အသက်မပြည့်အမျိုးသမီး(၂)ဦးကို တရုတ်မယားအဖြစ် ပို့ဆောင်ရောင်းစားခဲ့သူများအား အလုပ်နှင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်

257

ချယ်ရီ (NP News) - ဇွန် ၁၉
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ္မတူမြို့တွင် အသက်မပြည့်သေးသည့်အမျိုးသမီး(၂)ဦးကို တရုတ်မယားအဖြစ် ပို့ဆောင်ရောင်းစားခဲ့သူများ အား အလုပ်နှင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ နမ္မတူမြို့တွင်နေထိုင်သည့် အသက်(၁၇) နှစ်အရွယ်နှင့် အသက်(၁၆) နှစ်အရွယ်ရှိ အမျိုးသမီးငယ်(၂)ဦးသည် (၂၀၂၃) ခုနှစ်က မူဆယ်မြို့ ရှိ ဂိမ်းဆိုင်တစ်ဆိုင်၌ အလုပ်လုပ်ကိုင်နေစဉ် မဆိုင်ဟွမ်နှင့် ယခင်က လားရှိုးမြို့ ၊ Spa ဆိုင်၌ အလုပ်အတူ လုပ်ကိုင်ခဲ့သူ မခမ်းလင်းက Tik Tok @User 217194 7360280 အကောင့်ဖြင့် ဆက်သွယ်၍ တရုတ်ကောင်မလေးလုပ်ရမည်၊ ယွမ် (၃၅,၀၀၀) ရရှိမည်၊ မပျော်ပါက ပြန်ခေါ်ပေးမည်ဟု စည်းရုံးကာ မခမ်းလင်းက စိုင်းခမ်းကော်နှင့် ဇနီးမနန်းယွမ်းယာတို့ထံ ချိတ်ဆက်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့နောက် အဆိုပါလင်မယားက တရုတ်နိုင်ငံနေသူ မအေနန်းထံ ၎င်းတို့နှစ်ဦး၏ဓာတ်ပုံ ရိုက်ယူ၍ ပို့ဆောင်ပေးခဲ့ပြီး စိုင်းခမ်းကော်မှ ၎င်းတို့ နှစ်ဦးကို မူဆယ်-သိန္နီ-နမ့်တစ်သို့ ကားအဆင့်ဆင့်ဖြင့် ခေါ်ဆောင်ကာ အမည်မသိတည်းခိုခန်းသို့ ပို့ဆောင်ခဲ့စဉ် ၎င်းအမျိုးသမီးငယ်နှစ်ဦးက တရုတ်ယောက်ျားယူရန် ဆန္ဒမရှိတော့၍ မူဆယ်မြို့သို့ ထွက်ပြေးလာခဲ့ကြောင်း သိရသည်။
ဤသို့ဖြင့် စိုင်းခမ်းကော်အပါဝင် (၄)ဦးကို မူဆယ်တပ်ဖွဲ့ စု (၁၇) မှ ရဲအုပ်ခိုင်ထူးဗိုလ်က တရားလို ပြုလုပ်တိုင်တန်းခဲ့ပြီး မူဆယ် မြို့မရဲစခန်းမှ (ပ)၈၂/၂ဝ၂၅၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ဥပဒေပုဒ်မ ၃၀(က)/၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ပို့ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မူဆယ်ခရိုင် တရားရုံးမှ ဇွန် (၁၆) ရက်တွင် ပြစ်မှုကျူးလွန်သူ ကျောက်မဲမြို့ ၊ ရပ်ကွက်(၆) နောင်ပိန်ရွာနေ စိုင်းခမ်းကော် နှင့် မိုင်းရယ်မြို့ ၊ စလန်းပုန်ထွန်အုပ်စု၊ ပုံဟရွာနေ မနန်းယွမ်းယာတို့ နှစ်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၀(က) ဖြင့် အလုပ်နှင့် ထောင်ဒဏ်နှစ် (၂၀) ကျခံစေရန်နှင့် တိမ်းရှောင်နေသူ ကျောက်မဲမြို့၊ အေးမေတ္တာဘုန်းကြီးကျောင်း အနီး အမှတ်(၂)ရပ်ကွက်တွင် နေထိုင်သော မခမ်းလင်းနှင့် တရုတ်နိုင်ငံ၊ မိန်းတိန်မြို့နေ မအေနန်းတို့ နှစ်ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ ဖြင့် အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

Zawgyi Version:
အသက္မျပည့္အမ်ိဳးသမီး(၂)ဦးကို တ႐ုတ္မယားအျဖစ္ ပို႔ေဆာင္ေရာင္းစားခဲ့သူမ်ားအား အလုပ္ႏွင့္ ႏွစ္ရွည္ေထာင္ဒဏ္ခ်မွတ္
ခ်ယ္ရီ (NP News) - ဇြန္ ၁၉
ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)၊ နမၼတူၿမိဳ႕တြင္ အသက္မျပည့္ေသးသည့္အမ်ိဳးသမီး(၂)ဦးကို တ႐ုတ္မယားအျဖစ္ ပို႔ေဆာင္ေရာင္းစားခဲ့သူမ်ား အား အလုပ္ႏွင့္ ႏွစ္ရွည္ေထာင္ဒဏ္ခ်မွတ္ခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ျဖစ္စဥ္မွာ နမၼတူၿမိဳ႕တြင္ေနထိုင္သည့္ အသက္(၁၇) ႏွစ္အ႐ြယ္ႏွင့္ အသက္(၁၆) ႏွစ္အ႐ြယ္ရွိ အမ်ိဳးသမီးငယ္(၂)ဦးသည္ (၂၀၂၃) ခုႏွစ္က မူဆယ္ၿမိဳ႕ ရွိ ဂိမ္းဆိုင္တစ္ဆိုင္၌ အလုပ္လုပ္ကိုင္ေနစဥ္ မဆိုင္ဟြမ္ႏွင့္ ယခင္က လားရႈိးၿမိဳ႕ ၊ Spa ဆိုင္၌ အလုပ္အတူ လုပ္ကိုင္ခဲ့သူ မခမ္းလင္းက Tik Tok @User 217194 7360280 အေကာင့္ျဖင့္ ဆက္သြယ္၍ တ႐ုတ္ေကာင္မေလးလုပ္ရမည္၊ ယြမ္ (၃၅,၀၀၀) ရရွိမည္၊ မေပ်ာ္ပါက ျပန္ေခၚေပးမည္ဟု စည္း႐ုံးကာ မခမ္းလင္းက စိုင္းခမ္းေကာ္ႏွင့္ ဇနီးမနန္းယြမ္းယာတို႔ထံ ခ်ိတ္ဆက္ေပးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
ထို႔ေနာက္ အဆိုပါလင္မယားက တ႐ုတ္ႏိုင္ငံေနသူ မေအနန္းထံ ၎တို႔ႏွစ္ဦး၏ဓာတ္ပုံ ႐ိုက္ယူ၍ ပို႔ေဆာင္ေပးခဲ့ၿပီး စိုင္းခမ္းေကာ္မွ ၎တို႔ ႏွစ္ဦးကို မူဆယ္-သိႏၷီ-နမ့္တစ္သို႔ ကားအဆင့္ဆင့္ျဖင့္ ေခၚေဆာင္ကာ အမည္မသိတည္းခိုခန္းသို႔ ပို႔ေဆာင္ခဲ့စဥ္ ၎အမ်ိဳးသမီးငယ္ႏွစ္ဦးက တ႐ုတ္ေယာက္်ားယူရန္ ဆႏၵမရွိေတာ့၍ မူဆယ္ၿမိဳ႕သို႔ ထြက္ေျပးလာခဲ့ေၾကာင္း သိရသည္။
ဤသို႔ျဖင့္ စိုင္းခမ္းေကာ္အပါဝင္ (၄)ဦးကို မူဆယ္တပ္ဖြဲ႕ စု (၁၇) မွ ရဲအုပ္ခိုင္ထူးဗိုလ္က တရားလို ျပဳလုပ္တိုင္တန္းခဲ့ၿပီး မူဆယ္ ၿမိဳ႕မရဲစခန္းမွ (ပ)၈၂/၂ဝ၂၅၊ လူကုန္ကူးမႈတားဆီး ႏွိမ္နင္းေရး ဥပေဒပုဒ္မ ၃၀(က)/၄၄ ျဖင့္ အမႈေရးဖြင့္ တရားစြဲတင္ပို႔ခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ မူဆယ္ခ႐ိုင္ တရား႐ုံးမွ ဇြန္ (၁၆) ရက္တြင္ ျပစ္မႈက်ဴးလြန္သူ ေက်ာက္မဲၿမိဳ႕ ၊ ရပ္ကြက္(၆) ေနာင္ပိန္႐ြာေန စိုင္းခမ္းေကာ္ ႏွင့္ မိုင္းရယ္ၿမိဳ႕ ၊ စလန္းပုန္ထြန္အုပ္စု၊ ပုံဟ႐ြာေန မနန္းယြမ္းယာတို႔ ႏွစ္ဦးကို လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရး ဥပေဒပုဒ္မ ၃၀(က) ျဖင့္ အလုပ္ႏွင့္ ေထာင္ဒဏ္ႏွစ္ (၂၀) က်ခံေစရန္ႏွင့္ တိမ္းေရွာင္ေနသူ ေက်ာက္မဲၿမိဳ႕၊ ေအးေမတၱာဘုန္းႀကီးေက်ာင္း အနီး အမွတ္(၂)ရပ္ကြက္တြင္ ေနထိုင္ေသာ မခမ္းလင္းႏွင့္ တ႐ုတ္ႏိုင္ငံ၊ မိန္းတိန္ၿမိဳ႕ေန မေအနန္းတို႔ ႏွစ္ဦးကို ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ ၈၇/၈၈ ျဖင့္ အတည္ျပဳထုတ္ဆင့္ခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။