တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မှာ အထက်တန်းကျောင်းသူ သုံးဦး ကိုယ့်ကိုယ်ကိုယ်သတ် သေဆုံး

110

ရောင်နီ (NP News) - ဇွန် ၂၃
တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မှာ ဇွန်လ ၂၁ ရက် နံနက်အစောပိုင်းက လူနေအိမ်ရာတစ်ခုရဲ့ ဥယျာဉ် အဝန်းအဝိုင်းမှာ အထက်တန်းကျောင်းသူ မိန်းကလေး ၃ ဦး သေဆုံးနေတာ တွေ့ရှိခဲ့ရပါတယ်။
Busan Metropolitan Police Agency နဲ့ Busan Metropolitan Office of Education တို့ရဲ့ ပူးတွဲ ထုတ်ပြန်ချက်တစ်ခုအရ ကျောင်းသူတွေဟာ မိမိကိုယ်ကို သတ်သေသွားပုံရပြီး ပညာရေးဆိုင်ရာဖိစီးမှုများစွာ ပါဝင်တဲ့ ကိုယ်တိုင်ရေး မှတ်စုတွေလည်း သူတို့နဲ့အတူ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ၎င်းတို့ကို ဇွန်လ ၂၁ ရက် နံနက် ၁ နာရီ ၃၉ မိနစ်ခန့်က ပန်းခြံထဲမှာ သတိလစ်နေလျက်တွေ့ရှိခဲ့ရတာဖြစ်ပြီး အရေးပေါ်ဝန်ဆောင်မှုတွေ ဆောင်ရွက်ပေးခဲ့ကာ အနီးနားရှိ ဆေးရုံကို ချက်ချင်းပို့ဆောင်ခဲ့ပေမယ့် နောက်ပိုင်း သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ကျောင်းသူသုံးဦးဟာ အတူတူကျောင်းတက်နေတဲ့ ရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်ကြတယ်လို့ အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။ ကျောင်းသူတွေ ချန်ရစ်ခဲ့တဲ့ မှတ်ချက်တွေမှာ ကနဦးတွေ့ရှိချက်တွေအရ ၎င်းတို့ဟာ ပညာရေးဆိုင်ရာ ဖိအားတွေနဲ့ လေးလံတဲ့ စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးတွေ ခံစားနေရတာတွေ့ရပြီး ကျောင်းတွင်းအနိုင်ကျင့်မှုနဲ့ အခြား ပြင်ပအကြောင်းအရာတွေကိုတော့ ဖော်ပြထားခြင်း မရှိသလို သူတို့ရဲ့ ခန္ဓာကိုယ်မှာလည်း ကိုယ်ထိလက်ရောက် နှိပ်စက်ခံထားရတဲ့ လက္ခဏာတွေ မတွေ့ရှိရပါဘူး။
ဒီအဖြစ်အပျက်အတွက် ဘူဆန်ပညာရေးရုံးက အခြေအနေကို စုံစမ်းစစ်ဆေးဖို့ ပူးတွဲတုံ့ပြန်ရေး တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ကျောင်းကလည်း ထိခိုက်နစ်နာခဲ့ရတဲ့ ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေကို ထောက်ပံ့ကူညီရေး အတွက် စတင်ဆွေးနွေးနေပြီဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version:
ေတာင္ကိုရီးယားႏိုင္ငံ၊ ဘူဆန္မွာ အထက္တန္းေက်ာင္းသူ သုံးဦး ကိုယ့္ကိုယ္ကိုယ္သတ္ ေသဆုံး
ေရာင္နီ (NP News) - ဇြန္ ၂၃
ေတာင္ကိုရီးယားႏိုင္ငံ၊ ဘူဆန္မွာ ဇြန္လ ၂၁ ရက္ နံနက္အေစာပိုင္းက လူေနအိမ္ရာတစ္ခုရဲ႕ ဥယ်ာဥ္ အဝန္းအဝိုင္းမွာ အထက္တန္းေက်ာင္းသူ မိန္းကေလး ၃ ဦး ေသဆုံးေနတာ ေတြ႕ရွိခဲ့ရပါတယ္။
Busan Metropolitan Police Agency နဲ႔ Busan Metropolitan Office of Education တို႔ရဲ႕ ပူးတြဲ ထုတ္ျပန္ခ်က္တစ္ခုအရ ေက်ာင္းသူေတြဟာ မိမိကိုယ္ကို သတ္ေသသြားပုံရၿပီး ပညာေရးဆိုင္ရာဖိစီးမႈမ်ားစြာ ပါဝင္တဲ့ ကိုယ္တိုင္ေရး မွတ္စုေတြလည္း သူတို႔နဲ႔အတူ ေတြ႕ရွိခဲ့ရတယ္လို႔ ဆိုပါတယ္။ ၎တို႔ကို ဇြန္လ ၂၁ ရက္ နံနက္ ၁ နာရီ ၃၉ မိနစ္ခန႔္က ပန္းၿခံထဲမွာ သတိလစ္ေနလ်က္ေတြ႕ရွိခဲ့ရတာျဖစ္ၿပီး အေရးေပၚဝန္ေဆာင္မႈေတြ ေဆာင္႐ြက္ေပးခဲ့ကာ အနီးနားရွိ ေဆး႐ုံကို ခ်က္ခ်င္းပို႔ေဆာင္ခဲ့ေပမယ့္ ေနာက္ပိုင္း ေသဆုံးသြားခဲ့တယ္လို႔ သိရပါတယ္။ ေက်ာင္းသူသုံးဦးဟာ အတူတူေက်ာင္းတက္ေနတဲ့ ရင္းႏွီးတဲ့သူငယ္ခ်င္းေတြျဖစ္ၾကတယ္လို႔ အာဏာပိုင္ေတြက အတည္ျပဳခဲ့ပါတယ္။ ေက်ာင္းသူေတြ ခ်န္ရစ္ခဲ့တဲ့ မွတ္ခ်က္ေတြမွာ ကနဦးေတြ႕ရွိခ်က္ေတြအရ ၎တို႔ဟာ ပညာေရးဆိုင္ရာ ဖိအားေတြနဲ႔ ေလးလံတဲ့ စိတ္ပိုင္းဆိုင္ရာ ဝန္ထုပ္ဝန္ပိုးေတြ ခံစားေနရတာေတြ႕ရၿပီး ေက်ာင္းတြင္းအႏိုင္က်င့္မႈနဲ႔ အျခား ျပင္ပအေၾကာင္းအရာေတြကိုေတာ့ ေဖာ္ျပထားျခင္း မရွိသလို သူတို႔ရဲ႕ ခႏၶာကိုယ္မွာလည္း ကိုယ္ထိလက္ေရာက္ ႏွိပ္စက္ခံထားရတဲ့ လကၡဏာေတြ မေတြ႕ရွိရပါဘူး။
ဒီအျဖစ္အပ်က္အတြက္ ဘူဆန္ပညာေရး႐ုံးက အေျခအေနကို စုံစမ္းစစ္ေဆးဖို႔ ပူးတြဲတုံ႔ျပန္ေရး တပ္ဖြဲ႕ကို ဖြဲ႕စည္းခဲ့ၿပီး ေက်ာင္းကလည္း ထိခိုက္နစ္နာခဲ့ရတဲ့ ေက်ာင္းသားေတြနဲ႔ ဝန္ထမ္းေတြကို ေထာက္ပံ့ကူညီေရး အတြက္ စတင္ေဆြးေႏြးေနၿပီျဖစ္တယ္လို႔ သိရပါတယ္။