ကမ္ဘာအေး KER ကွန်ဒို၌ မူလခွင့်ပြုထားချက်ထက်ပို၍ အခန်းများထပ်မံတိုးချဲ့ထားပြီး Consumer rights ဆုံးရှုံးနေရကြောင်း နေထိုင်သူများက ထုတ်ဖော်ပြောကြား

 550

အေဝိုင်အီး (NP News) - ဇွန် ၁၈

ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ နာမည်ကြီး အထပ်မြင့်ကွန်ဒို KER တွင် စည်ပင်ခွင့်ပြုထားပြီး သား အခန်းအရေအတွက်ထက်ပို၍ ကားပါကင် ဧရိယာကိုပါ (၁၀)ခန်းကျော်တိုးချဲ့တည်ဆောက်နေ သည့်အပြင် ဝယ်ယူနေထိုင်သူများအတွက် စားသုံးသူအခွင့်အရေး(Consumer rights) နစ်နာမှုများရှိ နေကြောင်း နေထိုင်သူများက NP News ထံသို့ ထုတ်ဖော်ပြောကြားသည်။

ဒေါ်အေးအေးသွယ် အမည်ပေါက် မြေဧရိယာ (ဝ.၅၀၂ ဧက)ပေါ်တွင် Basement (၃)ထပ်နှင့် လူ နေအထပ်(၂၉)ထပ်ပါ အထပ်မြင့်အဆောက်အအုံ၌ နေထိုင်သူအချို့က လွန်ခဲ့သောငါးနှစ်ခန့်ကတည်းက သတ်မှတ်အတည်ပြုထားသည့် သဘောတူညီချက်များအတိုင်း မရရှိခြင်းကြောင့် သက်ဆိုင်ရာထံသို့ တိုင် ကြားစာများကို အကြိမ်ကြိမ်ပေးပို့ထားသည်ဟု သိရသည်။ စည်ပင်ခွင့်ပြုချက်အတိုင်း ဆောက်လုပ်ထား သည့် အခန်းအရေအတွက်မှာ(၁၁၅)ခန်းဟု ဖော်ပြထားပြီး ဝယ်ယူနေထိုင်သူများထံသို့ စုပေါင်းပိုင် အ ဆောက်အအုံအဖြစ် သတ်မှတ်ပေးထားပြီးသား ဖြစ်ကြောင်းလည်း သိရသည်။ “(၆)လွှာနဲ့ (၇)လွှာက ကား ပါကင်ဧရိယာလို့ သူ့အရောင်းစာအုပ်ထဲမှာ ပါပြီးသား။ အခု (7F) ကားပါကင်ကို အခန်းဖွဲ့ပြီး ရောင်းထားတယ်။ (၈)လွှာအများပိုင် Garden ဧရိယာကိုလည်း အိမ်ခန်းတွေ ဖွဲ့ထားတယ်။ စည်ပင် ခွင့်ပြုထားပြီးသားမှာ ကွန်ဒိုတစ်ခုလုံး အခန်းပေါင်း (၁၁၅)ခန်းပဲ ရှိတယ်လို့သိထားတယ်။ အခု စည်ပင် သတ်မှတ်ထားတာကို ကျော်ပြီး အခန်းပေါင်း(၁၃၀)လောက် ဖြစ်နေပြီ။ ဒါတွေ အကုန်လုံးကို စုပေါင်းပိုင် အဆောက်အအုံသတ်မှတ်ချက်နဲ့ Condo Law အရ ကျွန်တော်တို့ရဲ့ ခွင့်ပြုချက်ကို ယူမထားဘူး” ဟု KER တွင် နေထိုင်သူတစ်ဦးက ပြောသည်။ လက်ရှိ ကာလပေါက်ဈေးအရ အခန်းတစ်ခန်းလျှင် ကျပ်သိန်း (၁၀ဝဝဝ)အထက်တွင် ရှိနေသည့်အတွက် တိုးချဲ့လိုက်သော အခန်းပေါင်း(၁၀)ခန်းကျော် အတွက် ကျပ် သိန်းပေါင်းတစ်သိန်းကျော်ကို မြေပိုင် ရှင်များက အသားတင်ထပ်တိုးရရှိသွားသည်။ မူလ မြေပိုင်ရှင်များ အနေဖြင့် ကွန်ဒိုတစ်ခုလုံးကို စုပေါင်း ပိုင်အဆောက်အအုံအဖြစ် ရောင်းချပြီးပြီဖြစ်သည့်အတွက် ကွန်ဒို အတွင်း ဝယ်ယူနေထိုင်သူ အခန်းပိုင်ရှင်အားလုံး၏ သဘောထားမှတ်ချက်များဖြင့်သာ စီမံခန့်ခွဲသင့်ကြောင်း၊ သို့မဟုတ်ပါက အိမ်ရာကော်မတီ ကို ပွင့်လင်းမြင်သာစွာပြန်လည်ဖွဲ့စည်း၍ ကွန်ဒို စီမံခန့်ခွဲမှု ကို လုပ်ဆောင်သင့်ကြောင်း ဥပဒေကြောင်းအ ရနားလည်ထားသည်ဟု ဆိုသည်။

တစ်နည်းအားဖြင့် အခန်းများကို ရောင်းချပြီးဖြစ်သည့်အတွက် မြေပိုင်ရှင်အနေဖြင့် အဆိုပါ ကွန်ဒို တည်ဆောက်ထားရာ မြေများကို မည်သည့်နည်းနှင့်မျှ အပြည့်အဝပိုင်ဆိုင်ခြင်းမရှိတော့ကြောင်း နားလည်သင့်သည်ဟု ဆိုသည်။ “ကျွန်တော်တို့က ဝယ်ပြီးနေတာလေဗျာ။ ငှားပြီး နေတာမှမဟုတ်တာ။ မီတာခ ဆိုရင်လည်း တစ်လကို သိန်း(၂၀)ကျော် ကုန်ကျနေ တယ်။ လျှပ်စစ်မီးသုံးတာက သာမန် ရပ်ကွက်ထဲက အိမ်တွေလောက်ပဲ သုံးတာတောင် အဲဒီလောက် ကုန်ကျနေတယ်။ အခြားသော ဝန် ဆောင်မှုတွေကလည်း တော်တော်များတယ်။ တချို့ဆိုရင် တစ်လကို သိန်း(၇၀)လောက် ကုန်နေတယ်။ မြေပိုင်ရှင်ကကော သူကိုယ်တိုင်ယူထားတဲ့အခန်းတွေအတွက် မီတာခနဲ့ ဝန်ဆောင်ခကော ပေးချေရဲ့ လား မသိဘူး”ဟု အခြားသော အခန်းပိုင်ရှင်တစ်ဦးကလည်း ပြောသည်။ KER ကွန်ဒိုတွင် ဝယ်ယူ နေထိုင်သူများထဲမှ အချို့ကလည်း မြေပိုင်ရှင်၏စီမံခန့်ခွဲမှုများက ပွင့် လင်းမြင်သာမှုမရှိကြောင်း နားလည်မိသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ရန်ကုန်မြို့တော် စည်ပင်တို့ ထံ (၂၀၂၄)ခုနှစ် နှစ်ကုန် ပိုင်းတွင်တိုင်ကြားခဲ့ကြကြောင်း သိရသည်။ စတင် နေထိုင်သည့်ကာလ ကတည်းက စာချုပ်ပါအတိုင်း မဟုတ်သော အဆင်မပြေဖြစ်နေမှုများအတွက် အချင်းချင်း နားလည်မှုယူ ၍ ကျိတ်ဖြေရှင်းနေခဲ့သော်လည်း လုံလောက်သည့်ဝန်ဆောင်မှုနှင့် တုံ့ပြန်မှု မရသောကြောင့် တိုင်ကြားကြခြင်းဖြစ်ကြောင်းလည်း သိရသည်။

“တိုင်ကြားချက်ကြောင့် လာပြီးစစ်ဆေးတာတွေ လုပ်ခဲ့သေးတယ်။ အဲဒီတုန်းက တိုင်ကြားချက် ထက်ပိုပြီးထူးတဲ့ Heliport ကိစ္စ ပေါ်လာသေးတယ်။ ကွန်ဒိုမှာ အရေးပေါ်ဆင်းဖို့ Heliport တစ်ခုရှိ တယ်။ အဲဒါနဲ့ (၂၆)ထပ်ကြားမှာ အခန်းတွေထပ်ချဲ့ နေတယ်။ ဟယ်လီကော်ပတာဆင်းဖို့အတွက် အတက်အဆင်းလုပ်ရမယ့် Public Area နေရာကို အခန်းဖွဲ့ပစ်လိုက်တာ။ စစ်ဆေးရေးအဖွဲ့က ကိုယ်တိုင် မြင်သွားတယ်။ ကျွန်တော်တို့လည်း သူတို့လာစစ်တော့မှ အဲဒီနေရာ ချဲ့ထွင်နေတာကို မြင်တာ။ ဒါပေမဲ့ စစ်ဆေးရေးအဖွဲ့လည်း ပြန်သွားတယ် အခန်းချဲ့တာက အခုဆို ပြီးတောင်ပြီးသွားပြီ။ စစ်ဆေးတဲ့အဖွဲ့ လည်း ပြန်မလာတော့ဘူး။ ဘာသံမှ လည်းမကြားတော့ဘူး။ တိုင်ကြားချက်လည်း အသံတိတ်သွား တယ်။ ကျွန်တော်လည်း ဘယ်သူ့ကို အား ကိုးရမလဲ မသိတော့ဘူး” ဟု အခြားသော အခန်း ပိုင်ရှင် တစ်ဦးကလည်း NP News ကို ပြောသည်။ မြို့တော်စည်ပင်ထံသို့ KER ကွန်ဒိုဆောက်လုပ်ရန် ခွင့်ပြု ချက် တင်စဉ်က Underground Car Parking ကို B1 မှ B3 အထိလည်းကောင်း၊ GF မှ 5F အထိကို Commercial Floors & Restaurants အဖြစ်လည်းကောင်း၊ Car Parking ကို 6F မှ 7F အထိလည်း ကောင်း၊ 8F မှ 20F အထိကို အခန်းများအဖြစ်လည်းကောင်း၊ 21F ကို ရေကူးကန်၊ ယောဂနှင့် အားကစား ခန်းမဝန်ဆောင်မှုအဖြစ်လည်းကောင်း၊ 21F မှ 26F အထိကို Penthouse & Duplex Penthouse အဖြစ် လည်းကောင်း သတ်မှတ်ထားသည်ဟု သိရသည်။ ကားအစီးရေ(၂၄၅)စီးအထိ ရပ်နားနိုင်ကြောင်း စာချုပ် တွင်ပါရှိသည့်အပြင် အပေါ်ဆုံးထပ်ကိုမူ Heliport အဖြစ် သတ်မှတ်ထားပြီး 26F နှင့်ကြားတွင် ဟယ်လီ ကော်ပတာ စီးရန် ဝန်ဆောင်မှု ဧရိယာအဖြစ် သတ်မှတ်ထားသည်ဟု ဆိုသည်။ သို့ သော်လည်း အဆိုပါ နေရာနှင့် 7F တို့တွင် အခန်း များတိုးချဲ့ခြင်း၊ (၈)လွှာ Garden ဧရိယာတို့တွင် အခန်းများတိုးချဲ့ခဲ့ခြင်းက စည်ပင်၏သတ်မှတ်ချက် ကို ကျော်လွန်လုပ်ဆောင်ခြင်း ဟုတ်မဟုတ်ကို ပြန်လည်ဆန်းစစ်သင့်သည်ဟု နေထိုင်သူများက ပြောသည်။ “ပြီးခဲ့တဲ့ ငလျင်တုန်းက အခန်းတချို့ အက်ကြောင်းလေးတွေ နည်းနည်း ထသွားတယ်။ ကျွန်တော့်အခန်းဆိုရင် အက်ကြောင်းတွေကို အဲဒီအတိုင်းထားတယ်။ မပြင်သေးဘူး။ ကျွန်တော်စိုးရိမ်တာက မူလသတ်မှတ်ထားတဲ့ခံနိုင်ဝန်အပေါ် မှာ အခန်းတွေ (၁၀)ခန်းကျော်တိုးချဲ့ ပစ်တာဟာ တကယ်လို့ ငလျင်ကြီးကြီးလှုပ်လာရင် Over Weight မဖြစ်နိုင်ဘူးလား။ နေထိုင်သူတွေရဲ့ စိုး ရိမ်သောကနဲ့ အသက်အန္တရာယ်ကို ဘယ်သူတာဝန်ယူမလဲ” ဟု နေထိုင်သူတစ်ဦးက ပြောသည်။

မန္တလေးမြို့မှ နာမည်ကြီး Sky Villa ဖြစ်စဉ်မျိုးတွင် ဆောက်လုပ်ရေးလုပ်ငန်းရှင်က အခန်းများကို ရောင်းချပြီး အကျိုးအမြတ်ရယူသွားနိုင်ခဲ့သော်လည်း မျှော်လင့်မထားသည့် ငလျင်ကြောင့် ထိခိုက် သေဆုံးရသူများအတွက် စားသုံးသူအခွင့်အရေးမှာမူ ကံကိုသာ ပုံချရန်ဖြစ်နေသည်။ ကွန်ဒိုများ၊ အခန်း များဆောက်လုပ်ရောင်းချနေသည့် လုပ်ငန်းရှင်များအနေဖြင့် တာ ဝန်ယူတည်ဆောက်ခဲ့သော အဆောက်အအုံတိုင်း ခအတွက် တာဝန်ယူတာဝန်ခံမှုများရှိရန်လိုအပ်ပြီး Consumer rights ကို အလေးထား တတ်ရန်လည်း လိုအပ်နေသည်။ ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း အဂတိ နည်းပါးသထက် နည်းပါးရန် လိုအပ်ပြီး Consumer rights ကို မှန်ကန်မျှတစွာဆောင်ရွက်ပေးရန် လိုအပ်နေပြီလည်း ဖြစ်သည်။

zawgyi version
ကမာၻေအး KER ကြန္ဒို၌ မူလခြင့္ျပဳထားခ်က္ထက္ပို၍ အခန္းမ်ားထပ္မံတိုးခ်ဲ႕ထားၿပီး Consumer rights ဆုံးရႈံးေနရေၾကာင္း ေနထိုင္သူမ်ားက ထုတ္ေဖာ္ေျပာၾကား
ေအဝိုင္အီး (NP News) - ဇြန္ ၁၈

ကမာၻေအးဘုရားလမ္းမေပၚရွိ နာမည္ႀကီး အထပ္ျမင့္ကြန္ဒို KER တြင္ စည္ပင္ခြင့္ျပဳထားၿပီး သား အခန္းအေရအတြက္ထက္ပို၍ ကားပါကင္ ဧရိယာကိုပါ (၁၀)ခန္းေက်ာ္တိုးခ်ဲ႕တည္ေဆာက္ေန သည့္အျပင္ ဝယ္ယူေနထိုင္သူမ်ားအတြက္ စားသုံးသူအခြင့္အေရး(Consumer rights) နစ္နာမႈမ်ားရွိ ေနေၾကာင္း ေနထိုင္သူမ်ားက NP News ထံသို႔ ထုတ္ေဖာ္ေျပာၾကားသည္။

ေဒၚေအးေအးသြယ္ အမည္ေပါက္ ေျမဧရိယာ (ဝ.၅၀၂ ဧက)ေပၚတြင္ Basement (၃)ထပ္ႏွင့္ လူ ေနအထပ္(၂၉)ထပ္ပါ အထပ္ျမင့္အေဆာက္အအုံ၌ ေနထိုင္သူအခ်ိဳ႕က လြန္ခဲ့ေသာငါးႏွစ္ခန႔္ကတည္းက သတ္မွတ္အတည္ျပဳထားသည့္ သေဘာတူညီခ်က္မ်ားအတိုင္း မရရွိျခင္းေၾကာင့္ သက္ဆိုင္ရာထံသို႔ တိုင္ ၾကားစာမ်ားကို အႀကိမ္ႀကိမ္ေပးပို႔ထားသည္ဟု သိရသည္။ စည္ပင္ခြင့္ျပဳခ်က္အတိုင္း ေဆာက္လုပ္ထား သည့္ အခန္းအေရအတြက္မွာ(၁၁၅)ခန္းဟု ေဖာ္ျပထားၿပီး ဝယ္ယူေနထိုင္သူမ်ားထံသို႔ စုေပါင္းပိုင္ အ ေဆာက္အအုံအျဖစ္ သတ္မွတ္ေပးထားၿပီးသား ျဖစ္ေၾကာင္းလည္း သိရသည္။ “(၆)လႊာနဲ႔ (၇)လႊာက ကား ပါကင္ဧရိယာလို႔ သူ႔အေရာင္းစာအုပ္ထဲမွာ ပါၿပီးသား။ အခု (7F) ကားပါကင္ကို အခန္းဖြဲ႕ၿပီး ေရာင္းထားတယ္။ (၈)လႊာအမ်ားပိုင္ Garden ဧရိယာကိုလည္း အိမ္ခန္းေတြ ဖြဲ႕ထားတယ္။ စည္ပင္ ခြင့္ျပဳထားၿပီးသားမွာ ကြန္ဒိုတစ္ခုလုံး အခန္းေပါင္း (၁၁၅)ခန္းပဲ ရွိတယ္လို႔သိထားတယ္။ အခု စည္ပင္ သတ္မွတ္ထားတာကို ေက်ာ္ၿပီး အခန္းေပါင္း(၁၃၀)ေလာက္ ျဖစ္ေနၿပီ။ ဒါေတြ အကုန္လုံးကို စုေပါင္းပိုင္ အေဆာက္အအုံသတ္မွတ္ခ်က္နဲ႔ Condo Law အရ ကြၽန္ေတာ္တို႔ရဲ႕ ခြင့္ျပဳခ်က္ကို ယူမထားဘူး” ဟု KER တြင္ ေနထိုင္သူတစ္ဦးက ေျပာသည္။ လက္ရွိ ကာလေပါက္ေဈးအရ အခန္းတစ္ခန္းလွ်င္ က်ပ္သိန္း (၁၀ဝဝဝ)အထက္တြင္ ရွိေနသည့္အတြက္ တိုးခ်ဲ႕လိုက္ေသာ အခန္းေပါင္း(၁၀)ခန္းေက်ာ္ အတြက္ က်ပ္ သိန္းေပါင္းတစ္သိန္းေက်ာ္ကို ေျမပိုင္ ရွင္မ်ားက အသားတင္ထပ္တိုးရရွိသြားသည္။ မူလ ေျမပိုင္ရွင္မ်ား အေနျဖင့္ ကြန္ဒိုတစ္ခုလုံးကို စုေပါင္း ပိုင္အေဆာက္အအုံအျဖစ္ ေရာင္းခ်ၿပီးၿပီျဖစ္သည့္အတြက္ ကြန္ဒို အတြင္း ဝယ္ယူေနထိုင္သူ အခန္းပိုင္ရွင္အားလုံး၏ သေဘာထားမွတ္ခ်က္မ်ားျဖင့္သာ စီမံခန႔္ခြဲသင့္ေၾကာင္း၊ သို႔မဟုတ္ပါက အိမ္ရာေကာ္မတီ ကို ပြင့္လင္းျမင္သာစြာျပန္လည္ဖြဲ႕စည္း၍ ကြန္ဒို စီမံခန႔္ခြဲမႈ ကို လုပ္ေဆာင္သင့္ေၾကာင္း ဥပေဒေၾကာင္းအ ရနားလည္ထားသည္ဟု ဆိုသည္။

တစ္နည္းအားျဖင့္ အခန္းမ်ားကို ေရာင္းခ်ၿပီးျဖစ္သည့္အတြက္ ေျမပိုင္ရွင္အေနျဖင့္ အဆိုပါ ကြန္ဒို တည္ေဆာက္ထားရာ ေျမမ်ားကို မည္သည့္နည္းႏွင့္မွ် အျပည့္အဝပိုင္ဆိုင္ျခင္းမရွိေတာ့ေၾကာင္း နားလည္သင့္သည္ဟု ဆိုသည္။ “ကြၽန္ေတာ္တို႔က ဝယ္ၿပီးေနတာေလဗ်ာ။ ငွားၿပီး ေနတာမွမဟုတ္တာ။ မီတာခ ဆိုရင္လည္း တစ္လကို သိန္း(၂၀)ေက်ာ္ ကုန္က်ေန တယ္။ လွ်ပ္စစ္မီးသုံးတာက သာမန္ ရပ္ကြက္ထဲက အိမ္ေတြေလာက္ပဲ သုံးတာေတာင္ အဲဒီေလာက္ ကုန္က်ေနတယ္။ အျခားေသာ ဝန္ ေဆာင္မႈေတြကလည္း ေတာ္ေတာ္မ်ားတယ္။ တခ်ိဳ႕ဆိုရင္ တစ္လကို သိန္း(၇၀)ေလာက္ ကုန္ေနတယ္။ ေျမပိုင္ရွင္ကေကာ သူကိုယ္တိုင္ယူထားတဲ့အခန္းေတြအတြက္ မီတာခနဲ႔ ဝန္ေဆာင္ခေကာ ေပးေခ်ရဲ႕ လား မသိဘူး”ဟု အျခားေသာ အခန္းပိုင္ရွင္တစ္ဦးကလည္း ေျပာသည္။ KER ကြန္ဒိုတြင္ ဝယ္ယူ ေနထိုင္သူမ်ားထဲမွ အခ်ိဳ႕ကလည္း ေျမပိုင္ရွင္၏စီမံခန႔္ခြဲမႈမ်ားက ပြင့္ လင္းျမင္သာမႈမရွိေၾကာင္း နားလည္မိသည့္အတြက္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ႏွင့္ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္တို႔ ထံ (၂၀၂၄)ခုႏွစ္ ႏွစ္ကုန္ ပိုင္းတြင္တိုင္ၾကားခဲ့ၾကေၾကာင္း သိရသည္။ စတင္ ေနထိုင္သည့္ကာလ ကတည္းက စာခ်ဳပ္ပါအတိုင္း မဟုတ္ေသာ အဆင္မေျပျဖစ္ေနမႈမ်ားအတြက္ အခ်င္းခ်င္း နားလည္မႈယူ ၍ က်ိတ္ေျဖရွင္းေနခဲ့ေသာ္လည္း လုံေလာက္သည့္ဝန္ေဆာင္မႈႏွင့္ တုံ႔ျပန္မႈ မရေသာေၾကာင့္ တိုင္ၾကားၾကျခင္းျဖစ္ေၾကာင္းလည္း သိရသည္။

“တိုင္ၾကားခ်က္ေၾကာင့္ လာၿပီးစစ္ေဆးတာေတြ လုပ္ခဲ့ေသးတယ္။ အဲဒီတုန္းက တိုင္ၾကားခ်က္ ထက္ပိုၿပီးထူးတဲ့ Heliport ကိစၥ ေပၚလာေသးတယ္။ ကြန္ဒိုမွာ အေရးေပၚဆင္းဖို႔ Heliport တစ္ခုရွိ တယ္။ အဲဒါနဲ႔ (၂၆)ထပ္ၾကားမွာ အခန္းေတြထပ္ခ်ဲ႕ ေနတယ္။ ဟယ္လီေကာ္ပတာဆင္းဖို႔အတြက္ အတက္အဆင္းလုပ္ရမယ့္ Public Area ေနရာကို အခန္းဖြဲ႕ပစ္လိုက္တာ။ စစ္ေဆးေရးအဖြဲ႕က ကိုယ္တိုင္ ျမင္သြားတယ္။ ကြၽန္ေတာ္တို႔လည္း သူတို႔လာစစ္ေတာ့မွ အဲဒီေနရာ ခ်ဲ႕ထြင္ေနတာကို ျမင္တာ။ ဒါေပမဲ့ စစ္ေဆးေရးအဖြဲ႕လည္း ျပန္သြားတယ္ အခန္းခ်ဲ႕တာက အခုဆို ၿပီးေတာင္ၿပီးသြားၿပီ။ စစ္ေဆးတဲ့အဖြဲ႕ လည္း ျပန္မလာေတာ့ဘူး။ ဘာသံမွ လည္းမၾကားေတာ့ဘူး။ တိုင္ၾကားခ်က္လည္း အသံတိတ္သြား တယ္။ ကြၽန္ေတာ္လည္း ဘယ္သူ႔ကို အား ကိုးရမလဲ မသိေတာ့ဘူး” ဟု အျခားေသာ အခန္း ပိုင္ရွင္ တစ္ဦးကလည္း NP News ကို ေျပာသည္။ ၿမိဳ႕ေတာ္စည္ပင္ထံသို႔ KER ကြန္ဒိုေဆာက္လုပ္ရန္ ခြင့္ျပဳ ခ်က္ တင္စဥ္က Underground Car Parking ကို B1 မွ B3 အထိလည္းေကာင္း၊ GF မွ 5F အထိကို Commercial Floors & Restaurants အျဖစ္လည္းေကာင္း၊ Car Parking ကို 6F မွ 7F အထိလည္း ေကာင္း၊ 8F မွ 20F အထိကို အခန္းမ်ားအျဖစ္လည္းေကာင္း၊ 21F ကို ေရကူးကန္၊ ေယာဂႏွင့္ အားကစား ခန္းမဝန္ေဆာင္မႈအျဖစ္လည္းေကာင္း၊ 21F မွ 26F အထိကို Penthouse & Duplex Penthouse အျဖစ္ လည္းေကာင္း သတ္မွတ္ထားသည္ဟု သိရသည္။ ကားအစီးေရ(၂၄၅)စီးအထိ ရပ္နားႏိုင္ေၾကာင္း စာခ်ဳပ္ တြင္ပါရွိသည့္အျပင္ အေပၚဆုံးထပ္ကိုမူ Heliport အျဖစ္ သတ္မွတ္ထားၿပီး 26F ႏွင့္ၾကားတြင္ ဟယ္လီ ေကာ္ပတာ စီးရန္ ဝန္ေဆာင္မႈ ဧရိယာအျဖစ္ သတ္မွတ္ထားသည္ဟု ဆိုသည္။ သို႔ ေသာ္လည္း အဆိုပါ ေနရာႏွင့္ 7F တို႔တြင္ အခန္း မ်ားတိုးခ်ဲ႕ျခင္း၊ (၈)လႊာ Garden ဧရိယာတို႔တြင္ အခန္းမ်ားတိုးခ်ဲ႕ခဲ့ျခင္းက စည္ပင္၏သတ္မွတ္ခ်က္ ကို ေက်ာ္လြန္လုပ္ေဆာင္ျခင္း ဟုတ္မဟုတ္ကို ျပန္လည္ဆန္းစစ္သင့္သည္ဟု ေနထိုင္သူမ်ားက ေျပာသည္။ “ၿပီးခဲ့တဲ့ ငလ်င္တုန္းက အခန္းတခ်ိဳ႕ အက္ေၾကာင္းေလးေတြ နည္းနည္း ထသြားတယ္။ ကြၽန္ေတာ့္အခန္းဆိုရင္ အက္ေၾကာင္းေတြကို အဲဒီအတိုင္းထားတယ္။ မျပင္ေသးဘူး။ ကြၽန္ေတာ္စိုးရိမ္တာက မူလသတ္မွတ္ထားတဲ့ခံႏိုင္ဝန္အေပၚ မွာ အခန္းေတြ (၁၀)ခန္းေက်ာ္တိုးခ်ဲ႕ ပစ္တာဟာ တကယ္လို႔ ငလ်င္ႀကီးႀကီးလႈပ္လာရင္ Over Weight မျဖစ္ႏိုင္ဘူးလား။ ေနထိုင္သူေတြရဲ႕ စိုး ရိမ္ေသာကနဲ႔ အသက္အႏၲရာယ္ကို ဘယ္သူတာဝန္ယူမလဲ” ဟု ေနထိုင္သူတစ္ဦးက ေျပာသည္။

မႏၲေလးၿမိဳ႕မွ နာမည္ႀကီး Sky Villa ျဖစ္စဥ္မ်ိဳးတြင္ ေဆာက္လုပ္ေရးလုပ္ငန္းရွင္က အခန္းမ်ားကို ေရာင္းခ်ၿပီး အက်ိဳးအျမတ္ရယူသြားႏိုင္ခဲ့ေသာ္လည္း ေမွ်ာ္လင့္မထားသည့္ ငလ်င္ေၾကာင့္ ထိခိုက္ ေသဆုံးရသူမ်ားအတြက္ စားသုံးသူအခြင့္အေရးမွာမူ ကံကိုသာ ပုံခ်ရန္ျဖစ္ေနသည္။ ကြန္ဒိုမ်ား၊ အခန္း မ်ားေဆာက္လုပ္ေရာင္းခ်ေနသည့္ လုပ္ငန္းရွင္မ်ားအေနျဖင့္ တာ ဝန္ယူတည္ေဆာက္ခဲ့ေသာ အေဆာက္အအုံတိုင္း ခအတြက္ တာဝန္ယူတာဝန္ခံမႈမ်ားရွိရန္လိုအပ္ၿပီး Consumer rights ကို အေလးထား တတ္ရန္လည္း လိုအပ္ေနသည္။ ဌာနဆိုင္ရာတာဝန္ရွိသူမ်ားအေနျဖင့္လည္း အဂတိ နည္းပါးသထက္ နည္းပါးရန္ လိုအပ္ၿပီး Consumer rights ကို မွန္ကန္မွ်တစြာေဆာင္႐ြက္ေပးရန္ လိုအပ္ေနၿပီလည္း ျဖစ္သည္။

Related news

© 2021. All rights reserved.