ရုရှားနဲ့ယူကရိန်းကြား အကျဉ်းသားလဲလှယ်မှု ထပ်မံပြုလုပ်

 148

Pika (NP News) - ဇွန် ၂၁
ရုရှားနဲ့ယူကရိန်းတို့ဟာ နောက်ထပ်အကျဉ်းသားလဲလှယ်မှုတစ်ခုကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့တယ်လို့ နှစ်ဖက်စလုံးရဲ့တာဝန်ရှိသူတွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အဲဒီအကျဉ်းသားလဲလှယ်မှုဟာ ယခုလ အစောပိုင်းက အစ္စတန်ဘူလ်မြို့မှာ ရုရှားနဲ့ယူကရိန်းတို့ကြားရရှိခဲ့တဲ့သဘောတူညီချက်ရဲ့တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့လည်း သိရပါတယ်။
အဲဒီဆွေးနွေးပွဲအတွင်း နှစ်ဖက်စလုံးက အကျဉ်းသား(၁၀၀၀)ကျော်စီ အပြန်အလှန်လဲလှယ်မှုကို လုပ်ဆောင်ဖို့ သဘောတူညီခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း ယခုတစ်ကြိမ်လုပ်ဆောင်တဲ့ အကျဉ်းသား အပြန်အလှန်လဲလှယ်မှုမှာ စစ်သားအရေအတွက် ဘယ်လောက်ကို ပြန်လွှတ်ပေးခဲ့တယ်ဆိုတဲ့အချက်ကိုတော့ နှစ်ဖက်စလုံးက ထုတ်ဖော်ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။
ယူကရိန်းသမ္မတဇီလန်စကီးက “ရုရှားက ဖမ်းဆီးထားတဲ့ကျွန်တော်တို့ရဲ့ပြည်သူတွေဟာ နေအိမ်ကိုပြန်လာနေကြ ပါပြီ” လို့ ပြောခဲ့ပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကလည်း အဲဒီအကျဉ်းသားအပြန်အလှန်လဲလှယ်မှုကို အတည်ပြုခဲ့ပြီး ရုရှားအလံကိုဝှေ့ယမ်းနေတဲ့ စစ်သားတွေရဲ့ဓါတ်ပုံတွေကို ထုတ်ပြန်ပြသခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
႐ုရွားနဲ႔ယူကရိန္းၾကား အက်ဥ္းသားလဲလွယ္မႈ ထပ္မံျပဳလုပ္
Pika (NP News) - ဇြန္ ၂၁
႐ုရွားနဲ႔ယူကရိန္းတို႔ဟာ ေနာက္ထပ္အက်ဥ္းသားလဲလွယ္မႈတစ္ခုကို ေအာင္ျမင္စြာလုပ္ေဆာင္ႏိုင္ခဲ့တယ္လို႔ ႏွစ္ဖက္စလုံးရဲ႕တာဝန္ရွိသူေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ အဲဒီအက်ဥ္းသားလဲလွယ္မႈဟာ ယခုလ အေစာပိုင္းက အစၥတန္ဘူလ္ၿမိဳ႕မွာ ႐ုရွားနဲ႔ယူကရိန္းတို႔ၾကားရရွိခဲ့တဲ့သေဘာတူညီခ်က္ရဲ႕တစ္စိတ္တစ္ပိုင္း ျဖစ္တယ္လို႔လည္း သိရပါတယ္။
အဲဒီေဆြးေႏြးပြဲအတြင္း ႏွစ္ဖက္စလုံးက အက်ဥ္းသား(၁၀၀၀)ေက်ာ္စီ အျပန္အလွန္လဲလွယ္မႈကို လုပ္ေဆာင္ဖို႔ သေဘာတူညီခဲ့ၾကတာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါေပမယ့္လည္း ယခုတစ္ႀကိမ္လုပ္ေဆာင္တဲ့ အက်ဥ္းသား အျပန္အလွန္လဲလွယ္မႈမွာ စစ္သားအေရအတြက္ ဘယ္ေလာက္ကို ျပန္လႊတ္ေပးခဲ့တယ္ဆိုတဲ့အခ်က္ကိုေတာ့ ႏွစ္ဖက္စလုံးက ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔ သိရပါတယ္။
ယူကရိန္းသမၼတဇီလန္စကီးက “႐ုရွားက ဖမ္းဆီးထားတဲ့ကြၽန္ေတာ္တို႔ရဲ႕ျပည္သူေတြဟာ ေနအိမ္ကိုျပန္လာေနၾက ပါၿပီ” လို႔ ေျပာခဲ့ပါတယ္။ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနကလည္း အဲဒီအက်ဥ္းသားအျပန္အလွန္လဲလွယ္မႈကို အတည္ျပဳခဲ့ၿပီး ႐ုရွားအလံကိုေဝွ႔ယမ္းေနတဲ့ စစ္သားေတြရဲ႕ဓါတ္ပုံေတြကို ထုတ္ျပန္ျပသခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.