(၃)ရက်အတွင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့က သိန်း(၁)ထောင်ကျော် တရားမဝင်မီးသွေး၊ လူသုံးကုန်ပစ္စည်း၊ ကျွန်းသစ်နှင့် လိုင်စင်မဲ့မော်တော်ယာဉ်များဖမ်းမိ

 249

သန့်ဇင်(NP News)-ဇွန် ၂၃
(၃)ရက်အတွင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့က သိန်း(၁)ထောင်ကျော် တရားမဝင်မီးသွေး၊ လူသုံးကုန်ပစ္စည်း၊ ကျွန်းသစ်နှင့် လိုင်စင်မဲ့မော်တော်ယာဉ်များဖမ်းစီးရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် ဇွန် ၂၀ ရက်က မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ရန်ကုန်- မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၃၃၅/၅ နှင့် ၃၃၅/၆ အနီးတွင် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားမဝင်မီးသွေး ၁၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀)နှင့် အဆိုပါမီးသွေးများ တင်ဆောင် လာသည့် Isuzu Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀၀)၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် (၆၀၂၅၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

ထို့အပြင် ဇွန် ၂၁ ရက်ကလည်း ပဲခူးတိုင်းဒေသကြီး၊ ဘုရားကြီးမြို့နယ်၊ ရွှေသံလွင်တိုးဂိတ်အနီး၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင် လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၄၈၀၀၀၀) နှင့် အဆိုပါ ပစ္စည်းများတင်ဆောင်လာသည့် Amandla Mini Bus တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀) ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း သိရသည်။

အလားတူ ဇွန် ၂၂ ရက်ကလည်း တောင်ငူခရိုင်နှင့် ညောင်လေးပင်ခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် ၀ ဒသမ ၆၉၆ တန်၊ အခြားသစ် ၀ ဒသမ ၈၈၀ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၁၉၃၆၄) ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် (၄၇၁၉၉၃၆၄)ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇွန် ၂၁ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဖမ်းဆီးရမိမှုစာရင်းများအရ လိုင်စင်မဲ့မော်တော်ယာဉ်ရှစ်စီးနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ၆၈ စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် (၃)ရက်အတွင်း ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၀ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၇၄၄၉၃၆၄)ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
တရားမဝင်ကုန်သွယ်မှုများကြောင့် ကုန်စျေးနှုန်းကြီးမြင့်မှု၊ ငွေကြေးမတည်ငြိမ်မှုများနှင့် နိုင်ငံတော်အတွက် အခွန်ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်စေပြီး စားသုံးသူပြည်သူများအတွက်လည်း ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေနိုင်သဖြင့် ၎င်းတရားမဝင် တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

Zawgyi Version:
(၃)ရက္အတြင္း တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရးအဖြဲ႕က သိန္း(၁)ေထာင္ေက်ာ္ တရားမဝင္မီးေသြး၊ လူသုံးကုန္ပစၥည္း၊ ကြၽန္းသစ္ႏွင့္ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္မ်ားဖမ္းမိ
သန႔္ဇင္(NP News)-ဇြန္ ၂၃
(၃)ရက္အတြင္း တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရးအဖြဲ႕က သိန္း(၁)ေထာင္ေက်ာ္ တရားမဝင္မီးေသြး၊ လူသုံးကုန္ပစၥည္း၊ ကြၽန္းသစ္ႏွင့္ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္မ်ားဖမ္းစီးရမိခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

ၿပီးခဲ့သည့္ ဇြန္ ၂၀ ရက္က မႏၲေလးတိုင္းေဒသႀကီး တံတားဦးၿမိဳ႕နယ္ ရန္ကုန္- မႏၲေလး အျမန္လမ္း မိုင္တိုင္အမွတ္ ၃၃၅/၅ ႏွင့္ ၃၃၅/၆ အနီးတြင္ ေမာ္ေတာ္ယာဥ္တစ္စီးေပၚမွ တရားမဝင္မီးေသြး ၁၆ တန္ (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၂၅၀၀၀၀)ႏွင့္ အဆိုပါမီးေသြးမ်ား တင္ေဆာင္ လာသည့္ Isuzu Truck တစ္စီး (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၆၀၀၀၀၀၀၀)၊ စုစုေပါင္းခန႔္မွန္းတန္ဖိုးေငြက်ပ္ (၆၀၂၅၀၀၀၀) ကို ဖမ္းဆီးရမိခဲ့ ေၾကာင္း သိရသည္။

ထို႔အျပင္ ဇြန္ ၂၁ ရက္ကလည္း ပဲခူးတိုင္းေဒသႀကီး၊ ဘုရားႀကီးၿမိဳ႕နယ္၊ ေ႐ႊသံလြင္တိုးဂိတ္အနီး၌ ဘားအံၿမိဳ႕မွ ရန္ကုန္ၿမိဳ႕သို႔ ေမာင္းႏွင္ လာသည့္ ေမာ္ေတာ္ယာဥ္တစ္စီးေပၚမွ တရားဝင္စာ႐ြက္စာတမ္းအေထာက္အထား တင္ျပႏိုင္ျခင္းမရွိသည့္ လူသုံးကုန္ပစၥည္းတစ္မ်ိဳး (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၆၄၈၀၀၀၀) ႏွင့္ အဆိုပါ ပစၥည္းမ်ားတင္ေဆာင္လာသည့္ Amandla Mini Bus တစ္စီး(ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၄၀၀၀၀၀၀၀) ကို အေကာက္ခြန္လုပ္ထုံးလုပ္နည္းမ်ားအရလည္းေကာင္း သိရသည္။

အလားတူ ဇြန္ ၂၂ ရက္ကလည္း ေတာင္ငူခ႐ိုင္ႏွင့္ ေညာင္ေလးပင္ခ႐ိုင္တို႔အတြင္း၌ တရားမဝင္ကြၽန္းသစ္ ၀ ဒသမ ၆၉၆ တန္၊ အျခားသစ္ ၀ ဒသမ ၈၈၀ တန္ (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၇၁၉၃၆၄) ကို သစ္ေတာဥပေဒအရလည္းေကာင္း၊ စုစုေပါင္းခန႔္မွန္းတန္ဖိုးေငြက်ပ္ (၄၇၁၉၉၃၆၄)ကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ဇြန္ ၂၁ ရက္တြင္ ျပည္ထဲေရးဝန္ႀကီးဌာန ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၏ ဖမ္းဆီးရမိမႈစာရင္းမ်ားအရ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္ရွစ္စီးႏွင့္ လိုင္စင္မဲ့ေမာ္ေတာ္ဆိုင္ကယ္ ၆၈ စီး ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ (၃)ရက္အတြင္း ဖမ္းဆီးရမိမႈစုစုေပါင္းမွာ အမႈတြဲ ၁၀ မႈ (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၁၀၇၄၄၉၃၆၄)ကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
တရားမဝင္ကုန္သြယ္မႈမ်ားေၾကာင့္ ကုန္ေစ်းႏႈန္းႀကီးျမင့္မႈ၊ ေငြေၾကးမတည္ၿငိမ္မႈမ်ားႏွင့္ ႏိုင္ငံေတာ္အတြက္ အခြန္ဆုံးရႈံးနစ္နာမႈမ်ား ျဖစ္ေပၚေစၿပီး စားသုံးသူျပည္သူမ်ားအတြက္လည္း ထိခိုက္နစ္နာမႈမ်ား ျဖစ္ေပၚေစႏိုင္သျဖင့္ ၎တရားမဝင္ တင္သြင္းမႈမ်ားအား သက္ဆိုင္ရာတာဝန္ရွိသူမ်ားက ယခုထက္ပိုမို၍ တားဆီးစစ္ေဆး ၾကပ္မတ္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း တရားမဝင္ကုန္သြယ္ မႈတိုက္ဖ်က္ေရး ဦးေဆာင္ေကာ္မတီမွ သိရသည္။

Related news

© 2021. All rights reserved.