အိန္ဒိယမှာ အမျိုးသမီးတစ်ဦး ရန်ဖြစ်နေစဉ် သေနတ်ထုတ် ခြိမ်းခြောက်မှုဖြစ်

103

ရောင်နီ (NP News) - ဇွန် ၂ဝ
အိန္ဒိယနိုင်ငံ မြောက်ပိုင်း၊ အက်တရာပရာဒက်ရှ်ပြည်နယ်၊ ဟာဒုန်ခရိုင်မှာ အမျိုးသမီးတစ်ဦးက ဓာတ်ဆီဆိုင်ဝန်ထမ်းတစ်ဦးနဲ့ အငြင်းအခုံဖြစ် စကားများနေစဉ် သေနတ်ထုတ်ခြိမ်းခြောက်မှုပြုလုပ်ခဲ့ပါတယ်။
ဓာတ်ဆီဆိုင် ဝန်ထမ်းတစ်ဦးက သူမရဲ့ဖခင်ကို တွန်းထုတ်လိုက်တာကြောင့် စိတ်မကောင်းဖြစ်ပြီး သေနတ် တစ်လက်ကို ဆွဲထုတ်ကာ ခြိမ်းခြောက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဒီဖြစ်ရပ်ဟာ ဇွန်လ ၁၅ ရက်က ဖြစ်ပွား ခဲ့တာဖြစ်ပြီး ဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ဟာ အွန်လိုင်းမှာ ပျံ့နှံ့နေခဲ့ပါတယ်။
ဗီဒီယိုထဲမှာတော့ အမျိုးသမီးဟာ လိုင်စင်ရ ခြောက်လုံးပြူး သေနတ်ကို လက်ထဲမှာ ကိုင်ပြီး ဘူတာရုံဝန်ထမ်းဆီ လျှောက်သွားတာကို မြင်တွေ့ရပါတယ်။ အဲဒီနောက် သူမက သေနတ်ပြောင်းဝနဲ့ ဝန်ထမ်းအမျိုးသားရဲ့ ရင်ဘတ်ထဲကို ဖိကာ ဟိန္ဒီဘာသာနဲ့ "မင်းမိသားစုတောင် မင်းရဲ့အလောင်းကို မမှတ်မိနိုင်လောက်အောင် အချက် ပေါင်းများစွာ ပစ်မယ်" လို့ ပြောဆိုခဲ့ပါတယ်။ အဲဒီအခြေအနေမှာ အမျိုးသမီးရဲ့မိခင်ဖြစ်သူလို့ ယူဆရသူ အမျိုးသမီးက သူမကိုဆွဲထုတ်ပြီး နေရာမှ ဝေးရာကို ခေါ်ဆောင်သွားခဲ့ပြီး အခြေအနေကို ဖြေလျှော့ပေးခဲ့တာ တွေ့ရပါတယ်။
ဒီဖြစ်ရပ်အတွက် ရဲတပ်ဖွဲ့ဆီ တိုင်ကြားချက်ရောက်ရှိခဲ့ပြီး ရဲတပ်ဖွဲ့ကလည်း အမျိုးသမီးရဲ့မိဘတွေကို တရားဥပဒေကြောင်း အရ အကြောင်းကြားထားကာ ခြောက်လုံးပြူးနဲ့ ကျည်ဆန် ၂၅ တောင့်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version:
အိႏၵိယမွာ အမ်ိဳးသမီးတစ္ဦး ရန္ျဖစ္ေနစဥ္ ေသနတ္ထုတ္ ၿခိမ္းေျခာက္မႈ ျဖစ္
ေရာင္နီ (NP News) - ဇြန္ ၂ဝ
အိႏၵိယႏိုင္ငံ ေျမာက္ပိုင္း၊ အက္တရာပရာဒက္ရွ္ျပည္နယ္၊ ဟာဒုန္ခ႐ိုင္မွာ အမ်ိဳးသမီးတစ္ဦးက ဓာတ္ဆီဆိုင္ဝန္ထမ္းတစ္ဦးနဲ႔ အျငင္းအခုံျဖစ္ စကားမ်ားေနစဥ္ ေသနတ္ထုတ္ၿခိမ္းေျခာက္မႈျပဳလုပ္ခဲ့ပါတယ္။
ဓာတ္ဆီဆိုင္ ဝန္ထမ္းတစ္ဦးက သူမရဲ႕ဖခင္ကို တြန္းထုတ္လိုက္တာေၾကာင့္ စိတ္မေကာင္းျဖစ္ၿပီး ေသနတ္ တစ္လက္ကို ဆြဲထုတ္ကာ ၿခိမ္းေျခာက္ခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။ ဒီျဖစ္ရပ္ဟာ ဇြန္လ ၁၅ ရက္က ျဖစ္ပြား ခဲ့တာျဖစ္ၿပီး ျဖစ္ရပ္ကို ႐ိုက္ကူးထားတဲ့ ဗီဒီယိုဖိုင္ဟာ အြန္လိုင္းမွာ ပ်ံ႕ႏွံ႔ေနခဲ့ပါတယ္။
ဗီဒီယိုထဲမွာေတာ့ အမ်ိဳးသမီးဟာ လိုင္စင္ရ ေျခာက္လုံးျပဴး ေသနတ္ကို လက္ထဲမွာ ကိုင္ၿပီး ဘူတာ႐ုံဝန္ထမ္းဆီ ေလွ်ာက္သြားတာကို ျမင္ေတြ႕ရပါတယ္။ အဲဒီေနာက္ သူမက ေသနတ္ေျပာင္းဝနဲ႔ ဝန္ထမ္းအမ်ိဳးသားရဲ႕ ရင္ဘတ္ထဲကို ဖိကာ ဟိႏၵီဘာသာနဲ႔ "မင္းမိသားစုေတာင္ မင္းရဲ႕အေလာင္းကို မမွတ္မိႏိုင္ေလာက္ေအာင္ အခ်က္ ေပါင္းမ်ားစြာ ပစ္မယ္" လို႔ ေျပာဆိုခဲ့ပါတယ္။ အဲဒီအေျခအေနမွာ အမ်ိဳးသမီးရဲ႕မိခင္ျဖစ္သူလို႔ ယူဆရသူ အမ်ိဳးသမီးက သူမကိုဆြဲထုတ္ၿပီး ေနရာမွ ေဝးရာကို ေခၚေဆာင္သြားခဲ့ၿပီး အေျခအေနကို ေျဖေလွ်ာ့ေပးခဲ့တာ ေတြ႕ရပါတယ္။
ဒီျဖစ္ရပ္အတြက္ ရဲတပ္ဖြဲ႕ဆီ တိုင္ၾကားခ်က္ေရာက္ရွိခဲ့ၿပီး ရဲတပ္ဖြဲ႕ကလည္း အမ်ိဳးသမီးရဲ႕မိဘေတြကို တရားဥပေဒေၾကာင္း အရ အေၾကာင္းၾကားထားကာ ေျခာက္လုံးျပဴးနဲ႔ က်ည္ဆန္ ၂၅ ေတာင့္တို႔ကို သိမ္းဆည္းရမိခဲ့တယ္လို႔ သိရပါတယ္။