ပျော်ဘွယ်တွင် တရားမဝင် ဓာတုပစ္စည်း ၂၅၅၀၀ လီတာနှင့် ပါဝင်ပတ်သက်သူ ၅ ဦးတို့ကို ဖမ်းဆီးရမိ

 284

ခတ္တာဦး (NPNews) - ဇွန် ၂၁

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ သပြေရိုး ကျေးရွာတွင် တရားမဝင်ဓာတုပစ္စည်း ၂၅၅၀၀ လီတာ နှင့် ပါဝင်ပတ်သက်နေသူ ၅ ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ ၈ ရက် ညနေ ၆ နာရီ ၃ဝ မိနစ်ခန့်က ပျော်ဘွယ်မြို့နယ်၊ သပြေရိုးကျေးရွာ၌ စိုးသက်ပိုင်အား အထောက်ထားမဲ့သိုလှောင်ထားသည့် Glacial Acetic Acid ၃၀ လီတာစီပါ ပလတ်စတစ်ပုံး ၈၅ဝ ပုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါဓာတုပစ္စည်းများကို သိမ်းဆည်းရန် အခကြေးငွေပေး၍ စေခိုင်းခံရကြောင်း သိရသည်။
ထို့နောက် စစ်ဆေး ဖော်ထုတ်ချက်အရ စေခိုင်းသူဇော်လင်းဦးအား ဇွန်လ ၁၀ ရက် ညနေ ၄ နာရီ ၃ဝ ခန့်တွင် ပုဗ္ဗသီရိမြို့နယ်၊ ဝဏ္ဏဒီပရပ်ကွက်၊ စွယ်တော်လမ်းရှိ ၎င်း၏နေအိမ်၌လည်းကောင်း၊ ဓာတုပစ္စည်းများအား ရန်ကုန်မှပျော်ဘွယ်သို့ တာဝန်ခံသယ်ဆောင်သူ ကျော်မြင့်ဦး (ခ) ဖိုးကျော် (ခ) ဖြိုးကျော်အား ဇွန် ၁၂ ရက် ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ဒလမြို့ရှိနေအိမ်၌ လည်းကောင်း၊ ဓာတုပစ္စည်းများအား တရားမဝင် တင်ပို့ပေးသူအောင်အောင်ဦး (ခ)ကိုခန့်အား ဇွန် ၁၄ ရက် နံနက် ၆ နာရီခန့်တွင် တာမွေမြို့နယ်၊ ၁၅၂ လမ်းရှိ နေအိမ်၌လည်းကောင်း၊ ဓာတုပစ္စည်းများအား တရားမဝင်ရောင်းချခဲ့သူ နေအောင်လှိုင်သိန်း(ခ)နေအောင်အား နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ ဖန်ချက်စက်လမ်းရှိ နေအိမ်၌လည်း ကောင်း အသီးသီး ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
ဖမ်းဆီးရမိသူ ၅ ဦးတို့သည် အဆိုပါဓာတုပစ္စည်းများကို မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းဆေးဝါးများထုတ်လုပ်ရာတွင် အသုံးပြုရန်ရည်ရွယ်၍ တရားမဝင်သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်သဖြင့် ၎င်းတို့အား တရားဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ထုတ်ပြန် ချက်အရသိရသည်။

Zawgyi Version:
ေပ်ာ္ဘြယ္တြင္ တရားမဝင္ ဓာတုပစၥည္း ၂၅၅၀၀ လီတာႏွင့္ ပါဝင္ပတ္သက္သူ ၅ ဦးတို႔ကို ဖမ္းဆီးရမိ
ခတၱာဦး (NPNews) - ဇြန္ ၂၁
မႏၲေလးတိုင္းေဒသႀကီး၊ ေပ်ာ္ဘြယ္ၿမိဳ႕နယ္၊ သေျပ႐ိုး ေက်း႐ြာတြင္ တရားမဝင္ဓာတုပစၥည္း ၂၅၅၀၀ လီတာ ႏွင့္ ပါဝင္ပတ္သက္ေနသူ ၅ ဦးတို႔ကို ဖမ္းဆီးရမိခဲ့ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဇြန္လ ၈ ရက္ ညေန ၆ နာရီ ၃ဝ မိနစ္ခန္႔က ေပ်ာ္ဘြယ္ၿမိဳ႕နယ္၊ သေျပ႐ိုးေက်း႐ြာ၌ စိုးသက္ပိုင္အား အေထာက္ထားမဲ့သိုေလွာင္ထားသည့္ Glacial Acetic Acid ၃၀ လီတာစီပါ ပလတ္စတစ္ပုံး ၈၅ဝ ပုံးႏွင့္အတူ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ၿပီး စစ္ေဆးေဖာ္ထုတ္ခ်က္အရ အဆိုပါဓာတုပစၥည္းမ်ားကို သိမ္းဆည္းရန္ အခေၾကးေငြေပး၍ ေစခိုင္းခံရေၾကာင္း သိရသည္။
ထို႔ေနာက္ စစ္ေဆး ေဖာ္ထုတ္ခ်က္အရ ေစခိုင္းသူေဇာ္လင္းဦးအား ဇြန္လ ၁၀ ရက္ ညေန ၄ နာရီ ၃ဝ ခန႔္တြင္ ပုဗၺသီရိၿမိဳ႕နယ္၊ ဝဏၰဒီပရပ္ကြက္၊ စြယ္ေတာ္လမ္းရွိ ၎၏ေနအိမ္၌လည္းေကာင္း၊ ဓာတုပစၥည္းမ်ားအား ရန္ကုန္မွေပ်ာ္ဘြယ္သို႔ တာဝန္ခံသယ္ေဆာင္သူ ေက်ာ္ျမင့္ဦး (ခ) ဖိုးေက်ာ္ (ခ) ၿဖိဳးေက်ာ္အား ဇြန္ ၁၂ ရက္ ည ၁၀ နာရီ ၃၀ မိနစ္ခန႔္တြင္ ဒလၿမိဳ႕ရွိေနအိမ္၌ လည္းေကာင္း၊ ဓာတုပစၥည္းမ်ားအား တရားမဝင္ တင္ပို႔ေပးသူေအာင္ေအာင္ဦး (ခ)ကိုခန႔္အား ဇြန္ ၁၄ ရက္ နံနက္ ၆ နာရီခန႔္တြင္ တာေမြၿမိဳ႕နယ္၊ ၁၅၂ လမ္းရွိ ေနအိမ္၌လည္းေကာင္း၊ ဓာတုပစၥည္းမ်ားအား တရားမဝင္ေရာင္းခ်ခဲ့သူ ေနေအာင္လႈိင္သိန္း(ခ)ေနေအာင္အား နံနက္ ၁၀ နာရီ ၃၀ မိနစ္ခန႔္တြင္ အင္းစိန္ၿမိဳ႕နယ္၊ ႐ြာမအေနာက္ရပ္ကြက္၊ ဖန္ခ်က္စက္လမ္းရွိ ေနအိမ္၌လည္း ေကာင္း အသီးသီး ဖမ္းဆီးရမိခဲ့ေၾကာင္း သိရွိရသည္။
ဖမ္းဆီးရမိသူ ၅ ဦးတို႔သည္ အဆိုပါဓာတုပစၥည္းမ်ားကို မူးယစ္ေဆးဝါးႏွင့္ စိတ္ေျပာင္းေဆးဝါးမ်ားထုတ္လုပ္ရာတြင္ အသုံးျပဳရန္ရည္႐ြယ္၍ တရားမဝင္သယ္ေဆာင္ေရာင္းဝယ္ျခင္းျဖစ္သျဖင့္ ၎တို႔အား တရားဥပေဒအရ ဆက္လက္အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာန၏ထုတ္ျပန္ ခ်က္အရသိရသည္။

© 2021. All rights reserved.