ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပါ ကော်မရှင်အဆင့်ဆင့်ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ ပုဒ်မ ၁၄ ကို အစားထိုးပြင်ဆင်

 488

ပီယ (NP News) - ဇွန် ၁၉
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့်ဥပဒေကို ယနေ့ (ဇွန်လ ၁၉ ရက်) တွင် ထုတ်ပြန်ရာ ဥပဒေပါ ကော်မရှင်အဆင့်ဆင့်ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ ပုဒ်မ ၁၄ ကို အစားထိုးပြင်ဆင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဥပဒေတွင် မူလ ပုဒ်မ ပုဒ်မ ၁၄ ၌ ကော်မရှင်သည် ပုဒ်မ ၁၀၊ ပုဒ်မခွဲ (ဂ)အရ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ဖွဲ့စည်းရာတွင် အများယုံကြည်လေးစားခြင်းခံရသူ ပုဂ္ဂိုလ်အနည်းဆုံး ၃ ဦးဖြင့် ဖွဲ့စည်းရမည်ဖြစ်ကြောင်း နှင့် ယင်းအဖွဲ့ဝင်များထဲမှတစ်ဦးကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ရမည်ကာ သက်ဆိုင်ရာရွေးကောက်ပွဲအရာရှိကို အတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ရမည် စသည်ဖြင့် ဖော်ပြထားသည်။
ထို့နောက် ယခု ပြင်ဆင်လိုက်ရာတွင် ကော်မရှင်သည် ပုဒ်မ ၁၀ ပုဒ်မခွဲ(ဂ)အရ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ဖွဲ့စည်းရာတွင် အများယုံကြည်လေးစားခြင်းခံရသူပုဂ္ဂိုလ်များဖြင့်ဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်းများဖြင့်ဖြစ်စေ အနည်းဆုံး ၃ ဦးဖြင့် ဖွဲ့စည်းရမည် ဖြစ်ကြောင်း၊ ယင်းပုဂ္ဂိုလ်များအနက် သင့်လျော်သူတစ်ဦးကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ရမည်ဖြစ်ကြောင်း နှင့် သက်ဆိုင်ရာရွေးကောက်ပွဲအရာရှိကို အတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ရမည်ဟု ဖော်ပြထားသည်။

Zawgyi Version:
ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ဥပေဒပါ ေကာ္မရွင္အဆင့္ဆင့္ဖြဲ႕စည္းျခင္းႏွင့္ပတ္သက္၍ ပုဒ္မ ၁၄ ကို အစားထိုးျပင္ဆင္
ပီယ (NP News) - ဇြန္ ၁၉
ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ဥပေဒကို တတိယအႀကိမ္ျပင္ဆင္သည့္ဥပေဒကို ယေန႔ (ဇြန္လ ၁၉ ရက္) တြင္ ထုတ္ျပန္ရာ ဥပေဒပါ ေကာ္မရွင္အဆင့္ဆင့္ဖြဲ႕စည္းျခင္းႏွင့္ပတ္သက္၍ ပုဒ္မ ၁၄ ကို အစားထိုးျပင္ဆင္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါဥပေဒတြင္ မူလ ပုဒ္မ ပုဒ္မ ၁၄ ၌ ေကာ္မရွင္သည္ ပုဒ္မ ၁၀၊ ပုဒ္မခြဲ (ဂ)အရ ေကာ္မရွင္အဖြဲ႕ခြဲအဆင့္ဆင့္ကို ဖြဲ႕စည္းရာတြင္ အမ်ားယုံၾကည္ေလးစားျခင္းခံရသူ ပုဂၢိဳလ္အနည္းဆုံး ၃ ဦးျဖင့္ ဖြဲ႕စည္းရမည္ျဖစ္ေၾကာင္း ႏွင့္ ယင္းအဖြဲ႕ဝင္မ်ားထဲမွတစ္ဦးကို ဥကၠ႒အျဖစ္ တာဝန္ေပးအပ္ရမည္ကာ သက္ဆိုင္ရာေ႐ြးေကာက္ပြဲအရာရွိကို အတြင္းေရးမႉးအျဖစ္ တာဝန္ေပးအပ္ရမည္ စသည္ျဖင့္ ေဖာ္ျပထားသည္။
ထို႔ေနာက္ ယခု ျပင္ဆင္လိုက္ရာတြင္ ေကာ္မရွင္သည္ ပုဒ္မ ၁၀ ပုဒ္မခြဲ(ဂ)အရ ေကာ္မရွင္အဖြဲ႕ခြဲအဆင့္ဆင့္ကို ဖြဲ႕စည္းရာတြင္ အမ်ားယုံၾကည္ေလးစားျခင္းခံရသူပုဂၢိဳလ္မ်ားျဖင့္ျဖစ္ေစ၊ ႏိုင္ငံ့ဝန္ထမ္းမ်ားျဖင့္ျဖစ္ေစ အနည္းဆုံး ၃ ဦးျဖင့္ ဖြဲ႕စည္းရမည္ ျဖစ္ေၾကာင္း၊ ယင္းပုဂၢိဳလ္မ်ားအနက္ သင့္ေလ်ာ္သူတစ္ဦးကို ဥကၠ႒အျဖစ္ တာဝန္ေပးအပ္ရမည္ျဖစ္ေၾကာင္း ႏွင့္ သက္ဆိုင္ရာေ႐ြးေကာက္ပြဲအရာရွိကို အတြင္းေရးမႉးအျဖစ္ တာဝန္ေပးအပ္ရမည္ ဟု ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.