ရန်ကုန်မှ မြဝတီသို့ပို့မည့် ငွေကျပ် ၃ ဘီလျံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိပြီး ကွင်းဆက်များအား ဖော်ထုတ်နေ

393

Pearl (NP News) - ဇွန် ၁၉
ရန်ကုန်မှတစ်ဆင့် မြဝတီသို့ပို့ဆောင်မည့် ငွေကျပ် ၃ ဘီလျံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိပြီး ကွင်းဆက်များအား ဖော်ထုတ်နေကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၁ဝ ရက် နံနက် ၁ နာရီခန့်က ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီးတွင် ရန်ကုန်မြို့မှ ဘားအံသို့ ရန်နိုင်စိုး မောင်းနှင်ပြီး သီဟစိုး(ခ)မောင်စိုး လိုက်ပါလာသော မှန်လုံယာဉ်အား သတင်းအရ စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။
ထိုသို့ရှာဖွေရာ ယာဉ်မောင်းထိုင်ခုံအောက် တူးဘောက်အတွင်းမှ အိုက်စ်(မက်သ်အဖက်တမင်း) ၁၂၅ ကီလိုအား ဖမ်းဆီးရမိပြီး ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား ရန်ကုန်မှ ဘားအံသို့ သယ်ဆောင်ခိုင်းသူ စိုးမင်း အား ယင်းနေ့ နံနက် ၁၁ နာရီ တွင် ဘားအံမြို့နယ်၊ ခနမ်းဒိုကျေးရွာအနီး ဘားအံ-မြဝတီသွားကားလမ်းတွင် GRAND STAREX မော်တော်ယာဉ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား ရန်ကုန်မြို့မှတစ်ဆင့် မြဝတီမြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ပြီး လက်ရှိတွင် ၎င်းတို့ ၃ ဦးအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းသိရသည်။

Zawgyi Version:
ရန္ကုန္မွ ျမဝတီသို႔ပို႔မည့္ ေငြက်ပ္ ၃ ဘီလ်ံေက်ာ္တန္ဖိုးရွိ စိတ္ေျပာင္းေဆးဝါးမ်ား ဖမ္းဆီးရမိၿပီး ကြင္းဆက္မ်ားအား ေဖာ္ထုတ္ေန
Pearl (NP News) - ဇြန္ ၁၉
ရန္ကုန္မွတစ္ဆင့္ ျမဝတီသို႔ပို႔ေဆာင္မည့္ ေငြက်ပ္ ၃ ဘီလ်ံေက်ာ္တန္ဖိုးရွိ စိတ္ေျပာင္းေဆးဝါးမ်ား ဖမ္းဆီးရမိၿပီး ကြင္းဆက္မ်ားအား ေဖာ္ထုတ္ေနေၾကာင္း မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ သိရသည္။
မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ဇြန္လ ၁ဝ ရက္ နံနက္ ၁ နာရီခန႔္က ပဲခူးတိုင္းေဒသႀကီး၊ ေဝါၿမိဳ႕နယ္၊ ေညာင္ခါးရွည္ေက်း႐ြာအနီးတြင္ ရန္ကုန္ၿမိဳ႕မွ ဘားအံသို႔ ရန္ႏိုင္စိုး ေမာင္းႏွင္ၿပီး သီဟစိုး(ခ)ေမာင္စိုး လိုက္ပါလာေသာ မွန္လုံယာဥ္အား သတင္းအရ စစ္ေဆးရွာေဖြခဲ့ေၾကာင္း သိရသည္။
ထိုသို႔ရွာေဖြရာ ယာဥ္ေမာင္းထိုင္ခုံေအာက္ တူးေဘာက္အတြင္းမွ အိုက္စ္(မက္သ္အဖက္တမင္း) ၁၂၅ ကီလိုအား ဖမ္းဆီးရမိၿပီး ကြင္းဆက္စစ္ေဆးေဖာ္ထုတ္ခ်က္အရ ဖမ္းဆီးရမိ အိုက္စ္(မက္သ္အဖက္တမင္း)မ်ားအား ရန္ကုန္မွ ဘားအံသို႔ သယ္ေဆာင္ခိုင္းသူ စိုးမင္း အား ယင္းေန႔ နံနက္ ၁၁ နာရီ တြင္ ဘားအံၿမိဳ႕နယ္၊ ခနမ္းဒိုေက်း႐ြာအနီး ဘားအံ-ျမဝတီသြားကားလမ္းတြင္ GRAND STAREX ေမာ္ေတာ္ယာဥ္တစ္စီးႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
စစ္ေဆးေဖာ္ထုတ္ခ်က္မ်ားအရ ဖမ္းဆီးရမိ အိုက္စ္(မက္သ္အဖက္တမင္း)မ်ားအား ရန္ကုန္ၿမိဳ႕မွတစ္ဆင့္ ျမဝတီၿမိဳ႕သို႔ သယ္ေဆာင္ေရာင္းဝယ္ျခင္းျဖစ္ၿပီး လက္ရွိတြင္ ၎တို႔ ၃ ဦးအား ဥပေဒအရအေရးယူထားရွိၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားအား ဆက္လက္ေဖာ္ထုတ္လ်က္ရွိေၾကာင္းသိရသည္။