နေပြည်တော်တွင် (၃)ရက်အကြာကျင်းပမည့် Peace Forum 2025တွင် နိုင်ငံခြားသားပညာရှင်များလည်း ဝင်ရောက်ဆွေးနွေးမည်

425

သန့်ဇင်(NP News)-ဇွန် ၁၇
နေပြည်တော်တွင် (၃)ရက်အကြာကျင်းပမည့် ၂၀၂၅ အလွန် ငြိမ်းချမ်းရေး အခင်းအကျင်းနဲ့ ရွေးကောက်ပွဲ အလားအလာ သုံးသပ် ဆွေး နွေးပွဲ Peace Forum 2025တွင် နိုင်ငံခြားသားပညာရှင်များလည်း ဝင်ရောက်ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ Forum ကို လာမည့် ဇွန် ၂၅ ရက်ကနေ ၂၇ ရက်အထိ နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်တွင် (၃)ရက်တိုင် ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး ဖွင့်ပွဲကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်ကိုယ်တိုင်တက် ရောက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ပနိုင်ငံများရှိ Think Tankများတွင်ပါဝင်သော ပညာရှင်များကလည်း မြန်မာ့ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုး ရေးနှင့် တည်ငြိမ်းအေးချမ်းပြီး ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲအလွန်တွင် ဆောင်ရွက်ရမည်များကို အမြင်တစ်ခုချင်း စီဖြင့်ပါဝင် ဆွေးနွေး ဖွယ်ရှိကြောင်း ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်က ဆိုသည်။
“နိုင်ငံတကာဆိုတာက အိမ်နီးနားချင်းနိုင်ငံတွေလည်းဖြစ်နိုင်တယ်။ အဝေးကြီးကနိုင်ငံတွေကလည်းဖြစ်နိုင်တာပေါ့။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်လို့ ဘယ်လိုဆောင်ရွက်သင့်ဆောင်ရွက်အပ်တယ်ဆိုတာ သူတို့အမြင် အတွေ့အကြံကို ရှင်းမယ်ထင်တယ်။ အဲဒီလိုပဲ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ရှင်းလင်းနိုင်တာပေါ့။ ရွေးကောက်ပွဲလည်းပါတာပေါ့။ အဲဒီတော့ ပထ မတစ်နေ့မှာတော့ နိုင်ငံတကာအမြင်ပေါ့ဗျာ။ ပြည်တွင်းက နိုင်ငံတကာပညာရှင်များရဲ့အမြင် ဒါမျိုးကိုပေါင်းစပ်ညှိနှိုင်းပြီးမှ အဖြေတစ် ခုထုတ်မယ်ထင်တယ်”ဟု ဒေါက်တာအေးမောင်က NP Newsကိုပြောသည်။
ထို့ပြင် ပြည်တွင်းမှ လက်တွေ့နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းများတွင် ဆောင်ရွက်နေကြသည့် တက်သိပညာရှင်များက ဝင်ရောက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
“ကျန်တဲ့(၂)ရက်ကတော့ ပြည်တွင်းပေါ့ဗျာ။ လက်တွေ့နိုင်ငံရေး၊ ငြိမ်းချမ်းရေးမှာဆောင်ရွက်နေကြတဲ့ နယ်ပယ်ကပုဂ္ဂိုလ်တွေပါနိုင်တယ်။ ပညာရှင်တွေပါနိုင်တာပေါ့။ ပြည်တွင်းအနေနဲ့ တစ်နည်းအားဖြင့်ပြောရရင် နိုင်ငံတကာအမြင် တစ်ခုတည်းနဲ့ လက်ရှိအခင်းအကျင်းကို ဖြေရှင်းလို့မရနိုင်ဘူးခင်ဗျ။ ပြည်သူလူထုလည်းပါမှဖြစ်မှာကိုး အမှန်က လူထုသည်သာ အက္ခရာပေါ့ဗျာ။ နိုင်ငံရေးပဲလုပ်လုပ်၊ ငြိမ်းချမ်း ရေးပဲလုပ်လုပ်၊ ပင်မဖြစ်တဲ့ ကိုယ့်နိုင်ငံရေးရဲ့ ပြဿနာကို ကိုယ်တို့ကိုယ်တိုင်ဖြေရှင်းမှရမှာပေါ့။ အဲဒီလိုဖြေရှင်းတဲ့အခါမှာာ နိုင်ငံတကာ အတွေ့အကြုံတွေ၊ ဆောင်ရန်ရှောင်ရန်တွေ ဒါလေးတွေက အတွေ့အကြုံအတွက်သင်ခန်းစားလေးတွေကို ရယူပြီးမှ ရှေ့ဆက်သွား သင့်တယ်ဆိုတာလေးနဲ့ NSPNCဘက်က တည်ဆောင်တယ်ထင်ပါတယ်”ဟု ဒေါက်တာအေးမောင်က ဆက်ပြောသည်။
ပြီးခဲသည့် မတ်လ ၂၄ ရက်မှ ၂၆ ရက်အထိ နေပြည်တော်တွင် ကျင်းပခဲ့သော ငြိမ်းချမ်းရေးစကားဝိုင်း Peace Talk တွင် ပြည်တွင်းမီဒီယာ (၅)ခုဖြစ်သည့် One News၊ Popular News ၊ Trend News၊ Eleven Media နှင့် NP Newsသတင်းဌာနမှ တာဝန် ရှိသူများကလည်း ပါဝင်ဆွေးနွေးခွင့်ရခဲ့သည့်အပြင် Peace Forum 2025တွင်လည်း ထပ်မံပါဝင်ဆွေးနွေးမည် ဖြစ်ကြောင်း ကနဦး သိရသည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ဦးသိန်းစိန်အစိုးရလက်ထက်နှင့် NLDအစိုးရလက်ထက်တို့တွင်းကျင်းပခဲ့သော်လည်း ယခုကဲ့သို့ မီဒီယာ များအနေဖြင့်ဝင်ရောက်ဆွေးနွေးခွင့်မရခဲ့ပဲ လက်ရှိနစကအစိုးရလက်ထက်တွင်မူ ထူးခြားစွာပါဝင်ဆွေးနွေးခွင့် ရရှိနေခြင်းလည်း ဖြစ် သည်။

Zawgyi Version:
ေနျပည္ေတာ္တြင္ (၃)ရက္အၾကာက်င္းပမည့္ Peace Forum 2025တြင္ ႏိုင္ငံျခားသားပညာရွင္မ်ားလည္း ဝင္ေရာက္ေဆြးေႏြးမည္
သန႔္ဇင္(NP News)-ဇြန္ ၁၇
ေနျပည္ေတာ္တြင္ (၃)ရက္အၾကာက်င္းပမည့္ ၂၀၂၅ အလြန္ ၿငိမ္းခ်မ္းေရး အခင္းအက်င္းနဲ႔ ေ႐ြးေကာက္ပြဲ အလားအလာ သုံးသပ္ ေဆြး ေႏြးပြဲ Peace Forum 2025တြင္ ႏိုင္ငံျခားသားပညာရွင္မ်ားလည္း ဝင္ေရာက္ေဆြးေႏြးမည္ ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ Forum ကို လာမည့္ ဇြန္ ၂၅ ရက္ကေန ၂၇ ရက္အထိ ေနျပည္ေတာ္၊ မဂၤလာသီရိဟိုတယ္တြင္ (၃)ရက္တိုင္ က်င္းပျပဳလုပ္ သြားမည္ျဖစ္ၿပီး ဖြင့္ပြဲကို ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္၊ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္ကိုယ္တိုင္တက္ ေရာက္မည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ေဆြးေႏြးပြဲသို႔ ျပည္ပႏိုင္ငံမ်ားရွိ Think Tankမ်ားတြင္ပါဝင္ေသာ ပညာရွင္မ်ားကလည္း ျမန္မာ့ၿငိမ္းခ်မ္းေရး၊ တရားဥပေဒစိုးမိုး ေရးႏွင့္ တည္ၿငိမ္းေအးခ်မ္းၿပီး ေ႐ြးေကာက္ပြဲႏွင့္ ေ႐ြးေကာက္ပြဲအလြန္တြင္ ေဆာင္႐ြက္ရမည္မ်ားကို အျမင္တစ္ခုခ်င္း စီျဖင့္ပါဝင္ ေဆြးေႏြး ဖြယ္ရွိေၾကာင္း ရခိုင့္ဦးေဆာင္ပါတီဥကၠ႒ေဒါက္တာေအးေမာင္က ဆိုသည္။
“ႏိုင္ငံတကာဆိုတာက အိမ္နီးနားခ်င္းႏိုင္ငံေတြလည္းျဖစ္ႏိုင္တယ္။ အေဝးႀကီးကႏိုင္ငံေတြကလည္းျဖစ္ႏိုင္တာေပါ့။ ၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္လို႔ ဖြံ႕ၿဖိဳးတိုးတက္ေရးနဲ႔ပတ္သက္လို႔ ဘယ္လိုေဆာင္႐ြက္သင့္ေဆာင္႐ြက္အပ္တယ္ဆိုတာ သူတို႔အျမင္ အေတြ႕အႀကံကို ရွင္းမယ္ထင္တယ္။ အဲဒီလိုပဲ ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္လို႔ ရွင္းလင္းႏိုင္တာေပါ့။ ေ႐ြးေကာက္ပြဲလည္းပါတာေပါ့။ အဲဒီေတာ့ ပထ မတစ္ေန႔မွာေတာ့ ႏိုင္ငံတကာအျမင္ေပါ့ဗ်ာ။ ျပည္တြင္းက ႏိုင္ငံတကာပညာရွင္မ်ားရဲ႕အျမင္ ဒါမ်ိဳးကိုေပါင္းစပ္ညႇိႏႈိင္းၿပီးမွ အေျဖတစ္ ခုထုတ္မယ္ထင္တယ္”ဟု ေဒါက္တာေအးေမာင္က NP Newsကိုေျပာသည္။
ထို႔ျပင္ ျပည္တြင္းမွ လက္ေတြ႕ႏိုင္ငံေရးႏွင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းမ်ားတြင္ ေဆာင္႐ြက္ေနၾကသည့္ တက္သိပညာရွင္မ်ားက ဝင္ေရာက္ ေဆြးေႏြးသြားမည္ ျဖစ္ေၾကာင္း သိရသည္။
“က်န္တဲ့(၂)ရက္ကေတာ့ ျပည္တြင္းေပါ့ဗ်ာ။ လက္ေတြ႕ႏိုင္ငံေရး၊ ၿငိမ္းခ်မ္းေရးမွာေဆာင္႐ြက္ေနၾကတဲ့ နယ္ပယ္ကပုဂၢိဳလ္ေတြပါႏိုင္တယ္။ ပညာရွင္ေတြပါႏိုင္တာေပါ့။ ျပည္တြင္းအေနနဲ႔ တစ္နည္းအားျဖင့္ေျပာရရင္ ႏိုင္ငံတကာအျမင္ တစ္ခုတည္းနဲ႔ လက္ရွိအခင္းအက်င္းကို ေျဖရွင္းလို႔မရႏိုင္ဘူးခင္ဗ်။ ျပည္သူလူထုလည္းပါမွျဖစ္မွာကိုး အမွန္က လူထုသည္သာ အကၡရာေပါ့ဗ်ာ။ ႏိုင္ငံေရးပဲလုပ္လုပ္၊ ၿငိမ္းခ်မ္း ေရးပဲလုပ္လုပ္၊ ပင္မျဖစ္တဲ့ ကိုယ့္ႏိုင္ငံေရးရဲ႕ ျပႆနာကို ကိုယ္တို႔ကိုယ္တိုင္ေျဖရွင္းမွရမွာေပါ့။ အဲဒီလိုေျဖရွင္းတဲ့အခါမွာာ ႏိုင္ငံတကာ အေတြ႕အႀကဳံေတြ၊ ေဆာင္ရန္ေရွာင္ရန္ေတြ ဒါေလးေတြက အေတြ႕အႀကဳံအတြက္သင္ခန္းစားေလးေတြကို ရယူၿပီးမွ ေရွ႕ဆက္သြား သင့္တယ္ဆိုတာေလးနဲ႔ NSPNCဘက္က တည္ေဆာင္တယ္ထင္ပါတယ္”ဟု ေဒါက္တာေအးေမာင္က ဆက္ေျပာသည္။
ၿပီးခဲသည့္ မတ္လ ၂၄ ရက္မွ ၂၆ ရက္အထိ ေနျပည္ေတာ္တြင္ က်င္းပခဲ့ေသာ ၿငိမ္းခ်မ္းေရးစကားဝိုင္း Peace Talk တြင္ ျပည္တြင္းမီဒီယာ (၅)ခုျဖစ္သည့္ One News၊ Popular News ၊ Trend News၊ Eleven Media ႏွင့္ NP Newsသတင္းဌာနမွ တာဝန္ ရွိသူမ်ားကလည္း ပါဝင္ေဆြးေႏြးခြင့္ရခဲ့သည့္အျပင္ Peace Forum 2025တြင္လည္း ထပ္မံပါဝင္ေဆြးေႏြးမည္ ျဖစ္ေၾကာင္း ကနဦး သိရသည္။
ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ားကို ဦးသိန္းစိန္အစိုးရလက္ထက္ႏွင့္ NLDအစိုးရလက္ထက္တို႔တြင္းက်င္းပခဲ့ေသာ္လည္း ယခုကဲ့သို႔ မီဒီယာ မ်ားအေနျဖင့္ဝင္ေရာက္ေဆြးေႏြးခြင့္မရခဲ့ပဲ လက္ရွိနစကအစိုးရလက္ထက္တြင္မူ ထူးျခားစြာပါဝင္ေဆြးေႏြးခြင့္ ရရွိေနျခင္းလည္း ျဖစ္ သည္။