ညောင်ဦးတွင် ကျောင်းအုပ်ဆရာမကြီးနှင့် ခင်ပွန်းကို PDFအဖွဲ့က လိုင်းခန်းရှေ့ဆွဲခေါ်ကာ ပစ်ခတ်သတ်ဖြတ်

852

သန့်ဇင် (NP News) - ဇွန် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကုန်းဘုရား(ညောင်ပင်ကန်)ကျေးရွာတွင် အထက်တန်းကျောင်းအုပ် ဆရာမကြီး နှင့် ခင်ပွန်းကို PDF အဖွဲ့က ၎င်းတို့အား မထောက်ခံသဖြင့် ယမန်နေ့(ဇွန်လ ၁၅ ရက်)၊ နံနက် ၈ နာရီခန့် က ဝန်ထမ်းလိုင်းခန်းရှေ့သို့ ဆွဲခေါ်ကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ကုန်းဘုရား(ညောင်ပင်ကန်)ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ အသက်(၄၂)နှစ်အရွယ် ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာဝင်းသည် ကျောင်းဝန်းအတွင်းရှိ ဝန်ထမ်းလိုင်းခန်း၌ ခင်ပွန်းဖြစ်သူ အသက်(၄၅)နှစ် ဦးဇော်လတ်၊ ညီမဖြစ်သူ အသက်(၁၉)နှစ်အရွယ် မရွှေရည်ဝင်းတို့နှင့်အတူ ရှိနေစဉ် PDF အဖွဲ့ဝင် (၇) ဦးက ဆိုင်ကယ် (၄) စီးဖြင့် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ထို့နောက် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို ထောက်ခံအားပေးမှုမရှိသဖြင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာဝင်း နှင့် ဦးဇော်လတ်တို့ (၂) ဦးအား ဝန်ထမ်းလိုင်းခန်းအတွင်းမှ ဆွဲခေါ်ကာ လိုင်းခန်းရှေ့ မြေကွက်လပ်၌ ရက်စက်စွာပစ်ခတ်သတ်ဖြတ်ခဲ့ရာ ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြေင်း သိရသည်။
အလားတူ ဇွန်လ ၁၄ ရက် နံနက် ၁၁ နာရီ ၂ဝ မိနစ်ခန့်ကလည်း မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ အမှတ်(၁၇)အခြေခံပညာမူလတန်းလွန်ကျောင်းမှ အသက်(၂၈)နှစ်အရွယ် လက်ထောက် မူလတန်းပြဆရာမ ဒေါ်ဇင်မီလှိုင်သဘ် နေအိမ်၌ ရှိနေစဉ် PDF အဖွဲ့ဝင် (၅) ဦးက သေနတ်များ ကိုင်ဆောင်ကာ ဆိုင်ကယ် (၅) စီးဖြင့် ရောက်ရှိလာပြီး ဒေါ်ဇင်မီလှိုင်အား လက်နောက်ပြန်ကြိုးတုပ်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ ကြောင်း သိရသည်။
ထို့ကြောင့် ကျောင်းအုပ်ဆရာမကြီးနှင့် ခင်ပွန်း ဖြစ်သူတို့အား ရက်စက်စွာသတ်ဖြတ်ခဲ့သူများနှင့် ကျောင်းဆရာမ (၁)ဦးအား ဖမ်းဆီးခေါ်ဆောင်သွားသည့် PDF အဖွဲ့များအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁ ရက် နှင့် ၆ ရက်တို့တွင်လည်း နတ်မောက်မြို့နယ်တွင်းမှ ကျောင်းအုပ်ဆရာမကြီးတစ်ဦး နှင့် အထက်တန်းပြကျောင်းဆရာမ လင်မယား(၂)ဦးတို့ PDFအဖွဲ့၏ အကြမ်းဖက်သတ်ဖြတ်မှုခံခဲ့ရပြီး (၂)ပတ်ကျော် ကာလအတွင်း ပညာရေးဝန်ထမ်း(၃)ဦး သေဆုံးခဲ့ရကြောင် သိရသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်ကာ (၄)နှစ်ကျော်ကာလအတွင်း ပညာရေးဝန်ထမ်း(၈၀)ဦးကျော် PDFအဖွဲ့၏ အကြမ်းဖက်သတ်ဖြတ် ခြင်းကို ခံခဲ့ရကြောင်း နစက၏သတင်းအချက်အလက်များအရ သိရသည်။

Zawgyi Version:
ေညာင္ဦးတြင္ ေက်ာင္းအုပ္ဆရာမႀကီးႏွင့္ ခင္ပြန္းကို PDFအဖြဲ႕က လိုင္းခန္းေရွ႕ဆြဲေခၚကာ ပစ္ခတ္သတ္ျဖတ္
သန႔္ဇင္ (NP News) - ဇြန္ ၁၆
မႏၲေလးတိုင္းေဒသႀကီး၊ ေညာင္ဦးၿမိဳ႕နယ္၊ ကုန္းဘုရား(ေညာင္ပင္ကန္)ေက်း႐ြာတြင္ အထက္တန္းေက်ာင္းအုပ္ ဆရာမႀကီး ႏွင့္ ခင္ပြန္းကို PDF အဖြဲ႕က ၎တို႔အား မေထာက္ခံသျဖင့္ ယမန္ေန႔(ဇြန္လ ၁၅ ရက္)၊ နံနက္ ၈ နာရီခန႔္ က ဝန္ထမ္းလိုင္းခန္းေရွ႕သို႔ ဆြဲေခၚကာ ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
ကုန္းဘုရား(ေညာင္ပင္ကန္)ေက်း႐ြာရွိ အေျခခံပညာအထက္တန္းေက်ာင္း(ခြဲ)မွ အသက္(၄၂)ႏွစ္အ႐ြယ္ ေက်ာင္းအုပ္ဆရာမႀကီး ေဒၚနီလာဝင္းသည္ ေက်ာင္းဝန္းအတြင္းရွိ ဝန္ထမ္းလိုင္းခန္း၌ ခင္ပြန္းျဖစ္သူ အသက္(၄၅)ႏွစ္ ဦးေဇာ္လတ္၊ ညီမျဖစ္သူ အသက္(၁၉)ႏွစ္အ႐ြယ္ မေ႐ႊရည္ဝင္းတို႔ႏွင့္အတူ ရွိေနစဥ္ PDF အဖြဲ႕ဝင္ (၇) ဦးက ဆိုင္ကယ္ (၄) စီးျဖင့္ ေရာက္ရွိလာခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ၎တို႔၏ အၾကမ္းဖက္လုပ္ရပ္မ်ားကို ေထာက္ခံအားေပးမႈမရွိသျဖင့္ ေက်ာင္းအုပ္ဆရာမႀကီး ေဒၚနီလာဝင္း ႏွင့္ ဦးေဇာ္လတ္တို႔ (၂) ဦးအား ဝန္ထမ္းလိုင္းခန္းအတြင္းမွ ဆြဲေခၚကာ လိုင္းခန္းေရွ႕ ေျမကြက္လပ္၌ ရက္စက္စြာပစ္ခတ္သတ္ျဖတ္ခဲ့ရာ ရရွိဒဏ္ရာမ်ားျဖင့္ ေသဆုံးသြားခဲ့ေၾကင္း သိရသည္။
အလားတူ ဇြန္လ ၁၄ ရက္ နံနက္ ၁၁ နာရီ ၂ဝ မိနစ္ခန႔္ကလည္း မေကြးတိုင္းေဒသႀကီး၊ ပခုကၠဴၿမိဳ႕နယ္၊ အမွတ္(၃)ရပ္ကြက္ရွိ အမွတ္(၁၇)အေျခခံပညာမူလတန္းလြန္ေက်ာင္းမွ အသက္(၂၈)ႏွစ္အ႐ြယ္ လက္ေထာက္ မူလတန္းျပဆရာမ ေဒၚဇင္မီလႈိင္သဘ္ ေနအိမ္၌ ရွိေနစဥ္ PDF အဖြဲ႕ဝင္ (၅) ဦးက ေသနတ္မ်ား ကိုင္ေဆာင္ကာ ဆိုင္ကယ္ (၅) စီးျဖင့္ ေရာက္ရွိလာၿပီး ေဒၚဇင္မီလႈိင္အား လက္ေနာက္ျပန္ႀကိဳးတုပ္၍ ဖမ္းဆီးေခၚေဆာင္သြားခဲ့ ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ေက်ာင္းအုပ္ဆရာမႀကီးႏွင့္ ခင္ပြန္း ျဖစ္သူတို႔အား ရက္စက္စြာသတ္ျဖတ္ခဲ့သူမ်ားႏွင့္ ေက်ာင္းဆရာမ (၁)ဦးအား ဖမ္းဆီးေခၚေဆာင္သြားသည့္ PDF အဖြဲ႕မ်ားအား ေဖာ္ထုတ္ဖမ္းဆီးအေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္ မ်ားက ေဒသခံျပည္သူမ်ားႏွင့္ ပူးေပါင္း၍ လိုအပ္သည့္လုံၿခဳံေရးလုပ္ငန္းမ်ား ဆက္လက္ေဆာင္႐ြက္လ်က္ရွိ ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ဇြန္လ ၁ ရက္ ႏွင့္ ၆ ရက္တို႔တြင္လည္း နတ္ေမာက္ၿမိဳ႕နယ္တြင္းမွ ေက်ာင္းအုပ္ဆရာမႀကီးတစ္ဦး ႏွင့္ အထက္တန္းျပေက်ာင္းဆရာမ လင္မယား(၂)ဦးတို႔ PDFအဖြဲ႕၏ အၾကမ္းဖက္သတ္ျဖတ္မႈခံခဲ့ရၿပီး (၂)ပတ္ေက်ာ္ ကာလအတြင္း ပညာေရးဝန္ထမ္း(၃)ဦး ေသဆုံးခဲ့ရေၾကာင္ သိရသည္။
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလမွစတင္ကာ (၄)ႏွစ္ေက်ာ္ကာလအတြင္း ပညာေရးဝန္ထမ္း(၈၀)ဦးေက်ာ္ PDFအဖြဲ႕၏ အၾကမ္းဖက္သတ္ျဖတ္ ျခင္းကို ခံခဲ့ရေၾကာင္း နစက၏သတင္းအခ်က္အလက္မ်ားအရ သိရသည္။