အီရန်က နျူကလီးယားလက်နက်အတွက် ကြိုးပမ်းနေတယ်ဆိုတဲ့ သက်သေမရှိဘူးလို့ IAEA ပြော

 306

Pika (NP News) - ဇွန် ၂၁

အီရန်အစိုးရက နျူကလီးယားလက်နက်ထုတ်လုပ်ဖို့ ကြိုးပမ်းမှုတွေလုပ်ဆောင်နေတယ်ဆိုတဲ့သက်သေ အထောက်အထားတွေကို မတွေ့ရဘူးလို့ နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ရဲ့အကြီးအကဲ Rafael Grossi က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
အီရန်နိုင်ငံက နျူကလီးယားလက်နက်ပိုင်ဆိုင်တာမျိုးမရှိစေဖို့ ကြိုးပမ်းမှုရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ အစ္စရေးက အီရန်ကို လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ပြီးနောက် ယခုလိုပြောဆိုချက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒါ့ပြင် လက်ရှိအချိန်အထိ နှစ်ဘက်စလုံးက အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေကို လုပ်ဆောင် နေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။
ပြီးတော့ အီရန်နိုင်ငံဟာ နျူကလီးယားလက်နက်ရရှိဖို့ အလွန်နီးစပ်နေပြီလို့ ယုံကြည်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇွန်လ(၁၉)ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ၎င်းတို့ရဲ့နျူကလီးယားအစီအစဉ်ဟာ ငြိမ်းချမ်းရေးအတွက်သာဖြစ်ပြီး လုပ်ဆောင်ပိုင်ခွင့် အပြည့်အဝရှိတယ်လို့ အီရန်အာဏာပိုင်တွေက ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ Rafael Grossi က “အီရန်က နျူကလီးယားလက်နက်ထုတ်လုပ်ဖို့အတွက် စနစ်တကျကြိုးပမ်းမှုတွေကို လုပ်ဆောင်နေတယ်ဆိုတဲ့ သက်သေ အထောက်အထားတွေကိုတော့ လက်ရှိအချိန်အထိ မတွေ့ရှိရသေးပါဘူး” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
အီရန္က န်ဴကလီးယားလက္နက္အတြက္ ႀကိဳးပမ္းေနတယ္ဆိုတဲ့ သက္ေသမရွိဘူးလို႔ IAEA ေျပာ
Pika (NP News) - ဇြန္ ၂၁
အီရန္အစိုးရက န်ဴကလီးယားလက္နက္ထုတ္လုပ္ဖို႔ ႀကိဳးပမ္းမႈေတြလုပ္ေဆာင္ေနတယ္ဆိုတဲ့သက္ေသ အေထာက္အထားေတြကို မေတြ႕ရဘူးလို႔ ႏိုင္ငံတကာအဏုျမဴစြမ္းအင္ေအဂ်င္စီ (IAEA) ရဲ႕အႀကီးအကဲ Rafael Grossi က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
အီရန္ႏိုင္ငံက န်ဴကလီးယားလက္နက္ပိုင္ဆိုင္တာမ်ိဳးမရွိေစဖို႔ ႀကိဳးပမ္းမႈရဲ႕တစ္စိတ္တစ္ပိုင္းအေနနဲ႔ အစၥေရးက အီရန္ကို ေလေၾကာင္းတိုက္ခိုက္မႈေတြလုပ္ေဆာင္ခဲ့ၿပီးေနာက္ ယခုလိုေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာ ျဖစ္ပါတယ္။ ဒါ့ျပင္ လက္ရွိအခ်ိန္အထိ ႏွစ္ဘက္စလုံးက အျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈေတြကို လုပ္ေဆာင္ ေနဆဲျဖစ္တယ္လို႔လည္း သိရပါတယ္။
ၿပီးေတာ့ အီရန္ႏိုင္ငံဟာ န်ဴကလီးယားလက္နက္ရရွိဖို႔ အလြန္နီးစပ္ေနၿပီလို႔ ယုံၾကည္တယ္လို႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ဇြန္လ(၁၉)ရက္မွာ ထုတ္ျပန္ခဲ့ပါတယ္။
ဒါေပမယ့္လည္း ၎တို႔ရဲ႕န်ဴကလီးယားအစီအစဥ္ဟာ ၿငိမ္းခ်မ္းေရးအတြက္သာျဖစ္ၿပီး လုပ္ေဆာင္ပိုင္ခြင့္ အျပည့္အဝရွိတယ္လို႔ အီရန္အာဏာပိုင္ေတြက ျပန္လည္တုံ႔ျပန္ေျပာဆိုခဲ့ပါတယ္။ Rafael Grossi က “အီရန္က န်ဴကလီးယားလက္နက္ထုတ္လုပ္ဖို႔အတြက္ စနစ္တက်ႀကိဳးပမ္းမႈေတြကို လုပ္ေဆာင္ေနတယ္ဆိုတဲ့ သက္ေသ အေထာက္အထားေတြကိုေတာ့ လက္ရွိအခ်ိန္အထိ မေတြ႕ရွိရေသးပါဘူး” လို႔ ေျပာခဲ့ပါတယ္။

© 2021. All rights reserved.