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်းလည်း သိရသည်။ တောင်ဆူဒန်နိုင်ငံသည် (၂၀၁၃)ခုနှစ်မှ (၂၀၂၀)ပြည့်နှစ်အထိ ပြည်တွင်းစစ်နှင့်ကြုံတွေ့ခဲ့ရပြီး အတင်းအဓမ္မရွှေ့ပြောင်းခံရမှု၊ လူမျိုးရေးအစု လိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုများ နှင့် ပါတီပေါင်းစုံမှ သတင်ထောက်များကို သတ်ဖြတ်ခြင်းများ အပါအဝင် များပြားလှသော လူ့အခွင့်အရေး ချိုးဖောက်မှု များကိုရင်ဆိုင်ခဲ့ရသည်။ အဆိုပါအချိန်မှစတင်ပြီး တောင်ဆူဒန်နိုင်ငံကို ယခင်စစ်ပွဲဖြစ်ခဲ့ဖူးသော ဂိုဏ်းခေါင်းဆောင်များဖြစ်သည့် Salva Kiir Mayardit နှင့် Riek Machar တို့ ဖွဲ့စည်းထားသော ညွန့်ပေါင်း အဖွဲ့က အုပ်ချုပ်ခဲ့ကြောင်းလည်း သိရသည်။ သို့သော်လည်း တောင်ဆူဒန်နိုင်ငံသည် ဆက်လက်၍ဖြစ်ပွားနေသော စနစ်ကျ သည့်လူမျိုးရေးအကြမ်းဖက်မှုများကို ကြုံတွေ့နေရစဉ်အချိန်အတွင်း စစ်ဘေးဒဏ်မှ ပြန်လည်ကောင်းမွန်လာခဲ့ ကြောင်း သိရသည်။ တောင်ဆူဒန်နိုင်ငံ၏လူဦးရေသည် လူမျိုးစုနှင့် ဘာသာစကားအမျိုးမျိုးပါဝင်သော Nilotic လူအများစုဖြင့် ဖွဲ့ စည်းထားသည့်နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ထို့ပြင် တောင်ဆူဒန်နိုင်ငံလူဦးရေ၏ထက်ဝက်ခန့်မှာ အသက်(၁၈)နှစ်အောက် လူငယ်များဖြစ်ပြီး ကမ္ဘာပေါ်ရှိ အသက်အငယ်ဆုံးနိုင်ငံများတွင် လူဦးရေစာရင်းအရ ပါရှိကြောင်း သိရသည်။ တောင်ဆူ ဒန်နိုင်ငံ တွင်နေထိုင်သူအများစုမှာ ခရစ်ယာန်ဘာသာ (သို့မဟုတ်) ရိုးရာဌာနေ တိုင်းရင်းသား ဘာသာအမျိုးမျိုးကို လိုက်နာ ကြပြီး မွတ်စလင်လူမျိုးစု အနည်းငယ်သာ ရှိကြောင်းသိရသည်။ တောင်ဆူဒန်နိုင်ငံသည် ကုလ သမဂ္ဂအဖွဲ့၊ အာဖရိကသမဂ္ဂ၊ အရှေ့အာဖရိကအသိုက် အဝန်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာအစိုးရအကြား အာဏာပိုင်အဖွဲ့တို့၏ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ် ကြောင်းလည်းသိရသည်။ တောင်ဆူဒန် နိုင်ငံသည် ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပြီး လူသားဖွံ့ဖြိုးတိုးတက်မှုအòန်းကိန်း၏ နောက်ဆုံးအဆင့်တွင် ဒုတိယနေရာ၌ ရှိကြောင်း သိရသည်။

စီးပွားရေး
တောင်ဆူဒန်နိုင်ငံ၏စီးပွားရေးသည် ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးတိုးတက်မှုမရှိဆုံး စီးပွားရေးများထဲမှ တစ်ခုဖြစ်ပြီး လက်ရှိအချိန်အထိ အခြေခံအဆောက်အအုံအနည်းငယ်သာရှိကာ (၂၀၁၁)ခုနှစ် အထိ ကမ္ဘာပေါ်တွင် မိခင်သေဆုံး မှုနှုန်း နှင့် အမျိုးသမီးများ စာမတတ်မြောက်မှုနှုန်း အမြင့်ဆုံးရှိသည့် နိုင်ငံဖြစ်ကြောင်းသိရသည်။ တောင်ဆူဒန်နိုင်ငံ သည် နိုင်ငံတကာဈေးကွက်သို့ သစ်တင်ပို့သည့် နိုင်ငံတစ် နိုင်ငံဖြစ်ပြီး ရေနံ၊ သံရိုင်း၊ ကြေးနီ၊ ခရိုမီယမ်သတ္တုရိုင်း၊ ဇင့်၊ အဖြိုက်နက်၊ အဖြိုက်၊ ငွေ၊ ရွှေ၊ စိန်၊ သစ်မာ၊ ထုံးကျောက်နှင့် ရေအားလျှပ်စစ်စသည့် သဘာဝ အရင်း အမြစ်များစွာ ရှိသည့် နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။ သို့သော်လည်း တောင်ဆူဒန်နိုင်ငံ၏စီးပွားရေး သည် အခြားဖွံ့ဖြိုးဆဲနိုင်ငံ အများ အပြားကဲ့သို့ပင် စိုက်ပျိုးရေးအပေါ် ကြီးလေးစွာမှီခိုနေရကြောင်းသိရသည်။

ရေနံ
တောင်ဆူဒန်နိုင်ငံရှိရေနံတွင်းများသည် (၂၀)ရာစုနှစ်နှောင်းပိုင်းတည်းက နိုင်ငံ၏စီးပွားရေးအတွက် အရေးပါလာခဲ့ကြောင်းသိရသည်။(၂၀၂၃)ခုနှစ်တွင် ရေနံသည် တောင်ဆူဒန်နိုင်ငံဝင်ငွေ၏ (၉၀)ရာခိုင်နှုန်းကျော်ရှိ ပြီး Sub-Saharan Africa ဧရိယာတွင် တတိယမြောက်အကြီးဆုံးရေနံသိုက်ရှိ ကြောင်းသိရသည်။ သို့သော်လည်း တောင် ဆူဒန်နိုင်ငံသည် (၂၀၁၁)ခုနှစ်တွင် လွတ်လပ်သော နိုင်ငံတစ် နိုင်ငံဖြစ်လာခဲ့ပြီးနောက် တောင်ပိုင်းနှင့် မြောက်ပိုင်း စေ့စပ်ညှိနှိုင်းရေးမှူးများသည် အဆိုပါ တောင်ပိုင်း ရေနံမြေများမှဝင်ငွေကို မည်သို့ ခွဲခြမ်းရမည်ကို ချက်ချင်းဆောင် ရွက်နိုင်ခဲ့ခြင်းမျိုး မရှိခဲ့ကြောင်းလည်းသိ ရသည်။ တောင်ဆူဒန်နိုင်ငံ၏ရေနံသိုက်များသည် ဆူဒန်နိုင်ငံ၏ရေနံသိုက်များ ထက် (၄)ဆဝန်းကျင်ရှိကြောင်း ခန့်မှန်းချက်များအရသိရသည်။ သို့သော်လည်း (၂၀၁၂)ခုနှစ် ဇန်နဝါရီလတွင် တောင်ဆူဒန် နိုင်ငံသည် ရေနံ ထုတ်လုပ်မှုများကိုရပ်ဆိုင်းခဲ့ပြီးနောက် ဝင်ငွေသိသိသာသာကျဆင်းမှုများဖြစ်ပေါ်စေခဲ့ပြီး စားနပ်ရိက္ခာ ကုန်ကျစရိတ်မှာ (၁၂၀)ရာခိုင်နှုန်း ခန့်မြင့်တက်လာခဲ့ကြောင်းသိရသည်။ (၂၀၁၇)ခုနှစ်တွင် Nile Drilling& Services သည် တောင်ဆူဒန်၏ပထမဆုံး ပြည်တွင်းပိုင်နှင့် လည်ပတ်နေသော ရေနံတူးဖော်ရေးကုမ္ပဏီဖြစ်လာခဲ့ကြောင်း သိရသည်။

ရေအကြပ်အတည်း
တောင်ဆူဒန်နိုင်ငံတွင် ရေရရှိရေးမှာ စိန်ခေါ်မှုများစွာနှင့်ရင်ဆိုင်နေရကြောင်းသိရသည်။ နိုင်းမြစ်သည် တောင် ဆူဒန်နိုင်ငံကို ဖြတ်၍စီးဆင်းနေသော်လည်း ခြောက်သွေ့သောရာသီတွင် မြစ်ပေါ် တွင်မရှိသောနေရာများမှာ ရေရှားပါးမှု နှင့်တွေ့ကြုံ နေရကြောင်းသိရသည်။ တောင်ဆူဒန်နိုင်ငံ လူဦး ရေ၏ထက်ဝန်ခန့်သည် အကွာအဝေး တစ်ကီလိုမီ တာအတွင်း ရေတွင်း၊ ပိုက် သို့မဟုတ် လက်ပန့် အဖြစ်သတ်မှတ်ထားသော ပိုမိုကောင်းမွန်သည့်ရေအ ရင်းအမြစ်ကို သုံးစွဲခွင့်မရရှိကြောင်းသိရသည်။ လက်ရှိပိုက်လိုင်းရေပေးဝေရေးစနစ်အနည်းငယ်သည် ကောင်းမွန် စွာ ထိန်းသိမ်းနိုင် ခြင်းမျိုးမရှိမှုနှင့်အတူ ၎င်းတို့ပေးဝေသောရေမှာ သောက်သုံးရန်မ သင့်တော်ကြောင်း သိရသည်။ ထို့ပြင် နေရပ်ပြန်လာသော စစ်ဘေးဒုက္ခသည်များသည် အခြေခံအဆောက်အအုံဆိုင်ရာကြီးမားသောအခက်အခဲ ကိုဖြစ်ပေါ်စေပြီး အဆိုပါကဏ္ဍကို တာဝန်ခံသော အစိုးရအဖွဲ့အစည်းများမှာ ညံ့ဖျင်းကြောင်း သိရသည်။ တောင်ဆူဒန်နိုင်ငံတွင် ရေပေးဝေမှုများ ကို Water is Basic, Water for South Sudan, Obakki Foundation နှင့် Bridgton-Lake Region Rotary Club တို့ကဲ့သို့သော အစိုးရမဟုတ်သည့် အဖွဲ့အစည်းအများအပြားက ပံ့ပိုးပေးမှုများ လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။

Zawgyi Version:
ကမာၻ႔အဆင္းရဲဆုံးႏိုင္ငံအျဖစ္ သတ္မွတ္ခံထားရတဲ့ ေတာင္ဆူဒန္ႏိုင္ငံအေၾကာင္း
NP News - ေမ ၁

ေတာင္ဆူဒန္ႏိုင္ငံသည္ အေရွ႕အာဖရိကရွိ ကုန္းတြင္းပိတ္ႏိုင္ငံတစ္ႏိုင္ငံျဖစ္ၿပီး ကမာၻေပၚတြင္ အဆင္းရဲဆုံးႏိုင္ငံ အျဖစ္ သတ္မွတ္ခံထားရသည့္ ႏိုင္ငံတစ္ႏိုင္ငံျဖစ္ေၾကာင္းလည္း သိရသည္။
ေျမာက္ဘက္တြင္ ဆူဒန္၊ အေရွ႕ဘက္တြင္ အီသီယိုးပီးယား၊ ေတာင္ဘက္တြင္ ကြန္ဂို၊ ယူဂန္ဒါ၊ ကင္ညာႏွင့္ အေနာက္ဘက္တြင္ ဗဟိုအာဖရိကသမၼတႏိုင္ငံတို႔ျဖင့္ထိစပ္ေနေသာႏိုင္ငံတစ္ႏိုင္ငံျဖစ္သည္။ ေတာင္ဆူဒန္ႏိုင္ငံ၏ မတူညီေသာရႈခင္းမ်ားတြင္ က်ယ္ျပန႔္ေသာလြင္ျပင္ ႏွင့္ ကုန္းျပင္ျမင့္မ်ား၊ ေျခာက္ေသြ႕သည့္ အပူပိုင္းေဒသ ဆာဗား နားမ်ား၊ ကုန္းတြင္းေရလႊမ္းလြင္ျပင္မ်ားႏွင့္ ေတာထူထပ္ေသာေတာင္တန္းမ်ား ပါဝင္ေၾကာင္း သိရသည္။ ႏိုင္းျမစ္ သည္ ေတာင္ဆူဒန္ႏိုင္ငံ၏ ေတာင္မွေျမာက္ ဘက္သို႔ ျဖတ္ကာစီးဆင္းေနသည့္ ႏိုင္ငံ၏ထင္ရွားေသာ ႐ုပ္ပိုင္း ဆိုင္ရာအဂၤါရပ္တစ္ခုလည္းျဖစ္သည္။ ေတာင္ဆူဒန္ႏိုင္ငံတြင္ လူဦးေရ (၂ ဒသမ ၇)သန္းရွိၿပီး ဂ်ဴဘာသည္ ေတာင္ဆူဒန္၏ၿမိဳ႕ေတာ္ႏွင့္ ႏိုင္ငံတြင္းတြင္ အႀကီးဆုံးၿမိဳ႕တစ္ၿမိဳ႕ ျဖစ္ေၾကာင္းသိရသည္။ ဆူဒန္ႏိုင္ငံကို မိုဟာမက္ အလီ မင္းဆက္လက္ထက္တြင္ အီဂ်စ္က သိမ္းပိုက္ခဲ့ၿပီး ၿဗိတိန္-အီဂ်စ္ အုပ္ခ်ဳပ္ခံတိုင္းျပည္အျဖစ္ (၁၉၅၆)ခုႏွစ္ ဆူဒန္လြတ္လပ္ေရးရသည္အထိ အုပ္ခ်ဳပ္ခဲ့ေၾကာင္းသိရသည္။ ပထမဆူဒန္ျပည္ တြင္းစစ္အၿပီးတြင္ ေတာင္ပိုင္း ဆူဒန္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသကို (၁၉၇၂)ခုႏွစ္တြင္ဖြဲ႕စည္းခဲ့ၿပီး (၁၉၈၃)ခုႏွစ္မတိုင္မီ အခ်ိန္အထိ ၾကာျမင့္ခဲ့ေၾကာင္း သိရသည္။ ထို႔ေနာက္ (၁၉၈၃)ခုႏွစ္ တြင္ ဒုတိယဆူဒန္ျပည္တြင္းစစ္ျဖစ္ပြားခဲ့ၿပီး ဘက္စုံ ၿငိမ္းခ်မ္း‌ေရး သေဘာတူညီခ်က္ႏွင့္အတူ (၂၀ဝ၅)ခုႏွစ္တြင္ အဆုံး သတ္သြားခဲ့ေၾကာင္းသိရသည္။ အဆိုပါႏွစ္ ေႏွာင္းပိုင္းတြင္ ေတာင္ပိုင္းဆူဒန္၏ ကိုယ္ပိုင္အုပ္ ခ်ဳပ္ခြင့္ရအစိုးရကို ဖြဲ႕စည္းလိုက္ၿပီးေနာက္ ေတာင္ပိုင္း ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ကို ျပန္လည္ရရွိခဲ့ေၾကာင္းသိရသည္။ ေတာင္ဆူဒန္ႏိုင္ငံသည္ (၂၀၁၁)ခုႏွစ္ ဇန္နဝါရီလတြင္ က်င္းပ သည့္ လူထုဆႏၵခံယူပြဲတြင္ လြတ္လပ္ေရးအတြက္ (၉၈ ဒသမ ၈) ရာခိုင္ႏႈန္း ေထာက္ခံမႈရရွိခဲ့ၿပီးေနာက္ (၂၀၁၁) ခုႏွစ္ ဇူလိုင္ လ(၉)ရက္တြင္ လြတ္လပ္သည့္ႏိုင္ငံတစ္ႏိုင္ငံျဖစ္လာခဲ့ေၾကာင္း သိရ သည္။ ထို႔ျပင္ ေတာင္ဆူဒန္ႏိုင္ငံ သည္ (၂၀၂၅)ခုႏွစ္အထိ က်ယ္က်ယ္ျပန႔္ျပန႔္ အသိအမွတ္ျပဳထားေသာ လတ္တေလာ အခ်ဳပ္အျခာ အာဏာပိုင္ ႏိုင္ငံတစ္ႏိုင္ငံျဖစ္ေၾကာင္းလည္း သိရသည္။ ေတာင္ဆူဒန္ႏိုင္ငံသည္ (၂၀၁၃)ခုႏွစ္မွ (၂၀၂၀)ျပည့္ႏွစ္အထိ ျပည္တြင္းစစ္ႏွင့္ႀကဳံေတြ႕ခဲ့ရၿပီး အတင္းအဓမၼေ႐ႊ႕ေျပာင္းခံရမႈ၊ လူမ်ိဳးေရးအစု လိုက္အၿပဳံလိုက္ သတ္ျဖတ္ခံရမႈမ်ား ႏွင့္ ပါတီေပါင္းစုံမွ သတင္ေထာက္မ်ားကို သတ္ျဖတ္ျခင္းမ်ား အပါအဝင္ မ်ားျပားလွေသာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈ မ်ားကိုရင္ဆိုင္ခဲ့ရသည္။ အဆိုပါအခ်ိန္မွစတင္ၿပီး ေတာင္ဆူဒန္ႏိုင္ငံကို ယခင္စစ္ပြဲျဖစ္ခဲ့ဖူးေသာ ဂိုဏ္းေခါင္းေဆာင္မ်ားျဖစ္သည့္ Salva Kiir Mayardit ႏွင့္ Riek Machar တို႔ ဖြဲ႕စည္းထားေသာ ၫြန႔္ေပါင္း အဖြဲ႕က အုပ္ခ်ဳပ္ခဲ့ေၾကာင္းလည္း သိရသည္။ သို႔ေသာ္လည္း ေတာင္ဆူဒန္ႏိုင္ငံသည္ ဆက္လက္၍ျဖစ္ပြားေနေသာ စနစ္က် သည့္လူမ်ိဳးေရးအၾကမ္းဖက္မႈမ်ားကို ႀကဳံေတြ႕ေနရစဥ္အခ်ိန္အတြင္း စစ္ေဘးဒဏ္မွ ျပန္လည္ေကာင္းမြန္လာခဲ့ ေၾကာင္း သိရသည္။ ေတာင္ဆူဒန္ႏိုင္ငံ၏လူဦးေရသည္ လူမ်ိဳးစုႏွင့္ ဘာသာစကားအမ်ိဳးမ်ိဳးပါဝင္ေသာ Nilotic လူအမ်ားစုျဖင့္ ဖြဲ႕ စည္းထားသည့္ႏိုင္ငံတစ္ႏိုင္ငံျဖစ္သည္။ ထို႔ျပင္ ေတာင္ဆူဒန္ႏိုင္ငံလူဦးေရ၏ထက္ဝက္ခန႔္မွာ အသက္(၁၈)ႏွစ္ေအာက္ လူငယ္မ်ားျဖစ္ၿပီး ကမာၻေပၚရွိ အသက္အငယ္ဆုံးႏိုင္ငံမ်ားတြင္ လူဦးေရစာရင္းအရ ပါရွိေၾကာင္း သိရသည္။ ေတာင္ဆူ ဒန္ႏိုင္ငံ တြင္ေနထိုင္သူအမ်ားစုမွာ ခရစ္ယာန္ဘာသာ (သို႔မဟုတ္) ႐ိုးရာဌာေန တိုင္းရင္းသား ဘာသာအမ်ိဳးမ်ိဳးကို လိုက္နာ ၾကၿပီး မြတ္စလင္လူမ်ိဳးစု အနည္းငယ္သာ ရွိေၾကာင္းသိရသည္။ ေတာင္ဆူဒန္ႏိုင္ငံသည္ ကုလ သမဂၢအဖြဲ႕၊ အာဖရိကသမဂၢ၊ အေရွ႕အာဖရိကအသိုက္ အဝန္းႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရး ဆိုင္ရာအစိုးရအၾကား အာဏာပိုင္အဖြဲ႕တို႔၏ အဖြဲ႕ဝင္ႏိုင္ငံ တစ္ႏိုင္ငံျဖစ္ ေၾကာင္းလည္းသိရသည္။ ေတာင္ဆူဒန္ ႏိုင္ငံသည္ ကမာၻေပၚတြင္ ဖြံ႕ၿဖိဳးတိုးတက္မႈအနည္းဆုံး ႏိုင္ငံတစ္ႏိုင္ငံျဖစ္ၿပီး လူသားဖြံ႕ၿဖိဳးတိုးတက္မႈအòန္းကိန္း၏ ေနာက္ဆုံးအဆင့္တြင္ ဒုတိယေနရာ၌ ရွိေၾကာင္း သိရသည္။

စီးပြားေရး
ေတာင္ဆူဒန္ႏိုင္ငံ၏စီးပြားေရးသည္ ကမာၻေပၚတြင္ ဖြံ႕ၿဖိဳးတိုးတက္မႈမရွိဆုံး စီးပြားေရးမ်ားထဲမွ တစ္ခုျဖစ္ၿပီး လက္ရွိအခ်ိန္အထိ အေျခခံအေဆာက္အအုံအနည္းငယ္သာရွိကာ (၂၀၁၁)ခုႏွစ္ အထိ ကမာၻေပၚတြင္ မိခင္ေသဆုံး မႈႏႈန္း ႏွင့္ အမ်ိဳးသမီးမ်ား စာမတတ္ေျမာက္မႈႏႈန္း အျမင့္ဆုံးရွိသည့္ ႏိုင္ငံျဖစ္ေၾကာင္းသိရသည္။ ေတာင္ဆူဒန္ႏိုင္ငံ သည္ ႏိုင္ငံတကာေဈးကြက္သို႔ သစ္တင္ပို႔သည့္ ႏိုင္ငံတစ္ ႏိုင္ငံျဖစ္ၿပီး ေရနံ၊ သံ႐ိုင္း၊ ေၾကးနီ၊ ခ႐ိုမီယမ္သတၱဳ႐ိုင္း၊ ဇင့္၊ အၿဖိဳက္နက္၊ အၿဖိဳက္၊ ေငြ၊ ေ႐ႊ၊ စိန္၊ သစ္မာ၊ ထုံးေက်ာက္ႏွင့္ ေရအားလွ်ပ္စစ္စသည့္ သဘာဝ အရင္း အျမစ္မ်ားစြာ ရွိသည့္ ႏိုင္ငံတစ္ႏိုင္ငံလည္းျဖစ္သည္။ သို႔ေသာ္လည္း ေတာင္ဆူဒန္ႏိုင္ငံ၏စီးပြားေရး သည္ အျခားဖြံ႕ၿဖိဳးဆဲႏိုင္ငံ အမ်ား အျပားကဲ့သို႔ပင္ စိုက္ပ်ိဳးေရးအေပၚ ႀကီးေလးစြာမွီခိုေနရေၾကာင္းသိရသည္။

ေရနံ
ေတာင္ဆူဒန္ႏိုင္ငံရွိေရနံတြင္းမ်ားသည္ (၂၀)ရာစုႏွစ္ေႏွာင္းပိုင္းတည္းက ႏိုင္ငံ၏စီးပြားေရးအတြက္ အေရးပါလာခဲ့ေၾကာင္းသိရသည္။(၂၀၂၃)ခုႏွစ္တြင္ ေရနံသည္ ေတာင္ဆူဒန္ႏိုင္ငံဝင္ေငြ၏ (၉၀)ရာခိုင္ႏႈန္းေက်ာ္ရွိ ၿပီး Sub-Saharan Africa ဧရိယာတြင္ တတိယေျမာက္အႀကီးဆုံးေရနံသိုက္ရွိ ေၾကာင္းသိရသည္။ သို႔ေသာ္လည္း ေတာင္ ဆူဒန္ႏိုင္ငံသည္ (၂၀၁၁)ခုႏွစ္တြင္ လြတ္လပ္ေသာ ႏိုင္ငံတစ္ ႏိုင္ငံျဖစ္လာခဲ့ၿပီးေနာက္ ေတာင္ပိုင္းႏွင့္ ေျမာက္ပိုင္း ေစ့စပ္ညႇိႏႈိင္းေရးမႉးမ်ားသည္ အဆိုပါ ေတာင္ပိုင္း ေရနံေျမမ်ားမွဝင္ေငြကို မည္သို႔ ခြဲျခမ္းရမည္ကို ခ်က္ခ်င္းေဆာင္ ႐ြက္ႏိုင္ခဲ့ျခင္းမ်ိဳး မရွိခဲ့ေၾကာင္းလည္းသိ ရသည္။ ေတာင္ဆူဒန္ႏိုင္ငံ၏ေရနံသိုက္မ်ားသည္ ဆူဒန္ႏိုင္ငံ၏ေရနံသိုက္မ်ား ထက္ (၄)ဆဝန္းက်င္ရွိေၾကာင္း ခန႔္မွန္းခ်က္မ်ားအရသိရသည္။ သို႔ေသာ္လည္း (၂၀၁၂)ခုႏွစ္ ဇန္နဝါရီလတြင္ ေတာင္ဆူဒန္ ႏိုင္ငံသည္ ေရနံ ထုတ္လုပ္မႈမ်ားကိုရပ္ဆိုင္းခဲ့ၿပီးေနာက္ ဝင္ေငြသိသိသာသာက်ဆင္းမႈမ်ားျဖစ္ေပၚေစခဲ့ၿပီး စားနပ္ရိကၡာ ကုန္က်စရိတ္မွာ (၁၂၀)ရာခိုင္ႏႈန္း ခန႔္ျမင့္တက္လာခဲ့ေၾကာင္းသိရသည္။ (၂၀၁၇)ခုႏွစ္တြင္ Nile Drilling& Services သည္ ေတာင္ဆူဒန္၏ပထမဆုံး ျပည္တြင္းပိုင္ႏွင့္ လည္ပတ္ေနေသာ ေရနံတူးေဖာ္ေရးကုမၸဏီျဖစ္လာခဲ့ေၾကာင္း သိရသည္။

ေရအၾကပ္အတည္း
ေတာင္ဆူဒန္ႏိုင္ငံတြင္ ေရရရွိေရးမွာ စိန္ေခၚမႈမ်ားစြာႏွင့္ရင္ဆိုင္ေနရေၾကာင္းသိရသည္။ ႏိုင္းျမစ္သည္ ေတာင္ ဆူဒန္ႏိုင္ငံကို ျဖတ္၍စီးဆင္းေနေသာ္လည္း ေျခာက္ေသြ႕ေသာရာသီတြင္ ျမစ္ေပၚ တြင္မရွိေသာေနရာမ်ားမွာ ေရရွားပါးမႈ ႏွင့္ေတြ႕ႀကဳံ ေနရေၾကာင္းသိရသည္။ ေတာင္ဆူဒန္ႏိုင္ငံ လူဦး ေရ၏ထက္ဝန္ခန႔္သည္ အကြာအေဝး တစ္ကီလိုမီ တာအတြင္း ေရတြင္း၊ ပိုက္ သို႔မဟုတ္ လက္ပန႔္ အျဖစ္သတ္မွတ္ထားေသာ ပိုမိုေကာင္းမြန္သည့္ေရအ ရင္းအျမစ္ကို သုံးစြဲခြင့္မရရွိေၾကာင္းသိရသည္။ လက္ရွိပိုက္လိုင္းေရေပးေဝေရးစနစ္အနည္းငယ္သည္ ေကာင္းမြန္ စြာ ထိန္းသိမ္းႏိုင္ ျခင္းမ်ိဳးမရွိမႈႏွင့္အတူ ၎တို႔ေပးေဝေသာေရမွာ ေသာက္သုံးရန္မ သင့္ေတာ္ေၾကာင္း သိရသည္။ ထို႔ျပင္ ေနရပ္ျပန္လာေသာ စစ္ေဘးဒုကၡသည္မ်ားသည္ အေျခခံအေဆာက္အအုံဆိုင္ရာႀကီးမားေသာအခက္အခဲ ကိုျဖစ္ေပၚေစၿပီး အဆိုပါက႑ကို တာဝန္ခံေသာ အစိုးရအဖြဲ႕အစည္းမ်ားမွာ ညံ့ဖ်င္းေၾကာင္း သိရသည္။ ေတာင္ဆူဒန္ႏိုင္ငံတြင္ ေရေပးေဝမႈမ်ား ကို Water is Basic, Water for South Sudan, Obakki Foundation ႏွင့္ Bridgton-Lake Region Rotary Club တို႔ကဲ့သို႔ေသာ အစိုးရမဟုတ္သည့္ အဖြဲ႕အစည္းအမ်ားအျပားက ပံ့ပိုးေပးမႈမ်ား လုပ္ေဆာင္လ်က္ရွိေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.