ငွေမှားလွှဲခြင်းနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာစွာကိုင်တွယ်ဖြေရှင်းပေးမည်ဟု ခိုင်နှင်းဝေအသိပေး

1384

Pearl (NP News) - မေ ၂၆
ငွေမှားလွှဲခြင်းနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာစွာကိုင်တွယ်ဖြေရှင်းပေးမည်ဖြစ်ကြောင်း ခိုင်နှင်းဝေက ယနေ့ (မေလ ၂၆ရက်)တွင် ၎င်း၏ ဖေ့ဘွတ်ခ်လူမှုကွန်ရက် စာမျက်နှာမှ တဆင့် အသိပေး ထုတ်ပြန်ထားသည်။
ငွေကျပ် (2,955,000) မှား လွှဲမှု အတွက် ဘဏ် အကောင့်ပိုင်ရှင်ကိုဝေသူ အနေဖြင့် အသင်း သို့ လူကိုယ်တိုင်ဖြစ်စေ၊ခိုင်လုံသော ထောက်ခံစာ ကိုယ်စားလှယ် လွှဲစာဖြစ်စေ ပါရှိသော ကိုယ်စားများဖြင့် လာရောက်ခြင်း မရှိခြင်း၊ Viber ၊ Messager များမှ ကိုဝေသူ ကိုယ်တိုင်နှင့် ပြောဆိုထားခြင်းများ မရှိခြင်း၊Facebookပေါ်မှ တက်လာသော ဘဏ်မှတ်တမ်းများ အသင်းလက်ထဲသို့ ရောက်လာခြင်း မရှိခြင်း တို့ကြောင့် ငွေပြန်လွှဲပေးရန်အတွက် ကြန့်ကြာနေခဲ့ကြောင်း ခိုင်နှင်းဝေ က ပြောသည်။
ယခုကိစ္စအားဖြေရှင်းနိုင်ရန်အတွက် ဘဏ် အကောင့်ပိုင်ရှင် ကိုဝေသူ (သို့) ခိုင်မာသော ကိုယ်စားလှယ် လွှဲစာ၊ အသင်းသို့ Facebookပေါ် မှ ဘဏ် မှတ်တမ်းများ ဖြင့် လာရောက်ဖူးသော လူသက်သေ၊ အသင်း သို့ ကိုဝေသူ (သို့) ကိုယ်စားလှယ် လွှဲစာဖြင့် လာရောက်သူအပေါ် သို့ ဝန်ထမ်းများ ရိုင်းပြစွာ ဆက်ဆံဖူးသော သက်သေအသံဖိုင်၊ Video မှတ်တမ်းများ ယူဆောင်၍ လာရောက်ဖြေရှင်းနိုင်ကြောင်းလည်း ထည့်သွင်းရေးသားထားသည်။
ထို့ပြင် ကိုယ်တိုင် ပွင့်လင်းမြင်သာစွာကိုင်တွယ်ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်းလည်း ခိုင်နှင်းဝေက ရေးသားထုတ်ပြန်ထားသည်ကို တွေ့ရသည်။
ငွေမှားလွှဲမိကြောင်း ရေးသားဖြန့်ဝေခဲ့သည့် Su Htet Nwe ဖေ့ဘွတ်ခ် အကောင့်ပိုင်ရှင်ကလည်း ကိုဝေသူ သည် ၎င်း၏ အစ်ကိုအရင်းဖြစ်ကြောင်း ပြန်လည်ဖြေရှင်းထားသည်ကို တွေ့ရသည်။
“ပထမဆုံးအနေနဲ့ ပြောပြချင်တာက ကိုဝေသူက ညမရဲ့ မွေးချင်းအကိုအရင်းပါ။ငွေ ၂၉ သိန်း ၅သောင်း၅ထောင် ကတော့ ညမရဲ့ ငွေပါ။ညမက ထိုင်းဘက်ခြမ်းအနေများသူဖြစ်လို့ မြန်မာ ဖုန်းကိုင်တဲ့ ညမ အကိုရဲ့ ဘဏ်အကောက်ကို အသုံးပြုနေတာဖြစ်ပါတယ်ရှင့်။ ဒီဖြစ်စဉ်ဟာ ညမအတွက်အရမ်းစိတ်ပင်ပန်းရပါတယ်။ညမ ချွေးနည်းစာလေးကို ညမ ပြန်လိုချင်မိတာ မှားပါသလားရှင့်။ညမဘက်ကလည်း အမရုံးက တောင်းသမျှအချက်လက်တွေကို ပေးခဲ့ပြီးပါပြီရှင့်။ဘာ မှမဆိုင်တဲ့ မြို့နယ်ရုံးထိလွှတ်လို့ပါ သွားခဲ့ရတာပါရှင့်။ အမအနေနဲ့ ဒီ ၂၉သိန်း ၅သောင်း ၅ထောင်ကို ပြန်ပေးဖို့ တကယ်အခက်ခဲရှိနေတာလားရှင့်”ဟု Su Htet Nwe ဖေ့ဘွတ်ခ် အကောင့်ပိုင်ရှင်က ပြန်လည်တုံ့ပြန်ရေးသားထားသည်ကို တွေ့ရသည်။

Zawgyi Version:
ေငြမွားလႊဲျခင္းႏွင့္ပတ္သက္၍ ပြင့္လင္းျမင္သာစြာကိုင္တြယ္ေျဖရွင္းေပးမည္ဟု ခိုင္ႏွင္းေဝအသိေပး
Pearl (NP News) - ေမ ၂၆
ေငြမွားလႊဲျခင္းႏွင့္ပတ္သက္၍ ပြင့္လင္းျမင္သာစြာကိုင္တြယ္ေျဖရွင္းေပးမည္ျဖစ္ေၾကာင္း ခိုင္ႏွင္းေဝက ယေန႔ (ေမလ ၂၆ရက္)တြင္ ၎၏ ေဖ့ဘြတ္ခ္လူမႈကြန္ရက္ စာမ်က္ႏွာမွ တဆင့္ အသိေပး ထုတ္ျပန္ထားသည္။
ေငြက်ပ္ (2,955,000) မွား လႊဲမႈ အတြက္ ဘဏ္ အေကာင့္ပိုင္ရွင္ကိုေဝသူ အေနျဖင့္ အသင္း သို႔ လူကိုယ္တိုင္ျဖစ္ေစ၊ခိုင္လုံေသာ ေထာက္ခံစာ ကိုယ္စားလွယ္ လႊဲစာျဖစ္ေစ ပါရွိေသာ ကိုယ္စားမ်ားျဖင့္ လာေရာက္ျခင္း မရွိျခင္း၊ Viber ၊ Messager မ်ားမွ ကိုေဝသူ ကိုယ္တိုင္ႏွင့္ ေျပာဆိုထားျခင္းမ်ား မရွိျခင္း၊Facebookေပၚမွ တက္လာေသာ ဘဏ္မွတ္တမ္းမ်ား အသင္းလက္ထဲသို႔ ေရာက္လာျခင္း မရွိျခင္း တို႔ေၾကာင့္ ေငြျပန္လႊဲေပးရန္အတြက္ ၾကန႔္ၾကာေနခဲ့ေၾကာင္း ခိုင္ႏွင္းေဝ က ေျပာသည္။
ယခုကိစၥအားေျဖရွင္းႏိုင္ရန္အတြက္ ဘဏ္ အေကာင့္ပိုင္ရွင္ ကိုေဝသူ (သို႔) ခိုင္မာေသာ ကိုယ္စားလွယ္ လႊဲစာ၊ အသင္းသို႔ Facebookေပၚ မွ ဘဏ္ မွတ္တမ္းမ်ား ျဖင့္ လာေရာက္ဖူးေသာ လူသက္ေသ၊ အသင္း သို႔ ကိုေဝသူ (သို႔) ကိုယ္စားလွယ္ လႊဲစာျဖင့္ လာေရာက္သူအေပၚ သို႔ ဝန္ထမ္းမ်ား ႐ိုင္းျပစြာ ဆက္ဆံဖူးေသာ သက္ေသအသံဖိုင္၊ Video မွတ္တမ္းမ်ား ယူေဆာင္၍ လာေရာက္ေျဖရွင္းႏိုင္ေၾကာင္းလည္း ထည့္သြင္းေရးသားထားသည္။
ထို႔ျပင္ ကိုယ္တိုင္ ပြင့္လင္းျမင္သာစြာကိုင္တြယ္ေျဖရွင္းေပးသြားမည္ျဖစ္ေၾကာင္းလည္း ခိုင္ႏွင္းေဝက ေရးသားထုတ္ျပန္ထားသည္ကို ေတြ႕ရသည္။
ေငြမွားလႊဲမိေၾကာင္း ေရးသားျဖန႔္ေဝခဲ့သည့္ Su Htet Nwe ေဖ့ဘြတ္ခ္ အေကာင့္ပိုင္ရွင္ကလည္း ကိုေဝသူ သည္ ၎၏ အစ္ကိုအရင္းျဖစ္ေၾကာင္း ျပန္လည္ေျဖရွင္းထားသည္ကို ေတြ႕ရသည္။
“ပထမဆုံးအေနနဲ႔ ေျပာျပခ်င္တာက ကိုေဝသူက ညမရဲ႕ ေမြးခ်င္းအကိုအရင္းပါ။ေငြ ၂၉ သိန္း ၅ေသာင္း၅ေထာင္ ကေတာ့ ညမရဲ႕ ေငြပါ။ညမက ထိုင္းဘက္ျခမ္းအေနမ်ားသူျဖစ္လို႔ ျမန္မာ ဖုန္းကိုင္တဲ့ ညမ အကိုရဲ႕ ဘဏ္အေကာက္ကို အသုံးျပဳေနတာျဖစ္ပါတယ္ရွင့္။ ဒီျဖစ္စဥ္ဟာ ညမအတြက္အရမ္းစိတ္ပင္ပန္းရပါတယ္။ညမ ေခြၽးနည္းစာေလးကို ညမ ျပန္လိုခ်င္မိတာ မွားပါသလားရွင့္။ညမဘက္ကလည္း အမ႐ုံးက ေတာင္းသမွ်အခ်က္လက္ေတြကို ေပးခဲ့ၿပီးပါၿပီရွင့္။ဘာ မွမဆိုင္တဲ့ ၿမိဳ႕နယ္႐ုံးထိလႊတ္လို႔ပါ သြားခဲ့ရတာပါရွင့္။ အမအေနနဲ႔ ဒီ ၂၉သိန္း ၅ေသာင္း ၅ေထာင္ကို ျပန္ေပးဖို႔ တကယ္အခက္ခဲရွိေနတာလားရွင့္”ဟု Su Htet Nwe ေဖ့ဘြတ္ခ္ အေကာင့္ပိုင္ရွင္က ျပန္လည္တုံ႔ျပန္ေရးသားထားသည္ကို ေတြ႕ရသည္။