UWSA ၏ မိုင်းပေါက်၌ မြေရှားသတ္တုတူးဖော်မှု (၈) ဆ ပိုများလာ

237

Pearl (NP News) - ဇွန်လ ၂၂
ရှမ်း-တရုတ် နယ်စပ်အနီးရှိ UWSA ထိန်းချုပ်ရာ မိုင်းပေါက်မြို့နယ်တွင် မြေရှား သတ္တု တူးဖော်မှုမှာ (၈) ဆပိုများလာပြီး ဒေသခံတို့၏လူမှု၊ စီးပွားကို ခြိမ်းခြောက်နေကြောင်း ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင် (SHRF) က ကောင်းကင် ဓာတ်ပုံအချို့နှင့် အတူ ထုတ်ပြန်လာသည်ကို တွေ့ရသည်။
ပြီးခဲ့သည့် (၂၀၁၅)ခုနှစ်တွင် အဆိုပါမိုင်း ပေါက်ဒေသ၌မြေရှားလုပ်ကွက် (၃)ခုသာရှိခဲ့ပြီး (၂၀၂၅)ခုနစ်ဖေဖော်ဝါရီလတွင် ဂြိုဟ်တုဓာတ်ပုံ များအရ မြို့၏တောင်ဘက်ရှိ တောင်ကုန်းများ တစ် လျှောက်တွင် မြေရှားလုပ်ကွက် (၂၆)ခုကျော် ပျံ့နှံ့ တည်ရှိနေကာ အဆိုပါလုပ်ကွက်များအနက် (၃) ခုမှာ မြို့နှင့် (၃) ကီလိုမီတာမှ (၄) ကီလိုမီတာခန့် သာဝေးကြောင်း SHRF က ဆိုသည်။
မြေရှားလုပ်ကွက်များအနက် (၂၀၂၂) ခုနှစ်ကစတင်ခဲ့သော မြေရှားလုပ်ကွက်တစ်ခုမှာ မိုင်းပေါက်မြို့၏ တောင်ဘက် သုံးကီလိုမီတာအကွာ၊ လယ်ယာမြေများကိုဖြတ်သန်းကာ မြို့တစ်လျှောက် မြောက်ဘက်သို့ စီးဆင်းနေသော ဖိုင် ချောင်းဘေး တွင်တည်ရှိ၍ အဆိုပါချောင်းနှင့် အနီးအနားရှိ မြေ အောက်ရေများ ညစ်ညမ်းသွားနိုင်ဖွယ်ရှိပြီး ထောင် ပေါင်းများစွာသော မြို့နေလူထု၏ ကျန်းမာရေးကို ခြိမ်းခြောက်နေကြောင်းလည်း သိရသည်။
မိုင်းပေါက်အနီးရှိ မြေရှားလုပ်ကွက် နေရာများ၏ အဝိုင်းပုံ ထုတ်လုပ်သည့်ကန်များ စီတန်းနေပုံမှာ ကချင်ပြည်နယ်ရှိ မြေရှားသတ္တုတူး ဖော်ရေးလုပ်ငန်းများ၏ပုံစံနှင့်တူညီနေပြီး အဆိုပါ နေရာများတွင် " in situ leaching "ခေါ် မြေအောက်မှ တိုက်ရိုက်ထုတ်ယူသည့် နည်းလမ်းကို အသုံးပြုခြင်းဖြစ်ကာ မိုင်းပေါက်အနီးရှိ နယ်ခံလုပ် သားများက အွန် လိုင်းတွင် မျှဝေထားသော ဗီဒီ ယိုဖိုင်ကလည်း " In situ leaching "နည်းလမ်းကို အသုံးပြုနေကြောင်း ရှင်းလင်းစွာပြသနေသည်ဟု SHRF က ဆိုသည်။
" in situ leaching " လုပ်ငန်းစဉ်သည် မြေရှားသတ္တုများကိုထုတ်ယူရန်အတွက် ဓာတု ပစ္စည်းများကို ပိုက်များမှတစ်ဆင့် တောင်ကုန်း များအတွင်းသို့ လောင်းပြီးနောက် ဓာတုအရည်ကို ကန်များထဲသို့ ပိုက်များဖြင့်ထည့်သွင်းကာ မြေရှား သတ္တုများကို ထုတ်ယူရန်အတွက် ထပ်မံ၍ ဓာတု ပစ္စည်းများ ထပ်ပေါင်းထည့်ခြင်းဖြစ်ကြောင်း သိရ သည်။
ထိုကဲ့သို့ သတ္တုတူးဖော်မှုသည် သဘာဝ ပတ်ဝန်းကျင်ကို ဆိုးရွားစွာထိခိုက်စေပြီး မြေပေါ်၊ မြေအောက်ရေအရင်းအမြစ်များကို ညစ်ညမ်းစေကာ လုပ်ကွက်များ အောက်ဘက်တွင်နေထိုင်ကြသော ဒေသခံပြည်သူများ၏ ကျန်းမာရေးနှင့်အသက် မွေးဝမ်းကျောင်းမှုများကို ခြိမ်းခြောက်နေကြောင်း လည်း SHRF က ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
ပြီးခဲ့သည့် တိုင်ဖွန်းမုန်တိုင်း ယာဂီကြောင့် မိုးကြီးခဲ့စဉ်က မိုင်းပေါက်မြို့ နယ်တစ်ခုလုံးသည် ပတ်ဝန်းကျင်တောင်တန်းများမှ တောင်ကျရေများ စီးဆင်းလာမှုကြောင့် ရေကြီးမှုဒဏ်ကိုခံစားခဲ့ရပြီး (၃) ပေခန့်အထိလွှမ်းမိုးခဲ့သောရေများမှာ အနီးရှိ မြေရှားလုပ်ကွက်များမှအဆိပ်အတောက်များဖြင့် ညစ်ညမ်းနေဖွယ်ရှိပြီး သုံးရက်အကြာမှသာ ရေများ ကျဆင်းသွားခဲ့ကြောင်းလည်းသိရသည်။
မိုင်းပေါက်သည် UWSA ၏ မြောက် ပိုင်းနယ်မြေရှိ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး ယခင်က လားဟူနှင့် ရှမ်းလူမျိုးများ အဓိကနေထိုင်သော စိုက်ပျိုးရေးကုန်သွယ်ရေးရွာငယ်ဖြစ်ခဲ့သော်လည်း လွန်ခဲ့သောဆယ်နှစ်အတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှု ကြောင့်အထပ်မြင့် အဆောက်အအုံများစွာရှိသည့် မြို့ပြဧရိယာ " အထူးဖွံ့ဖြိုးရေးဇုန်" အဖြစ် လုံးဝ ပြောင်းလဲသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် SHRF အစီရင်ခံစာ " Trapped in Hell " တွင် ဖော်ပြထားသည့်အတိုင်း မိုင်းပေါက် သည် (၂၀၂၃) ခုနှစ်နှောင်းပိုင်းတွင် တရုတ်နိုင်ငံက ရှမ်း-တရုတ်နယ်စပ်တစ်လျှောက် ငွေလိမ်ဂိုဏ်း လုပ်ငန်းများကို နှိမ်နင်းခြင်းမပြုမီက UWSA နယ် မြေရှိ အဓိကဆိုက်ဘာငွေလိမ်လုပ်ငန်းဗဟိုချက် များထဲမှ တစ်ခုဖြစ်ကြောင်း SHRF က ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။ အလားတူ UWSA ထိန်းချုပ်ရာ မိုင်းဆတ်မြို့နယ်၊ မိုင်းယွန်းဒေသက မြေရှားလုပ်ကွက် နှစ်ခုသည် လူတစ်သန်းကျော်၏ ကျန်းမာရေး အတွက် စိုးရိမ်ဖွယ်ဖြစ်နေကြောင်း ရှမ်း လူ့အခွင့်အရေးမဏ္ဍိုင် က ထုတ်ပြန်ထားဖူးသည်။

Zawgyi Version:
UWSA ၏ မိုင္းေပါက္၌ ေျမရွားသတၱဳတူးေဖာ္မႈ (၈) ဆ ပိုမ်ားလာ
Pearl (NP News) - ဇြန္လ ၂၂
ရွမ္း-တ႐ုတ္ နယ္စပ္အနီးရွိ UWSA ထိန္းခ်ဳပ္ရာ မိုင္းေပါက္ၿမိဳ႕နယ္တြင္ ေျမရွား သတၱဳ တူးေဖာ္မႈမွာ (၈) ဆပိုမ်ားလာၿပီး ေဒသခံတို႔၏လူမႈ၊ စီးပြားကို ၿခိမ္းေျခာက္ေနေၾကာင္း ရွမ္းလူ႔အခြင့္အေရး မ႑ိဳင္ (SHRF) က ေကာင္းကင္ ဓာတ္ပုံအခ်ိဳ႕ႏွင့္ အတူ ထုတ္ျပန္လာသည္ကို ေတြ႕ရသည္။
ၿပီးခဲ့သည့္ (၂၀၁၅)ခုႏွစ္တြင္ အဆိုပါမိုင္း ေပါက္ေဒသ၌ေျမရွားလုပ္ကြက္ (၃)ခုသာရွိခဲ့ၿပီး (၂၀၂၅)ခုနစ္ေဖေဖာ္ဝါရီလတြင္ ၿဂိဳဟ္တုဓာတ္ပုံ မ်ားအရ ၿမိဳ႕၏ေတာင္ဘက္ရွိ ေတာင္ကုန္းမ်ား တစ္ ေလွ်ာက္တြင္ ေျမရွားလုပ္ကြက္ (၂၆)ခုေက်ာ္ ပ်ံ႕ႏွံ႔ တည္ရွိေနကာ အဆိုပါလုပ္ကြက္မ်ားအနက္ (၃) ခုမွာ ၿမိဳ႕ႏွင့္ (၃) ကီလိုမီတာမွ (၄) ကီလိုမီတာခန႔္ သာေဝးေၾကာင္း SHRF က ဆိုသည္။
ေျမရွားလုပ္ကြက္မ်ားအနက္ (၂၀၂၂) ခုႏွစ္ကစတင္ခဲ့ေသာ ေျမရွားလုပ္ကြက္တစ္ခုမွာ မိုင္းေပါက္ၿမိဳ႕၏ ေတာင္ဘက္ သုံးကီလိုမီတာအကြာ၊ လယ္ယာေျမမ်ားကိုျဖတ္သန္းကာ ၿမိဳ႕တစ္ေလွ်ာက္ ေျမာက္ဘက္သို႔ စီးဆင္းေနေသာ ဖိုင္ ေခ်ာင္းေဘး တြင္တည္ရွိ၍ အဆိုပါေခ်ာင္းႏွင့္ အနီးအနားရွိ ေျမ ေအာက္ေရမ်ား ညစ္ညမ္းသြားႏိုင္ဖြယ္ရွိၿပီး ေထာင္ ေပါင္းမ်ားစြာေသာ ၿမိဳ႕ေနလူထု၏ က်န္းမာေရးကို ၿခိမ္းေျခာက္ေနေၾကာင္းလည္း သိရသည္။
မိုင္းေပါက္အနီးရွိ ေျမရွားလုပ္ကြက္ ေနရာမ်ား၏ အဝိုင္းပုံ ထုတ္လုပ္သည့္ကန္မ်ား စီတန္းေနပုံမွာ ကခ်င္ျပည္နယ္ရွိ ေျမရွားသတၱဳတူး ေဖာ္ေရးလုပ္ငန္းမ်ား၏ပုံစံႏွင့္တူညီေနၿပီး အဆိုပါ ေနရာမ်ားတြင္ " in situ leaching "ေခၚ ေျမေအာက္မွ တိုက္႐ိုက္ထုတ္ယူသည့္ နည္းလမ္းကို အသုံးျပဳျခင္းျဖစ္ကာ မိုင္းေပါက္အနီးရွိ နယ္ခံလုပ္ သားမ်ားက အြန္ လိုင္းတြင္ မွ်ေဝထားေသာ ဗီဒီ ယိုဖိုင္ကလည္း " In situ leaching "နည္းလမ္းကို အသုံးျပဳေနေၾကာင္း ရွင္းလင္းစြာျပသေနသည္ဟု SHRF က ဆိုသည္။
" in situ leaching " လုပ္ငန္းစဥ္သည္ ေျမရွားသတၱဳမ်ားကိုထုတ္ယူရန္အတြက္ ဓာတု ပစၥည္းမ်ားကို ပိုက္မ်ားမွတစ္ဆင့္ ေတာင္ကုန္း မ်ားအတြင္းသို႔ ေလာင္းၿပီးေနာက္ ဓာတုအရည္ကို ကန္မ်ားထဲသို႔ ပိုက္မ်ားျဖင့္ထည့္သြင္းကာ ေျမရွား သတၱဳမ်ားကို ထုတ္ယူရန္အတြက္ ထပ္မံ၍ ဓာတု ပစၥည္းမ်ား ထပ္ေပါင္းထည့္ျခင္းျဖစ္ေၾကာင္း သိရ သည္။
ထိုကဲ့သို႔ သတၱဳတူးေဖာ္မႈသည္ သဘာဝ ပတ္ဝန္းက်င္ကို ဆိုး႐ြားစြာထိခိုက္ေစၿပီး ေျမေပၚ၊ ေျမေအာက္ေရအရင္းအျမစ္မ်ားကို ညစ္ညမ္းေစကာ လုပ္ကြက္မ်ား ေအာက္ဘက္တြင္ေနထိုင္ၾကေသာ ေဒသခံျပည္သူမ်ား၏ က်န္းမာေရးႏွင့္အသက္ ေမြးဝမ္းေက်ာင္းမႈမ်ားကို ၿခိမ္းေျခာက္ေနေၾကာင္း လည္း SHRF က ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထား သည္။
ၿပီးခဲ့သည့္ တိုင္ဖြန္းမုန္တိုင္း ယာဂီေၾကာင့္ မိုးႀကီးခဲ့စဥ္က မိုင္းေပါက္ၿမိဳ႕ နယ္တစ္ခုလုံးသည္ ပတ္ဝန္းက်င္ေတာင္တန္းမ်ားမွ ေတာင္က်ေရမ်ား စီးဆင္းလာမႈေၾကာင့္ ေရႀကီးမႈဒဏ္ကိုခံစားခဲ့ရၿပီး (၃) ေပခန႔္အထိလႊမ္းမိုးခဲ့ေသာေရမ်ားမွာ အနီးရွိ ေျမရွားလုပ္ကြက္မ်ားမွအဆိပ္အေတာက္မ်ားျဖင့္ ညစ္ညမ္းေနဖြယ္ရွိၿပီး သုံးရက္အၾကာမွသာ ေရမ်ား က်ဆင္းသြားခဲ့ေၾကာင္းလည္းသိရသည္။
မိုင္းေပါက္သည္ UWSA ၏ ေျမာက္ ပိုင္းနယ္ေျမရွိ ဒုတိယအႀကီးဆုံးၿမိဳ႕ျဖစ္ၿပီး ယခင္က လားဟူႏွင့္ ရွမ္းလူမ်ိဳးမ်ား အဓိကေနထိုင္ေသာ စိုက္ပ်ိဳးေရးကုန္သြယ္ေရး႐ြာငယ္ျဖစ္ခဲ့ေသာ္လည္း လြန္ခဲ့ေသာဆယ္ႏွစ္အတြင္း တ႐ုတ္ရင္းႏွီးျမႇဳပ္ႏွံမႈ ေၾကာင့္အထပ္ျမင့္ အေဆာက္အအုံမ်ားစြာရွိသည့္ ၿမိဳ႕ျပဧရိယာ " အထူးဖြံ႕ၿဖိဳးေရးဇုန္" အျဖစ္ လုံးဝ ေျပာင္းလဲသြားခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ SHRF အစီရင္ခံစာ " Trapped in Hell " တြင္ ေဖာ္ျပထားသည့္အတိုင္း မိုင္းေပါက္ သည္ (၂၀၂၃) ခုႏွစ္ေႏွာင္းပိုင္းတြင္ တ႐ုတ္ႏိုင္ငံက ရွမ္း-တ႐ုတ္နယ္စပ္တစ္ေလွ်ာက္ ေငြလိမ္ဂိုဏ္း လုပ္ငန္းမ်ားကို ႏွိမ္နင္းျခင္းမျပဳမီက UWSA နယ္ ေျမရွိ အဓိကဆိုက္ဘာေငြလိမ္လုပ္ငန္းဗဟိုခ်က္ မ်ားထဲမွ တစ္ခုျဖစ္ေၾကာင္း SHRF က ထုတ္ျပန္ ခ်က္တြင္ ေဖာ္ျပထားသည္။ အလားတူ UWSA ထိန္းခ်ဳပ္ရာ မိုင္းဆတ္ၿမိဳ႕နယ္၊ မိုင္းယြန္းေဒသက ေျမရွားလုပ္ကြက္ ႏွစ္ခုသည္ လူတစ္သန္းေက်ာ္၏ က်န္းမာေရး အတြက္ စိုးရိမ္ဖြယ္ျဖစ္ေနေၾကာင္း ရွမ္း လူ႔အခြင့္အေရးမ႑ိဳင္ က ထုတ္ျပန္ထားဖူးသည္။