မင်းသား ဘရက်ပစ်ရဲ့နေအိမ်ဖောက်ထွင်းခံရ

231
ရောင်နီ (NP News) - ဇွန် ၂၉
အော်စကာဆုရှင် အမေရိကန်မင်းသား ဘရက်ပစ် ဟာ သူ့ရဲ့သည်းထိတ်ရင်ဖိုရုပ်ရှင် F1 အတွက် ခရီးသွားနေချိန် ဇွန်လ ၂၆ ရက်က သူ့ရဲ့အမေရိကန်၊ လော့စ်အိန်ဂျလိစ်ရှိ နေအိမ်ဟာ ဖောက်ထွင်းခံရတယ်လို့ အမေရိကန် မီဒီယာတွေက ဆိုပါတယ်။
သံသယရှိသူ သုံးဦးဟာ အိမ်ရှေ့ခြံစည်းရိုးကို ကျော်တက်ပြီး ပစ္စည်းအချို့ ခိုးယူကာ ထွက်ပြေးသွားခဲ့တာ ဖြစ်တယ်လို့ ရဲသတင်းရင်းမြစ်တွေက ပြောကြားခဲ့ပါတယ်။ ခိုးယူခံရတဲ့ပစ္စည်းတန်ဖိုးကိုတော့ ထုတ်ဖော်ပြောကြား ခြင်း မရှိပါဘူး။ ဘရက်ပစ်ဟာ သူ့ရဲ့ ရုပ်ရှင်အသစ် F1 ရဲ့ကမ္ဘာလုံးဆိုင်ရာ ပရိုမိုးရှင်းအတွက် ဗြိတိန်နိုင်ငံ၊ လန်ဒန်ရှိ ရုပ်ရှင်ပြပွဲကို ရောက်ရှိနေတာကြောင့် အဲဒီအချိန်က အိမ်မှာ ရှိမနေခဲ့ပါဘူး။
Variety မဂ္ဂဇင်းရဲ့ဖော်ပြချက်အရ ဘရက်ပစ်ဟာ သူ့ရဲ့လော့အိန်ဂျလိစ် နေအိမ်ကို ၂၀၂၃ ခုနှစ်ကမှ အမေရိကန်ဒေါ်လာ ၅.၅ မီလီယံနဲ့ ဝယ်ယူခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း MLS ကလပ် Los Angeles FC မှ ပြင်သစ်တိုက်စစ်မှူး အိုလစ်ဗီယာဂျီယော့ နေအိမ်ဟာ လက်ဝတ်ရတနာ တန်ဖိုး အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ ခန့် ဖောက်ထွင်းခိုးယူခံခဲ့ရဖူးတယ်လို့ သိရပါတယ်။

Zawgyi Version:
မင္းသား ဘရက္ပစ္ရဲ႕ေနအိမ္ေဖာက္ထြင္းခံရ
ေရာင္နီ (NP News) - ဇြန္ ၂၉
ေအာ္စကာဆုရွင္ အေမရိကန္မင္းသား ဘရက္ပစ္ ဟာ သူ႔ရဲ႕သည္းထိတ္ရင္ဖို႐ုပ္ရွင္ F1 အတြက္ ခရီးသြားေနခ်ိန္ ဇြန္လ ၂၆ ရက္က သူ႔ရဲ႕အေမရိကန္၊ ေလာ့စ္အိန္ဂ်လိစ္ရွိ ေနအိမ္ဟာ ေဖာက္ထြင္းခံရတယ္လို႔ အေမရိကန္ မီဒီယာေတြက ဆိုပါတယ္။
သံသယရွိသူ သုံးဦးဟာ အိမ္ေရွ႕ၿခံစည္း႐ိုးကို ေက်ာ္တက္ၿပီး ပစၥည္းအခ်ိဳ႕ ခိုးယူကာ ထြက္ေျပးသြားခဲ့တာ ျဖစ္တယ္လို႔ ရဲသတင္းရင္းျမစ္ေတြက ေျပာၾကားခဲ့ပါတယ္။ ခိုးယူခံရတဲ့ပစၥည္းတန္ဖိုးကိုေတာ့ ထုတ္ေဖာ္ေျပာၾကား ျခင္း မရွိပါဘူး။ ဘရက္ပစ္ဟာ သူ႔ရဲ႕ ႐ုပ္ရွင္အသစ္ F1 ရဲ႕ကမာၻလုံးဆိုင္ရာ ပ႐ိုမိုးရွင္းအတြက္ ၿဗိတိန္ႏိုင္ငံ၊ လန္ဒန္ရွိ ႐ုပ္ရွင္ျပပြဲကို ေရာက္ရွိေနတာေၾကာင့္ အဲဒီအခ်ိန္က အိမ္မွာ ရွိမေနခဲ့ပါဘူး။
Variety မဂၢဇင္းရဲ႕ေဖာ္ျပခ်က္အရ ဘရက္ပစ္ဟာ သူ႔ရဲ႕ေလာ့အိန္ဂ်လိစ္ ေနအိမ္ကို ၂၀၂၃ ခုႏွစ္ကမွ အေမရိကန္ေဒၚလာ ၅.၅ မီလီယံနဲ႔ ဝယ္ယူခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလကလည္း MLS ကလပ္ Los Angeles FC မွ ျပင္သစ္တိုက္စစ္မႉး အိုလစ္ဗီယာဂ်ီေယာ့ ေနအိမ္ဟာ လက္ဝတ္ရတနာ တန္ဖိုး အေမရိကန္ေဒၚလာ ၅၀၀,၀၀၀ ခန႔္ ေဖာက္ထြင္းခိုးယူခံခဲ့ရဖူးတယ္လို႔ သိရပါတယ္။