အီရန်နိုင်ငံမှာ နျူကလီးယားဗုံးထုတ်နိုင်အောင် စနစ်တကျ ထုတ်လုပ်နေတဲ့သက်သေမျိုးမတွေ့ရသေးကြောင်း (IAEA) ဆို

 76

ဂျန်ဇက် (NP News) - ဇွန် ၂ဝ

နိုင်ငံတကာအနျူမြူစွမ်းအင်အေဂျင်စီ (IAEA) က အီရန်နိုင်ငံဟာ နျူကလီးယားဗုံးထုတ်နိုင်အောင် စနစ်တစ်ကျ ထုတ်လုပ်နေတဲ့သက် သေမျိုးမတွေ့ရသေးကြောင်း ပြောပါတယ်။ အစ္စရေးဟာ အီရန်နိုင်ငံကို နျူကလီးယား လက်နက်များ ထုတ်လုပ်နေတယ်လို့ စွပ်စွဲပြီး ဇွန်လ ၁၃ ရက်မှာ တိုက်ခိုက်ခဲ့ရာ နှစ်နိုင်ငံကြား စစ်ပွဲ စတင်ခဲ့တယ် လို့ သိရပါတယ်။ အမေရိကန်သမ္မတ ကိုယ်တိုင်ကလည်း အီရန်ဟာ နျူကလီးယားလက်နက်ရဖို့ အလွန်နီးစပ်တဲ့ အခြေနေမျိုးကို ရောက်ရှိနေတယ်လို့ ဆိုပါတယ်။
(IAEA)က “အီရန်ဟာ ယူရေနီယံအများအပြားရှိတယ်။ ဒါပေမယ့် အဲဒီ ယူရေနီယံကို နျူကလီးယားလက်နက်အဖြစ် ပြောင်းလဲဖို့ မလုပ်နိုင်သေးဘူး။ စမ်းသပ်မှုတွေလုပ်ဖို့ လိုအပ်နေဆဲဖြစ်တယ်။ အီရန်နျူကလီယား အစီအစဉ်ကို နှစ်ပေါင်း ၂ဝ ကြာ စုံစမ်းစစ်ဆေးခဲ့တယ်။ ဒါပေမယ့် နျူကလီးယားလက်နက်ရအောင် စနစ်တစ်ကျလုပ်ဆောင်တာ မျိုး မတွေ့ရသေးဘူး’’ လို့ ပြောပါတယ်။
အီရန်ဟာ နျူကလီးယားလက်နက်များ ပိုင်ဆိုင်အောင်ကြိုးပမ်းနေတယ်လို့ နှစ်ပေါင်းများစွာကြာ အငြင်းပွားခဲ့ပြီး သက်သေပြသနိုင်ခြင်းမရှိခဲ့ပါဘူး။ အမေရိကန်သမ္မတထရမ့်ဟာ သမ္မတအဖြစ် တာဝန်ယူပြီးနောက် အီရန်နဲ့ နျူကလီးယားစာချုပ်ချုပ်ဆို ကြိုးပမ်းခဲ့ပေမယ့် မျှော်လင့်ထားသလို အောင်မြင်မှုမရခဲ့ဘဲ အစ္စရေးနိုင်ငံက အီရန်ကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

Zawgyi Version:
အီရန္ႏိုင္ငံမွာ န်ဴကလီးယားဗုံးထုတ္ႏိုင္ေအာင္ စနစ္တက် ထုတ္လုပ္ေနတဲ့သက္ေသမ်ိဳးမေတြ႕ရေသးေၾကာင္း (IAEA) ဆို
ဂ်န္ဇက္ (NP News) - ဇြန္ ၂ဝ
ႏိုင္ငံတကာအန်ဴျမဴစြမ္းအင္ေအဂ်င္စီ (IAEA) က အီရန္ႏိုင္ငံဟာ န်ဴကလီးယားဗုံးထုတ္ႏိုင္ေအာင္ စနစ္တစ္က် ထုတ္လုပ္ေနတဲ့သက္ ေသမ်ိဳးမေတြ႕ရေသးေၾကာင္း ေျပာပါတယ္။ အစၥေရးဟာ အီရန္ႏိုင္ငံကို န်ဴကလီးယား လက္နက္မ်ား ထုတ္လုပ္ေနတယ္လို႔ စြပ္စြဲၿပီး ဇြန္လ ၁၃ ရက္မွာ တိုက္ခိုက္ခဲ့ရာ ႏွစ္ႏိုင္ငံၾကား စစ္ပြဲ စတင္ခဲ့တယ္ လို႔ သိရပါတယ္။ အေမရိကန္သမၼတ ကိုယ္တိုင္ကလည္း အီရန္ဟာ န်ဴကလီးယားလက္နက္ရဖို႔ အလြန္နီးစပ္တဲ့ အေျခေနမ်ိဳးကို ေရာက္ရွိေနတယ္လို႔ ဆိုပါတယ္။
(IAEA)က “အီရန္ဟာ ယူေရနီယံအမ်ားအျပားရွိတယ္။ ဒါေပမယ့္ အဲဒီ ယူေရနီယံကို န်ဴကလီးယားလက္နက္အျဖစ္ ေျပာင္းလဲဖို႔ မလုပ္ႏိုင္ေသးဘူး။ စမ္းသပ္မႈေတြလုပ္ဖို႔ လိုအပ္ေနဆဲျဖစ္တယ္။ အီရန္န်ဴကလီယား အစီအစဥ္ကို ႏွစ္ေပါင္း ၂ဝ ၾကာ စုံစမ္းစစ္ေဆးခဲ့တယ္။ ဒါေပမယ့္ န်ဴကလီးယားလက္နက္ရေအာင္ စနစ္တစ္က်လုပ္ေဆာင္တာ မ်ိဳး မေတြ႕ရေသးဘူး’’ လို႔ ေျပာပါတယ္။
အီရန္ဟာ န်ဴကလီးယားလက္နက္မ်ား ပိုင္ဆိုင္ေအာင္ႀကိဳးပမ္းေနတယ္လို႔ ႏွစ္ေပါင္းမ်ားစြာၾကာ အျငင္းပြားခဲ့ၿပီး သက္ေသျပသႏိုင္ျခင္းမရွိခဲ့ပါဘူး။ အေမရိကန္သမၼတထရမ့္ဟာ သမၼတအျဖစ္ တာဝန္ယူၿပီးေနာက္ အီရန္နဲ႔ န်ဴကလီးယားစာခ်ဳပ္ခ်ဳပ္ဆို ႀကိဳးပမ္းခဲ့ေပမယ့္ ေမွ်ာ္လင့္ထားသလို ေအာင္ျမင္မႈမရခဲ့ဘဲ အစၥေရးႏိုင္ငံက အီရန္ကို တိုက္ခိုက္ခဲ့တာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.