ကိုလိုနီဆိုးမွေတစ်ခုရဲ့ အရင်းခံ ထိုင်း-ကမ္ဘောဒီးယားနယ်နိမိတ် ပဋိပက္ခ

 563

တင်ဇာ (NP News) - ဇွန် ၁၇

ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံတပ်ဖွဲ့ တွေဟာ နယ်စပ်မှာ ထိပ်တိုက်တွေ့ပြီး ကမ္ဘောဒီးယား စစ်သားတစ်ဦး သေဆုံးပြီးနောက် နှစ်ဖက်စလုံးက စစ်အင်အားတိုးချဲ့ခဲ့ကြရာကနေ နဂိုရှိရင်းစွဲ နယ်စပ် နေရာတွေကို ပြန်လည်ရုပ်သိမ်းဖို့ သဘောတူညီခဲ့ကြကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန က ဇွန်လ (၈) ရက် တနင်္ဂနွေနေ့မှာ အတည်ပြုခဲ့တယ်။ မေလ (၂၈) ရက်က အတိအကျပိုင်းခြား သတ် မှတ်ထားခြင်း မရှိတဲ့နယ်မြေတစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်အပြီး နှစ်ဖက်စလုံးက တင်းမာမှုတွေကို လျှော့ချလိုကြောင်း ကမ္ဘောဒီးယားထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။ ထိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး ဖုသမ်ဝိဇ ယချိုင်က နှစ်နိုင်ငံစလုံးဟာ အခြေအနေကို ဖြေ လျှော့ဖို့ ဆွေးနွေးနေပြီး (၂၀၂၄) ခုနှစ်မှာ သဘောတူထားတဲ့ မူလနေရာတွေဆီ ပြန်သွားမယ်လို့ ပြောကြား ပြီးတဲ့နောက် အခုလို ထုတ်ပြန်ခဲ့တာ ဖြစ်တယ်။ အစိုးရနှစ်ရပ်စလုံးဟာ ငြိမ်းချမ်းတဲ့ဖြေရှင်းနည်းကို ရှာဖွေဖို့ ကတိပြုတယ်လို့ ထုတ်ပြန် ကြေညာခဲ့ကြတယ်။

ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ (၆) ရက်မှာ ထိုင်းအရာရှိတွေဆီပေးပို့တဲ့ စာတစ်စောင်မှာ နယ်စပ်အငြင်းပွားမှုတွေကို အပြည် ပြည်ဆိုင်ရာတရားရုံး (ICJ) ဆီတင်သွင်းဖို့ ထပ်မံ အတည်ပြုခဲ့တယ်။ “ဒီအငြင်းပွားမှုတွေရဲ့ ရှုပ်ထွေးမှု၊ သမိုင်းကြောင်းနဲ့ အထိအခိုက်မခံတဲ့ သဘော သဘာဝအရ နှစ်ဖက်ဆွေးနွေးမှုတစ်ခုတည်းနဲ့ ပြည့်စုံပြီး ရေရှည်တည်တံ့တဲ့ ဖြေရှင်းချက်ကို ရရှိဖို့ လုံလောက်တော့မှာ မဟုတ်ဘူးဆိုတာ ပိုပြီး ထင်ရှားလာတယ်” လို့ နိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခွန်က တနင်္ဂနွေ နေ့မှာ သတင်းထောက်တွေကို ပြောကြားခဲ့တယ်” နိုင်ငံတကာဥပဒေကို အခြေခံပြီး ICJ က ဆုံးဖြတ်ပေးတာဟာ တရားမျှတပြီး ဘက်မလိုက်တဲ့ ရေရှည်တည်တံ့တဲ့ ဖြေရှင်း ချက်ကို ပေးနိုင်ပါလိမ့်မယ်” လို့ သူက ဆိုတယ်။

ထိုင်းအစိုးရကတော့ တရားရုံးရဲ့ တရား စီရင်ပိုင်ခွင့်ကို အသိအမှတ်မပြုဘူးလို့ ပြောကြားခဲ့ပြီး နယ်စပ်နဲ့ပတ်သက်တဲ့ ပြဿနာအားလုံးကို နှစ်ဖက် ညှိနှိုင်းမှုတွေကနေတစ်ဆင့် ဖြေရှင်းဖို့ အဆိုပြုခဲ့ တယ်။ နောက်ဆုံးဖြစ်ပွားခဲ့တဲ့ တင်းမာမှုမှာ ထိုင်း နိုင်ငံက လုံခြုံရေးအခြေအနေအရ ကမ္ဘောဒီးယားနဲ့ နယ်စပ် ဖြတ်ကျော်ဝင်ရောက်နိုင်တဲ့ နေရာ (၁၀) ခုရဲ့ လုပ်ငန်းဆောင်ရွက်ချိန်တွေကို လျှော့ချခဲ့ပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီးယားအစိုးရတွေဟာ အရင်ခေါင်း ဆောင်ဟောင်းတွေဖြစ်ကြတဲ့ သက်ဆင်ရှင်နာဝပ်နဲ့ ကမ္ဘောဒီးယားက ဟွန်ဆန်တို့လက်ထက်မှာ ဆက်ဆံ ရေး ကောင်းမွန်ခဲ့ကြဖူးတယ်။ သက်ဆင်ရဲ့ သမီးဖြစ် သူ ပေထုန်တန် ရှင်နာဝပ်နဲ့ ဟွန်ဆန်ရဲ့ သားဖြစ်သူ ဟွန်မာနက်တို့ဟာ လက်ရှိမှာ သူတို့နိုင်ငံတွေရဲ့ ဝန်ကြီးချုပ်အသီးသီး ဖြစ်နေကြပြီး ဒီပဋိပက္ခကြောင့် သူတို့ကြား ဆက်ဆံရေးဟာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့တယ်။

အခုဖြစ်ပွားတဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားကြား နယ်နိမိတ်ပြဿနာတွေရဲ့အစက (၂၀၂၅) ခုနှစ်၊ မေလ (၂၈) ရက်က Emerald Triangle မှာ စစ်ရေး ပဋိပက္ခဖြစ်ပြီး ကမ္ဘောဒီးယားစစ်သားတစ်ဦး သေဆုံးခဲ့ရတာကြောင့် ဖြစ်တယ်။ Emerald Triangle ဆိုတာ လာအို၊ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ တြိဂံပုံသဏ္ဌာန်ဒေသ တစ်ခုဖြစ်ပြီး Dângrêk တောင်တန်းတွေနဲ့ မဲခေါင် မြစ်ဝှမ်း အနီးမှာရှိတဲ့ မိုးသစ်တောကြီးပါ။

တောင်အာရှမှာတော့ ဗြိတိသျှကိုလိုနီ စာချုပ်တွေအရ နယ်နိမိတ်တွေကို မြစ်ဝှမ်းတွေပေါ် အခြေခံပြီး သတ်မှတ်ခဲ့ကြတယ်။ ဥပမာ- ကာလီမြစ်က အိန္ဒိယနဲ့ နီပေါကြား နယ်နိမိတ်အပိုင်းအခြား တစ်ခုဖြစ်စေခဲ့တယ်။ ဒါပေမယ့် မြစ်ဝှမ်းတွေရဲ့သဘာဝအတိုင်း ရွေ့လျားနေတဲ့အတွက် နယ်နမိတ် ပဋိပက္ခတွေ ပေါ်ပေါက်လာခဲ့တယ်။ ဆန့်ကျင်ဘက်အနေနဲ့ အရှေ့တောင်အာရှမှာတော့ (၁၉၀၄) ခုနှစ်က လက်မှတ်ရေးထိုးခဲ့တဲ့ ပြင်သစ်ကိုလိုနီ စာချုပ်အရ တောင်တန်းတွေကို နယ်နိမိတ်အဖြစ် သတ်မှတ်ခဲ့ တယ်။ Franco-Siamese (၁၉၀၄) စာချုပ်က (၂၀) ရာစုမှာ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွေရဲ့ နယ် နိမိတ်ကို သတ်မှတ်ဖို့အတွက် အခြေခံ ဖြစ်ခဲ့တယ်လို့ ဆိုတယ်။ ဒီစာချုပ်အရ Dângrêk တောင်တန်း တွေကို ပြင်သစ်အင်ဒိုချိုင်းနား (ယခု- ကမ္ဘောဒီးယားနဲ့ လာအို) နဲ့ ဆိုင်ယမ် (ယခု- ထိုင်း) ကြား နယ် နိမိတ် သတ်မှတ်ဖို့ အပိုင်းအခြားတစ်ခုအဖြစ် လက်ခံခဲ့ကြတယ်။ ဒါပေမဲ့ တိကျတဲ့ နယ်နိမိတ် သတ် မှတ်ချက်၊ အတိအကျဘယ်နေရာမှာလဲဆိုတာ ကိုတော့ ချန်လှန်ထားခဲ့တယ်။ အဲဒီလို ချန်လှပ်ထားခဲ့ တာကြောင့် ထိုင်းနဲ့ ကမ္ဘောဒီးယားကြား ရာစုနှစ်ချီ နယ်နိမိတ်ပဋိပက္ခဖြစ်ပေါ်စေခဲ့ပြီး ဒီနယ်စပ်က အရှေ့တောင်အာရှမှာ ထိလွယ်ရှလွယ်အဖြစ်ဆုံး နေရာဖြစ်လာခဲ့တယ်။

(၁၉၀၄) ခုနှစ်၊ စာချုပ်မှာတော့ နယ်နိမိတ်ကို Dângrêk တောင်တန်းတွေရဲ့ သဘာဝ ရေဝေ ကြောအတိုင်း သတ်မှတ်မယ်လို့ ပြဋ္ဌာန်းထား တာပါ။ ဒါပေမဲ့ နောက်ပိုင်း (၁၉၀၇) ခုနှစ်မှာ ပြင်သစ်မြေ တိုင်းပညာရှင်တွေထုတ်ဝေခဲ့တဲ့ မြေပုံကတော့ ဒီမူကနေ သွေဖည်သွားခဲ့ပြီး Preah Vihear ဘုရား ကျောင်းကို ကမ္ဘောဒီးယားနယ်မြေထဲထည့် သွင်းဖော်ပြခဲ့တယ်။ ထိုင်းနိုင်ငံကတော့ မကြာသေးမီက ဒီ မြေပုံဟာ နယ်နိမိတ်သတ်မှတ်ရေးအတွက် ဖွဲ့စည်းထားတဲ့ ပူးတွဲကော်မရှင်က တရားဝင် အတည်ပြုခဲ့ တာမဟုတ်ဘူးလို့ ဖော်ပြခဲ့တယ်။

ဘုရားကျောင်းတည်နေရာနဲ့ပတ်သက်ပြီး ရှင်းလင်းမှုမရှိတာကြောင့် အငြင်းပွားမှုတွေ ကြာမြင့်ခဲ့ ရတယ်။ (၁၉၆၂) ခုနှစ်မှာ ICJ က ဒီကိစ္စကို စီရင် ဆုံးဖြတ်ခဲ့ရာမှာ ထိုင်းနိုင်ငံက (၁၉၀၇) ခုနှစ် မြေပုံကို ဆယ်စုနှစ်များစွာကတည်းက ကန့်ကွက်မှုမရှိဘဲ လက်ခံအသုံးပြုခဲ့တဲ့အပေါ်အခြေခံပြီး ကမ္ဘောဒီးယား ဘက်ကို အနိုင်ပေးခဲ့တယ်။ တရားရုံးက ထိုင်းနိုင်ငံဟာ မြေပုံရဲ့သတ်မှတ်ချက်ကို သဘောတူလက်ခံခဲ့ တာဖြစ်လို့ ဘုရားကျောင်းအပေါ် ပိုင်ဆိုင်မှုတောင်းဆို ခွင့်ကို ငြင်းပယ်လိုက်တာဖြစ်တယ်လို့ အလေး ထား ပြောကြားခဲ့တယ်။ ဒီစီရင်ချက်ချပြီးပေမယ့် (၂၀ဝ၈) ခုနှစ်မှာ ကမ္ဘောဒီးယားက ဘုရားကျောင်း အတွက် ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ဖို့ တင်သွင်းခဲ့ရာကနေ တင်းမာမှုတွေ ပြန်လည် ပေါ်ပေါက်ခဲ့ပြီး စစ်ရေးပဋိပက္ခတွေနဲ့ သံတမန်ရေးရာ တင်းမာမှုတွေ ဖြစ်ပေါ်စေခဲ့ပြန်တယ်။

စိတ်ဝင်စားစရာကောင်းတာက ထိုင်းနိုင်ငံ နဲ့ လာအိုနိုင်ငံ နယ်စပ်ကလည်း ကိုလိုနီစာချုပ်တွေရဲ့ ရလဒ်ဖြစ်ပေမယ့် ဆက်ဆံရေး ငြိမ်းချမ်းနေဆဲပါပဲ။ အဲဒီမှာဆိုရင် Franco-Siamese သဘောတူညီချက် တွေအရ မဲခေါင်မြစ်တစ်လျှောက် နယ်နိမိတ်ကို ရှင်းရှင်း လင်းလင်းသတ်မှတ်ခဲ့တာကြောင့် အငြင်းပွား စရာ သိပ်မရှိခဲ့ပါဘူး။ ဒါ့ပြင် နယ်စပ်ဧရိယာတွေမှာ ထင်ရှားတဲ့ ယဉ်ကျေးမှုဆိုင်ရာ သို့မဟုတ် သမိုင်းဝင် နေရာတွေ မရှိတာကလည်း ပဋိပက္ခဖြစ်နိုင်ခြေတွေကို လျှော့ချပေးခဲ့တယ်။ ဒီခြားနားချက်က ရှင်းလင်း တဲ့ နယ်နိမိတ် သတ်မှတ်ချက်တွေနဲ့ အငြင်းပွားဖွယ် အထင်ကရ နေရာတွေ မရှိခြင်းက နိုင်ငံတကာ နယ် နိမိတ်တွေ တည်ငြိမ်ဖို့ ဘယ်လိုအထောက်အကူပြုနိုင်လဲဆိုတာကို မီးမောင်းထိုးပြနေတယ်။

Preah Vihear ဘုရားကျောင်းကတော့ နှစ်နိုင်ငံစလုံးအတွက် နက်ရှိုင်းတဲ့ ယဉ်ကျေးမှုနဲ့ သမိုင်း ဆိုင်ရာ အရေးပါမှုတွေ ရှိနေတယ်။ ကမ္ဘောဒီးယားအတွက် ခမာအင်ပါယာရဲ့ ခမ်းနားထည်ဝါမှုနဲ့ အမျိုး သား အမွေအနှစ်ကို ကိုယ်စားပြုနေတယ်။ ထိုင်းနိုင်ငံအတွက်ကတော့ သူ့နိုင်ငံအနီးအနားမှာ တည်ရှိ တာနဲ့ သမိုင်းကြောင်းဆိုင်ရာ ဆက်နွှယ်မှုတွေက ယဉ်ကျေးမှုအမွေအနှစ်ကို ခံစားမိစေတယ်။ သူတို့ နှစ် နိုင်ငံကြား ဒီလိုကွဲပြားမှုတွေက အမျိုးသားရေးစိတ်ဓာတ်တွေကိုအားကောင်းစေပြီး သံတမန် ရေးရာ ကြိုးပမ်းမှုတွေကို ရှုပ်ထွေးစေတယ်။ ဒီလိုနဲ့ ဘုရားကျောင်းဟာ နှစ်နိုင်ငံစလုံးအတွက် အချုပ်အခြာ အာဏာနဲ့ ကိုယ်ပိုင်လက္ခဏာရဲ့ သင်္ကေတ တစ်ခုဖြစ်လာစေခဲ့တယ်။

ICJ က ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့ကြား Preah Vihear ဘုရားကျောင်းအငြင်းပွားမှုနဲ့ပတ် သက်ပြီး (၁၉၆၂) နဲ့ (၂၀၁၃) ခုနှစ်တွေမှာ အရေး ကြီးတဲ့ စီရင်ချက်နှစ်ခု ချမှတ်ခဲ့တယ်။ ဒီဆုံးဖြတ်ချက် တွေရှိနေပေမယ့်လည်း နယ်စပ်ပဋိပက္ခက မပြေ လည်သေးဘဲ မကြာသေးခင်ကမှ ICJ မှာ အမှု အသစ် တစ်ခုတင်သွင်းဖို့ ဖြစ်ပေါ်တိုးတက်မှုတွေ ရှိလာတယ်။ ဒီလို ဆက်တိုက်ဖြစ်နေတဲ့ အငြင်းပွားမှုက သမိုင်း ဝင်စာချုပ်တွေနဲ့ မြေပုံတွေကို အနက် ဖွင့်ဆိုရာမှာ ရှုပ်ထွေးမှုတွေရှိသလို အမျိုးသားရေး စိတ်ဓာတ်တွေ က နိုင်ငံတကာဥပဒေလုပ်ငန်းစဉ်တွေအပေါ် လွှမ်းမိုးမှုတွေရှိနေတယ်ဆိုတာ အထင်းသား ပေါ်လွင်နေပါတယ်။

(၂၀၂၅) ခုနှစ် မေလမှာ Preah Vihear ပြည်နယ်၊ မိုရိုကော့ရွာအနီး စစ်ရေးပဋိပက္ခ ဖြစ်ပွားခဲ့ ရာမှာ ကမ္ဘောဒီးယားစစ်သား တစ်ဦး သေဆုံးခဲ့ရတယ်။ ဒါကြောင့် ကမ္ဘောဒီးယားက Ta Moan Thom? Ta Moan Toch နဲ့ Ta Kro Bei ဘုရားကျောင်းတွေရဲ့ ပတ်ဝန်းကျင်မှာ ဖြစ်ပွားနေတဲ့ နယ်စပ်အငြင်းပွား မှုတွေကိုဖြေရှင်းဖို့ ICJ ကနေ စီရင်ချက်အသစ်တစ်ခုရယူဖို့ စီစဉ်နေကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က နောက်ထပ်ပဋိပက္ခတွေ မဖြစ်ပွားစေဖို့အတွက် တိကျတဲ့ ဥပဒေရေးရာ ဖြေရှင်းချက် လိုအပ်တယ်လို့ အလေးထားပြောကြားခဲ့တယ်။ Preah Vihear အငြင်းပွား မှုက နှစ်နိုင်ငံစလုံးရဲ့ အမျိုးသားရေးစိတ်ဓာတ်ထက်သန်မှုရဲ့ အဓိက ရင်းမြစ်တစ်ခုဖြစ်နေခဲ့တယ်။ (၁၉၆၂) ခုနှစ် ICJ စီရင်ချက်က ထိုင်းနိုင်ငံမှာ အငြင်းပွားစရာကိစ္စအဖြစ် ကျန်ရှိနေဆဲဖြစ်ပြီး ပြည်တွင်း နိုင်ငံရေးမှာ မကြာခဏ ဆိုသလို ကိုးကားဖော်ပြခံရတယ်။ အလားတူပဲ ကမ္ဘောဒီးယားကလည်း ဘုရားကျောင်းကို အမျိုးသား အမွေအနှစ်အဖြစ် သတ်မှတ်သလို အချုပ်အခြာအာဏာဆိုင်ရာ ပြယုဂ် တစ်ခုအဖြစ် ရှုမြင်နေပါတယ်။ ဒီလိုစိတ်ဓာတ်တွေက သံတမန်ရေးရာ ကြိုးပမ်းအားထုတ်မှုတွေကို ရှုပ်ထွေးစေသလို ပဋိပက္ခတွေကို ပိုမိုရှည်ကြာစေပါတယ်။

အရင်က အာဆီယံရဲ့ ပါဝင်ပတ်သက်မှုတွေ ရှိခဲ့ပေမယ့် အငြင်းပွားမှုအတွက် တိကျတဲ့ ဖြေရှင်း ချက် ရှာမတွေ့သေးတာကြောင့် ကမ္ဘောဒီးယားက ICJ ကို ဦးစားပေးရွေးချယ်ခဲ့တာဖြစ်တယ်။ ဒေသ တွင်း အဖွဲ့အစည်းတစ်ခုအနေနဲ့ အာဆီယံကို ဘုံ သဘောတူညီမှု၊ ဝင်ရောက်မစွက်ဖက်ရေးနဲ့ အချုပ် အခြာအာဏာကို အပြန်အလှန်လေးစားမှုဆိုတဲ့ မူတွေပေါ်မှာ ထူထောင်ထားပါတယ်။ ဒီမူတွေကြောင့် ကွဲပြားတဲ့ အဖွဲ့ဝင် နိုင်ငံတွေကြား သဟဇာတဖြစ်မှုကို ထိန်းသိမ်းထားနိုင်ပေမယ့် ရှုပ်ထွေးတဲ့ နယ်မြေ ပိုင်နက် အငြင်းပွားမှုတွေကို ဖြေရှင်းရာမှာတော့ သူ့ရဲ့ထိရောက်မှုက အကန့်အသတ်ဖြစ်စေခဲ့တယ်။ (၂၀ဝ၈-၂၀၁၁) ခုနှစ်၊ Preah Vihear တင်းမာမှုတွေ အမြင့်ဆုံးရောက်နေချိန်တုန်းက အာဆီယံက ကြား ဝင်စေ့စပ်ဖို့ ကြိုးပမ်းခဲ့ဖူးတယ်။ ပြီးတော့ အပစ်အခတ်ရပ်စဲရေးကို အဆိုပြုခဲ့ပြီး လေ့လာရေးမစ်ရှင်တွေ ကိုတောင် ပေးပို့ခဲ့ပါသေးတယ်။ ဒါပေမဲ့ သူ့ရဲ့ သံတမန်ရေးရာ ယန္တရားတွေက စည်းနှောင်မှု မရှိနေဘဲ ပြင်ပအဖွဲ့အစည်းတွေက ပါဝင်ဖြေရှင်းဖို့ ကြိုးပမ်းတဲ့ အခါတိုင်း ကာယကံရှင်တွေရဲ့ ခုခံမှုတွေကြောင့် နှောင့်နှေးကြန့်ကြာခဲ့ပါတယ်။ အာဆီယံမှာ ဥပဒေရေးရာ ယန္တရားတွေနဲ့ စည်းနှောင်မှုမရှိတဲ့ ဥပဒေတွေ မရှိတာကြောင့် အဓိက ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အားနည်းစေခဲ့တယ်။

နှစ်ဖက်စလုံးက ICJ ရဲ့ တရားစီရင်ပိုင် ခွင့်ကို ထပ်မံနာခံဖို့ သဘောတူမယ်ဆိုရင်တော့ တရားရုံး က ရေရှည်တည်တံ့တဲ့ ဥပဒေရေးရာ ဖြေ ရှင်းချက်ကို ပေးကောင်းပေးနိုင်ပါတယ်။ ဒါပေမဲ့ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့ကတော့ နှစ်ဖက်အစိုးရရဲ့ နိုင်ငံရေးဆန္ဒပေါ်မှာပဲ မူတည်နေပါတယ်။ ICJ က နောက်ဆုံးအကြိမ်အနေနဲ့ ကမ္ဘောဒီးယားကို သူလိုချင်တဲ့ ဥပဒေရေးရာ အပြီးသတ်ဆုံး ဖြတ်ချက်နဲ့ ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြုမှုကို ပေးနိုင်မယ်လို့ ယုံကြည်ရတယ်။ အာဆီယံကတော့ သံတမန် ရေးရာအရ အသုံးဝင်ပေမယ့် ကန့်သတ်ချက်ရှိတဲ့ ပဋိပက္ခဖြေရှင်းရေး ယန္တရားတစ်ခုဖြစ် တာကြောင့် အားကိုးလို့ မရနိုင်ပါဘူး။ သမိုင်းကြောင်း၊ ယဉ်ကျေးမှုနဲ့ နိုင်ငံရေးရှုထောင့်တွေ ပါဝင်ပတ်သက်နေတဲ့ နယ်မြေပိုင်နက် အငြင်းပွားမှုတွေမှာ ဥပဒေအရ တရားဝင်စီရင်ဆုံးဖြတ်မှုကသာ ရေရှည်တည်တံ့ပြီး ငြိမ်းချမ်းတဲ့ ဖြေရှင်းချက်ရရှိဖို့ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။

zawgyi version
ကိုလိုနီဆိုးေမြတစ္ခုရဲ႕ အရင္းခံ ထိုင္း-ကေမာၻဒီးယားနယ္နိမိတ္ ပဋိပကၡ
တင္ဇာ (NP News) - ဇြန္ ၁၇

ထိုင္းနဲ႔ ကေမာၻဒီးယား ႏွစ္ႏိုင္ငံတပ္ဖြဲ႕ ေတြဟာ နယ္စပ္မွာ ထိပ္တိုက္ေတြ႕ၿပီး ကေမာၻဒီးယား စစ္သားတစ္ဦး ေသဆုံးၿပီးေနာက္ ႏွစ္ဖက္စလုံးက စစ္အင္အားတိုးခ်ဲ႕ခဲ့ၾကရာကေန နဂိုရွိရင္းစြဲ နယ္စပ္ ေနရာေတြကို ျပန္လည္႐ုပ္သိမ္းဖို႔ သေဘာတူညီခဲ့ၾကေၾကာင္း ကေမာၻဒီးယား ကာကြယ္ေရးဝန္ႀကီးဌာန က ဇြန္လ (၈) ရက္ တနဂၤေႏြေန႔မွာ အတည္ျပဳခဲ့တယ္။ ေမလ (၂၈) ရက္က အတိအက်ပိုင္းျခား သတ္ မွတ္ထားျခင္း မရွိတဲ့နယ္ေျမတစ္ခုမွာ ျဖစ္ပြားခဲ့တဲ့ျဖစ္စဥ္အၿပီး ႏွစ္ဖက္စလုံးက တင္းမာမႈေတြကို ေလွ်ာ့ခ်လိုေၾကာင္း ကေမာၻဒီးယားထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားတယ္။ ထိုင္းႏိုင္ငံ ကာကြယ္ေရးဝန္ႀကီး ဖုသမ္ဝိဇ ယခ်ိဳင္က ႏွစ္ႏိုင္ငံစလုံးဟာ အေျခအေနကို ေျဖ ေလွ်ာ့ဖို႔ ေဆြးေႏြးေနၿပီး (၂၀၂၄) ခုႏွစ္မွာ သေဘာတူထားတဲ့ မူလေနရာေတြဆီ ျပန္သြားမယ္လို႔ ေျပာၾကား ၿပီးတဲ့ေနာက္ အခုလို ထုတ္ျပန္ခဲ့တာ ျဖစ္တယ္။ အစိုးရႏွစ္ရပ္စလုံးဟာ ၿငိမ္းခ်မ္းတဲ့ေျဖရွင္းနည္းကို ရွာေဖြဖို႔ ကတိျပဳတယ္လို႔ ထုတ္ျပန္ ေၾကညာခဲ့ၾကတယ္။

ကေမာၻဒီးယား ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဇြန္လ (၆) ရက္မွာ ထိုင္းအရာရွိေတြဆီေပးပို႔တဲ့ စာတစ္ေစာင္မွာ နယ္စပ္အျငင္းပြားမႈေတြကို အျပည္ ျပည္ဆိုင္ရာတရား႐ုံး (ICJ) ဆီတင္သြင္းဖို႔ ထပ္မံ အတည္ျပဳခဲ့တယ္။ “ဒီအျငင္းပြားမႈေတြရဲ႕ ရႈပ္ေထြးမႈ၊ သမိုင္းေၾကာင္းနဲ႔ အထိအခိုက္မခံတဲ့ သေဘာ သဘာဝအရ ႏွစ္ဖက္ေဆြးေႏြးမႈတစ္ခုတည္းနဲ႔ ျပည့္စုံၿပီး ေရရွည္တည္တံ့တဲ့ ေျဖရွင္းခ်က္ကို ရရွိဖို႔ လုံေလာက္ေတာ့မွာ မဟုတ္ဘူးဆိုတာ ပိုၿပီး ထင္ရွားလာတယ္” လို႔ ႏိုင္ငံျခားေရးဝန္ႀကီး ပရက္ဆိုခြန္က တနဂၤေႏြ ေန႔မွာ သတင္းေထာက္ေတြကို ေျပာၾကားခဲ့တယ္” ႏိုင္ငံတကာဥပေဒကို အေျခခံၿပီး ICJ က ဆုံးျဖတ္ေပးတာဟာ တရားမွ်တၿပီး ဘက္မလိုက္တဲ့ ေရရွည္တည္တံ့တဲ့ ေျဖရွင္း ခ်က္ကို ေပးႏိုင္ပါလိမ့္မယ္” လို႔ သူက ဆိုတယ္။

ထိုင္းအစိုးရကေတာ့ တရား႐ုံးရဲ႕ တရား စီရင္ပိုင္ခြင့္ကို အသိအမွတ္မျပဳဘူးလို႔ ေျပာၾကားခဲ့ၿပီး နယ္စပ္နဲ႔ပတ္သက္တဲ့ ျပႆနာအားလုံးကို ႏွစ္ဖက္ ညႇိႏႈိင္းမႈေတြကေနတစ္ဆင့္ ေျဖရွင္းဖို႔ အဆိုျပဳခဲ့ တယ္။ ေနာက္ဆုံးျဖစ္ပြားခဲ့တဲ့ တင္းမာမႈမွာ ထိုင္း ႏိုင္ငံက လုံၿခဳံေရးအေျခအေနအရ ကေမာၻဒီးယားနဲ႔ နယ္စပ္ ျဖတ္ေက်ာ္ဝင္ေရာက္ႏိုင္တဲ့ ေနရာ (၁၀) ခုရဲ႕ လုပ္ငန္းေဆာင္႐ြက္ခ်ိန္ေတြကို ေလွ်ာ့ခ်ခဲ့ပါတယ္။ ထိုင္းနဲ႔ ကေမာၻဒီးယားအစိုးရေတြဟာ အရင္ေခါင္း ေဆာင္ေဟာင္းေတြျဖစ္ၾကတဲ့ သက္ဆင္ရွင္နာဝပ္နဲ႔ ကေမာၻဒီးယားက ဟြန္ဆန္တို႔လက္ထက္မွာ ဆက္ဆံ ေရး ေကာင္းမြန္ခဲ့ၾကဖူးတယ္။ သက္ဆင္ရဲ႕ သမီးျဖစ္ သူ ေပထုန္တန္ ရွင္နာဝပ္နဲ႔ ဟြန္ဆန္ရဲ႕ သားျဖစ္သူ ဟြန္မာနက္တို႔ဟာ လက္ရွိမွာ သူတို႔ႏိုင္ငံေတြရဲ႕ ဝန္ႀကီးခ်ဳပ္အသီးသီး ျဖစ္ေနၾကၿပီး ဒီပဋိပကၡေၾကာင့္ သူတို႔ၾကား ဆက္ဆံေရးဟာ ေမးခြန္းထုတ္စရာ ျဖစ္လာခဲ့တယ္။

အခုျဖစ္ပြားတဲ့ ထိုင္းနဲ႔ ကေမာၻဒီးယားၾကား နယ္နိမိတ္ျပႆနာေတြရဲ႕အစက (၂၀၂၅) ခုႏွစ္၊ ေမလ (၂၈) ရက္က Emerald Triangle မွာ စစ္ေရး ပဋိပကၡျဖစ္ၿပီး ကေမာၻဒီးယားစစ္သားတစ္ဦး ေသဆုံးခဲ့ရတာေၾကာင့္ ျဖစ္တယ္။ Emerald Triangle ဆိုတာ လာအို၊ ကေမာၻဒီးယားနဲ႔ ထိုင္းႏိုင္ငံတို႔ နယ္နိမိတ္ခ်င္း ထိစပ္ေနတဲ့ ႀတိဂံပုံသဏၭာန္ေဒသ တစ္ခုျဖစ္ၿပီး Dângrêk ေတာင္တန္းေတြနဲ႔ မဲေခါင္ ျမစ္ဝွမ္း အနီးမွာရွိတဲ့ မိုးသစ္ေတာႀကီးပါ။

ေတာင္အာရွမွာေတာ့ ၿဗိတိသွ်ကိုလိုနီ စာခ်ဳပ္ေတြအရ နယ္နိမိတ္ေတြကို ျမစ္ဝွမ္းေတြေပၚ အေျခခံၿပီး သတ္မွတ္ခဲ့ၾကတယ္။ ဥပမာ- ကာလီျမစ္က အိႏၵိယနဲ႔ နီေပါၾကား နယ္နိမိတ္အပိုင္းအျခား တစ္ခုျဖစ္ေစခဲ့တယ္။ ဒါေပမယ့္ ျမစ္ဝွမ္းေတြရဲ႕သဘာဝအတိုင္း ေ႐ြ႕လ်ားေနတဲ့အတြက္ နယ္နမိတ္ ပဋိပကၡေတြ ေပၚေပါက္လာခဲ့တယ္။ ဆန႔္က်င္ဘက္အေနနဲ႔ အေရွ႕ေတာင္အာရွမွာေတာ့ (၁၉၀၄) ခုႏွစ္က လက္မွတ္ေရးထိုးခဲ့တဲ့ ျပင္သစ္ကိုလိုနီ စာခ်ဳပ္အရ ေတာင္တန္းေတြကို နယ္နိမိတ္အျဖစ္ သတ္မွတ္ခဲ့ တယ္။ Franco-Siamese (၁၉၀၄) စာခ်ဳပ္က (၂၀) ရာစုမွာ ထိုင္း-ကေမာၻဒီးယားနယ္စပ္ေတြရဲ႕ နယ္ နိမိတ္ကို သတ္မွတ္ဖို႔အတြက္ အေျခခံ ျဖစ္ခဲ့တယ္လို႔ ဆိုတယ္။ ဒီစာခ်ဳပ္အရ Dângrêk ေတာင္တန္း ေတြကို ျပင္သစ္အင္ဒိုခ်ိဳင္းနား (ယခု- ကေမာၻဒီးယားနဲ႔ လာအို) နဲ႔ ဆိုင္ယမ္ (ယခု- ထိုင္း) ၾကား နယ္ နိမိတ္ သတ္မွတ္ဖို႔ အပိုင္းအျခားတစ္ခုအျဖစ္ လက္ခံခဲ့ၾကတယ္။ ဒါေပမဲ့ တိက်တဲ့ နယ္နိမိတ္ သတ္ မွတ္ခ်က္၊ အတိအက်ဘယ္ေနရာမွာလဲဆိုတာ ကိုေတာ့ ခ်န္လွန္ထားခဲ့တယ္။ အဲဒီလို ခ်န္လွပ္ထားခဲ့ တာေၾကာင့္ ထိုင္းနဲ႔ ကေမာၻဒီးယားၾကား ရာစုႏွစ္ခ်ီ နယ္နိမိတ္ပဋိပကၡျဖစ္ေပၚေစခဲ့ၿပီး ဒီနယ္စပ္က အေရွ႕ေတာင္အာရွမွာ ထိလြယ္ရွလြယ္အျဖစ္ဆုံး ေနရာျဖစ္လာခဲ့တယ္။

(၁၉၀၄) ခုႏွစ္၊ စာခ်ဳပ္မွာေတာ့ နယ္နိမိတ္ကို Dângrêk ေတာင္တန္းေတြရဲ႕ သဘာဝ ေရေဝ ေၾကာအတိုင္း သတ္မွတ္မယ္လို႔ ျပ႒ာန္းထား တာပါ။ ဒါေပမဲ့ ေနာက္ပိုင္း (၁၉၀၇) ခုႏွစ္မွာ ျပင္သစ္ေျမ တိုင္းပညာရွင္ေတြထုတ္ေဝခဲ့တဲ့ ေျမပုံကေတာ့ ဒီမူကေန ေသြဖည္သြားခဲ့ၿပီး Preah Vihear ဘုရား ေက်ာင္းကို ကေမာၻဒီးယားနယ္ေျမထဲထည့္ သြင္းေဖာ္ျပခဲ့တယ္။ ထိုင္းႏိုင္ငံကေတာ့ မၾကာေသးမီက ဒီ ေျမပုံဟာ နယ္နိမိတ္သတ္မွတ္ေရးအတြက္ ဖြဲ႕စည္းထားတဲ့ ပူးတြဲေကာ္မရွင္က တရားဝင္ အတည္ျပဳခဲ့ တာမဟုတ္ဘူးလို႔ ေဖာ္ျပခဲ့တယ္။

ဘုရားေက်ာင္းတည္ေနရာနဲ႔ပတ္သက္ၿပီး ရွင္းလင္းမႈမရွိတာေၾကာင့္ အျငင္းပြားမႈေတြ ၾကာျမင့္ခဲ့ ရတယ္။ (၁၉၆၂) ခုႏွစ္မွာ ICJ က ဒီကိစၥကို စီရင္ ဆုံးျဖတ္ခဲ့ရာမွာ ထိုင္းႏိုင္ငံက (၁၉၀၇) ခုႏွစ္ ေျမပုံကို ဆယ္စုႏွစ္မ်ားစြာကတည္းက ကန႔္ကြက္မႈမရွိဘဲ လက္ခံအသုံးျပဳခဲ့တဲ့အေပၚအေျခခံၿပီး ကေမာၻဒီးယား ဘက္ကို အႏိုင္ေပးခဲ့တယ္။ တရား႐ုံးက ထိုင္းႏိုင္ငံဟာ ေျမပုံရဲ႕သတ္မွတ္ခ်က္ကို သေဘာတူလက္ခံခဲ့ တာျဖစ္လို႔ ဘုရားေက်ာင္းအေပၚ ပိုင္ဆိုင္မႈေတာင္းဆို ခြင့္ကို ျငင္းပယ္လိုက္တာျဖစ္တယ္လို႔ အေလး ထား ေျပာၾကားခဲ့တယ္။ ဒီစီရင္ခ်က္ခ်ၿပီးေပမယ့္ (၂၀ဝ၈) ခုႏွစ္မွာ ကေမာၻဒီးယားက ဘုရားေက်ာင္း အတြက္ ယူနက္စကို ကမာၻ႔အေမြအႏွစ္စာရင္းဝင္ျဖစ္ဖို႔ တင္သြင္းခဲ့ရာကေန တင္းမာမႈေတြ ျပန္လည္ ေပၚေပါက္ခဲ့ၿပီး စစ္ေရးပဋိပကၡေတြနဲ႔ သံတမန္ေရးရာ တင္းမာမႈေတြ ျဖစ္ေပၚေစခဲ့ျပန္တယ္။

စိတ္ဝင္စားစရာေကာင္းတာက ထိုင္းႏိုင္ငံ နဲ႔ လာအိုႏိုင္ငံ နယ္စပ္ကလည္း ကိုလိုနီစာခ်ဳပ္ေတြရဲ႕ ရလဒ္ျဖစ္ေပမယ့္ ဆက္ဆံေရး ၿငိမ္းခ်မ္းေနဆဲပါပဲ။ အဲဒီမွာဆိုရင္ Franco-Siamese သေဘာတူညီခ်က္ ေတြအရ မဲေခါင္ျမစ္တစ္ေလွ်ာက္ နယ္နိမိတ္ကို ရွင္းရွင္း လင္းလင္းသတ္မွတ္ခဲ့တာေၾကာင့္ အျငင္းပြား စရာ သိပ္မရွိခဲ့ပါဘူး။ ဒါ့ျပင္ နယ္စပ္ဧရိယာေတြမွာ ထင္ရွားတဲ့ ယဥ္ေက်းမႈဆိုင္ရာ သို႔မဟုတ္ သမိုင္းဝင္ ေနရာေတြ မရွိတာကလည္း ပဋိပကၡျဖစ္ႏိုင္ေျခေတြကို ေလွ်ာ့ခ်ေပးခဲ့တယ္။ ဒီျခားနားခ်က္က ရွင္းလင္း တဲ့ နယ္နိမိတ္ သတ္မွတ္ခ်က္ေတြနဲ႔ အျငင္းပြားဖြယ္ အထင္ကရ ေနရာေတြ မရွိျခင္းက ႏိုင္ငံတကာ နယ္ နိမိတ္ေတြ တည္ၿငိမ္ဖို႔ ဘယ္လိုအေထာက္အကူျပဳႏိုင္လဲဆိုတာကို မီးေမာင္းထိုးျပေနတယ္။

Preah Vihear ဘုရားေက်ာင္းကေတာ့ ႏွစ္ႏိုင္ငံစလုံးအတြက္ နက္ရႈိင္းတဲ့ ယဥ္ေက်းမႈနဲ႔ သမိုင္း ဆိုင္ရာ အေရးပါမႈေတြ ရွိေနတယ္။ ကေမာၻဒီးယားအတြက္ ခမာအင္ပါယာရဲ႕ ခမ္းနားထည္ဝါမႈနဲ႔ အမ်ိဳး သား အေမြအႏွစ္ကို ကိုယ္စားျပဳေနတယ္။ ထိုင္းႏိုင္ငံအတြက္ကေတာ့ သူ႔ႏိုင္ငံအနီးအနားမွာ တည္ရွိ တာနဲ႔ သမိုင္းေၾကာင္းဆိုင္ရာ ဆက္ႏႊယ္မႈေတြက ယဥ္ေက်းမႈအေမြအႏွစ္ကို ခံစားမိေစတယ္။ သူတို႔ ႏွစ္ ႏိုင္ငံၾကား ဒီလိုကြဲျပားမႈေတြက အမ်ိဳးသားေရးစိတ္ဓာတ္ေတြကိုအားေကာင္းေစၿပီး သံတမန္ ေရးရာ ႀကိဳးပမ္းမႈေတြကို ရႈပ္ေထြးေစတယ္။ ဒီလိုနဲ႔ ဘုရားေက်ာင္းဟာ ႏွစ္ႏိုင္ငံစလုံးအတြက္ အခ်ဳပ္အျခာ အာဏာနဲ႔ ကိုယ္ပိုင္လကၡဏာရဲ႕ သေကၤတ တစ္ခုျဖစ္လာေစခဲ့တယ္။

ICJ က ကေမာၻဒီးယားနဲ႔ ထိုင္းႏိုင္ငံတို႔ၾကား Preah Vihear ဘုရားေက်ာင္းအျငင္းပြားမႈနဲ႔ပတ္ သက္ၿပီး (၁၉၆၂) နဲ႔ (၂၀၁၃) ခုႏွစ္ေတြမွာ အေရး ႀကီးတဲ့ စီရင္ခ်က္ႏွစ္ခု ခ်မွတ္ခဲ့တယ္။ ဒီဆုံးျဖတ္ခ်က္ ေတြရွိေနေပမယ့္လည္း နယ္စပ္ပဋိပကၡက မေျပ လည္ေသးဘဲ မၾကာေသးခင္ကမွ ICJ မွာ အမႈ အသစ္ တစ္ခုတင္သြင္းဖို႔ ျဖစ္ေပၚတိုးတက္မႈေတြ ရွိလာတယ္။ ဒီလို ဆက္တိုက္ျဖစ္ေနတဲ့ အျငင္းပြားမႈက သမိုင္း ဝင္စာခ်ဳပ္ေတြနဲ႔ ေျမပုံေတြကို အနက္ ဖြင့္ဆိုရာမွာ ရႈပ္ေထြးမႈေတြရွိသလို အမ်ိဳးသားေရး စိတ္ဓာတ္ေတြ က ႏိုင္ငံတကာဥပေဒလုပ္ငန္းစဥ္ေတြအေပၚ လႊမ္းမိုးမႈေတြရွိေနတယ္ဆိုတာ အထင္းသား ေပၚလြင္ေနပါတယ္။

(၂၀၂၅) ခုႏွစ္ ေမလမွာ Preah Vihear ျပည္နယ္၊ မို႐ိုေကာ့႐ြာအနီး စစ္ေရးပဋိပကၡ ျဖစ္ပြားခဲ့ ရာမွာ ကေမာၻဒီးယားစစ္သား တစ္ဦး ေသဆုံးခဲ့ရတယ္။ ဒါေၾကာင့္ ကေမာၻဒီးယားက Ta Moan Thom? Ta Moan Toch နဲ႔ Ta Kro Bei ဘုရားေက်ာင္းေတြရဲ႕ ပတ္ဝန္းက်င္မွာ ျဖစ္ပြားေနတဲ့ နယ္စပ္အျငင္းပြား မႈေတြကိုေျဖရွင္းဖို႔ ICJ ကေန စီရင္ခ်က္အသစ္တစ္ခုရယူဖို႔ စီစဥ္ေနေၾကာင္း ေၾကညာခဲ့တာ ျဖစ္ပါတယ္။ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္မာနက္က ေနာက္ထပ္ပဋိပကၡေတြ မျဖစ္ပြားေစဖို႔အတြက္ တိက်တဲ့ ဥပေဒေရးရာ ေျဖရွင္းခ်က္ လိုအပ္တယ္လို႔ အေလးထားေျပာၾကားခဲ့တယ္။ Preah Vihear အျငင္းပြား မႈက ႏွစ္ႏိုင္ငံစလုံးရဲ႕ အမ်ိဳးသားေရးစိတ္ဓာတ္ထက္သန္မႈရဲ႕ အဓိက ရင္းျမစ္တစ္ခုျဖစ္ေနခဲ့တယ္။ (၁၉၆၂) ခုႏွစ္ ICJ စီရင္ခ်က္က ထိုင္းႏိုင္ငံမွာ အျငင္းပြားစရာကိစၥအျဖစ္ က်န္ရွိေနဆဲျဖစ္ၿပီး ျပည္တြင္း ႏိုင္ငံေရးမွာ မၾကာခဏ ဆိုသလို ကိုးကားေဖာ္ျပခံရတယ္။ အလားတူပဲ ကေမာၻဒီးယားကလည္း ဘုရားေက်ာင္းကို အမ်ိဳးသား အေမြအႏွစ္အျဖစ္ သတ္မွတ္သလို အခ်ဳပ္အျခာအာဏာဆိုင္ရာ ျပယုဂ္ တစ္ခုအျဖစ္ ရႈျမင္ေနပါတယ္။ ဒီလိုစိတ္ဓာတ္ေတြက သံတမန္ေရးရာ ႀကိဳးပမ္းအားထုတ္မႈေတြကို ရႈပ္ေထြးေစသလို ပဋိပကၡေတြကို ပိုမိုရွည္ၾကာေစပါတယ္။

အရင္က အာဆီယံရဲ႕ ပါဝင္ပတ္သက္မႈေတြ ရွိခဲ့ေပမယ့္ အျငင္းပြားမႈအတြက္ တိက်တဲ့ ေျဖရွင္း ခ်က္ ရွာမေတြ႕ေသးတာေၾကာင့္ ကေမာၻဒီးယားက ICJ ကို ဦးစားေပးေ႐ြးခ်ယ္ခဲ့တာျဖစ္တယ္။ ေဒသ တြင္း အဖြဲ႕အစည္းတစ္ခုအေနနဲ႔ အာဆီယံကို ဘုံ သေဘာတူညီမႈ၊ ဝင္ေရာက္မစြက္ဖက္ေရးနဲ႔ အခ်ဳပ္ အျခာအာဏာကို အျပန္အလွန္ေလးစားမႈဆိုတဲ့ မူေတြေပၚမွာ ထူေထာင္ထားပါတယ္။ ဒီမူေတြေၾကာင့္ ကြဲျပားတဲ့ အဖြဲ႕ဝင္ ႏိုင္ငံေတြၾကား သဟဇာတျဖစ္မႈကို ထိန္းသိမ္းထားႏိုင္ေပမယ့္ ရႈပ္ေထြးတဲ့ နယ္ေျမ ပိုင္နက္ အျငင္းပြားမႈေတြကို ေျဖရွင္းရာမွာေတာ့ သူ႔ရဲ႕ထိေရာက္မႈက အကန႔္အသတ္ျဖစ္ေစခဲ့တယ္။ (၂၀ဝ၈-၂၀၁၁) ခုႏွစ္၊ Preah Vihear တင္းမာမႈေတြ အျမင့္ဆုံးေရာက္ေနခ်ိန္တုန္းက အာဆီယံက ၾကား ဝင္ေစ့စပ္ဖို႔ ႀကိဳးပမ္းခဲ့ဖူးတယ္။ ၿပီးေတာ့ အပစ္အခတ္ရပ္စဲေရးကို အဆိုျပဳခဲ့ၿပီး ေလ့လာေရးမစ္ရွင္ေတြ ကိုေတာင္ ေပးပို႔ခဲ့ပါေသးတယ္။ ဒါေပမဲ့ သူ႔ရဲ႕ သံတမန္ေရးရာ ယႏၲရားေတြက စည္းေႏွာင္မႈ မရွိေနဘဲ ျပင္ပအဖြဲ႕အစည္းေတြက ပါဝင္ေျဖရွင္းဖို႔ ႀကိဳးပမ္းတဲ့ အခါတိုင္း ကာယကံရွင္ေတြရဲ႕ ခုခံမႈေတြေၾကာင့္ ေႏွာင့္ေႏွးၾကန႔္ၾကာခဲ့ပါတယ္။ အာဆီယံမွာ ဥပေဒေရးရာ ယႏၲရားေတြနဲ႔ စည္းေႏွာင္မႈမရွိတဲ့ ဥပေဒေတြ မရွိတာေၾကာင့္ အဓိက ျပႆနာေတြကို ေျဖရွင္းႏိုင္ဖို႔ အားနည္းေစခဲ့တယ္။

ႏွစ္ဖက္စလုံးက ICJ ရဲ႕ တရားစီရင္ပိုင္ ခြင့္ကို ထပ္မံနာခံဖို႔ သေဘာတူမယ္ဆိုရင္ေတာ့ တရား႐ုံး က ေရရွည္တည္တံ့တဲ့ ဥပေဒေရးရာ ေျဖ ရွင္းခ်က္ကို ေပးေကာင္းေပးႏိုင္ပါတယ္။ ဒါေပမဲ့ ေအာင္ျမင္စြာ အေကာင္အထည္ေဖာ္ႏိုင္ဖို႔ကေတာ့ ႏွစ္ဖက္အစိုးရရဲ႕ ႏိုင္ငံေရးဆႏၵေပၚမွာပဲ မူတည္ေနပါတယ္။ ICJ က ေနာက္ဆုံးအႀကိမ္အေနနဲ႔ ကေမာၻဒီးယားကို သူလိုခ်င္တဲ့ ဥပေဒေရးရာ အၿပီးသတ္ဆုံး ျဖတ္ခ်က္နဲ႔ ကမာၻလုံးဆိုင္ရာ အသိအမွတ္ျပဳမႈကို ေပးႏိုင္မယ္လို႔ ယုံၾကည္ရတယ္။ အာဆီယံကေတာ့ သံတမန္ ေရးရာအရ အသုံးဝင္ေပမယ့္ ကန႔္သတ္ခ်က္ရွိတဲ့ ပဋိပကၡေျဖရွင္းေရး ယႏၲရားတစ္ခုျဖစ္ တာေၾကာင့္ အားကိုးလို႔ မရႏိုင္ပါဘူး။ သမိုင္းေၾကာင္း၊ ယဥ္ေက်းမႈနဲ႔ ႏိုင္ငံေရးရႈေထာင့္ေတြ ပါဝင္ပတ္သက္ေနတဲ့ နယ္ေျမပိုင္နက္ အျငင္းပြားမႈေတြမွာ ဥပေဒအရ တရားဝင္စီရင္ဆုံးျဖတ္မႈကသာ ေရရွည္တည္တံ့ၿပီး ၿငိမ္းခ်မ္းတဲ့ ေျဖရွင္းခ်က္ရရွိဖို႔ အေကာင္းဆုံး နည္းလမ္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.