Microsoft က ဝန်ထမ်း ထောင်ပေါင်းများစွာကို အလုပ်မှ ဖယ်ရှားဖို့ စီစဉ်

375

ရောင်နီ (NP News) - ဇွန် ၂ဝ
Microsoft ဟာ AI အတွက် အသုံးပြုထားတဲ့ စရိတ်တွေကြောင့် ကုမ္ပဏီရဲ့ နောက်ဆုံးလှုပ်ရှားမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ အလုပ်အကိုင်ထောင်ပေါင်းများစွာကို ထပ်မံဖယ်ရှားဖို့ စီစဉ်နေပါတယ်။
အဲဒီအစီအစဉ်ကို ဇူလိုင်လ အစောပိုင်းမှာ ကြေညာဖို့ မျှော်လင့်ထားတယ်လို့ အဆိုပါကိစ္စနဲ့ နီးစပ်သူတွေက ပြောကြားပါတယ်။ ဝန်ထမ်းလျှော့ချမှုထဲမှာ အရောင်းအဖွဲ့တွေကို တိုက်ရိုက်သက်ရောက်မှာ မဟုတ်ပေမယ့် အချိန်အခါအလိုက် ပြောင်းလဲနိုင်တယ်လို့ ဆိုထားပါတယ်။ ကုမ္ပဏီကတော့ ဒီအကြောင်းကို မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။ ဧပြီလကလည်း Microsoft ဟာ အသေးစားနဲ့ အလယ်အလတ်ဖောက် သည်တွေဆီ ဆော့ဖ်ဝဲလ်ရောင်းချမှုကို ကိုင်တွယ်ဖို့ ပြင်ပကုမ္ပဏီတွေ အသုံးပြုဖို့ စီစဉ်ထားတယ်လို့ ပြောကြားခဲ့ဖူးပါတယ်။ နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Google ဟာ AI ကို ၎င်းတို့ရဲ့ထုတ်ကုန်နဲ့ဝန်ဆောင်မှုတွေမှာ ပေါင်းစည်းအသုံးပြုဖို့ရည်ရွယ်ပြီး AI မှာ ရင်းနှီးမြှုပ်နှံမှုတွေ အရှိန်မြှင့်လုပ်ဆောင်ခဲ့ပါတယ်။
Amazon ရဲ့ အမှုဆောင်အရာရှိချုပ် အန်ဒီဂျက်ဆီကတော့ AI ကြောင့် လာမယ့်နှစ်အနည်းငယ်အတွင်းမှာ ၄င်းရဲ့လုပ်ငန်းအဖွဲ့ လုပ်သားအင်အားကို လျှော့ချနိုင်လိမ့်မယ်လို့ ဇွန်လ ၁၇ ရက်က ပြောကြားခဲ့ပါတယ်။ Microsoft ဟာ ယခုနှစ်ဘဏ္ဍာရေးနှစ်မှာ ငွေလုံးငွေရင်းအသုံးစရိတ် အမေရိကန်ဒေါ်လာ ၈၀ ဘီလျံ စီစဉ်ထားပြီး အများစုကို AI ဝန်ဆောင်မှုတွေအတွက် ဒေတာစင်တာတွေ တိုးချဲ့ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
zawgyi version
Microsoft က ဝန္ထမ္း ေထာင္ေပါင္းမ်ားစြာကို အလုပ္မွ ဖယ္ရွားဖို႔ စီစဥ္
ေရာင္နီ (NP News) - ဇြန္ ၂ဝ
Microsoft ဟာ AI အတြက္ အသုံးျပဳထားတဲ့ စရိတ္ေတြေၾကာင့္ ကုမၸဏီရဲ႕ ေနာက္ဆုံးလႈပ္ရွားမႈ တစ္စိတ္တစ္ပိုင္းအေနနဲ႔ အလုပ္အကိုင္ေထာင္ေပါင္းမ်ားစြာကို ထပ္မံဖယ္ရွားဖို႔ စီစဥ္ေနပါတယ္။
အဲဒီအစီအစဥ္ကို ဇူလိုင္လ အေစာပိုင္းမွာ ေၾကညာဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ အဆိုပါကိစၥနဲ႔ နီးစပ္သူေတြက ေျပာၾကားပါတယ္။ ဝန္ထမ္းေလွ်ာ့ခ်မႈထဲမွာ အေရာင္းအဖြဲ႕ေတြကို တိုက္႐ိုက္သက္ေရာက္မွာ မဟုတ္ေပမယ့္ အခ်ိန္အခါအလိုက္ ေျပာင္းလဲႏိုင္တယ္လို႔ ဆိုထားပါတယ္။ ကုမၸဏီကေတာ့ ဒီအေၾကာင္းကို မွတ္ခ်က္ေပးဖို႔ ျငင္းဆိုခဲ့ပါတယ္။ ဧၿပီလကလည္း Microsoft ဟာ အေသးစားနဲ႔ အလယ္အလတ္ေဖာက္ သည္ေတြဆီ ေဆာ့ဖ္ဝဲလ္ေရာင္းခ်မႈကို ကိုင္တြယ္ဖို႔ ျပင္ပကုမၸဏီေတြ အသုံးျပဳဖို႔ စီစဥ္ထားတယ္လို႔ ေျပာၾကားခဲ့ဖူးပါတယ္။ နည္းပညာကုမၸဏီႀကီးျဖစ္တဲ့ Google ဟာ AI ကို ၎တို႔ရဲ႕ထုတ္ကုန္နဲ႔ဝန္ေဆာင္မႈေတြမွာ ေပါင္းစည္းအသုံးျပဳဖို႔ရည္႐ြယ္ၿပီး AI မွာ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ အရွိန္ျမႇင့္လုပ္ေဆာင္ခဲ့ပါတယ္။
Amazon ရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ အန္ဒီဂ်က္ဆီကေတာ့ AI ေၾကာင့္ လာမယ့္ႏွစ္အနည္းငယ္အတြင္းမွာ ၄င္းရဲ႕လုပ္ငန္းအဖြဲ႕ လုပ္သားအင္အားကို ေလွ်ာ့ခ်ႏိုင္လိမ့္မယ္လို႔ ဇြန္လ ၁၇ ရက္က ေျပာၾကားခဲ့ပါတယ္။ Microsoft ဟာ ယခုႏွစ္ဘ႑ာေရးႏွစ္မွာ ေငြလုံးေငြရင္းအသုံးစရိတ္ အေမရိကန္ေဒၚလာ ၈၀ ဘီလ်ံ စီစဥ္ထားၿပီး အမ်ားစုကို AI ဝန္ေဆာင္မႈေတြအတြက္ ေဒတာစင္တာေတြ တိုးခ်ဲ႕ဖို႔ ရည္႐ြယ္ထားတယ္လို႔ သိရပါတယ္။