ဗဟိုအာဖရိကသမ္မတနိုင်ငံက ကျောင်းတစ်ခုမှာ လူနင်းမှုတွေဖြစ်ပွားခဲ့ပြီး ကျောင်းသား(၂၉)ဦးသေဆုံး

229

Pika (NP News)
ဗဟိုအာဖရိကသမ္မတနိုင်ငံက စာသင်ကျောင်းတစ်ခုမှာ ပါဝါထရန်စဖော်မာပေါက်ကွဲမှုနဲ့အတူ လူနင်းမှုတွေဖြစ်ပွားခဲ့ရာ ကျောင်းသားအနည်းဆုံး(၂၉)ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ပေါက်ကွဲမှုဖြစ်ပွားတဲ့အချိန်မှာ ကျောင်းသားပေါင်း(၅၃၀၀)ကျော်ဟာ ၎င်းတို့ရဲ့အထက်တန်းစာမေးပွဲကို ဖြေဆိုနေခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။ပေါက်ကွဲမှုဖြစ်ပွားတဲ့အချိန်မှာ ကျောင်းသားတွေနဲ့ ကြီးကြပ်နေတဲ့ဆရာ/ဆရာမတွေဟာ ထွက်ပြေးဖို့ ကြိုးပမ်းခဲ့ကြပြီး အချို့ကစာသင်ကျောင်းရဲ့ပထမထပ်ကနေ ခုန်ချထွက်ပြေးခဲ့ကြတယ်လို့ သိရပါတယ်။အဲ့ဒီထွက်ပြေးမှုတွေအတွင်း လူနင်းမှုတွေဖြစ်ပွားခဲ့ပြီး ကျောင်းသား(၂၉)ဦးသေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ဒါ့ပြင် အဲ့ဒီဖြစ်ရပ်အတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေအားလုံးကို လူနာတင်ယာဉ်၊ပစ်ကပ်ထရပ်ကားတွေနဲ့ နီးစပ်ရာဆေးရုံကို ပို့ဆောင်ခဲ့ကြတယ်လို့ မီဒီယာတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။ဗဟိုအာဖရိကသမ္မတနိုင်ငံသမ္မတ Faustin Archange Touaderaက”ဒီဖြစ်ရပ်ဆိုးအတွင်း သေဆုံးသွားခဲ့ကြတဲ့ ကျောင်းသားတွေရဲ့ မိသားစုဝင်တွေအတွက် တကယ်ကိုစိတ်မကောင်းဖြစ်မိပါတယ်။ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး လိုအပ်တာတွေအားလုံးကို ဆက်လက်လုပ်ဆောင်ကြဖို့ တာဝန်ရှိသူတွေကို တိုက်တွန်းထားပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
ဗဟိုအာဖရိကသမၼတႏိုင္ငံက ေက်ာင္းတစ္ခုမွာ လူနင္းမႈေတြျဖစ္ပြားခဲ့ၿပီး ေက်ာင္းသား(၂၉)ဦးေသဆုံး
Pika (NP News)
ဗဟိုအာဖရိကသမၼတႏိုင္ငံက စာသင္ေက်ာင္းတစ္ခုမွာ ပါဝါထရန္စေဖာ္မာေပါက္ကြဲမႈနဲ႔အတူ လူနင္းမႈေတြျဖစ္ပြားခဲ့ရာ ေက်ာင္းသားအနည္းဆုံး(၂၉)ဦးေသဆုံးခဲ့တယ္လို႔ သိရပါတယ္။ေပါက္ကြဲမႈျဖစ္ပြားတဲ့အခ်ိန္မွာ ေက်ာင္းသားေပါင္း(၅၃၀၀)ေက်ာ္ဟာ ၎တို႔ရဲ႕အထက္တန္းစာေမးပြဲကို ေျဖဆိုေနခဲ့ၾကတာျဖစ္တယ္လို႔လည္း သိရပါတယ္။ေပါက္ကြဲမႈျဖစ္ပြားတဲ့အခ်ိန္မွာ ေက်ာင္းသားေတြနဲ႔ ႀကီးၾကပ္ေနတဲ့ဆရာ/ဆရာမေတြဟာ ထြက္ေျပးဖို႔ ႀကိဳးပမ္းခဲ့ၾကၿပီး အခ်ိဳ႕ကစာသင္ေက်ာင္းရဲ႕ပထမထပ္ကေန ခုန္ခ်ထြက္ေျပးခဲ့ၾကတယ္လို႔ သိရပါတယ္။အဲ့ဒီထြက္ေျပးမႈေတြအတြင္း လူနင္းမႈေတြျဖစ္ပြားခဲ့ၿပီး ေက်ာင္းသား(၂၉)ဦးေသဆုံးခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ဒါ့ျပင္ အဲ့ဒီျဖစ္ရပ္အတြင္း ထိခိုက္ဒဏ္ရာရရွိခဲ့သူေတြအားလုံးကို လူနာတင္ယာဥ္၊ပစ္ကပ္ထရပ္ကားေတြနဲ႔ နီးစပ္ရာေဆး႐ုံကို ပို႔ေဆာင္ခဲ့ၾကတယ္လို႔ မီဒီယာေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။ဗဟိုအာဖရိကသမၼတႏိုင္ငံသမၼတ Faustin Archange Touaderaက”ဒီျဖစ္ရပ္ဆိုးအတြင္း ေသဆုံးသြားခဲ့ၾကတဲ့ ေက်ာင္းသားေတြရဲ႕ မိသားစုဝင္ေတြအတြက္ တကယ္ကိုစိတ္မေကာင္းျဖစ္မိပါတယ္။ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး လိုအပ္တာေတြအားလုံးကို ဆက္လက္လုပ္ေဆာင္ၾကဖို႔ တာဝန္ရွိသူေတြကို တိုက္တြန္းထားပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။