အမေရိကန်၊ ဖိလစ်ပိုင်တို့နဲ့အတူ ကမ်းခြေစောင့်တပ်ဖွဲ့ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဂျပန်အစိုးရပြုလုပ်

 43

Pika (NP News) - ဇွန် ၂၂

ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ဟာ အမေရိကန်၊ဖိလစ်ပိုင်နိုင်ငံတို့နဲ့အတူ ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုကို လုပ်ဆောင် ခဲ့တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံရဲ့ရေကြောင်းချဲ့ထွင်မှုတွေကို ရင်ဆိုင်နေရမှုနဲ့အတူ အမေရိကန်၊ ဖိလစ်ပိုင် နဲ့ ဂျပန်တို့ဟာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကို အရှိန်မြှင့်တင်နေကြတာဖြစ်တယ်လို့လည်း သိရပါတယ်။ ယခုလအတွင်း ပစိဖိတ်ပင်လယ်ပြင်မှာ တရုတ်လေယာဉ်တင်သင်္ဘောနှစ်စီးက ပထမဆုံးအကြိမ်ပူးတွဲလည်ပတ်မှု တွေကို လုပ်ဆောင်ခဲ့တယ်လို့ ဂျပန်အစိုးရက အတည်ပြုခဲ့ပြီးနောက် အဲဒီစစ်ရေးလေ့ကျင့်မှု ထွက်ပေါ်လာတာ လည်းဖြစ်ပါတယ်။
ဂျပန်နိုင်ငံတောင်ပိုင်း Kagoshima စီရင်စုမှာ ဇွန်လ(၂၀)ရက်က လုပ်ဆောင်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုအတွင်း အမေရိကန်၊ ဖိလစ်ပိုင် နဲ့ ဂျပန်တို့ရဲ့တပ်ဖွဲ့ဝင်(၃၅၀)ဦးခန့်ပါဝင်ခဲ့ပြီး သင်္ဘောတွေတိုက်မိမှု၊ မီးလောင်ကျွမ်းမှုနဲ့ တပ်ဖွဲ့ဝင်တွေ သင်္ဘောပေါ်ကနေ ပြုတ်ကျတဲ့ဖြစ်ရပ်တွေအပေါ် အခြေခံလုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် သုံးနိုင်ငံစလုံးရဲ့ခေါင်းဆောင်တွေဟာ ရေကြောင်းပူးပေါင်းဆောင်ရွက်မှုတွေကိုမြှင့်တင်ဖို့ ပြီးခဲ့တဲ့နှစ်မှာ သဘောတူညီခဲ့ကြပြီး ၎င်းတို့ရဲ့ပထမဆုံးပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို (၂၀၂၃)ခုနှစ်မှာ ဖိလစ်ပိုင်နိုင်ငံမှာ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က “ကမ်းခြေစောင့်တပ်ဖွဲ့ပူးပေါင်းဆောင်ရွက်မှုဟာ အပြန်အလှန်နားလည်မှုနဲ့ ယုံကြည်မှုတွေကိုမြှင့်တင်ပြီး လွတ်လပ်တဲ့ အင်ဒို-ပစိဖိတ်ဒေသကို လုံခြုံစေဖို့ ကြိုးပမ်းမှုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
အေမရိကန္၊ ဖိလစ္ပိုင္တို႔နဲ႔အတူ ကမ္းေျခေစာင့္တပ္ဖြဲ႕ပူးတြဲစစ္ေရးေလ့က်င့္မႈကို ဂ်ပန္အစိုးရျပဳလုပ္
Pika (NP News) - ဇြန္ ၂၂
ဂ်ပန္ကမ္းေျခေစာင့္တပ္ဖြဲ႕ဟာ အေမရိကန္၊ဖိလစ္ပိုင္ႏိုင္ငံတို႔နဲ႔အတူ ပူးတြဲစစ္ေရးေလ့က်င့္မႈတစ္ခုကို လုပ္ေဆာင္ ခဲ့တယ္လို႔ သိရပါတယ္။ တ႐ုတ္ႏိုင္ငံရဲ႕ေရေၾကာင္းခ်ဲ႕ထြင္မႈေတြကို ရင္ဆိုင္ေနရမႈနဲ႔အတူ အေမရိကန္၊ ဖိလစ္ပိုင္ နဲ႔ ဂ်ပန္တို႔ဟာ ကာကြယ္ေရးပူးေပါင္းေဆာင္႐ြက္မႈေတြကို အရွိန္ျမႇင့္တင္ေနၾကတာျဖစ္တယ္လို႔လည္း သိရပါတယ္။ ယခုလအတြင္း ပစိဖိတ္ပင္လယ္ျပင္မွာ တ႐ုတ္ေလယာဥ္တင္သေဘၤာႏွစ္စီးက ပထမဆုံးအႀကိမ္ပူးတြဲလည္ပတ္မႈ ေတြကို လုပ္ေဆာင္ခဲ့တယ္လို႔ ဂ်ပန္အစိုးရက အတည္ျပဳခဲ့ၿပီးေနာက္ အဲဒီစစ္ေရးေလ့က်င့္မႈ ထြက္ေပၚလာတာ လည္းျဖစ္ပါတယ္။
ဂ်ပန္ႏိုင္ငံေတာင္ပိုင္း Kagoshima စီရင္စုမွာ ဇြန္လ(၂၀)ရက္က လုပ္ေဆာင္ခဲ့တဲ့ စစ္ေရးေလ့က်င့္မႈအတြင္း အေမရိကန္၊ ဖိလစ္ပိုင္ နဲ႔ ဂ်ပန္တို႔ရဲ႕တပ္ဖြဲ႕ဝင္(၃၅၀)ဦးခန႔္ပါဝင္ခဲ့ၿပီး သေဘၤာေတြတိုက္မိမႈ၊ မီးေလာင္ကြၽမ္းမႈနဲ႔ တပ္ဖြဲ႕ဝင္ေတြ သေဘၤာေပၚကေန ျပဳတ္က်တဲ့ျဖစ္ရပ္ေတြအေပၚ အေျခခံလုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ သုံးႏိုင္ငံစလုံးရဲ႕ေခါင္းေဆာင္ေတြဟာ ေရေၾကာင္းပူးေပါင္းေဆာင္႐ြက္မႈေတြကိုျမႇင့္တင္ဖို႔ ၿပီးခဲ့တဲ့ႏွစ္မွာ သေဘာတူညီခဲ့ၾကၿပီး ၎တို႔ရဲ႕ပထမဆုံးပူးတြဲစစ္ေရးေလ့က်င့္မႈေတြကို (၂၀၂၃)ခုႏွစ္မွာ ဖိလစ္ပိုင္ႏိုင္ငံမွာ လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။
ဂ်ပန္ကမ္းေျခေစာင့္တပ္ဖြဲ႕က “ကမ္းေျခေစာင့္တပ္ဖြဲ႕ပူးေပါင္းေဆာင္႐ြက္မႈဟာ အျပန္အလွန္နားလည္မႈနဲ႔ ယုံၾကည္မႈေတြကိုျမႇင့္တင္ၿပီး လြတ္လပ္တဲ့ အင္ဒို-ပစိဖိတ္ေဒသကို လုံၿခဳံေစဖို႔ ႀကိဳးပမ္းမႈရဲ႕ တစ္စိတ္တစ္ပိုင္း ျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.