(၂၀၂၄) ခုနှစ်အတွင်း ၌ သက်ငယ်မုဒိမ်းအပါအဝင် မုဒိမ်းမှုပေါင်း (၅၆၀) ကျော် ရှိခဲ့

180

စော (NP News) - ဇွန် ၂၄
ပြီးခဲ့သော (၂၀၂၄)ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နိုင်ငံလုံးအတိုင်းအတာ၌ သက်ငယ်မုဒိမ်းအပါအဝင် မုဒိမ်းမှုပေါင်း (၅၆၀)ကျော်ရှိခဲ့ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် (Union Supreme Court) ၏ သတင်းအချက်အလက်များအရ သိရသည်။
(၂၀၂၄)ခုနှစ်အတွင်း၌ တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် စွဲဆိုခဲ့သော မုဒိမ်းမှုစုစုပေါင်း (၅၆၂) မှုရှိခဲ့သည့်အနက် သက်ငယ်မုဒိမ်းမှုသည် (၃၃၃)မှု၊ အရွယ်ရောက်မုဒိမ်းမှု (၂၂၉)မှု ရှိခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
အဆိုပါ သက်ငယ်မုဒိမ်းမှုများအနက် ဧရာဝတီတိုင်းဒေသကြီးတွင် (၁၁၄)မှုဖြင့် အများဆုံးဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးတွင် သက်ငယ်မုဒိမ်းမှု (၁၂)မှု ဖြစ်ပွားခဲ့သည့်အပြင် အရွယ်ရောက်မုဒိမ်းမှုအနေဖြင့် (၈၂)မှုဖြင့် တိုင်းနှင့်ပြည်နယ်များတွင် အများဆုံးဖြစ်ပွားခဲ့ကြောင်း သိရသည်။ (၂၀၂၃) ခုနှစ်အတွင်း၌ တစ်နိုင်ငံလုံးတွင် မုဒိမ်းမှုပေါင်း (၇၀၅) မှုရှိခဲ့ပြီး အဆိုပါအမှုများအနက် သက်ငယ်မုဒိမ်းမှုသည် (၄၄၅)မှုရှိခဲ့ရာ (၂၀၂၄)ခုနှစ်နှင့် နှိုင်းယှဉ်ပါက သက်ငယ်မုဒိမ်းမှု (၁၁၂)မှု လျော့နည်းခဲ့ကြောင်းသိရသည်။
ထို့ပြင် ပြီးခဲ့သော (၂၀၂၂) ခုနှစ်အတွင်း၌ တစ်နိုင်ငံလုံးတွင် မုဒိမ်းမှုစုစုပေါင်း (၈၆၀) မှု ဖြစ်ပွားခဲ့ရာ အဆိုပါအမှုများအနက် သက်ငယ်မုဒိမ်းမှုသည် (၆၂၇) မှုဖြစ်ပွားခဲ့သည့်အပြင် (၂၀၂၁) ခုနှစ်တွင်လည်း တစ်နိုင်ငံလုံး၌ မုဒိမ်းမှုစုစုပေါင်း (၉၆၉)မှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။ ရာဇသတ်ကြီး ပုဒ်မ (၃၇၆)၊ ပုဒ်မခွဲ (၃)အရ မည်သူမဆို အသက် (၁၂) နှစ်အောက်အမျိုးသမီး ကို မုဒိမ်းမှုကျူးလွန်လျှင် ထောင်ဒဏ် အနှစ် (၂၀) ဖြစ်စေ၊ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ်တစ်သက်ဖြစ်စေ ချမှတ်ခြင်းခံရမည်ဖြစ်ကြောင်းသိရသည်။

Zawgyi Version:
(၂၀၂၄) ခုႏွစ္အတြင္း ၌ သက္ငယ္မုဒိမ္းအပါအဝင္ မုဒိမ္းမႈေပါင္း (၅၆၀) ေက်ာ္ ရွိခဲ့
ေစာ (NP News) - ဇြန္ ၂၄
ၿပီးခဲ့ေသာ (၂၀၂၄)ခုႏွစ္ ဇန္နဝါရီလမွ ဒီဇင္ဘာလအထိ တစ္ႏိုင္ငံလုံးအတိုင္းအတာ၌ သက္ငယ္မုဒိမ္းအပါအဝင္ မုဒိမ္းမႈေပါင္း (၅၆၀)ေက်ာ္ရွိခဲ့ေၾကာင္း ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္ (Union Supreme Court) ၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။
(၂၀၂၄)ခုႏွစ္အတြင္း၌ တိုင္းေဒသႀကီး၊ ျပည္နယ္မ်ားအလိုက္ စြဲဆိုခဲ့ေသာ မုဒိမ္းမႈစုစုေပါင္း (၅၆၂) မႈရွိခဲ့သည့္အနက္ သက္ငယ္မုဒိမ္းမႈသည္ (၃၃၃)မႈ၊ အ႐ြယ္ေရာက္မုဒိမ္းမႈ (၂၂၉)မႈ ရွိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။
အဆိုပါ သက္ငယ္မုဒိမ္းမႈမ်ားအနက္ ဧရာဝတီတိုင္းေဒသႀကီးတြင္ (၁၁၄)မႈျဖင့္ အမ်ားဆုံးျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ ရန္ကုန္တိုင္းေဒသႀကီးတြင္ သက္ငယ္မုဒိမ္းမႈ (၁၂)မႈ ျဖစ္ပြားခဲ့သည့္အျပင္ အ႐ြယ္ေရာက္မုဒိမ္းမႈအေနျဖင့္ (၈၂)မႈျဖင့္ တိုင္းႏွင့္ျပည္နယ္မ်ားတြင္ အမ်ားဆုံးျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ (၂၀၂၃) ခုႏွစ္အတြင္း၌ တစ္ႏိုင္ငံလုံးတြင္ မုဒိမ္းမႈေပါင္း (၇၀၅) မႈရွိခဲ့ၿပီး အဆိုပါအမႈမ်ားအနက္ သက္ငယ္မုဒိမ္းမႈသည္ (၄၄၅)မႈရွိခဲ့ရာ (၂၀၂၄)ခုႏွစ္ႏွင့္ ႏႈိင္းယွဥ္ပါက သက္ငယ္မုဒိမ္းမႈ (၁၁၂)မႈ ေလ်ာ့နည္းခဲ့ေၾကာင္းသိရသည္။
ထို႔ျပင္ ၿပီးခဲ့ေသာ (၂၀၂၂) ခုႏွစ္အတြင္း၌ တစ္ႏိုင္ငံလုံးတြင္ မုဒိမ္းမႈစုစုေပါင္း (၈၆၀) မႈ ျဖစ္ပြားခဲ့ရာ အဆိုပါအမႈမ်ားအနက္ သက္ငယ္မုဒိမ္းမႈသည္ (၆၂၇) မႈျဖစ္ပြားခဲ့သည့္အျပင္ (၂၀၂၁) ခုႏွစ္တြင္လည္း တစ္ႏိုင္ငံလုံး၌ မုဒိမ္းမႈစုစုေပါင္း (၉၆၉)မႈ ျဖစ္ပြားခဲ့ေၾကာင္း ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္၏ ထုတ္ျပန္ခ်က္အရ သိရသည္။ ရာဇသတ္ႀကီး ပုဒ္မ (၃၇၆)၊ ပုဒ္မခြဲ (၃)အရ မည္သူမဆို အသက္ (၁၂) ႏွစ္ေအာက္အမ်ိဳးသမီး ကို မုဒိမ္းမႈက်ဴးလြန္လွ်င္ ေထာင္ဒဏ္ အႏွစ္ (၂၀) ျဖစ္ေစ၊ အျမင့္ဆုံးျပစ္ဒဏ္အျဖစ္ ေထာင္ဒဏ္တစ္သက္ျဖစ္ေစ ခ်မွတ္ျခင္းခံရမည္ျဖစ္ေၾကာင္းသိရသည္။