ကမ္ဘောဒီးယားအရေးနှင့်ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ်ကို ထိုင်းစစ်တပ်ဗိုလ်ချုပ်ကြီး အကြံပေးပြောဆို

671

ဂျန်ဇက် (NP News) - ဇွန် ၂၁
ထိုင်းစစ်တပ်မှ ဒုတိယဗိုလ်ချုပ်ကြီး ဘွန်ဆင်ပက်လန်က ထိုင်းဝန်ကြီးချုပ် ပေတုံတန်ရှင်နာဝါ ထရာအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံနှင့်ဖြစ်ပွားလျက်ရှိနေသည့် နယ်စပ်ဒေသအငြင်းပွားမှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် အမျိုးသား အကျိုးစီးပွားကို ဦးစားပေးဆောင်ရွက်မည့် စိတ်ထားမျိုးဖြင့်လုပ်ကိုင်ရမည်ဖြစ်ကြောင်း အကြံပြု ပြောကြားခဲ့သည်။
ထိုင်းဝန်ကြီးချုပ်အနေဖြင့် ထိုင်းနိုင်ငံနှင့်ပတ်သက်ပြီး နိုင်ငံတကာ၏ယုံကြည်မှုများပြန်လည်ရရှိစေရန်နှင့် ၎င်း တို့အပေါ်ကူညီပေးမည့် အတွေ့ကြုံရင့်ကျက်သူများပါဝင်သော အကြံပေးအဖွဲ့ကို ဖွဲ့စည်းရမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းဝန်ကြီးချုပ်နှင့် ကမ္ဘောဒီးယားလွှတ် တော်ဥက္ကဋ္ဌ ဟွန်ဆန်တို့ကြား နယ်စပ်ဒေသအငြင်းပွားမှုကို ဖြေရှင်း ရန်အတွက် ဖုန်းဆက်ဆွေးနွေးသည့် မှတ်တမ်းတစ်ခု ပြင်ပကိုပေါက်ကြားခဲ့ပြီးနောက် ထိုင်းဝန်ကြီးချုပ်သည် ပြင်း ထန်သော ဝေဖန်ပြစ်တင်မှုများနှင့်ရင်ဆိုင်နေရသည်။ ထိုင်းဝန်ကြီးချုပ်သည် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟောင်းဟွန်ဆန် နှင့် နယ်စပ်အငြင်းပွားမှုများကိုဖြေရှင်းရန်ဆွေးနွေးရာတွင် အားနည်းချက်များရှိနေခဲ့သကဲ့သို့ပင် ယုံကြည်မှုများလည်း ပျောက်ဆုံးနေကြောင်း ဝေဖန်ပြစ်တင်မှုများထွက်ပေါ်ခဲ့သလို ထိုင်းစစ်တပ်တပ်မှူးများနှင့် ပတ်သက်ပြီး ၎င်း၏ မှတ်ချက်စကားများကြောင့် အာဏာသိမ်းမှုများ ဖြစ်လာမည်ကို စိုးရိမ်မှုမြင့်တက်ခဲ့ ကြောင်းသိရသည်။
ထိုင်းဝန်ကြီးချုပ်သည် ဟွန်ဆန်နှင့် ဆွေးနွေးခဲ့သော ဖုန်းအသံဖိုင် ပြင်ပပေါက်ကြားခဲ့မှုနှင့် ပတ်သက်ပြီး ပြန် လည်တောင်းပန်ခဲ့ကြောင်းသိရသည်။ ဟွန်ဆန်နှင့်ထိုင်းဝန်ကြီးချုပ် ပေတုံတန်ရှင် နာဝါထရာတို့ ဆွေးနွေးသည့် ဖုန်း အသံဖိုင် ပြင်ပသို့ ပေါက်ကြားလာခဲ့ပြီးနောက် ထိုင်းပြည်သူများက ပေတုံတန်ရှင်နာဝါထရာအပေါ် ယုံကြည်မှု မရှိတော့ဘဲ ရာထူးမှနုတ်ထွက်ရန် သို့မဟုတ် ရွေးကောက်ပွဲကို စောစီးစွာကျင်းပရန် ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သိရ သည်။
ထိုင်းဝန်ကြီးချုပ်ပေတုံတန်ရှင်နာဝါထရာသည် လက်ရှိအချိန်တွင်ဖိအားများနှင့်ရင်ဆိုင်နေရသော်လည်း ၎င်းဦးဆောင်သော ညွန့်ပေါင်းအစိုးရအဖွဲ့တွင် ပါဝင်သည့်ပါတီများက ၎င်းအပေါ် ကူညီထောက်ခံမှုများ ဆက်လက် လုပ်ဆောင်မည်ဟု ယုံကြည်ကြောင်း ပြောသည်။ ထိုင်းဝန်ကြီးချုပ်သည် ဇွန်လ (၂၀)ရက်တွင် ထိုင်းစစ်တပ်မှ ဗိုလ်ချုပ်ကြီး များနှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး ထိုင်းဗိုလ်ချုပ်ကြီး ပက်လန်က ‘ဝန်ကြီးချုပ်ဟာ အငြင်းပွားမှုများကို ဖြေရှင်းရာမှာ ဆုံးဖြတ် ချက်ပြတ်သားကြောင်း ပြသဖို့လိုသလို အဲဒီအငြင်းပွားမှုများကို ဖြေရှင်းဖို့ စိတ်ထဲထည့်ထား ရမယ်’ ဟုပြောသည်။
၎င်းသည် ပြီးခဲ့သော ဩဂုတ်လတွင် ထိုင်းဝန်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့ပြီးနောက် လက်ရှိဖြစ်ပွားနေသည့် ကမ္ဘောဒီးယားနိုင်ငံနှင့် နယ်စပ်ဒေသ အငြင်းပွားမှုများက ဝန်ကြီးချုပ်အဖြစ်ဆက်ရှိ မရှိဆိုသည့်အချက်အပေါ် ဖိအားများ စွာရှိနေကြောင်း သိရသည်။

Zawgyi Version:
ကေမာၻဒီးယားအေရးႏွင့္ပတ္သက္ၿပီး ထိုင္းဝန္ႀကီးခ်ဳပ္ကို ထိုင္းစစ္တပ္ဗိုလ္ခ်ဳပ္ႀကီး အႀကံေပးေျပာဆို
ဂ်န္ဇက္ (NP News) - ဇြန္ ၂၁
ထိုင္းစစ္တပ္မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ဘြန္ဆင္ပက္လန္က ထိုင္းဝန္ႀကီးခ်ဳပ္ ေပတုံတန္ရွင္နာဝါ ထရာအေနျဖင့္ ကေမာၻဒီးယားႏိုင္ငံႏွင့္ျဖစ္ပြားလ်က္ရွိေနသည့္ နယ္စပ္ေဒသအျငင္းပြားမႈမ်ားကို ကိုင္တြယ္ေျဖရွင္းရာတြင္ အမ်ိဳးသား အက်ိဳးစီးပြားကို ဦးစားေပးေဆာင္႐ြက္မည့္ စိတ္ထားမ်ိဳးျဖင့္လုပ္ကိုင္ရမည္ျဖစ္ေၾကာင္း အႀကံျပဳ ေျပာၾကားခဲ့သည္။
ထိုင္းဝန္ႀကီးခ်ဳပ္အေနျဖင့္ ထိုင္းႏိုင္ငံႏွင့္ပတ္သက္ၿပီး ႏိုင္ငံတကာ၏ယုံၾကည္မႈမ်ားျပန္လည္ရရွိေစရန္ႏွင့္ ၎ တို႔အေပၚကူညီေပးမည့္ အေတြ႕ႀကဳံရင့္က်က္သူမ်ားပါဝင္ေသာ အႀကံေပးအဖြဲ႕ကို ဖြဲ႕စည္းရမည္ျဖစ္ေၾကာင္း သိရသည္။
ထိုင္းဝန္ႀကီးခ်ဳပ္ႏွင့္ ကေမာၻဒီးယားလႊတ္ ေတာ္ဥကၠ႒ ဟြန္ဆန္တို႔ၾကား နယ္စပ္ေဒသအျငင္းပြားမႈကို ေျဖရွင္း ရန္အတြက္ ဖုန္းဆက္ေဆြးေႏြးသည့္ မွတ္တမ္းတစ္ခု ျပင္ပကိုေပါက္ၾကားခဲ့ၿပီးေနာက္ ထိုင္းဝန္ႀကီးခ်ဳပ္သည္ ျပင္း ထန္ေသာ ေဝဖန္ျပစ္တင္မႈမ်ားႏွင့္ရင္ဆိုင္ေနရသည္။ ထိုင္းဝန္ႀကီးခ်ဳပ္သည္ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ ေဟာင္းဟြန္ဆန္ ႏွင့္ နယ္စပ္အျငင္းပြားမႈမ်ားကိုေျဖရွင္းရန္ေဆြးေႏြးရာတြင္ အားနည္းခ်က္မ်ားရွိေနခဲ့သကဲ့သို႔ပင္ ယုံၾကည္မႈမ်ားလည္း ေပ်ာက္ဆုံးေနေၾကာင္း ေဝဖန္ျပစ္တင္မႈမ်ားထြက္ေပၚခဲ့သလို ထိုင္းစစ္တပ္တပ္မႉးမ်ားႏွင့္ ပတ္သက္ၿပီး ၎၏ မွတ္ခ်က္စကားမ်ားေၾကာင့္ အာဏာသိမ္းမႈမ်ား ျဖစ္လာမည္ကို စိုးရိမ္မႈျမင့္တက္ခဲ့ ေၾကာင္းသိရသည္။
ထိုင္းဝန္ႀကီးခ်ဳပ္သည္ ဟြန္ဆန္ႏွင့္ ေဆြးေႏြးခဲ့ေသာ ဖုန္းအသံဖိုင္ ျပင္ပေပါက္ၾကားခဲ့မႈႏွင့္ ပတ္သက္ၿပီး ျပန္ လည္ေတာင္းပန္ခဲ့ေၾကာင္းသိရသည္။ ဟြန္ဆန္ႏွင့္ထိုင္းဝန္ႀကီးခ်ဳပ္ ေပတုံတန္ရွင္ နာဝါထရာတို႔ ေဆြးေႏြးသည့္ ဖုန္း အသံဖိုင္ ျပင္ပသို႔ ေပါက္ၾကားလာခဲ့ၿပီးေနာက္ ထိုင္းျပည္သူမ်ားက ေပတုံတန္ရွင္နာဝါထရာအေပၚ ယုံၾကည္မႈ မရွိေတာ့ဘဲ ရာထူးမွႏုတ္ထြက္ရန္ သို႔မဟုတ္ ေ႐ြးေကာက္ပြဲကို ေစာစီးစြာက်င္းပရန္ ဆႏၵျပေတာင္းဆိုခဲ့ေၾကာင္း သိရ သည္။
ထိုင္းဝန္ႀကီးခ်ဳပ္ေပတုံတန္ရွင္နာဝါထရာသည္ လက္ရွိအခ်ိန္တြင္ဖိအားမ်ားႏွင့္ရင္ဆိုင္ေနရေသာ္လည္း ၎ဦးေဆာင္ေသာ ၫြန႔္ေပါင္းအစိုးရအဖြဲ႕တြင္ ပါဝင္သည့္ပါတီမ်ားက ၎အေပၚ ကူညီေထာက္ခံမႈမ်ား ဆက္လက္ လုပ္ေဆာင္မည္ဟု ယုံၾကည္ေၾကာင္း ေျပာသည္။ ထိုင္းဝန္ႀကီးခ်ဳပ္သည္ ဇြန္လ (၂၀)ရက္တြင္ ထိုင္းစစ္တပ္မွ ဗိုလ္ခ်ဳပ္ႀကီး မ်ားႏွင့္ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီး ထိုင္းဗိုလ္ခ်ဳပ္ႀကီး ပက္လန္က ‘ဝန္ႀကီးခ်ဳပ္ဟာ အျငင္းပြားမႈမ်ားကို ေျဖရွင္းရာမွာ ဆုံးျဖတ္ ခ်က္ျပတ္သားေၾကာင္း ျပသဖို႔လိုသလို အဲဒီအျငင္းပြားမႈမ်ားကို ေျဖရွင္းဖို႔ စိတ္ထဲထည့္ထား ရမယ္’ ဟုေျပာသည္။
၎သည္ ၿပီးခဲ့ေသာ ဩဂုတ္လတြင္ ထိုင္းဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူခဲ့ၿပီးေနာက္ လက္ရွိျဖစ္ပြားေနသည့္ ကေမာၻဒီးယားႏိုင္ငံႏွင့္ နယ္စပ္ေဒသ အျငင္းပြားမႈမ်ားက ဝန္ႀကီးခ်ဳပ္အျဖစ္ဆက္ရွိ မရွိဆိုသည့္အခ်က္အေပၚ ဖိအားမ်ား စြာရွိေနေၾကာင္း သိရသည္။