တန့်ဆည်တွင် PDF များမိုင်းထောင်သည့်အတွက် လယ်ဧကရာချီ မစိုက်ပျိုးနိုင်

 278

သက်ပိုင် (NP News) - ဇွန် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင် တန့်ဆည်မြို့နယ်တွင် PDF များ မိုင်းထောင်ထားမှုများကြောင့် လယ်သမားများအနေဖြင့် ရာနှင့်ချီသော လယ်ဧကများတွင် လယ်ယာလုပ်ငန်း မလုပ်ကိုင်နိုင်တော့ကြောင်း ဒေသခံလယ်သမားများထံမှ သိရသည်။

တန့်ဆည်မြို့အဝင်ရှိ ကျေးရွာများမှ ဒေသခံလယ်သမားများ လယ်ပြင်သို့သွားရာတွင် အသုံးပြု သောလမ်းများ၊ လယ်ကွင်းပြင်များနှင့် သွားလာရာ လမ်းများတွင် မိုင်းထောင်ထားခြင်းဖြစ်ပြီး ထိုမိုင်းများ ကြောင့် ဒေသခံ လယ်သမားတစ်ဦး သေဆုံးကာ နှစ်ဦးမှာ ခြေပြတ်ခဲ့ရကြောင်း အမည်မဖော်လိုသည့် ဒေသခံလယ်သမားတစ်ဦးက NP News သို့ ပြောသည်။

“သူတို့(PDF) မိုင်းထောင်နေတာလည်း လှမ်းမြင်နေရတယ်။ လှည်းလမ်းတွေ၊ လယ်တွေကြားထဲ မှာ လယ်သမားတွေ လယ်မလုပ်နိုင်အောင် မိုင်း တွေ ထောင်နေကြတယ်။ ထွန်စက်ငှားခတွေက ဈေး တန်တော့ လယ်လုပ်မလို့ကို အခုလိုမိုင်းထောင်ထား တော့ လယ်မလုပ်ရတော့ဘူး။ တပ်က ကျွန်တော် တို့ ရွာနားမှာထိုင်ထားတော့ ကျွန်တော်တို့ရွာပြင်က လယ်တွေကိုသွားတဲ့လမ်းမှာ PDF က မိုင်းထောင် ထားပြီးတော့ လယ်ရှိတဲ့ဘက်ကို မသွားရတော့ဘူးလို့ပြောတယ်။ အခုလယ်မလုပ်ရတော့ နွားစာရော လူစာရောလိုတော့ အရမ်းနစ်နာတာပေါ့” ဟု အဆိုပါ လယ်သမားက ရှင်းပြသည်။

ထိုသို့ မိုင်းထောင်ထားသည့်အတွက် ရာနှင့်ချီသော လယ်ဧကများမှာ လယ်ယာစိုက်ပျိုးရေး မလုပ်ကိုင်နိုင်တော့ကြောင်းနှင့် နစ်နာသူ လယ်သမား (၅၀) ဦးခန့်ရှိကြောင်း ဒေသခံ လယ်သမားများ ထံမှ သိရသည်။

ယခင်နှစ်က စိုးရိမ်စိတ်ဖြင့် လယ်ယာလုပ်ငန်းများလုပ်ကိုင်ခွင့်ရခဲ့သော်လည်း ယခုနှစ်တွင် ပြည် သူများ အဓိကသွားလာနေသည့်လမ်းတွင်ပါ မိုင်းထောင်ပြီး လယ်ယာလုပ်ငန်းလုပ်ကိုင်ခွင့် မပေးတော့ ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

PDF အမည်ခံအကြမ်းဖက်သမားများ သည် အများပြည်သူများ အထိတ်တလန့်ဖြစ်စေရန်၊ အေး ချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်နေမှုများကို နှောင့်ယှက်ရန်၊ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည် စီးဆင်းမှုများ အခက်အခဲများ ဖြစ်ပေါ်စေရန် နှင့် အကြောက်တရားများ ပိုမိုဖြစ်ပေါ်စေရန် ရည်ရွယ်၍ မြို့၊ ရွာ၊ ရပ်ကွက်၊ ကျေးရွာများ၊ လမ်း၊ တံတားများ၌ မိုင်းထောင်ဖောက်ခွဲခြင်းများကို လုပ်ဆောင်လျက်ရှိ ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇွန်လ (၁) ရက်နှင့် ဇွန်လ (၇) ရက် ကလည်း ပခုက္ကူမြို့နယ်မှ အများပြည်သူသွား လာရာ ကားလမ်းမ ဘေးဘယ်ညာတစ်လျှောက်တွင် PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထား သည့် ဒေသန္တရ လက်လုပ်မိုင်းများတွေ့ရှိရှင်းလင်းခဲ့ရကြောင်း နစက သတင်းထုတ်ပြန်ချက်များအရ သိရသည်။

zawgyi version
တန႔္ဆည္တြင္ PDF မ်ားမိုင္းေထာင္သည့္အတြက္ လယ္ဧကရာခ်ီ မစိုက္ပ်ိဳးႏိုင္
သက္ပိုင္ (NP News) - ဇြန္ ၁၇

စစ္ကိုင္းတိုင္းေဒသႀကီး၊ ေရဦးခ႐ိုင္ တန႔္ဆည္ၿမိဳ႕နယ္တြင္ PDF မ်ား မိုင္းေထာင္ထားမႈမ်ားေၾကာင့္ လယ္သမားမ်ားအေနျဖင့္ ရာႏွင့္ခ်ီေသာ လယ္ဧကမ်ားတြင္ လယ္ယာလုပ္ငန္း မလုပ္ကိုင္ႏိုင္ေတာ့ေၾကာင္း ေဒသခံလယ္သမားမ်ားထံမွ သိရသည္။

တန႔္ဆည္ၿမိဳ႕အဝင္ရွိ ေက်း႐ြာမ်ားမွ ေဒသခံလယ္သမားမ်ား လယ္ျပင္သို႔သြားရာတြင္ အသုံးျပဳ ေသာလမ္းမ်ား၊ လယ္ကြင္းျပင္မ်ားႏွင့္ သြားလာရာ လမ္းမ်ားတြင္ မိုင္းေထာင္ထားျခင္းျဖစ္ၿပီး ထိုမိုင္းမ်ား ေၾကာင့္ ေဒသခံ လယ္သမားတစ္ဦး ေသဆုံးကာ ႏွစ္ဦးမွာ ေျချပတ္ခဲ့ရေၾကာင္း အမည္မေဖာ္လိုသည့္ ေဒသခံလယ္သမားတစ္ဦးက NP News သို႔ ေျပာသည္။

“သူတို႔(PDF) မိုင္းေထာင္ေနတာလည္း လွမ္းျမင္ေနရတယ္။ လွည္းလမ္းေတြ၊ လယ္ေတြၾကားထဲ မွာ လယ္သမားေတြ လယ္မလုပ္ႏိုင္ေအာင္ မိုင္း ေတြ ေထာင္ေနၾကတယ္။ ထြန္စက္ငွားခေတြက ေဈး တန္ေတာ့ လယ္လုပ္မလို႔ကို အခုလိုမိုင္းေထာင္ထား ေတာ့ လယ္မလုပ္ရေတာ့ဘူး။ တပ္က ကြၽန္ေတာ္ တို႔ ႐ြာနားမွာထိုင္ထားေတာ့ ကြၽန္ေတာ္တို႔႐ြာျပင္က လယ္ေတြကိုသြားတဲ့လမ္းမွာ PDF က မိုင္းေထာင္ ထားၿပီးေတာ့ လယ္ရွိတဲ့ဘက္ကို မသြားရေတာ့ဘူးလို႔ေျပာတယ္။ အခုလယ္မလုပ္ရေတာ့ ႏြားစာေရာ လူစာေရာလိုေတာ့ အရမ္းနစ္နာတာေပါ့” ဟု အဆိုပါ လယ္သမားက ရွင္းျပသည္။

ထိုသို႔ မိုင္းေထာင္ထားသည့္အတြက္ ရာႏွင့္ခ်ီေသာ လယ္ဧကမ်ားမွာ လယ္ယာစိုက္ပ်ိဳးေရး မလုပ္ကိုင္ႏိုင္ေတာ့ေၾကာင္းႏွင့္ နစ္နာသူ လယ္သမား (၅၀) ဦးခန႔္ရွိေၾကာင္း ေဒသခံ လယ္သမားမ်ား ထံမွ သိရသည္။

ယခင္ႏွစ္က စိုးရိမ္စိတ္ျဖင့္ လယ္ယာလုပ္ငန္းမ်ားလုပ္ကိုင္ခြင့္ရခဲ့ေသာ္လည္း ယခုႏွစ္တြင္ ျပည္ သူမ်ား အဓိကသြားလာေနသည့္လမ္းတြင္ပါ မိုင္းေထာင္ၿပီး လယ္ယာလုပ္ငန္းလုပ္ကိုင္ခြင့္ မေပးေတာ့ ျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

PDF အမည္ခံအၾကမ္းဖက္သမားမ်ား သည္ အမ်ားျပည္သူမ်ား အထိတ္တလန႔္ျဖစ္ေစရန္၊ ေအး ခ်မ္းစြာ ေနထိုင္လုပ္ကိုင္စားေသာက္ေနမႈမ်ားကို ေႏွာင့္ယွက္ရန္၊ လမ္းပန္းဆက္သြယ္ေရးႏွင့္ ကုန္စည္ စီးဆင္းမႈမ်ား အခက္အခဲမ်ား ျဖစ္ေပၚေစရန္ ႏွင့္ အေၾကာက္တရားမ်ား ပိုမိုျဖစ္ေပၚေစရန္ ရည္႐ြယ္၍ ၿမိဳ႕၊ ႐ြာ၊ ရပ္ကြက္၊ ေက်း႐ြာမ်ား၊ လမ္း၊ တံတားမ်ား၌ မိုင္းေထာင္ေဖာက္ခြဲျခင္းမ်ားကို လုပ္ေဆာင္လ်က္ရွိ ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက ထုတ္ျပန္ထားသည္။

ၿပီးခဲ့သည့္ ဇြန္လ (၁) ရက္ႏွင့္ ဇြန္လ (၇) ရက္ ကလည္း ပခုကၠဴၿမိဳ႕နယ္မွ အမ်ားျပည္သူသြား လာရာ ကားလမ္းမ ေဘးဘယ္ညာတစ္ေလွ်ာက္တြင္ PDF အမည္ခံ အၾကမ္းဖက္သမားမ်ား ေထာင္ထား သည့္ ေဒသႏၲရ လက္လုပ္မိုင္းမ်ားေတြ႕ရွိရွင္းလင္းခဲ့ရေၾကာင္း နစက သတင္းထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.