(၂) ရက်အတွင်း ခဲမဖြူသတ္ထုအပါဝင် တရားမဝင်ပစ္စည်း သိန်းပေါင်း(၄)သောင်းနီးပါး ဖမ်းဆီးရမိ

 404

ချယ်ရီ ( NP News) - ဇွန် ၂၄
ပြီးခဲ့သည့် (ဇွန်လ ၂၂ ရက်နှင့် ၂၃ ရက်)၊ (၂)ရက်အတွင်း ခဲမဖြူသတ္ထုအပါဝင် တရားမဝင်ပစ္စည်း သိန်းပေါင်း(၃၉၃)သောင်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့သည် ပြီးခဲ့သည့် (ဇွန် ၂၂ ရက်)က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့၊ ရတနာပုံတံတားစစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း (၄)မျိုး၊ စားသောက်ကုန်ပစ္စည်းနှစ်မျိုး (တန်ဖိုးငွေကျပ် ၂၂,၈၉၀,၀၀၀) ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီ (၁၅) ပီပါ (တန်ဖိုးငွေကျပ် ၇,၃၂၀,၀၀၀) ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရလည်းကောင်း စုစုပေါင်းတန်ဖိုး ငွေကျပ် (၃၀,၂၁၀,၀၀၀) ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ရှင်စောပုရပ်ကွက်၊ ဆိုရှယ်လစ် (၁၈)လမ်း၊ အမှတ် (၁၆၅၉) ရှိ ဂိုဒေါင်တစ်လုံးအတွင်း၌ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း (၈)မျိုး စုစုပေါင်းတန်ဖိုးငွေ ကျပ် (၃၈,၁၈၀,၈၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွန် ၂၃ ရက်တွင်လည်း တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ မသေကျေးရွာအုပ်စု၊ ကံမော်ကြီးကျေးရွာအနီးရှိ ရေယာဉ်တစ်စင်းပေါ်မှ တရားမဝင် ခဲမဖြူသတ္တု (၄၄ ဒသမ ၄၂၀) တန် (တန်ဖိုးငွေ ကျပ် ၂,၁၇၈,၄၀၀,၀၀၀)နှင့် အဆိုပါသတ္တုများ တင်ဆောင်လာသည့် ရွှေရည်-၇ သစ်သားကိုယ်ထည် စက်လှေတစ်စင်းနှင့် ဆက်စပ်ပစ္စည်း (၁၅) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၅၂၅,၀၀၀) စုစုပေါင်းတန်ဖိုး ငွေကျပ် (၂,၁၉၈,၉၂၅,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး မြန်မာ့သတ္တုတွင်းဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းပြင် သိန်းဦးဆိပ်ကမ်း၌ ကော့သောင်းမြို့မှ ရန်ကုန်မြို့သို့ ဆိုက်ကပ်လာသည့် ရေယာဉ်တစ်စင်းပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၁)မျိုး၊ လူသုံးကုန်ပစ္စည်း(၁)မျိုး (တန်ဖိုးငွေကျပ် ၉၂,၄၈၅,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် MV. Yadanar Win-3 ရေယာဉ်တစ်စင်း(တန်ဖိုးငွေကျပ် ၁,၅၀၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ မော်လမြိုင် မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းတစ်မျိုး (တန်ဖိုးငွေကျပ် ၆,၂၀၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Scania Bus တစ်စီး (တန်ဖိုးငွေကျပ် ၇၀,၀၀၀,၀၀၀)ကိုလည်းကောင်း စုစုပေါင်းတန်ဖိုးငွေ ကျပ် (၁,၆၆၈,၆၈၅,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် ဇွန်လ (၂၂) ရက်နှင့် (၂၃) ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်း အမှုတွဲ (၁၄) မှုရှိခဲ့ပြီး (တန်ဖိုးငွေကျပ် ၃,၉၃၆,၀၀၀,၈၀၀) ကို ဖမ်းဆီးရမိခဲ့သောကြောင့် တရားဝင်တင်သွင်းသည့် ကုန်သည်လုပ်ငန်းရှင်များအတွက် ထိခိုက်နစ်နာမှုနှင့် စျေးကွက်ယှဉ်ပြိုင်နိုင်မှုစွမ်းအား ကျဆင်းခြင်းတို့ ဖြစ်ပေါ်စေပြီး နိုင်ငံတော်အတွက် အခွန်ဆုံးရှုံးနစ်နာ ခြင်းများဖြစ်ပေါ်စေ၍ ဆိပ်ကမ်းများနှင့် နယ်စပ်ဒေသများမှ တရားမဝင် ကုန်စည်တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို တားဆီးစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

Zawgyi Version:
(၂) ရက္အတြင္း ခဲမျဖဴသတၳဳအပါဝင္ တရားမဝင္ပစၥည္း သိန္းေပါင္း(၄)ေသာင္းနီးပါး ဖမ္းဆီးရမိ
ခ်ယ္ရီ ( NP News) - ဇြန္ ၂၄
ၿပီးခဲ့သည့္ (ဇြန္လ ၂၂ ရက္ႏွင့္ ၂၃ ရက္)၊ (၂)ရက္အတြင္း ခဲမျဖဴသတၳဳအပါဝင္ တရားမဝင္ပစၥည္း သိန္းေပါင္း(၃၉၃)ေသာင္းေက်ာ္ ဖမ္းဆီးရမိခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
စစ္ကိုင္းတိုင္းေဒသႀကီး တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရးအထူးအဖြဲ႕၏ စီမံခန႔္ခြဲမႈျဖင့္ တာဝန္က်ပူးေပါင္းအဖြဲ႕သည္ ၿပီးခဲ့သည့္ (ဇြန္ ၂၂ ရက္)က စစ္ေဆးမႈမ်ား ေဆာင္႐ြက္ခဲ့ရာ စစ္ကိုင္းၿမိဳ႕၊ ရတနာပုံတံတားစစ္ေဆးေရးဂိတ္၌ တရားဝင္စာ႐ြက္စာတမ္းအေထာက္အထား တင္ျပႏိုင္ျခင္းမရွိသည့္ လူသုံးကုန္ပစၥည္း (၄)မ်ိဳး၊ စားေသာက္ကုန္ပစၥည္းႏွစ္မ်ိဳး (တန္ဖိုးေငြက်ပ္ ၂၂,၈၉၀,၀၀၀) ကို ပို႔ကုန္သြင္းကုန္ ဥပေဒအရလည္းေကာင္း၊ တရားမဝင္ စက္သုံးဆီ ဒီဇယ္ဆီ (၁၅) ပီပါ (တန္ဖိုးေငြက်ပ္ ၇,၃၂၀,၀၀၀) ကို ေရနံႏွင့္ ေရနံထြက္ပစၥည္းဆိုင္ရာ ဥပေဒအရလည္းေကာင္း စုစုေပါင္းတန္ဖိုး ေငြက်ပ္ (၃၀,၂၁၀,၀၀၀) ကို ဖမ္းဆီးအေရးယူေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ ပဲခူးတိုင္းေဒသႀကီး၊ ပဲခူးၿမိဳ႕၊ ရွင္ေစာပုရပ္ကြက္၊ ဆိုရွယ္လစ္ (၁၈)လမ္း၊ အမွတ္ (၁၆၅၉) ရွိ ဂိုေဒါင္တစ္လုံးအတြင္း၌ တရားဝင္စာ႐ြက္စာတမ္းအေထာက္အထားတင္ျပႏိုင္ျခင္းမရွိသည့္ စားေသာက္ကုန္ပစၥည္း (၈)မ်ိဳး စုစုေပါင္းတန္ဖိုးေငြ က်ပ္ (၃၈,၁၈၀,၈၀၀) ကို ဖမ္းဆီးရမိခဲ့ၿပီး အေကာက္ခြန္လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ အေရးယူေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ဇြန္ ၂၃ ရက္တြင္လည္း တနသၤာရီတိုင္းေဒသႀကီး၊ ဘုတ္ျပင္းၿမိဳ႕နယ္၊ ကရသူရိၿမိဳ႕၊ မေသေက်း႐ြာအုပ္စု၊ ကံေမာ္ႀကီးေက်း႐ြာအနီးရွိ ေရယာဥ္တစ္စင္းေပၚမွ တရားမဝင္ ခဲမျဖဴသတၱဳ (၄၄ ဒသမ ၄၂၀) တန္ (တန္ဖိုးေငြ က်ပ္ ၂,၁၇၈,၄၀၀,၀၀၀)ႏွင့္ အဆိုပါသတၱဳမ်ား တင္ေဆာင္လာသည့္ ေ႐ႊရည္-၇ သစ္သားကိုယ္ထည္ စက္ေလွတစ္စင္းႏွင့္ ဆက္စပ္ပစၥည္း (၁၅) မ်ိဳး (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၂၀,၅၂၅,၀၀၀) စုစုေပါင္းတန္ဖိုး ေငြက်ပ္ (၂,၁၉၈,၉၂၅,၀၀၀) ကို ဖမ္းဆီးရမိခဲ့ၿပီး ျမန္မာ့သတၱဳတြင္းဥပေဒႏွင့္အညီ အေရးယူေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ယင္းျပင္ သိန္းဦးဆိပ္ကမ္း၌ ေကာ့ေသာင္းၿမိဳ႕မွ ရန္ကုန္ၿမိဳ႕သို႔ ဆိုက္ကပ္လာသည့္ ေရယာဥ္တစ္စင္းေပၚမွ တရားဝင္စာ႐ြက္စာတမ္းအေထာက္အထား တင္ျပႏိုင္ျခင္းမရွိသည့္ လုပ္ငန္းသုံးပစၥည္း (၁)မ်ိဳး၊ လူသုံးကုန္ပစၥည္း(၁)မ်ိဳး (တန္ဖိုးေငြက်ပ္ ၉၂,၄၈၅,၀၀၀)ႏွင့္ အဆိုပါပစၥည္းမ်ား တင္ေဆာင္လာသည့္ MV. Yadanar Win-3 ေရယာဥ္တစ္စင္း(တန္ဖိုးေငြက်ပ္ ၁,၅၀၀,၀၀၀,၀၀၀) ကိုလည္းေကာင္း၊ မရမ္းေခ်ာင္အၿမဲတမ္းစစ္ေဆးေရးစခန္း၌ ေမာ္လၿမိဳင္ ၿမိဳ႕မွ မႏၲေလးၿမိဳ႕သို႔ ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ယာဥ္တစ္စီးေပၚမွ တရားဝင္စာ႐ြက္စာတမ္း အေထာက္အထားတင္ျပႏိုင္ျခင္းမရွိသည့္ စားေသာက္ကုန္ပစၥည္းတစ္မ်ိဳး (တန္ဖိုးေငြက်ပ္ ၆,၂၀၀,၀၀၀) ႏွင့္ အဆိုပါပစၥည္းမ်ား တင္ေဆာင္လာသည့္ Scania Bus တစ္စီး (တန္ဖိုးေငြက်ပ္ ၇၀,၀၀၀,၀၀၀)ကိုလည္းေကာင္း စုစုေပါင္းတန္ဖိုးေငြ က်ပ္ (၁,၆၆၈,၆၈၅,၀၀၀) ကို ဖမ္းဆီးရမိခဲ့ၿပီး အေကာက္ခြန္လုပ္ထုံး လုပ္နည္းမ်ားႏွင့္အညီ အေရးယူေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ဇြန္လ (၂၂) ရက္ႏွင့္ (၂၃) ရက္တို႔တြင္ ဖမ္းဆီးရမိမႈ စုစုေပါင္း အမႈတြဲ (၁၄) မႈရွိခဲ့ၿပီး (တန္ဖိုးေငြက်ပ္ ၃,၉၃၆,၀၀၀,၈၀၀) ကို ဖမ္းဆီးရမိခဲ့ေသာေၾကာင့္ တရားဝင္တင္သြင္းသည့္ ကုန္သည္လုပ္ငန္းရွင္မ်ားအတြက္ ထိခိုက္နစ္နာမႈႏွင့္ ေစ်းကြက္ယွဥ္ၿပိဳင္ႏိုင္မႈစြမ္းအား က်ဆင္းျခင္းတို႔ ျဖစ္ေပၚေစၿပီး ႏိုင္ငံေတာ္အတြက္ အခြန္ဆုံးရႈံးနစ္နာ ျခင္းမ်ားျဖစ္ေပၚေစ၍ ဆိပ္ကမ္းမ်ားႏွင့္ နယ္စပ္ေဒသမ်ားမွ တရားမဝင္ ကုန္စည္တင္သြင္းမႈမ်ားအား သက္ဆိုင္ရာတာဝန္ရွိသူမ်ားက ယခုထက္ပိုမို တားဆီးစစ္ေဆးၾကပ္မတ္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရးဦးေဆာင္ေကာ္မတီမွ သိရသည္။

Related news

© 2021. All rights reserved.