ရှမ်း မှ ကရင်သို့ ပို့မည့် ငွေကျပ် ၄ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ လမ်းခုလတ်တွင် ဖမ်းမိ

1011

Pearl (NP News) - မေ ၁၂
ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်သို့ ပို့ဆောင်မည့် ငွေကျပ် ၄ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ လမ်းခုလတ်၌ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များ အရ သိရသည်။
အဆိုပါမူးယစ်ဆေးဝါးများကို ပြီးခဲ့သည့် မေလ ၈ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီးတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ညောင်ခါးရှည် ကျေးရွာ အနီးတွင် မန္တလေးမှ ဘားအံဘက်သို့ ကျော်ဇင်ဦး မောင်းနှင်ပြီး မမွန်မွန်ငြိမ်း လိုက်ပါလာသည့် MITSUBISHI FUSO ၁၂ ဘီးမော်တော်ယာဉ်ကို သတင်းအရ ရှာဖွေခဲ့ကြောင်း သိရသည်။
ထိုသို့ရှာဖွေရာ ယာဉ်ပေါ်မှ ငွေကျပ် ၄ ဒသမ ၅ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၃၀ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

Zawgyi Version:
ရွမ္း မွ ကရင္သို႔ ပို႔မည့္ ေငြက်ပ္ ၄ ဘီလ်ံေက်ာ္တန္ဖိုးရွိ စိတ္ႂကြေဆးျပားမ်ား လမ္းခုလတ္တြင္ ဖမ္းမိ
Pearl (NP News) - ေမ ၁၂
ရွမ္းျပည္နယ္မွ ကရင္ျပည္နယ္သို႔ ပို႔ေဆာင္မည့္ ေငြက်ပ္ ၄ ဘီလ်ံေက်ာ္တန္ဖိုးရွိ စိတ္ႂကြေဆးျပားမ်ား လမ္းခုလတ္၌ ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္မ်ား အရ သိရသည္။
အဆိုပါမူးယစ္ေဆးဝါးမ်ားကို ၿပီးခဲ့သည့္ ေမလ ၈ ရက္ေန႔ ညေန ၃ နာရီခြဲအခ်ိန္ ပဲခူးတိုင္းေဒသႀကီး၊ ေဝါၿမိဳ႕နယ္၊ ေညာင္ခါးရွည္ေက်း႐ြာအနီးတြင္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။
မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ေညာင္ခါးရွည္ ေက်း႐ြာ အနီးတြင္ မႏၲေလးမွ ဘားအံဘက္သို႔ ေက်ာ္ဇင္ဦး ေမာင္းႏွင္ၿပီး မမြန္မြန္ၿငိမ္း လိုက္ပါလာသည့္ MITSUBISHI FUSO ၁၂ ဘီးေမာ္ေတာ္ယာဥ္ကို သတင္းအရ ရွာေဖြခဲ့ေၾကာင္း သိရသည္။
ထိုသို႔ရွာေဖြရာ ယာဥ္ေပၚမွ ေငြက်ပ္ ၄ ဒသမ ၅ ဘီလ်ံတန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား သိန္း ၃၀ ဖမ္းဆီးရမိခဲ့ၿပီး စစ္ေဆးေဖာ္ထုတ္ခ်က္အရ အဆိုပါဖမ္းဆီးရမိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားအား ရွမ္းျပည္နယ္မွ ကရင္ျပည္နယ္သို႔ သယ္ေဆာင္ေရာင္းဝယ္ျခင္းျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ ၎တို႔အား ဥပေဒအရ အေရးယူထားရွိၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားအား ဆက္လက္ေဖာ္ထုတ္လ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။