ကျောက်မဲတွင် TNLA နှင့် SSPP တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား

614
သန့်ဇင် (NP News) - ဇွန် ၁၆
ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့နယ်အတွင်းရှိ ဟူးဆွန်ကျေးရွာတွင် ယမန်နေ့(ဇွန်လ ၁၅ ရက်)၊ ညနေပိုင်းက စတင်ကာ TNLA နဲ့ SSPP တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာတွင် TNLA နှင့် SSPP တို့ စခန်းနေရာလုရာမှ (၂)နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး (၂)ဖက်ထိ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။
ထွက်ပေါ်နေသော သတင်းများအရ အဆိုစခန်းသည် ယခင်က RCSS ထံမှ TNLA က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သော်လည်း SSPP က အဆိုပါစခန်းကုန်းသို့ ဝင်ရောက်တပ်စွဲထားသည့်အတွက် TNLA ဘက်မှ စစ်ကြောင်း (၃) ခုဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ထိတွေ့တိုက်ပွဲအတွင်း TNLA ဘက်မှ (၄)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး SSPP ဘက်မှာလည်း ထိခိုက်မှုများရှိခဲ့ကြောင်း သိရသည်။
Zawgyi Version:
ေက်ာက္မဲတြင္ TNLA ႏွင့္ SSPP တို႔ ထိေတြ႕တိုက္ပြဲျဖစ္ပြား
သန႔္ဇင္ (NP News) - ဇြန္ ၁၆
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ေက်ာက္မဲၿမိဳ႕နယ္အတြင္းရွိ ဟူးဆြန္ေက်း႐ြာတြင္ ယမန္ေန႔(ဇြန္လ ၁၅ ရက္)၊ ညေနပိုင္းက စတင္ကာ TNLA နဲ႔ SSPP တို႔ ထိေတြ႕တိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါ ေက်း႐ြာတြင္ TNLA ႏွင့္ SSPP တို႔ စခန္းေနရာလုရာမွ (၂)နာရီခန႔္ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး (၂)ဖက္ထိ ထိခိုက္ေသဆုံးမႈမ်ားရွိခဲ့ေၾကာင္း သိရသည္။
ထြက္ေပၚေနေသာ သတင္းမ်ားအရ အဆိုစခန္းသည္ ယခင္က RCSS ထံမွ TNLA က ဝင္ေရာက္တိုက္ခိုက္ခဲ့ျခင္းျဖစ္ေသာ္လည္း SSPP က အဆိုပါစခန္းကုန္းသို႔ ဝင္ေရာက္တပ္စြဲထားသည့္အတြက္ TNLA ဘက္မွ စစ္ေၾကာင္း (၃) ခုျဖင့္ ဝင္ေရာက္တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ထိေတြ႕တိုက္ပြဲအတြင္း TNLA ဘက္မွ (၄)ဦး ျပင္းထန္ဒဏ္ရာရရွိခဲ့ၿပီး SSPP ဘက္မွာလည္း ထိခိုက္မႈမ်ားရွိခဲ့ေၾကာင္း သိရသည္။