မူဆယ်၌ Online ငွေကြေးလိမ်လည်မှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား (၄၁)ဦးအပါအဝင် (၁၃၈)ဦး ဖမ်းဆီးရမိ

 180

ချယ်ရီ (NP News) - ဇွန် ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ Online ငွေကြေးလိမ်လည်မှုလုပ်ကိုင်နေသူ တရုတ်နိုင်ငံသား (၄၀)ဦးအပါအဝင် မြန်မာနိုင်ငံသား (၉၇)ဦး၊ စုစုပေါင်း (၁၃၈)ဦး ဖမ်းဆီးရမိခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် (ဇွန်လ ၁၆ ရက်)၊ မွန်းလွဲ (၂) နာရီအချိန်ခန့်က လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များသည် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်နှင့် ကောင်းမှုတုံရပ်ကွက်အတွင်း၌ တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများပူးပေါင်းကာ Online ငွေကြေးလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်နေကြောင်း သတင်းရရှိ၍ သက်သေများနှင့်အတူ ရှာဖွေစစ်ဆေးခြင်းများ လုပ်ကိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ အိမ်အမှတ်(မဆ-၄၀၀)ရှိ အိမ်ပိုင်ရှင်(စိစစ်ဆဲ)၏ နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ရာ တရားမဝင် Online ငွေကြေးလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားအမျိုးသား (၄၀) ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသား (၃၃) ဦး၊ အမျိုးသမီး (၁၀) ဦးတို့အား လက်ကိုင်ဖုန်းမျိုးစုံ (၁၂၀) လုံး၊ ကွန်ပျူတာမျိုးစုံ (၈၆) လုံး၊ WiFi စက် (၃) လုံးနှင့် Crown ကားတစ်စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့နောက် ကောင်းမှုတုံရပ်ကွက်၊ အိမ်အမှတ်(ဟန-၈)ရှိ အိမ်ပိုင်ရှင်(စိစစ်ဆဲ)၏ နေအိမ်အတွင်းမှ တရားမဝင် Online ငွေကြေးလိမ်လည်မှု လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား အမျိုးသား(၁)ဦး၊ မြန်မာနိုင်ငံသား အမျိုးသား (၂၆) ဦး၊ အမျိုးသမီး (၂၈) ဦးတို့ကို ကွန်ပျူတာမျိုးစုံ (၁၆) လုံး၊ လက်ကိုင်ဖုန်းမျိုးစုံ (၃၃၄)လုံး၊ WiFi စက်(၃)လုံး၊ Crown ကားတစ်စီးနှင့် TOYOYA LANDCRUISER (၁)တစ်စီးတို့အတူ ဆက်လက်စစ်ဆေးတွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူ တရုတ်နိုင်ငံသားအပါအဝင် (၁၃၈)ဦးတို့ကို ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။

zawgyi version
မူဆယ္၌ Online ေငြေၾကးလိမ္လည္မႈလုပ္ကိုင္သူ တ႐ုတ္ႏိုင္ငံသား (၄၁)ဦးအပါအဝင္ (၁၃၈)ဦး ဖမ္းဆီးရမိ
ခ်ယ္ရီ (NP News) - ဇြန္ ၁၈

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ မူဆယ္ၿမိဳ႕၌ Online ေငြေၾကးလိမ္လည္မႈလုပ္ကိုင္ေနသူ တ႐ုတ္ႏိုင္ငံသား (၄၀)ဦးအပါအဝင္ ျမန္မာႏိုင္ငံသား (၉၇)ဦး၊ စုစုေပါင္း (၁၃၈)ဦး ဖမ္းဆီးရမိခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ (ဇြန္လ ၁၆ ရက္)၊ မြန္းလြဲ (၂) နာရီအခ်ိန္ခန႔္က လုံၿခဳံေရးပူးေပါင္းတပ္ဖြဲ႕ဝင္မ်ားသည္ မူဆယ္ၿမိဳ႕၊ စြမ္ေစာ္ရပ္ကြက္ႏွင့္ ေကာင္းမႈတုံရပ္ကြက္အတြင္း၌ တ႐ုတ္ႏိုင္ငံသားမ်ားႏွင့္ ျမန္မာႏိုင္ငံသားမ်ားပူးေပါင္းကာ Online ေငြေၾကးလိမ္လည္မႈလုပ္ငန္းမ်ား လုပ္ကိုင္ေနေၾကာင္း သတင္းရရွိ၍ သက္ေသမ်ားႏွင့္အတူ ရွာေဖြစစ္ေဆးျခင္းမ်ား လုပ္ကိုင္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔ရွာေဖြစစ္ေဆးျခင္းမ်ား ေဆာင္႐ြက္ခဲ့ရာ မူဆယ္ၿမိဳ႕၊ စြမ္ေစာ္ရပ္ကြက္၊ အိမ္အမွတ္(မဆ-၄၀၀)ရွိ အိမ္ပိုင္ရွင္(စိစစ္ဆဲ)၏ ေနအိမ္ကို ဝင္ေရာက္ရွာေဖြခဲ့ရာ တရားမဝင္ Online ေငြေၾကးလိမ္လည္မႈလုပ္ငန္းမ်ား လုပ္ကိုင္ေနသည့္ တ႐ုတ္ႏိုင္ငံသားအမ်ိဳးသား (၄၀) ဦးႏွင့္ ျမန္မာႏိုင္ငံသား အမ်ိဳးသား (၃၃) ဦး၊ အမ်ိဳးသမီး (၁၀) ဦးတို႔အား လက္ကိုင္ဖုန္းမ်ိဳးစုံ (၁၂၀) လုံး၊ ကြန္ပ်ဴတာမ်ိဳးစုံ (၈၆) လုံး၊ WiFi စက္ (၃) လုံးႏွင့္ Crown ကားတစ္စီးတို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ေကာင္းမႈတုံရပ္ကြက္၊ အိမ္အမွတ္(ဟန-၈)ရွိ အိမ္ပိုင္ရွင္(စိစစ္ဆဲ)၏ ေနအိမ္အတြင္းမွ တရားမဝင္ Online ေငြေၾကးလိမ္လည္မႈ လုပ္ငန္းမ်ား လုပ္ကိုင္ေနသည့္ တ႐ုတ္ႏိုင္ငံသား အမ်ိဳးသား(၁)ဦး၊ ျမန္မာႏိုင္ငံသား အမ်ိဳးသား (၂၆) ဦး၊ အမ်ိဳးသမီး (၂၈) ဦးတို႔ကို ကြန္ပ်ဴတာမ်ိဳးစုံ (၁၆) လုံး၊ လက္ကိုင္ဖုန္းမ်ိဳးစုံ (၃၃၄)လုံး၊ WiFi စက္(၃)လုံး၊ Crown ကားတစ္စီးႏွင့္ TOYOYA LANDCRUISER (၁)တစ္စီးတို႔အတူ ဆက္လက္စစ္ေဆးေတြ႕ရွိ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ဖမ္းဆီးရမိသူ တ႐ုတ္ႏိုင္ငံသားအပါအဝင္ (၁၃၈)ဦးတို႔ကို ဥပေဒႏွင့္အညီ ထိေရာက္စြာအေရးယူႏိုင္ေရးအတြက္ ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.