ထိုင်းဘက်က ကြေညာမှ တာချီလိတ်မြို့ မျက်နှာဖုံး သူဌေး အားချန်ကို မူးယစ်ရာဇာအဖြစ် သိကြခြင်းဖြစ်ပြီး မြို့မှပျောက်နေ

898

သုတကျော် (NP News) - ဇွန်လ ၂၂
ထိုင်းဘက်ကကြေညာမှ တာချီလိတ်မြို့ မျက်နှာဖုံး သူဌေး တရုတ်လုပ်ငန်းရှင် အားချန်ကို မူးယစ်ရာဇာအဖြစ်သိကြခြင်းဖြစ်ပြီး လက်ရှိတွင် မြို့မှပျောက်နေကြောင်း တာချီလိတ်မြို့ အခြေအနေ များနှင့်ပတ်သက်၍ သိရှိသူ ရွှေတြိဂံသတင်းဌာန မှ အယ်ဒီတာချုပ် ကိုထွန်း - မိုင်းဖြတ် က ပြောသည်။
ထိုင်းရဲတပ်ဖွဲ့က မူးယစ်မှောင်ခိုဂိုဏ်းကို ဖြိုခွဲသောစစ်ဆင်ရေးတွင် ကျူးလွန်သူများကို ဖမ်းဆီးရမိပြီး နောက်ဆက်တွဲ စစ်ဆေးမှုများအရ အထက်ပါ ဂိုဏ်းကို ကြိုးကိုင်သူအဖြစ် တာချီလိတ်မြို့ မှ တရုတ်သူဌေး အားချန် (ခ) စီမာဘင်ကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။ အားချန်(ခ)စီမာဘင်ကို ထိုင်းမူးယစ်ဆေးဝါးနှိမ်နင်းရေးဘုတ်အဖွဲ့ -- Office of the Narcotics Control Board - ONCB က မူးယစ်ရာဇာအဖြစ် ပြီးခဲ့သောရက်ပိုင်းက ဖမ်းဝရမ်း ထုတ်ထားပြီး ထိုင်းနိုင်ငံမှ ၏ပိုင်ဆိုင်မှုများကို တာဝန်ရှိသူများက ချိပ်ပိတ်သိမ်းဆည်းထားကာ ဖမ်းဆီးရန်ရှာဖွေနေကြောင်း သိရသည်။
" သူကတော့ ကျွန်တော် သိတာက ရွှေ ဆိုင်ရှိတယ်၊ ကာစီနို ရှိတယ်၊ ဆောက်လုပ်ရေး လုပ်ငန်းတွေ ရှိတယ်၊ အိမ်ဆောက်ပစ္စည်းရောင်းတာ ရှိတယ်။ ဒါက တရားဝင် လုပ်ငန်းတွေပေါ့။ တရားမဝင် လုပ်ငန်းကတော့ အခုမှ ဒါလုပ်တယ်ဆိုတာ သိတာပေါ့" ဟု ကိုထွန်း - မိုင်းဖြတ်က ဆိုသည်။
လက်ရှိတွင် ၎င်း မည်သည့်နေရာကို ရှောင်နေကြောင်း မသိရသေးကြောင်းလည်း ၎င်းကပြောသည်။
" သူ့ပိုင်ဆိုင်မှုကတော့ တာချီလိတ်မှာ လက်ညှိုးထိုး မလွဲပါပဲ။ (ချိပ်ပိတ်တယ်ဆိုတာတော့) မကြားသေးဘူး" ဟု ၎င်းက ဆိုသည်။ တာချီလိတ်မြို့ တွင် သူဌေးအများစုမှာ မူးယစ်ဆေးဝါးနှင့် ကင်းသူ ရှားပါးကြောင်းလည်း ကိုထွန်း - မိုင်းဖြတ်က ဆိုသည်။
" နေရာဒေသကိုက ရွှေတြိဂံ ဆိုပြီး မူးယစ် နဲ့ ကျော်ကြားတဲ့ ဒေသဖြစ်နေတာကိုး။ မူးယစ်ဆေးဝါး၊ လောင်းကစား မကင်းကြပါဘူး။ မကင်းတာကို ကင်း အောင်လုပ်ဖို့ တာဝန်က သက်ဆိုင်ရာအာဏာပိုင်တွေ ဆီမှာ သေချာပေါက်ရှိနေတာပေါ့" ဟု ၎င်းက ဆို သည်။
တာချီလိတ်သည် နယ်စပ်မြို့ဖြစ်သော် လည်း ဆိုးဆိုးရွားရွားသူများရှိကြသည်မဟုတ်ဘဲ ပြည်တွင်း ရွှေ့ပြောင်းသူများနှင့် ဒေသခံတိုင်းရင်း သားများရှိကာ တရားဥပဒေမဲ့အလုပ်ကို မလုပ်စေရန်၊ တားမြစ်ထိန်းကျောင်းရန် သက်ဆိုင်ရာအာဏာပိုင် များတွင် တာဝန်ရှိကြောင်း ၎င်းကဆိုသည်။
" တာချီလိတ်မှာ နေတယ်ဆိုတာကလည်း သူက နာမည်ပဲ ရှိတာ။ လက်ရှိ မြို့မှာတော့ မရှိဘူး ပေါ့။ တကယ်နေတာက တခြားမှာနေတာ။ သိတဲ့ အတိုင်း ရွှေတြိဂံဒေသဆိုတာက ဒီနားက သုံးလေး နိုင်ငံက ဒိုးချင်တဲ့နေရာ ပတ်ဒိုးလို့ရနေတာ" ဟု အခြား အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
အားချန်ကို ဖမ်းဆီးနိုင်ရေးအတွက် ပူး ပေါင်းဆောင်ရွက်ရန် ထိုင်းရဲတပ်ဖွဲ့က မြန်မာနိုင်ငံသို့ လာမည်ဟု ဘန်ကောက်ပို့စ် သတင်းဌာန၏ သတင်း တွင် ရေးသားထားကာ အားချန်၏ အမှုနှင့် ပတ်သက် ၍ ဆက်စပ်ကြောင်း သံသယရှိသူ (၈) ဦးမှာလည်း မြန်မာနိုင်ငံတွင် ပုန်းအောင်နေဖွယ်ရှိသည်ဟု ထိုင်း ဘက်က သုံးသပ်ထားသည်။

Zawgyi Version:
ထိုင္းဘက္က ေၾကညာမွ တာခ်ီလိတ္ၿမိဳ႕ မ်က္ႏွာဖုံး သူေဌး အားခ်န္ကို မူးယစ္ရာဇာအျဖစ္ သိၾကျခင္းျဖစ္ၿပီး ၿမိဳ႕မွေပ်ာက္ေန
သုတေက်ာ္ (NP News) - ဇြန္လ ၂၂
ထိုင္းဘက္ကေၾကညာမွ တာခ်ီလိတ္ၿမိဳ႕ မ်က္ႏွာဖုံး သူေဌး တ႐ုတ္လုပ္ငန္းရွင္ အားခ်န္ကို မူးယစ္ရာဇာအျဖစ္သိၾကျခင္းျဖစ္ၿပီး လက္ရွိတြင္ ၿမိဳ႕မွေပ်ာက္ေနေၾကာင္း တာခ်ီလိတ္ၿမိဳ႕ အေျခအေန မ်ားႏွင့္ပတ္သက္၍ သိရွိသူ ေ႐ႊႀတိဂံသတင္းဌာန မွ အယ္ဒီတာခ်ဳပ္ ကိုထြန္း - မိုင္းျဖတ္ က ေျပာသည္။
ထိုင္းရဲတပ္ဖြဲ႕က မူးယစ္ေမွာင္ခိုဂိုဏ္းကို ၿဖိဳခြဲေသာစစ္ဆင္ေရးတြင္ က်ဴးလြန္သူမ်ားကို ဖမ္းဆီးရမိၿပီး ေနာက္ဆက္တြဲ စစ္ေဆးမႈမ်ားအရ အထက္ပါ ဂိုဏ္းကို ႀကိဳးကိုင္သူအျဖစ္ တာခ်ီလိတ္ၿမိဳ႕ မွ တ႐ုတ္သူေဌး အားခ်န္ (ခ) စီမာဘင္ကို ေဖာ္ထုတ္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း ထိုင္းသတင္းမ်ားတြင္ ေဖာ္ျပထားသည္။ အားခ်န္(ခ)စီမာဘင္ကို ထိုင္းမူးယစ္ေဆးဝါးႏွိမ္နင္းေရးဘုတ္အဖြဲ႕ -- Office of the Narcotics Control Board - ONCB က မူးယစ္ရာဇာအျဖစ္ ၿပီးခဲ့ေသာရက္ပိုင္းက ဖမ္းဝရမ္း ထုတ္ထားၿပီး ထိုင္းႏိုင္ငံမွ ၏ပိုင္ဆိုင္မႈမ်ားကို တာဝန္ရွိသူမ်ားက ခ်ိပ္ပိတ္သိမ္းဆည္းထားကာ ဖမ္းဆီးရန္ရွာေဖြေနေၾကာင္း သိရသည္။
" သူကေတာ့ ကြၽန္ေတာ္ သိတာက ေ႐ႊ ဆိုင္ရွိတယ္၊ ကာစီႏို ရွိတယ္၊ ေဆာက္လုပ္ေရး လုပ္ငန္းေတြ ရွိတယ္၊ အိမ္ေဆာက္ပစၥည္းေရာင္းတာ ရွိတယ္။ ဒါက တရားဝင္ လုပ္ငန္းေတြေပါ့။ တရားမဝင္ လုပ္ငန္းကေတာ့ အခုမွ ဒါလုပ္တယ္ဆိုတာ သိတာေပါ့" ဟု ကိုထြန္း - မိုင္းျဖတ္က ဆိုသည္။
လက္ရွိတြင္ ၎ မည္သည့္ေနရာကို ေရွာင္ေနေၾကာင္း မသိရေသးေၾကာင္းလည္း ၎ကေျပာသည္။
" သူ႔ပိုင္ဆိုင္မႈကေတာ့ တာခ်ီလိတ္မွာ လက္ညႇိဳးထိုး မလြဲပါပဲ။ (ခ်ိပ္ပိတ္တယ္ဆိုတာေတာ့) မၾကားေသးဘူး" ဟု ၎က ဆိုသည္။ တာခ်ီလိတ္ၿမိဳ႕ တြင္ သူေဌးအမ်ားစုမွာ မူးယစ္ေဆးဝါးႏွင့္ ကင္းသူ ရွားပါးေၾကာင္းလည္း ကိုထြန္း - မိုင္းျဖတ္က ဆိုသည္။
" ေနရာေဒသကိုက ေ႐ႊႀတိဂံ ဆိုၿပီး မူးယစ္ နဲ႔ ေက်ာ္ၾကားတဲ့ ေဒသျဖစ္ေနတာကိုး။ မူးယစ္ေဆးဝါး၊ ေလာင္းကစား မကင္းၾကပါဘူး။ မကင္းတာကို ကင္း ေအာင္လုပ္ဖို႔ တာဝန္က သက္ဆိုင္ရာအာဏာပိုင္ေတြ ဆီမွာ ေသခ်ာေပါက္ရွိေနတာေပါ့" ဟု ၎က ဆို သည္။
တာခ်ီလိတ္သည္ နယ္စပ္ၿမိဳ႕ျဖစ္ေသာ္ လည္း ဆိုးဆိုး႐ြား႐ြားသူမ်ားရွိၾကသည္မဟုတ္ဘဲ ျပည္တြင္း ေ႐ႊ႕ေျပာင္းသူမ်ားႏွင့္ ေဒသခံတိုင္းရင္း သားမ်ားရွိကာ တရားဥပေဒမဲ့အလုပ္ကို မလုပ္ေစရန္၊ တားျမစ္ထိန္းေက်ာင္းရန္ သက္ဆိုင္ရာအာဏာပိုင္ မ်ားတြင္ တာဝန္ရွိေၾကာင္း ၎ကဆိုသည္။
" တာခ်ီလိတ္မွာ ေနတယ္ဆိုတာကလည္း သူက နာမည္ပဲ ရွိတာ။ လက္ရွိ ၿမိဳ႕မွာေတာ့ မရွိဘူး ေပါ့။ တကယ္ေနတာက တျခားမွာေနတာ။ သိတဲ့ အတိုင္း ေ႐ႊႀတိဂံေဒသဆိုတာက ဒီနားက သုံးေလး ႏိုင္ငံက ဒိုးခ်င္တဲ့ေနရာ ပတ္ဒိုးလို႔ရေနတာ" ဟု အျခား အမည္မေဖာ္လိုသူ သတင္းရင္းျမစ္တစ္ဦးက ဆိုသည္။
အားခ်န္ကို ဖမ္းဆီးႏိုင္ေရးအတြက္ ပူး ေပါင္းေဆာင္႐ြက္ရန္ ထိုင္းရဲတပ္ဖြဲ႕က ျမန္မာႏိုင္ငံသို႔ လာမည္ဟု ဘန္ေကာက္ပို႔စ္ သတင္းဌာန၏ သတင္း တြင္ ေရးသားထားကာ အားခ်န္၏ အမႈႏွင့္ ပတ္သက္ ၍ ဆက္စပ္ေၾကာင္း သံသယရွိသူ (၈) ဦးမွာလည္း ျမန္မာႏိုင္ငံတြင္ ပုန္းေအာင္ေနဖြယ္ရွိသည္ဟု ထိုင္း ဘက္က သုံးသပ္ထားသည္။