ကျောက်ကပ်ဝေဒနရှင်အမျိုးသားတစ်ဦး အဆုံးစီရင်သော်လည်း အောင်မြင်စွာကယ်တင်နိုင်ခဲ့

 731

သန့်ဇင်(NP News)-ဇွန် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မှ ကျောက်ကပ်ဝေဒနရှင်အမျိုးသားတစ်ဦးမှာ အဆုံးစီရင်ရန်ကြိုးပမ်းခဲ့ သော်လည်း အောင်မြင်စွာကယ်တင်နိုင်ခဲ့ကြောင်း ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ ၂၂ရက်၊ သန်းခေါင်ယံ ၁၂နာရီခွဲဝန်းကျင်အချိန်ခန့်က ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊(၄၂)ရပ်ကွက် ပီမိုးနင်း (၃)လမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“၂၂ရက်ညပိုင်း ၂၃ရက်နံနက်ပိုင်းမှာကျွန်တော်တို့သွားတာပေါ့နော်။ ဖုန်းဆက်ပြီးသွားတော့လည်း ကျွန်တော်တို့က (၂)မိနစ်နဲ့အရောက် သွားလိုက်ပါတယ်။ ရောက်တော့ အဲဒီအမျိုးသားက လည်ပင်းမှာတစ်ချက်။ လက်(၂)ဖက်လုံးမှာက လက်ကောက်ဝတ်တွေ (၂)ချက်စီနဲ့ လက်တံတောင်ဆစ်တွေမှာ တစ်ချက်စီ(ဓားနဲ့လှီးပြီး)ကိုယ့်ကိုယ်ကိုသတ်သေဖို့ကြိုးစားထားတာတွေ့တယ်။ ကျွန်တော်တို့ ကြည့်တော့ အသက် ရှင်တဲ့ လက္ခဏာတွေတော့ ဒဏ်ရာတွေကို အရင်ဦးဆုံး လိုအပ်တဲ့ ဆေးကုသမှုတွေလုပ်ပြီး ဆေးရုံကိုတော့ ပို့ဆောင်ပေးခဲ့ ပါတယ်”ဟု ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP Newsကိုပြောသည်။

မိမိကိုယ်ကိုအဆုံးစီရင်ရန်ကြိုးပမ်းသူမှာ အသက်(၂၆)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ကျောက်ကပ်ဝေဒနာခံစားနေသည့်အတွက် စိတ်ဓာတ်ကျကာ အထက်ပါကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့ဆေးရုံပို့ခဲ့တဲ့အချိန်တော့ အသက်ရှင်တယ်။ ဖြစ်တဲ့အကြောင်းအရင်းကတော့သူက ကျောက်ကပ်ဝေဒနာခံစား နေရတယ် လို့ကြားတယ်။ သူ့ခြေထောက်တွေကတော့ ကျောက်ကပ်ဒဏ်ကြောင့် ဖောရောင်နေတာပေါ့‌နော်။ ကျောက်ကပ်က ဆေးနေမှလေ။ အဲဒီ တော့ အဲဒီသတင်းတွေကိုဖက်ပြီး စိတ်ဓာတ်ကျပြီးလုပ်တယ်လို့တော့ ကြားမိတယ်”ဟု ၎င်းကပြောသည်။

ထို့ကြောင် ထိခိုက်ဒဏ်ရာရရှိသူအမျိုးသားကို ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်းက မြောက်ဥက္ကလာဆေးရုံကြီးသို့ ပို့ဆောင်ကူညီ ပေးခဲ့ကြောင်း သိရသည်။

Zawgyi Version:
ေက်ာက္ကပ္ေဝဒနရွင္အမ်ိဳးသားတစ္ဦး အဆုံးစီရင္ေသာ္လည္း ေအာင္ျမင္စြာကယ္တင္ႏိုင္ခဲ့

သန႔္ဇင္(NP News)-ဇြန္ ၂၄
ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္မွ ေက်ာက္ကပ္ေဝဒနရွင္အမ်ိဳးသားတစ္ဦးမွာ အဆုံးစီရင္ရန္ႀကိဳးပမ္းခဲ့ ေသာ္လည္း ေအာင္ျမင္စြာကယ္တင္ႏိုင္ခဲ့ေၾကာင္း ဝန္းရံမႉးလူမႈကူညီကယ္ဆယ္ေရးအသင္းထံမွ သိရသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဇြန္လ ၂၂ရက္၊ သန္းေခါင္ယံ ၁၂နာရီခြဲဝန္းက်င္အခ်ိန္ခန႔္က ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္၊(၄၂)ရပ္ကြက္ ပီမိုးနင္း (၃)လမ္းတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“၂၂ရက္ညပိုင္း ၂၃ရက္နံနက္ပိုင္းမွာကြၽန္ေတာ္တို႔သြားတာေပါ့ေနာ္။ ဖုန္းဆက္ၿပီးသြားေတာ့လည္း ကြၽန္ေတာ္တို႔က (၂)မိနစ္နဲ႔အေရာက္ သြားလိုက္ပါတယ္။ ေရာက္ေတာ့ အဲဒီအမ်ိဳးသားက လည္ပင္းမွာတစ္ခ်က္။ လက္(၂)ဖက္လုံးမွာက လက္ေကာက္ဝတ္ေတြ (၂)ခ်က္စီနဲ႔ လက္တံေတာင္ဆစ္ေတြမွာ တစ္ခ်က္စီ(ဓားနဲ႔လွီးၿပီး)ကိုယ့္ကိုယ္ကိုသတ္ေသဖို႔ႀကိဳးစားထားတာေတြ႕တယ္။ ကြၽန္ေတာ္တို႔ ၾကည့္ေတာ့ အသက္ ရွင္တဲ့ လကၡဏာေတြေတာ့ ဒဏ္ရာေတြကို အရင္ဦးဆုံး လိုအပ္တဲ့ ေဆးကုသမႈေတြလုပ္ၿပီး ေဆး႐ုံကိုေတာ့ ပို႔ေဆာင္ေပးခဲ့ ပါတယ္”ဟု ဝန္းရံမႉးလူမႈကူညီကယ္ဆယ္ေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP Newsကိုေျပာသည္။

မိမိကိုယ္ကိုအဆုံးစီရင္ရန္ႀကိဳးပမ္းသူမွာ အသက္(၂၆)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးျဖစ္ၿပီး ေက်ာက္ကပ္ေဝဒနာခံစားေနသည့္အတြက္ စိတ္ဓာတ္က်ကာ အထက္ပါကဲ့သို႔ လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း ၎ကဆိုသည္။

“ကြၽန္ေတာ္တို႔ေဆး႐ုံပို႔ခဲ့တဲ့အခ်ိန္ေတာ့ အသက္ရွင္တယ္။ ျဖစ္တဲ့အေၾကာင္းအရင္းကေတာ့သူက ေက်ာက္ကပ္ေဝဒနာခံစား ေနရတယ္ လို႔ၾကားတယ္။ သူ႔ေျခေထာက္ေတြကေတာ့ ေက်ာက္ကပ္ဒဏ္ေၾကာင့္ ေဖာေရာင္ေနတာေပါ့‌ေနာ္။ ေက်ာက္ကပ္က ေဆးေနမွေလ။ အဲဒီ ေတာ့ အဲဒီသတင္းေတြကိုဖက္ၿပီး စိတ္ဓာတ္က်ၿပီးလုပ္တယ္လို႔ေတာ့ ၾကားမိတယ္”ဟု ၎ကေျပာသည္။

ထို႔ေၾကာင္ ထိခိုက္ဒဏ္ရာရရွိသူအမ်ိဳးသားကို ဝန္းရံမႉးလူမႈကူညီကယ္ဆယ္ေရးအသင္းက ေျမာက္ဥကၠလာေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီ ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.