သီလဝါအများပိုင်ကုမ္ပဏီနှင့်တရုတ် GCL ကုမ္ပဏီတို့ လျှပ်စစ်မီးထုတ်လုပ်ရန် MOU ရေးထိုး

1008

NP News- ဇွန် ၂၃ ရက်
မြန်မာသီလဝါအက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် ကုမ္ပဏီ လီမိတက် (Myanmar Thilawa SEZ Holdings Public Co., LTD) နှင့် GCL System Integration Technology Co., Ltd. (GCL SI) တို့အကြား ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရန် နားလည်မှုစာချွန်လွှာ (MOU)ကို ရေးထိုးခဲ့ကြောင်းသိရသည်။
အဆိုပါ နည်းပညာမြင့်မားသောကုမ္ပဏီနှင့် MTSH အနေဖြင့် နားလည်မှုစာချွန်လွှာ (MOU) ရေးထိုး၍ ပူးပေါင်း လုပ်ဆောင်ခြင်းသည် MTSH အပါအဝင် ကုမ္ပဏီ၏လက်အောက်ခံကုမ္ပဏီများ၊ တွဲဖက်ကုမ္ပဏီများ၏ လိုအပ်ချက်များအပြင် မြန်မာနိုင်ငံအတွင်း လျှပ်စစ်မီးထုတ်လုပ်မှု စီမံကိန်းများ၏ စီမံကိန်းဖြစ်နိုင်ခြေလေ့လာမှုများ (Feasibility Study) ကို အတူတကွ ထိရောက်စွာ ဆန်းစစ်သုံးသပ်နိုင်မည်ဖြစ်ပြီး နည်းပညာအထောက်အပံ့များစွာ သင်ယူရရှိနိုင်မည်ဟု MTSH က ဆိုသည်။
နားလည်မှုစာချွန်လွှာ ( MOU ) အရ MTSH နှင့်အတူ မြန်မာနိုင်ငံ၏ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု စွမ်းရည် ၁၀၀ မီဂါဝပ် အထိရှိသော နေရောင်ခြည်ဓာတ်အားစနစ်များ (Floating Photovoltaic Power Plant နှင့် Centralized Photovoltaic Power Plant အပါအဝင် )တည်ဆောက်နိုင်မှုကို အတူတကွဆန်းစစ်သုံးသပ်ရန် နှင့် ပူးပေါင်းလုပ်ဆောင်မှုအဖွဲ့တစ်ခုကို တည်ထောင်၍ စီမံကိန်း၏ဖြစ်နိုင်မှုကို ထိရောက်စွာ ဆန်းစစ် သုံးသပ်ရန် ရည်ရွယ်ချက်တို့ဖြင့် ဇွန် ၁၁ ရက်နေ့တွင် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပပြုလုပ်သော SNEC PV Power EXPO တွင်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
Golden Concord Holdings Limited (GCL Group) သည် တရုတ်နိုင်ငံရှိ ထင်ရှားသော စွမ်းအင် ကုမ္ပဏီကြီး တစ်ခုဖြစ်ပြီး သန့်ရှင်း၍ ပြန်လည် သုံးစွဲနိုင်သော စွမ်းအင်နည်းပညာများကို အထူးပြုလုပ်ဆောင်ရွက် လျက်ရှိကာ လုပ်ငန်းများအနေဖြင့် လျှပ်စစ် ဓာတ်အား ထုတ်လုပ်ခြင်း၊ နေရောင်ခြည် စွမ်းအင် ဆိုင်ရာပစ္စည်းများ (PV materials) ၊ ရေနံနှင့် ဓာတ်ငွေ့၊ Green Smart City များ တည်ဆောက်ခြင်း နှင့် ငွေကြေး ဝန်ဆောင်မှုများကို ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီကြီး တစ်ခု ဖြစ်ကြောင်းလည်း MTSH ရဲ့ ထုတ်ပြန်ချက်တွင်ဖေါ်ပြထားသည်။

Zawgyi Version:
သီလဝါအမ်ားပိုင္ကုမၸဏီႏွင့္တ႐ုတ္ GCL ကုမၸဏီတို႔ လွ်ပ္စစ္မီးထုတ္လုပ္ရန္ MOU ေရးထိုး
NP News- ဇြန္ ၂၃ ရက္
ျမန္မာသီလဝါအက္(စ္)အီးဇက္ ဟိုးဒင္းပတ္ဘလစ္ ကုမၸဏီ လီမိတက္ (Myanmar Thilawa SEZ Holdings Public Co., LTD) ႏွင့္ GCL System Integration Technology Co., Ltd. (GCL SI) တို႔အၾကား ျပန္လည္ ျပည့္ၿဖိဳးၿမဲ စြမ္းအင္ မွ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ႏိုင္ရန္ နားလည္မႈစာခြၽန္လႊာ (MOU)ကို ေရးထိုးခဲ့ေၾကာင္းသိရသည္။
အဆိုပါ နည္းပညာျမင့္မားေသာကုမၸဏီႏွင့္ MTSH အေနျဖင့္ နားလည္မႈစာခြၽန္လႊာ (MOU) ေရးထိုး၍ ပူးေပါင္း လုပ္ေဆာင္ျခင္းသည္ MTSH အပါအဝင္ ကုမၸဏီ၏လက္ေအာက္ခံကုမၸဏီမ်ား၊ တြဲဖက္ကုမၸဏီမ်ား၏ လိုအပ္ခ်က္မ်ားအျပင္ ျမန္မာႏိုင္ငံအတြင္း လွ်ပ္စစ္မီးထုတ္လုပ္မႈ စီမံကိန္းမ်ား၏ စီမံကိန္းျဖစ္ႏိုင္ေျခေလ့လာမႈမ်ား (Feasibility Study) ကို အတူတကြ ထိေရာက္စြာ ဆန္းစစ္သုံးသပ္ႏိုင္မည္ျဖစ္ၿပီး နည္းပညာအေထာက္အပံ့မ်ားစြာ သင္ယူရရွိႏိုင္မည္ဟု MTSH က ဆိုသည္။
နားလည္မႈစာခြၽန္လႊာ ( MOU ) အရ MTSH ႏွင့္အတူ ျမန္မာႏိုင္ငံ၏ ျပန္လည္ ျပည့္ၿဖိဳးၿမဲ စြမ္းအင္မွ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္မႈ စြမ္းရည္ ၁၀၀ မီဂါဝပ္ အထိရွိေသာ ေနေရာင္ျခည္ဓာတ္အားစနစ္မ်ား (Floating Photovoltaic Power Plant ႏွင့္ Centralized Photovoltaic Power Plant အပါအဝင္ )တည္ေဆာက္ႏိုင္မႈကို အတူတကြဆန္းစစ္သုံးသပ္ရန္ ႏွင့္ ပူးေပါင္းလုပ္ေဆာင္မႈအဖြဲ႕တစ္ခုကို တည္ေထာင္၍ စီမံကိန္း၏ျဖစ္ႏိုင္မႈကို ထိေရာက္စြာ ဆန္းစစ္ သုံးသပ္ရန္ ရည္႐ြယ္ခ်က္တို႔ျဖင့္ ဇြန္ ၁၁ ရက္ေန႔တြင္ တ႐ုတ္ႏိုင္ငံ ရွန္ဟိုင္းၿမိဳ႕၌ က်င္းပျပဳလုပ္ေသာ SNEC PV Power EXPO တြင္လက္မွတ္ေရးထိုးခဲ့ျခင္းျဖစ္သည္။
Golden Concord Holdings Limited (GCL Group) သည္ တ႐ုတ္ႏိုင္ငံရွိ ထင္ရွားေသာ စြမ္းအင္ ကုမၸဏီႀကီး တစ္ခုျဖစ္ၿပီး သန႔္ရွင္း၍ ျပန္လည္ သုံးစြဲႏိုင္ေသာ စြမ္းအင္နည္းပညာမ်ားကို အထူးျပဳလုပ္ေဆာင္႐ြက္ လ်က္ရွိကာ လုပ္ငန္းမ်ားအေနျဖင့္ လွ်ပ္စစ္ ဓာတ္အား ထုတ္လုပ္ျခင္း၊ ေနေရာင္ျခည္ စြမ္းအင္ ဆိုင္ရာပစၥည္းမ်ား (PV materials) ၊ ေရနံႏွင့္ ဓာတ္ေငြ႕၊ Green Smart City မ်ား တည္ေဆာက္ျခင္း ႏွင့္ ေငြေၾကး ဝန္ေဆာင္မႈမ်ားကို ေဆာင္႐ြက္လ်က္ရွိေသာ ကုမၸဏီႀကီး တစ္ခု ျဖစ္ေၾကာင္းလည္း MTSH ရဲ႕ ထုတ္ျပန္ခ်က္တြင္ေဖၚျပထားသည္။