တရားမဝင် ပြည်ပနိုင်ငံသား ၂၉ ဦး ကိုထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ရာ စုစုပေါင်း(၉၁၇၀)ဦး အထိရှိလာ

142

မေဥဩ(NP-News)၊ဇွန်-၂၂
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်းပြီး မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာသော ပြည်ပနိုင်ငံသား (၂၉) ဦးကိုဇွန်(၂၁)ရက်က ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရသိရသည်။
ကရင်ပြည်နယ်၊ မြဝတီမြို့- မဲ့ထော်သလေး (KK Park) နယ်မြေတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား (၂၆) ဦး၊ အိန္ဒိယနိုင်ငံသားတစ်ဦး၊ နီပေါနိုင်ငံသားတစ်ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးစုစုပေါင်း (၂၉) ဦး ဖြစ်ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူခြင်းလုပ်ငန်း နေ့ချင်းပြီး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ မှ ဇွန် ၂၁ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း(၉၁၇၀) စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ (၈၉၀၆) ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား (၂၆၄) ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။
နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

Zawgyi Version:
တရားမဝင္ ျပည္ပႏိုင္ငံသား ၂၉ ဦး ကိုထပ္မံစစ္ေဆးေဖာ္ထုတ္ထိန္းသိမ္းႏိုင္ခဲ့ရာ စုစုေပါင္း(၉၁၇၀)ဦး အထိရွိလာ
ေမဥဩ(NP-News)၊ဇြန္-၂၂
ထိုင္းႏိုင္ငံအပါအဝင္ အိမ္နီးခ်င္းႏိုင္ငံအခ်ိဳ႕ကို တစ္ဆင့္ခံျဖတ္သန္းၿပီး ျမန္မာႏိုင္ငံအတြင္းသို႔ နယ္စပ္လမ္းေၾကာင္းမ်ားမွတစ္ဆင့္ တရားမဝင္ ဝင္ေရာက္လာေသာ ျပည္ပႏိုင္ငံသား (၂၉) ဦးကိုဇြန္(၂၁)ရက္က ထပ္မံစစ္ေဆးေဖာ္ထုတ္ထိန္းသိမ္းႏိုင္ခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရသိရသည္။
ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕- မဲ့ေထာ္သေလး (KK Park) နယ္ေျမတြင္ အြန္လိုင္းေလာင္းကစားမႈမ်ား၊ အြန္လိုင္းလိမ္လည္မႈမ်ား၊ ဒုစ႐ိုက္မႈမ်ား က်ဴးလြန္ခဲ့ၾကသည့္ တ႐ုတ္ႏိုင္ငံသား (၂၆) ဦး၊ အိႏၵိယႏိုင္ငံသားတစ္ဦး၊ နီေပါႏိုင္ငံသားတစ္ဦးႏွင့္ အင္ဒိုနီးရွားႏိုင္ငံသားတစ္ဦးစုစုေပါင္း (၂၉) ဦး ျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ စစ္ေဆးေဖာ္ထုတ္ထိန္းသိမ္းႏိုင္ခဲ့သည့္ ျပည္ပႏိုင္ငံသားမ်ားကို သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ အျမန္ဆုံးျပန္လည္လႊဲေျပာင္းေပးအပ္ႏိုင္ေရး ဌာနဆိုင္ရာပူးေပါင္းအဖြဲ႕မ်ားက လိုအပ္သည့္ ကိုယ္ေရးအခ်က္အလက္မ်ားႏွင့္ မွတ္တမ္းမ်ားစာရင္းေကာက္ယူျခင္းလုပ္ငန္း ေန႔ခ်င္းၿပီး ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
၂၀၂၅ ခုႏွစ္ ဇန္နဝါရီ ၃၀ မွ ဇြန္ ၂၁ ရက္အထိ ျမန္မာႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္လာသည့္ ျပည္ပႏိုင္ငံသား စုစုေပါင္း(၉၁၇၀) စစ္ေဆးေဖာ္ထုတ္ထိန္းသိမ္းႏိုင္ခဲ့ကာ ၎တို႔အနက္မွ (၈၉၀၆) ဦးကို ထိုင္းႏိုင္ငံမွတစ္ဆင့္ သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ ဥပေဒလုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ စနစ္တက်ျပည္ႏွင္လႊဲေျပာင္းေပးခဲ့ၿပီး က်န္ရွိသည့္ ျပည္ပႏိုင္ငံသား (၂၆၄) ဦးကို သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ လႊဲေျပာင္းေပးရန္ အသင့္ျဖစ္ေနၿပီျဖစ္ေၾကာင္းႏွင့္ ၎တို႔ကို ေကာင္းမြန္စြာ ထိန္းသိမ္းေစာင့္ေရွာက္ထားေၾကာင္း သိရသည္။
ႏိုင္ငံေတာ္အေနျဖင့္ Online Scam Center လုပ္ငန္းမ်ားတြင္ ပါဝင္ပတ္သက္ေနသူမ်ားႏွင့္ ေနာက္ကြယ္မွႀကိဳးကိုင္ေသာ ႏိုင္ငံျခားသားမ်ားကို ေဖာ္ထုတ္ဖမ္းဆီးၿပီး ထိထိေရာက္ေရာက္ ျပင္းျပင္းထန္ထန္အေရးယူႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိသည့္အျပင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဒုကၡေရာက္ေနၾကေသာ ႏိုင္ငံျခားသားမ်ားႏွင့္ လူကုန္ကူးခံရသည့္ ႏိုင္ငံျခားသားမ်ားကို သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ အျမန္ဆုံးျပည္ႏွင္လႊဲေျပာင္းေပးႏိုင္ေရး ပူးေပါင္းေဆာင္႐ြက္လ်က္ရွိေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။