နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းကို ရင်းနှီးမြှုပ်နှံသူများအတွက် Incentive များ ပေးရမည်ဟု နစကဥက္ကဋ္ဌပြော

339

သန့်ဇင် (NP News) - ဇွန် ၂၂
နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းကို ရင်းနှီးမြှုပ်နှံသူများအတွက် Incentive များ ပေးသွားရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။
ယမန်နေ့(ဇွန်လ ၂၁ ရက်) နံနက်ပိုင်းက ရန်ကုန်မြို့ရှိ အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်းအီလက်ထရောနစ်ပစ္စည်းနှင့် လျှပ်စစ်မော်တာ အလုပ်ရုံ၊ ရွှေကသာကုမ္ပဏီလီမိတက်၊ ဆိုလာပြားစက်ရုံတွင် ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေးဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးစဉ် နစကဥက္ကဋ္ဌက အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိမိတို့နိုင်ငံအနေဖြင့် လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ပြည်ပမှ လောင်စာဆီများကို တင်သွင်းရလျက်ရှိသည့်အတွက် နိုင်ငံအတွင်းရှိ ပြည့်ဖြိုးမြဲစွမ်းအင်များမှ လျှပ်စစ်ဓာတ်အားရရှိရေးဆောင်ရွက်သွားနိုင်ရန်လိုကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။
လျှပ်စစ်ဓာတ်အား ဖူလုံပေါများစွာ ရရှိခြင်းဖြင့် လူမှုစီးပွားဘဝများသည်လည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။
ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်မှ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစီမံကိန်းများသည် အချိန်ရယူတည်ဆောက်ရကာ ငွေကြေးများစွာသုံးစွဲရကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။
တည်ဆောက်ချိန်တိုတောင်းသည့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားကို ကိုယ်ပိုင်တစ်ပိုင် တစ်နိုင်သုံးစွဲသည်မှ လုပ်ငန်းများ၊ စက်ရုံများ လည်ပတ်နိုင်သည်အထိ ဆောင်ရွက်သွားကြရန်လိုကြောင်းလည်း နစကဥက္ကဋ္ဌက ဆိုသည်။
မိမိတို့နိုင်ငံတွင် ပျမ်းမျှအားဖြင့် ရက်ပေါင်း ၃၀၀ ကျော်ခန့်သည် အလင်းနှင့် နေရောင်ခြည်ကိုရရှိပြီး စက်ရုံအလုပ်ရုံများ၌ ဆိုလာလျှပ်စစ်ဓာတ်အားများဖြင့် အသုံးပြု၍ ကုန်ထုတ်လုပ်ခြင်းများ ဆောင်ရွက်သွားမည်ဆိုပါက ကုန်ထုတ်လုပ်မှုစရိတ်ကို များစွာလျှော့ချ နိုင်ခြင်းကြောင့် အကျိုးအမြတ်များ ပိုမိုရရှိမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့သည်။
ထို့ကြောင့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများကို ငွေကြေးတတ်နိုင်သည့် လုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံနိုင်ရေး အားပေးဆောင်ရွက်ရန်လိုအပ်ပြီး ၎င်းလုပ်ငန်းများ ဆောင်ရွက်သူများအတွက် Incentive များ ပေးသွားရမည် ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။
ထို့ပြင် ဝန်ကြီးဌာန အနေဖြင့်လည်း Small Scale (အိမ်သုံး) မှ Large Scale (စက်ရုံသုံး) အထိ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း နစကဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့သည်။
မြို့ရွာများ၌လည်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများကို ဆောင်ရွက်ပေးသွားမည်ဆိုပါက လူနေထိုင်မှု အဆင့်အတန်းများ မြင့်မားလာမည်ဖြစ်ပြီး ဆိုလာလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းသည် မိမိတို့နိုင်ငံအတွက် များစွာ အကျိုးရှိစေမည့် လုပ်ငန်းဖြစ်ကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။
ဆိုလာပြားများအား ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်နိုင်ရန် လိုပြီးဆိုလာပြားထုတ်လုပ်မှု တိုးတက်ရေးနှင့်ပတ်သက်၍ လျှပ်စစ်စွမ်း အားဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့က ပူးပေါင်း၍ ဆောင်ရွက်သွားရန်လိုပြီး ပြည်တွင်း၌ Solar Panel များအား လုံလောက်စွာ ထုတ်လုပ်သွားကြရန်လည်း နစကဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

Zawgyi Version:
ေနေရာင္ျခည္စြမ္းအင္သုံးလွ်ပ္စစ္ဓာတ္အားထုတ္လုပ္ျခင္းကို ရင္းႏွီးျမႇဳပ္ႏွံသူမ်ားအတြက္ Incentive မ်ား ေပးရမည္ဟု နစကဥကၠ႒ေျပာ
သန႔္ဇင္ (NP News) - ဇြန္ ၂၂
ေနေရာင္ျခည္စြမ္းအင္သုံးလွ်ပ္စစ္ဓာတ္အားထုတ္လုပ္ျခင္းကို ရင္းႏွီးျမႇဳပ္ႏွံသူမ်ားအတြက္ Incentive မ်ား ေပးသြားရမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္၊ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ယမန္ေန႔(ဇြန္လ ၂၁ ရက္) နံနက္ပိုင္းက ရန္ကုန္ၿမိဳ႕ရွိ အမွတ္ (၂) အႀကီးစားစက္မႈလုပ္ငန္းအီလက္ထေရာနစ္ပစၥည္းႏွင့္ လွ်ပ္စစ္ေမာ္တာ အလုပ္႐ုံ၊ ေ႐ႊကသာကုမၸဏီလီမိတက္၊ ဆိုလာျပားစက္႐ုံတြင္ ကုန္ထုတ္လုပ္မႈတိုးျမႇင့္ေရးေဆာင္႐ြက္ေနမႈအား ၾကည့္ရႈစစ္ေဆးစဥ္ နစကဥကၠ႒က အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
မိမိတို႔ႏိုင္ငံအေနျဖင့္ လွ်ပ္စစ္ဓာတ္အားရရွိေရးအတြက္ ျပည္ပမွ ေလာင္စာဆီမ်ားကို တင္သြင္းရလ်က္ရွိသည့္အတြက္ ႏိုင္ငံအတြင္းရွိ ျပည့္ၿဖိဳးၿမဲစြမ္းအင္မ်ားမွ လွ်ပ္စစ္ဓာတ္အားရရွိေရးေဆာင္႐ြက္သြားႏိုင္ရန္လိုေၾကာင္း နစကဥကၠ႒က ဆိုသည္။
လွ်ပ္စစ္ဓာတ္အား ဖူလုံေပါမ်ားစြာ ရရွိျခင္းျဖင့္ လူမႈစီးပြားဘဝမ်ားသည္လည္း ပိုမိုဖြံ႕ၿဖိဳးတိုးတက္လာႏိုင္မည္ျဖစ္ေၾကာင္း နစကဥကၠ႒က ဆိုသည္။
ျပန္လည္ျပည့္ၿဖိဳးၿမဲ စြမ္းအင္မွ ေရအားလွ်ပ္စစ္ဓာတ္အား ထုတ္လုပ္မႈစီမံကိန္းမ်ားသည္ အခ်ိန္ရယူတည္ေဆာက္ရကာ ေငြေၾကးမ်ားစြာသုံးစြဲရေၾကာင္း နစကဥကၠ႒က ဆိုသည္။
တည္ေဆာက္ခ်ိန္တိုေတာင္းသည့္ ေနေရာင္ျခည္စြမ္းအင္သုံးလွ်ပ္စစ္ဓာတ္အားကို ကိုယ္ပိုင္တစ္ပိုင္ တစ္ႏိုင္သုံးစြဲသည္မွ လုပ္ငန္းမ်ား၊ စက္႐ုံမ်ား လည္ပတ္ႏိုင္သည္အထိ ေဆာင္႐ြက္သြားၾကရန္လိုေၾကာင္းလည္း နစကဥကၠ႒က ဆိုသည္။
မိမိတို႔ႏိုင္ငံတြင္ ပ်မ္းမွ်အားျဖင့္ ရက္ေပါင္း ၃၀၀ ေက်ာ္ခန႔္သည္ အလင္းႏွင့္ ေနေရာင္ျခည္ကိုရရွိၿပီး စက္႐ုံအလုပ္႐ုံမ်ား၌ ဆိုလာလွ်ပ္စစ္ဓာတ္အားမ်ားျဖင့္ အသုံးျပဳ၍ ကုန္ထုတ္လုပ္ျခင္းမ်ား ေဆာင္႐ြက္သြားမည္ဆိုပါက ကုန္ထုတ္လုပ္မႈစရိတ္ကို မ်ားစြာေလွ်ာ့ခ် ႏိုင္ျခင္းေၾကာင့္ အက်ိဳးအျမတ္မ်ား ပိုမိုရရွိမည္ျဖစ္ေၾကာင္း နစကဥကၠ႒က ထည့္သြင္းေျပာၾကားခဲ့သည္။
ထို႔ေၾကာင့္ ေနေရာင္ျခည္စြမ္းအင္သုံးလွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ျခင္းမ်ားကို ေငြေၾကးတတ္ႏိုင္သည့္ လုပ္ငန္းရွင္မ်ားအေနျဖင့္ ရင္းႏွီးျမႇဳပ္ႏွံႏိုင္ေရး အားေပးေဆာင္႐ြက္ရန္လိုအပ္ၿပီး ၎လုပ္ငန္းမ်ား ေဆာင္႐ြက္သူမ်ားအတြက္ Incentive မ်ား ေပးသြားရမည္ ျဖစ္ေၾကာင္း နစကဥကၠ႒က ဆိုသည္။
ထို႔ျပင္ ဝန္ႀကီးဌာန အေနျဖင့္လည္း Small Scale (အိမ္သုံး) မွ Large Scale (စက္႐ုံသုံး) အထိ ေနေရာင္ျခည္စြမ္းအင္သုံးလွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ျခင္းလုပ္ငန္းမ်ားကို ႀကိဳးပမ္းေဆာင္႐ြက္သြားၾကေစလိုေၾကာင္း နစကဥကၠ႒က တိုက္တြန္းေျပာၾကားခဲ့သည္။
ၿမိဳ႕႐ြာမ်ား၌လည္း ေနေရာင္ျခည္စြမ္းအင္သုံး လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ျခင္းမ်ားကို ေဆာင္႐ြက္ေပးသြားမည္ဆိုပါက လူေနထိုင္မႈ အဆင့္အတန္းမ်ား ျမင့္မားလာမည္ျဖစ္ၿပီး ဆိုလာလွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ျခင္းလုပ္ငန္းသည္ မိမိတို႔ႏိုင္ငံအတြက္ မ်ားစြာ အက်ိဳးရွိေစမည့္ လုပ္ငန္းျဖစ္ေၾကာင္း နစကဥကၠ႒က ဆိုသည္။
ဆိုလာျပားမ်ားအား ျပည္တြင္း၌ လုံေလာက္စြာထုတ္လုပ္ႏိုင္ရန္ လိုၿပီးဆိုလာျပားထုတ္လုပ္မႈ တိုးတက္ေရးႏွင့္ပတ္သက္၍ လွ်ပ္စစ္စြမ္း အားဝန္ႀကီးဌာနႏွင့္ စက္မႈဝန္ႀကီးဌာနတို႔က ပူးေပါင္း၍ ေဆာင္႐ြက္သြားရန္လိုၿပီး ျပည္တြင္း၌ Solar Panel မ်ားအား လုံေလာက္စြာ ထုတ္လုပ္သြားၾကရန္လည္း နစကဥကၠ႒က တိုက္တြန္းေျပာၾကားခဲ့ေၾကာင္း သိရသည္။