အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမှာ ဩစတြေးလျအမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

86

ရောင်နီ (NP News) - ဇွန် ၁၈
အင်ဒိုနီးရှားနိုင်ငံ ဘာလီအပန်းဖြေကျွန်းမှာ စနေနေ့ (ဇွန် ၁၄ ရက်) အစောပိုင်းက သြစတြေးလျ အမျိုးသားတစ်ဦး ပစ်သတ်ခံရပြီး အခြားတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။
ဩစတြေးလျ အမျိုးသား ၂ ဦးဟာ စနေနေ့ညသန်းခေါင်ယံအချိန်၊ ဘာဒန် ခရိုင်ရှိ နာမည်ကြီး ခရီးသွား အချက်အချာနေရာ၊ မတ်ဂူ ကမ်းခြေအနီးရှိ ဗီလာကာဆာဆန်တရာ မှာ သေနတ်သမားတွေရဲ့ပစ်ခတ်မှုခံခဲ့ရတာ ဖြစ်တယ်လို့ ဒေသတွင်း ရဲချုပ် အရစ်ဖ်ဘာတူဘာရာ က တနင်္လာနေ့(ဇွန်လ ၁၆ ရက်) ထုတ်ပြန်ချက်မှာ ပြောပါ တယ်။ တိုက်ခိုက်မှုရဲ့အကြောင်းရင်းကို မသိရသေးပါဘူး။ သေဆုံးသူကတော့ ဇီဗန်ရက်မာနိုဗစ် (အသက် ၃၂ နှစ်) ဖြစ်ပြီး အခြား ဒဏ်ရာရသူ အမျိုးသားကတော့ ဆာနာဂါနင် (၃၄ နှစ်) ဖြစ်တယ်လို့ သိရပါတယ်။ ဆာနာဂါနင်ဟာ ဒဏ်ရာအပြင်းအထန် ရရှိထားတာကြောင့် ဒန်ပါဆာ ရှိ ဆန်ဂလဟ် ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။ သေဆုံးသူ ရက်မာနိုဗစ်ရဲ့ ဇနီး အပါအဝင် မျက်မြင်သက်သေတွေရဲ့အဆိုအရ ပစ်မှုကျူးလွန်သူတွေဟာ အခင်း ဖြစ်ပွားရာနေရာမှ ထွက်ပြေးသွားခဲ့ပြီး သူတို့ဟာ သြစတြေးလျ လေယူလေသိမ်းနဲ့ အင်္ဂလိပ်စကား ပြောဆိုနေခဲ့ကြ တယ်လို့ သိရပါတယ်။ လောလောဆယ်တော့ အမှုကို စုံစမ်းစစ်ဆေးနေပြီး နောက်ထပ်သက်သေတွေကို ရှာဖွေနေတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။