ASEAN-Korea Startup Innovation Week 2025 ပြပွဲတွင် အစပျိုးတည်ထောင်ကာစ မြန်မာလုပ်ငန်းရှင်များပါဝင်ပြသနိုင်

92

မြတ် (NP News) - ဇွန် ၂၂
ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် အောက်တိုဘာလ (၂၀) ရက်မှ (၂၄) ရက်အထိကျင်းပမည့် "ASEAN-Korea Startup Innovation Week 2025" ပြပွဲသို့ မြန်မာစီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အချက်အလက်များအရသိရသည်။
အဆိုပါပြပွဲကို အာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီးမှ အစပျိုးလုပ်ငန်းရှင်များအကြား တီထွင်ဆန်းသစ်မှု အတွေးအခေါ်များ ဝေမျှနိုင်ရန်၊ အလားအလာရှိသော ကိုရီးယားစီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံနိုင်ရန်၊ အစပျိုးလုပ်ငန်းရှင်များကို စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ရန်နှင့် အာဆီယံနှင့်ကိုရီးယားသမ္မတနိုင်ငံရှိ အစပျိုးလုပ်ငန်းရှင်များအကြား ကွန်ရက်ခိုင်မာလာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။
ယင်းပြပွဲကို ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် အောက်တိုဘာလ (၂၀) ရက်မှ (၂၂) ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အောက်တိုဘာလ (၂၃) ရက်နှင့် (၂၄)ရက်တို့တွင် အခြားမြို့များရှိ အစိုးရရုံးများနှင့် ပုဂ္ဂလိကလုပ်ငန်းများသို့ သွားရောက်လေ့လာရမည်ဖြစ်ကြောင်း သိရသည်။
စင်္ကာပူနှင့် ဖိလစ်ပိုင်(၂)နိုင်ငံမှလွဲ၍ ကျန်အာဆီယံနိုင်ငံအသီးသီးအနေဖြင့် လုပ်ငန်းရှင် (၂) ဦးကို ဆိုးလ်မြို့၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ သံရုံးများမှတဆင့် အဆိုပြုပေးစေလိုကြောင်းနှင့် ASEAN Coordinating Committee on Micro, Small and Medium Enterprises (ACCMSME) ထံမှလည်း လုပ်ငန်းရှင်တစ်ဦးစီ ထပ်မံအဆိုပြုပေးရန် တောင်းခံသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုရီးယားနိုင်ငံတွင် စီးပွားရေးတိုးချဲ့ရန် ရည်မှန်းထားသည့်အစပျိုးလုပ်ငန်းရှင်များ၊ သက်တမ်း ၅ နှစ်အောက်နှင့် ဝန်ထမ်းအင်အား ၃၀ ဦးအောက်ခန့်ထားသည့် အစပျိုးလုပ်ငန်းရှင်များ ၊ နည်းပညာအစပျိုးလုပ်ငန်းရှင်များ လျှောက်ထားနိုင်ပြီး ရွေးချယ်ခံရသည့် အစပျိုးလုပ်ငန်းရှင်များ အတွက် လေယာဥ်စရိတ်နှင့် တည်းခိုနေထိုင်စရိတ်များကို အာဆီယံကိုရီးယားဗဟိုဌာနမှ ကျခံပေးမည်ဖြစ်ကြောင်းသိရသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့မှ ရွေးချယ်အတည်ပြုခြင်းခံရသည့် အစပျိုးလုပ်ငန်းရှင်များ၏ ပြည့်စုံစွာဖြည့်စွက်ထားသည့် Registration Form ကို ဇူလိုင် (၄)ရက်တွင် အာဆီယံ-ကိုရီးယား ဗဟိုဌာနသို့ ပေးပို့ပေးရမည်ဖြစ်ကြောင်းနှင့် အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် အစပျိုးလုပ်ငန်းရှင်များ၊ မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၃၊ [email protected] သို့ ဆက်သွယ်စုံစမ်း စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

Zawgyi Version:
ASEAN-Korea Startup Innovation Week 2025 ျပပြဲတြင္ အစပ်ိဳးတည္ေထာင္ကာစ ျမန္မာလုပ္ငန္းရွင္မ်ားပါဝင္ျပသႏိုင္
ျမတ္ (NP News) - ဇြန္ ၂၂
ကိုရီးယားသမၼတႏိုင္ငံ၊ ဆိုးလ္ၿမိဳ႕တြင္ ေအာက္တိုဘာလ (၂၀) ရက္မွ (၂၄) ရက္အထိက်င္းပမည့္ "ASEAN-Korea Startup Innovation Week 2025" ျပပြဲသို႔ ျမန္မာစီးပြားေရးလုပ္ငန္းရွင္မ်ား ပါဝင္ျပသႏိုင္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ အခ်က္အလက္မ်ားအရသိရသည္။
အဆိုပါျပပြဲကို အာဆီယံအဖြဲ႕ဝင္ႏိုင္ငံအသီးသီးမွ အစပ်ိဳးလုပ္ငန္းရွင္မ်ားအၾကား တီထြင္ဆန္းသစ္မႈ အေတြးအေခၚမ်ား ေဝမွ်ႏိုင္ရန္၊ အလားအလာရွိေသာ ကိုရီးယားစီးပြားေရးလုပ္ငန္းရွင္မ်ားႏွင့္ ေတြ႕ဆုံႏိုင္ရန္၊ အစပ်ိဳးလုပ္ငန္းရွင္မ်ားကို စြမ္းေဆာင္ရည္ျမႇင့္တင္ေပးႏိုင္ရန္ႏွင့္ အာဆီယံႏွင့္ကိုရီးယားသမၼတႏိုင္ငံရွိ အစပ်ိဳးလုပ္ငန္းရွင္မ်ားအၾကား ကြန္ရက္ခိုင္မာလာေစရန္ ရည္႐ြယ္၍ က်င္းပျခင္းျဖစ္ေၾကာင္းသိရသည္။
ယင္းျပပြဲကို ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ၿမိဳ႕တြင္ ေအာက္တိုဘာလ (၂၀) ရက္မွ (၂၂) ရက္အထိ က်င္းပသြားမည္ျဖစ္ၿပီး ေအာက္တိုဘာလ (၂၃) ရက္ႏွင့္ (၂၄)ရက္တို႔တြင္ အျခားၿမိဳ႕မ်ားရွိ အစိုးရ႐ုံးမ်ားႏွင့္ ပုဂၢလိကလုပ္ငန္းမ်ားသို႔ သြားေရာက္ေလ့လာရမည္ျဖစ္ေၾကာင္း သိရသည္။
စကၤာပူႏွင့္ ဖိလစ္ပိုင္(၂)ႏိုင္ငံမွလြဲ၍ က်န္အာဆီယံႏိုင္ငံအသီးသီးအေနျဖင့္ လုပ္ငန္းရွင္ (၂) ဦးကို ဆိုးလ္ၿမိဳ႕၊ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ား၏ သံ႐ုံးမ်ားမွတဆင့္ အဆိုျပဳေပးေစလိုေၾကာင္းႏွင့္ ASEAN Coordinating Committee on Micro, Small and Medium Enterprises (ACCMSME) ထံမွလည္း လုပ္ငန္းရွင္တစ္ဦးစီ ထပ္မံအဆိုျပဳေပးရန္ ေတာင္းခံသြားမည္ျဖစ္ေၾကာင္း သိရသည္။
ကိုရီးယားႏိုင္ငံတြင္ စီးပြားေရးတိုးခ်ဲ႕ရန္ ရည္မွန္းထားသည့္အစပ်ိဳးလုပ္ငန္းရွင္မ်ား၊ သက္တမ္း ၅ ႏွစ္ေအာက္ႏွင့္ ဝန္ထမ္းအင္အား ၃၀ ဦးေအာက္ခန႔္ထားသည့္ အစပ်ိဳးလုပ္ငန္းရွင္မ်ား ၊ နည္းပညာအစပ်ိဳးလုပ္ငန္းရွင္မ်ား ေလွ်ာက္ထားႏိုင္ၿပီး ေ႐ြးခ်ယ္ခံရသည့္ အစပ်ိဳးလုပ္ငန္းရွင္မ်ား အတြက္ ေလယာဥ္စရိတ္ႏွင့္ တည္းခိုေနထိုင္စရိတ္မ်ားကို အာဆီယံကိုရီးယားဗဟိုဌာနမွ က်ခံေပးမည္ျဖစ္ေၾကာင္းသိရသည္။
ႏိုင္ငံျခားေရးဝန္ႀကီးဌာနႏွင့္ ျမန္မာကုန္သြယ္မႈျမႇင့္တင္ေရးအဖြဲ႕တို႔မွ ေ႐ြးခ်ယ္အတည္ျပဳျခင္းခံရသည့္ အစပ်ိဳးလုပ္ငန္းရွင္မ်ား၏ ျပည့္စုံစြာျဖည့္စြက္ထားသည့္ Registration Form ကို ဇူလိုင္ (၄)ရက္တြင္ အာဆီယံ-ကိုရီးယား ဗဟိုဌာနသို႔ ေပးပို႔ေပးရမည္ျဖစ္ေၾကာင္းႏွင့္ အဆိုပါျပပြဲသို႔ ပါဝင္ျပသလိုသည့္ အစပ်ိဳးလုပ္ငန္းရွင္မ်ား၊ ျမန္မာစီးပြားေရးလုပ္ငန္းရွင္မ်ားအေနျဖင့္ ျမန္မာကုန္သြယ္မႈျမႇင့္တင္ေရးအဖြဲ႕၊ ကုန္သြယ္မႈဖြံ႕ၿဖိဳးေရးဌာနခြဲ၊ ဖုန္း- ၀၆၇-၄၀၈၆၂၃၊ [email protected] သို႔ ဆက္သြယ္စုံစမ္း စာရင္းေပးသြင္းႏိုင္ေၾကာင္း သိရသည္။