မိတ္ထီလာတွင် ညီအစ်ကိုချင်စကားများရာ ညီက အစ်ကိုဖြစ်သူကို စကေဘာဖြင့်ထိုးသတ်မှုဖြစ်ပွား

643

သန့်ဇင် (NP News) - ဇွန် ၁၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ရန်မျိုးအောင်ရပ်ကွက်၊ နယ်မြေ (၁)၊ စပါယ်ဦးတိုးချဲ့လမ်းတွင် ယမန်နေ့ (ဇွန်လ ၁၅ ရက်)၊ ည ၁ဝ နာရီ ၃ဝ မိနစ်ဝန်းကျင်အချိန်ခန့်က ညီအစ်ကိုအချင်းချင်းစကားများရာ ညီက အစ်ကို ဖြစ်သူကို စကေဘာဖြင့် ထိုးသတ်မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
“၁ဝ နာရီကျော်ကျော်လောက်တည်းက စကားများတယ်။ ညီက အစ်ကိုထိုးတာ။ ထိုးတော့ ရောက်သွားတဲ့ အချိန်မှာကြတော့ ယာဘက်မျက်ခုံးနားမှာ ဒဏ်ရာတစ်ခုပဲတွေ့တယ်။ တစ်ခုခုတော့ ထိုးထားလိမ့်မယ်ဆိုပြီး ရှာတော့ ဘယ်ဘက်ဝမ်းဗိုက်အောက်မှာ ထိုးသွင်းဒဏ်ရာ တစ်ချက်ရှိတယ်” ဟု ၎င်းက NP News ကို ပြောသည်။
အဆိုပါဖြစ်စဉ်တွင် အသက်(၂၆)နှစ်အရွယ် ညီဖြစ်သူ၏ သတ်ဖြတ်ခံရမှုကြောင့် တစ်အိမ်တည်းအတူနေထိုင်သည့် အသက်(၂၈)နှစ်အရွယ် အစ်ကိုဖြစ်သူမှာ အခင်းဖြစ်နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ကြည့်ရတာ စကေဘာလိုလိုနဲ့ ကြည့်ရတာက ဓားပုံစံလည်းတွေ့တယ်။ ဒဏ်ရာက ဝမ်းဗိုက်ဘယ်ဘက်အောက်မှာ ဒဏ်ရာတစ်ချက်ပဲ ထင်တယ်။ သေဆုံးသူက ၂၈ နှစ်၊ တစ်အိမ်တည်းအတူတူနေတာ။ သတ်ဖြတ်သူက ၂၆ နှစ်ပါ” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသားကို ဝန်ဇင်းလူငယ်လူမှုကူညီရေးအသင်းက မိတ္ထီလာမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

Zawgyi Version:
မိတၳီလာတြင္ ညီအစ္ကိုခ်င္စကားမ်ားရာ ညီက အစ္ကိုျဖစ္သူကို စေကဘာျဖင့္ထိုးသတ္မႈျဖစ္ပြား
သန႔္ဇင္ (NP News) - ဇြန္ ၁၆
မႏၲေလးတိုင္းေဒသႀကီး၊ မိတၳီလာၿမိဳ႕၊ ရန္မ်ိဳးေအာင္ရပ္ကြက္၊ နယ္ေျမ (၁)၊ စပါယ္ဦးတိုးခ်ဲ႕လမ္းတြင္ ယမန္ေန႔ (ဇြန္လ ၁၅ ရက္)၊ ည ၁ဝ နာရီ ၃ဝ မိနစ္ဝန္းက်င္အခ်ိန္ခန႔္က ညီအစ္ကိုအခ်င္းခ်င္းစကားမ်ားရာ ညီက အစ္ကို ျဖစ္သူကို စေကဘာျဖင့္ ထိုးသတ္မႈျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ႏွင့္ နီးစပ္သူတစ္ဦးထံမွ သိရသည္။
“၁ဝ နာရီေက်ာ္ေက်ာ္ေလာက္တည္းက စကားမ်ားတယ္။ ညီက အစ္ကိုထိုးတာ။ ထိုးေတာ့ ေရာက္သြားတဲ့ အခ်ိန္မွာၾကေတာ့ ယာဘက္မ်က္ခုံးနားမွာ ဒဏ္ရာတစ္ခုပဲေတြ႕တယ္။ တစ္ခုခုေတာ့ ထိုးထားလိမ့္မယ္ဆိုၿပီး ရွာေတာ့ ဘယ္ဘက္ဝမ္းဗိုက္ေအာက္မွာ ထိုးသြင္းဒဏ္ရာ တစ္ခ်က္ရွိတယ္” ဟု ၎က NP News ကို ေျပာသည္။
အဆိုပါျဖစ္စဥ္တြင္ အသက္(၂၆)ႏွစ္အ႐ြယ္ ညီျဖစ္သူ၏ သတ္ျဖတ္ခံရမႈေၾကာင့္ တစ္အိမ္တည္းအတူေနထိုင္သည့္ အသက္(၂၈)ႏွစ္အ႐ြယ္ အစ္ကိုျဖစ္သူမွာ အခင္းျဖစ္ေနရာတြင္ ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
“ၾကည့္ရတာ စေကဘာလိုလိုနဲ႔ ၾကည့္ရတာက ဓားပုံစံလည္းေတြ႕တယ္။ ဒဏ္ရာက ဝမ္းဗိုက္ဘယ္ဘက္ေအာက္မွာ ဒဏ္ရာတစ္ခ်က္ပဲ ထင္တယ္။ ေသဆုံးသူက ၂၈ ႏွစ္၊ တစ္အိမ္တည္းအတူတူေနတာ။ သတ္ျဖတ္သူက ၂၆ ႏွစ္ပါ” ဟု ၎က ဆက္လက္ေျပာသည္။
ထို႔ေၾကာင့္ ေသဆုံးသူအမ်ိဳးသားကို ဝန္ဇင္းလူငယ္လူမႈကူညီေရးအသင္းက မိတၳီလာၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။