ယူကရိန်းက လက်နက်ချအရှုံးပေးဖို့ ရုရှားက မကြိုးပမ်းဘူးလို့ သမ္မတပူတင်ပြော

 46

Pika (NP News) - ဇွန် ၂၂
ယူကရိန်းနိုင်ငံက လက်နက်ချအရှုံးပေးစေဖို့အတွက် ရုရှားက ကြိုးပမ်းနေတာမဟုတ်ဘူးလို့ ရုရှားသမ္မတပူတင်က ပြောကြားခဲ့ပါတယ်။ စိန့်ပီတာစဘတ်မြို့မှာပြုလုပ်ခဲ့တဲ့ စီးပွားရေးဖိုရမ်အတွင်း ရုရှားနိုင်ငံဟာ ယူကရိန်းရဲ့ ခြွင်းချက်မရှိ လက်နက်ချအရှုံးပေးမှုအတွက် ကြိုးပမ်းနေတာလားဆိုတဲ့မေးခွန်းတွေကို ပူတင်က တုံ့ပြန်ဖြေကြားခဲ့ တာဖြစ်တယ်လို့လည်း သိရပါတယ်။
ပူတင်က “ယူကရိန်းက လက်နက်ချအရှုံးပေးဖို့ ကျွန်တော်တို့ကြိုးပမ်းနေတာ မဟုတ်ပါဘူး။ မြေပြင်မှာဖြစ်ပေါ်နေ တဲ့အမှန်တရားတွေကို အသိအမှတ်ပြုဖို့ပဲ ကျွန်တော်တို့တောင်းဆိုတာပါ” လို့ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ယူကရိန်း ပဋိပက္ခဟာ အရှေ့အလယ်ပိုင်းဒေသမှာ လက်ရှိဖြစ်ပွားနေတဲ့ပဋိပက္ခနဲ့ လုံးဝကိုကွဲပြားတယ်လို့လည်း ပူတင်က ပြောကြားခဲ့ပါတယ်။
ပူတင်က “ရုရှားနဲ့ယူကရိန်းနိုင်ငံသားတွေဟာ လူမျိုးတစ်ခုတည်းဖြစ်တယ်လို့ ကျွန်တော်အကြိမ်ပေါင်းများစွာ ပြောခဲ့ဖူးပါတယ်။ ပြောရမယ်ဆိုရင်တော့ ယူကရိန်းနိုင်ငံတစ်ခုလုံးဟာ ကျွန်တော်တို့အပိုင်ပါပဲ” လို့ ပြောဆိုခဲ့ပါ တယ်။ ဒါပေမယ့်လည်း ရုရှားနိုင်ငံဟာ ယူကရိန်းရဲ့လွတ်လပ်တဲ့နိုင်ငံဖြစ်ခွင့်ကို ဘယ်တော့မှငြင်းဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့ ပူတင်က ထပ်မံပြောကြားခဲ့ပါတယ်။

Zawgyi Version:
ယူကရိန္းက လက္နက္ခ်အရႈံးေပးဖို႔ ႐ုရွားက မႀကိဳးပမ္းဘူးလို႔ သမၼတပူတင္ေျပာ
Pika (NP News) - ဇြန္ ၂၂
ယူကရိန္းႏိုင္ငံက လက္နက္ခ်အရႈံးေပးေစဖို႔အတြက္ ႐ုရွားက ႀကိဳးပမ္းေနတာမဟုတ္ဘူးလို႔ ႐ုရွားသမၼတပူတင္က ေျပာၾကားခဲ့ပါတယ္။ စိန႔္ပီတာစဘတ္ၿမိဳ႕မွာျပဳလုပ္ခဲ့တဲ့ စီးပြားေရးဖိုရမ္အတြင္း ႐ုရွားႏိုင္ငံဟာ ယူကရိန္းရဲ႕ ႁခြင္းခ်က္မရွိ လက္နက္ခ်အရႈံးေပးမႈအတြက္ ႀကိဳးပမ္းေနတာလားဆိုတဲ့ေမးခြန္းေတြကို ပူတင္က တုံ႔ျပန္ေျဖၾကားခဲ့ တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ပူတင္က “ယူကရိန္းက လက္နက္ခ်အရႈံးေပးဖို႔ ကြၽန္ေတာ္တို႔ႀကိဳးပမ္းေနတာ မဟုတ္ပါဘူး။ ေျမျပင္မွာျဖစ္ေပၚေန တဲ့အမွန္တရားေတြကို အသိအမွတ္ျပဳဖို႔ပဲ ကြၽန္ေတာ္တို႔ေတာင္းဆိုတာပါ” လို႔ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ ယူကရိန္း ပဋိပကၡဟာ အေရွ႕အလယ္ပိုင္းေဒသမွာ လက္ရွိျဖစ္ပြားေနတဲ့ပဋိပကၡနဲ႔ လုံးဝကိုကြဲျပားတယ္လို႔လည္း ပူတင္က ေျပာၾကားခဲ့ပါတယ္။
ပူတင္က “႐ုရွားနဲ႔ယူကရိန္းႏိုင္ငံသားေတြဟာ လူမ်ိဳးတစ္ခုတည္းျဖစ္တယ္လို႔ ကြၽန္ေတာ္အႀကိမ္ေပါင္းမ်ားစြာ ေျပာခဲ့ဖူးပါတယ္။ ေျပာရမယ္ဆိုရင္ေတာ့ ယူကရိန္းႏိုင္ငံတစ္ခုလုံးဟာ ကြၽန္ေတာ္တို႔အပိုင္ပါပဲ” လို႔ ေျပာဆိုခဲ့ပါ တယ္။ ဒါေပမယ့္လည္း ႐ုရွားႏိုင္ငံဟာ ယူကရိန္းရဲ႕လြတ္လပ္တဲ့ႏိုင္ငံျဖစ္ခြင့္ကို ဘယ္ေတာ့မွျငင္းဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔ ပူတင္က ထပ္မံေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.