အီရန်နိုင်ငံ တီဟီရန်မြို့ကနေ အမြန်ဆုံးထွက်ပြေးကြဖို့ လူတိုင်းကို ဒေါ်နယ်ထရမ့်သတိပေး

 521

Pika (NP News) - ဇွန် ၁၈

အီရန်နိုင်ငံ တီဟီရန်မြို့ကနေ အမြန်ဆုံးထွက်ခွာကြဖို့ လူတိုင်းကိုတိုက်တွန်းထားတဲ့ လျှို့ဝှက်သတိပေးချက်တစ်ခုကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ပြန်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒါပေမဲ့လည်း အီရန်နဲ့အစ္စရေးကြားဖြစ်ပွားနေတဲ့ စစ်ပွဲမှာ အမေရိကန်ကကြားဝင်စွက်ဖက်တာမျိုး ရှိ/မရှိ ဆိုတာကို ဒေါ်နယ်ထရမ့်က အတည်ပြုခဲ့တာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ဇွန်လ(၁၃)ရက်‌မှာ အစ္စရေးက အီရန်ရဲ့ နျူကလီးယားနဲ့စစ်ဘက်ဆိုင်ရာနေရာတွေကို တိုက်လေယာဉ်အစင်း‌ရေ(၂၀၀)နဲ့ လေကြောင်းတိုက်ခိုက်မှုတွေ စတင်လုပ်ဆောင်ခဲ့ပြီးနောက် နှစ်နိုင်ငံကြားစစ်ပွဲစတင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့ပြင် အီရန်နဲ့အစ္စရေးတို့ဟာ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ အပြန်အလှန်တိုက်ခိုက်မှုတွေကို လက်ရှိအချိန်အထိ ဆက်လက်လုပ်ဆောင်လျက်ရှိတယ်လို့လည်း သိရပါတယ်။

ဒေါ်နယ်ထရမ့်က "သူတို့ကို လက်မှတ်ထိုးခိုင်းဖို့ ပြောထားတဲ့ သဘောတူညီချက်ကို အီရန်က လက်မှတ်ရေးထိုးခဲ့သင့်ပါတယ်။ အခုတော့ အီရန်က ရှက်ဖို့ကောင်းတဲ့လုပ်ရပ်ကိုလုပ်ပြီး လူ့အသက်တွေကို စတေးနေပါတယ်။ အီရန်မှာ နျူကလီးယားလက်နက်တွေ ရှိလို့မရပါဘူး။ လူတိုင်းဟာ တီဟီရန်မြို့ကနေ ချက်ချင်းရွှေ့ပြောင်းဖို့လိုအပ်ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း တီဟီရန်မြို့မှာ နေထိုင်တဲ့ လူပေါင်း(၁၀)သန်းခန့်က ဘယ်နေရာကိုသွားသင့်တယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောကြားခဲ့တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။

zawgyi version
အီရန္ႏိုင္ငံ တီဟီရန္ၿမိဳ႕ကေန အျမန္ဆုံးထြက္ေျပးၾကဖို႔ လူတိုင္းကို ေဒၚနယ္ထရမ့္သတိေပး
Pika (NP News) - ဇြန္ ၁၈

အီရန္ႏိုင္ငံ တီဟီရန္ၿမိဳ႕ကေန အျမန္ဆုံးထြက္ခြာၾကဖို႔ လူတိုင္းကိုတိုက္တြန္းထားတဲ့ လွ်ိဳ႕ဝွက္သတိေပးခ်က္တစ္ခုကို အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ျပန္ခဲ့တယ္လို႔လည္း သိရပါတယ္။

ဒါေပမဲ့လည္း အီရန္နဲ႔အစၥေရးၾကားျဖစ္ပြားေနတဲ့ စစ္ပြဲမွာ အေမရိကန္ကၾကားဝင္စြက္ဖက္တာမ်ိဳး ရွိ/မရွိ ဆိုတာကို ေဒၚနယ္ထရမ့္က အတည္ျပဳခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။ ၿပီးခဲ့တဲ့ဇြန္လ(၁၃)ရက္‌မွာ အစၥေရးက အီရန္ရဲ႕ န်ဴကလီးယားနဲ႔စစ္ဘက္ဆိုင္ရာေနရာေတြကို တိုက္ေလယာဥ္အစင္း‌ေရ(၂၀၀)နဲ႔ ေလေၾကာင္းတိုက္ခိုက္မႈေတြ စတင္လုပ္ေဆာင္ခဲ့ၿပီးေနာက္ ႏွစ္ႏိုင္ငံၾကားစစ္ပြဲစတင္ခဲ့တာလည္းျဖစ္ပါတယ္။ ဒါ့ျပင္ အီရန္နဲ႔အစၥေရးတို႔ဟာ ဒုံးက်ည္ေတြ၊ ဒ႐ုန္းေတြနဲ႔ အျပန္အလွန္တိုက္ခိုက္မႈေတြကို လက္ရွိအခ်ိန္အထိ ဆက္လက္လုပ္ေဆာင္လ်က္ရွိတယ္လို႔လည္း သိရပါတယ္။

ေဒၚနယ္ထရမ့္က "သူတို႔ကို လက္မွတ္ထိုးခိုင္းဖို႔ ေျပာထားတဲ့ သေဘာတူညီခ်က္ကို အီရန္က လက္မွတ္ေရးထိုးခဲ့သင့္ပါတယ္။ အခုေတာ့ အီရန္က ရွက္ဖို႔ေကာင္းတဲ့လုပ္ရပ္ကိုလုပ္ၿပီး လူ႔အသက္ေတြကို စေတးေနပါတယ္။ အီရန္မွာ န်ဴကလီးယားလက္နက္ေတြ ရွိလို႔မရပါဘူး။ လူတိုင္းဟာ တီဟီရန္ၿမိဳ႕ကေန ခ်က္ခ်င္းေ႐ႊ႕ေျပာင္းဖို႔လိုအပ္ပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ ဒါေပမဲ့လည္း တီဟီရန္ၿမိဳ႕မွာ ေနထိုင္တဲ့ လူေပါင္း(၁၀)သန္းခန႔္က ဘယ္ေနရာကိုသြားသင့္တယ္ဆိုတဲ့ အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာၾကားခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔ သိရပါတယ္။

Related news

© 2021. All rights reserved.