မန္တလေးတွင် PDF အဖွဲ့ဝင် (၁၉)ဦး အလင်းဝင်

124
Pearl (NP News) - ဇွန် ၂၅
မန္တလေးတွင် PDF အဖွဲ့ဝင် (၁၉)ဦး အလင်းဝင်လာကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။ မန္တလေး တိုင်းဒေသကြီးရှိ PDF အဖွဲ့ဝင်အမျိုးသား (၁၅) ဦးနှင့် အမျိုးသမီး (၄)ဦးတို့သည် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့်အတွက် ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့ ဇွန်လ (၂၅)ရက်က ပြုလုပ်ခဲ့ပြီး ၎င်းတို့အား တာဝန်ရှိသူများက ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်နှင့် မုံရွာမြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသား(၂၂)ဦးနှင့် အမျိုးသမီး(၂)ဦး၊ စုစုပေါင်း (၂၄)ဦးတို့သည် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လိုသည့် PDF အဖွဲ့ဝင်များကိုလည်း နစကအနေဖြင့် ကြိုဆိုလက်ခံလျက်ရှိ ကြောင်းသိရသည်။
zawgyi version
မႏၲေလးတြင္ PDF အဖြဲ႕ဝင္ (၁၉)ဦး အလင္းဝင္
Pearl (NP News) - ဇြန္ ၂၅
မႏၲေလးတြင္ PDF အဖြဲ႕ဝင္ (၁၉)ဦး အလင္းဝင္လာေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။ မႏၲေလး တိုင္းေဒသႀကီးရွိ PDF အဖြဲ႕ဝင္အမ်ိဳးသား (၁၅) ဦးႏွင့္ အမ်ိဳးသမီး (၄)ဦးတို႔သည္ ဥပေဒေဘာင္အတြင္း ဝင္ေရာက္လာသည့္အတြက္ ၎တို႔၏ မိဘအုပ္ထိန္းသူမ်ားထံသို႔ လႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ လႊဲေျပာင္းေပးအပ္ျခင္းကို ယမန္ေန႔ ဇြန္လ (၂၅)ရက္က ျပဳလုပ္ခဲ့ၿပီး ၎တို႔အား တာဝန္ရွိသူမ်ားက ဝန္ခံကတိလက္မွတ္ေရးထိုးေစကာ မိဘအုပ္ထိန္းသူမ်ားထံသို႔ လႊဲေျပာင္းေပးအပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ၿပီးခဲ့သည့္ ရက္ပိုင္းကလည္း စစ္ကိုင္းတိုင္းေဒသႀကီး၊ ျမင္းမူၿမိဳ႕နယ္ႏွင့္ မုံ႐ြာၿမိဳ႕နယ္တို႔မွ PDF အဖြဲ႕ဝင္ အမ်ိဳးသား(၂၂)ဦးႏွင့္ အမ်ိဳးသမီး(၂)ဦး၊ စုစုေပါင္း (၂၄)ဦးတို႔သည္ ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္ခဲ့ေၾကာင္း သိရသည္။
ဥပေဒေဘာင္အတြင္းသို႔ ဝင္ေရာက္လိုသည့္ PDF အဖြဲ႕ဝင္မ်ားကိုလည္း နစကအေနျဖင့္ ႀကိဳဆိုလက္ခံလ်က္ရွိ ေၾကာင္းသိရသည္။